
[ Zawgyi ]
HRC တြင္ ေျပာၾကသည့္ ဂုဏ္ရည္ေလးပါး အေၾကာင္း
==========
ဒီကေန႔ဟာ တပ္မေတာ္ေန႔ လို႔ ဆိုပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္ရက္ မတ္လ (၂၅) ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ အမ်က္ေတာင္ရြာက ကူးတို႔ေလွသမား ကိုေမာင္ေခ် ကို ျမန္မာစစ္တပ္ဟာ မ်က္လံုးအစံုမ်ားစြာတို႔ရဲ႕ ေရွ႕ေမွာက္မွာ ပစ္သတ္ လိုက္တယ္ လို႔ ဆိုပါတယ္။ စစ္ပြဲမွာ တိုက္ခိုက္ရင္းနဲ႔ စစ္ၿပိဳင္ဖက္ ရန္သူကို ေသေစတာ နဲ႔ လူသတ္မႈက်ဴးလြန္တာဟာ မတူဘူး ဆိုတာ ဟာ ပေရာ္ဖက္ရွင္နယ္ တိုက္ခိုက္ေရးသမားတိုင္း ေကာင္းစြာ နားလည္ၾကရမယ့္ ကိစၥျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ရေသ့ေတာင္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးခင္ေမာင္လတ္က ဒီေက့စ္ကို ရဲမွာ အမႈဖြင့္ဖို႔ လုပ္ေနတယ္ လို႔ ၾကားပါတယ္။ ေနာက္ၿပီးေတာ့ မေန႔ကဆိုရင္ အလားတူပဲ မင္းျပားၿမိဳ႕နယ္ထဲမွာ အရပ္သားစက္ေလွကို ေသနတ္နဲ႔ပစ္ၿပီး ေမးျမန္းစစ္ေဆးမႈ လုပ္တဲ့အတြက္ အျပစ္မဲ့ အရပ္သား ဒဏ္ရာရျပန္တယ္။
စစ္တိုက္တာနဲ႔ လူသတ္တာ သေဘာခ်င္း မတူပါဘူး။ ရန္သူကို ေသေအာင္လုပ္တာ နဲ႔ အရပ္သားအေပၚ လူသတ္မႈက်ဴးလြန္တာတို႔ မတူကြဲျပားတာကို မရွင္းမလင္း ျဖစ္ေနၾကတဲ့ကိစၥ ဟာ “ျဖတ္ေလးျဖတ္စိတ္သေဘာထား” (four cuts mentality) ကေနလာတယ္ လို႔ဆိုရပါလိမ့္မယ္။ ျဖတ္ေလးျဖတ္စိတ္သေဘာထား ဆိုတာကလည္း အခုမွ ျဖစ္တည္လာတာ မဟုတ္ဘဲ ၁၉၆၀ ေက်ာ္ ေလာက္ကတည္းက စုဖြဲ႕ျဖစ္တည္လာခဲ့တဲ့ စုေပါင္း စိတ္ေနသေဘာထား တစ္ရပ္ကို မ်ိဳးဆက္ အဆက္ဆက္ လက္ဆင့္ကမ္းလာခဲ့ပံုရပါတယ္။ ဒီနည္းလမ္းဟာ အခုေခတ္မွာ ဒီႏွစ္ပိုင္းေတြမွာ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကို ပိုျဖစ္ေစလိမ့္မယ္ ဆိုတာကို က်ဴးလြန္သူေတြ နားလည္ႏိုင္ဖို႔ ခက္ခဲေနၾကပံု ေပၚပါတယ္။
အရင့္အရင္ စစ္ဆင္ေရးေတြမွာ ျဖတ္ေလးျဖတ္ကို အလုပ္ျဖစ္ေအာင္ ဘယ္လိုလုပ္ခဲ့ၾကတယ္ဆိုတာကို ဒီေနရာမွာေတာ့ မေဆြးေႏြးေတာ့ပါဘူး။ ဒါေပမယ့္ ျဖတ္ေလးျဖတ္လုပ္ေဆာင္တဲ့အခါ (စကားလံုး ေရြးၿပီး သက္သက္ညႇာညႇာေျပာရရင္) ေဒသခံျပည္သူလူထုအေပၚ ဧရာမ ႀကီးစြာေသာ သက္ေရာက္မႈေတြ ျဖစ္ေစေအာင္ လုပ္ခဲ့ၾကတယ္။ ဒီလို သက္ေရာက္မႈေတြျဖစ္ေအာင္လုပ္တဲ့ က်ဴးလြန္သူေတြဟာ သူ႔အလိုလိုေနတဲ့ ေဒသခံျပည္သူေတြကို ရန္သူအားေပးေတြ (တစ္နည္းအားျဖင့္ ရန္သူေတြ) လို႔ ျမင္တဲ့ အျမင္ဟာ ပဲခူရိုးမ၊ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ မြန္ျပည္နယ္ အစရွိတဲ့ ျဖတ္ေလးျဖတ္ လုပ္ေဆာင္ခဲ့ဖူးရာ ေဒသတိုင္းမွာ ရွိခဲ့ၾကတယ္။
အဲသည္အျမင္ကေန အရပ္သားေတြဆီ က်ည္ဆန္ေတြ လာေနတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၈ စက္တင္ဘာလထဲမွာ ကမၻာ့ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ (Human Rights Council) ရဲ႕ ၃၉-ႀကိမ္ေျမာက္ အစည္းအေ၀းမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ အစီရင္ခံစာတစ္ေစာင္ကို (တာ၀န္ေပးခံထားရတဲ့) လြတ္လပ္ေသာ ႏိုင္ငံတကာ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္း က တင္သြင္းပါတယ္။ (ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ နဲ႔ ရခိုင္ျပည္နယ္က ျဖစ္ရပ္ေတြ အခ်က္အလက္ေတြကို အေျခခံၿပီး အဲသည္ အစီရင္ခံစာကို ေရးသားတာ ျဖစ္တယ္ လို႔ ဆိုပါတယ္။)
ျမန္မာ့တပ္မေတာ္က ျပဳလုပ္တဲ့ စစ္ဆင္ေရးေတြ ရဲ႕ ဂုဏ္ရည္ေလးရပ္ကို အဲသည္ အစီရင္ခံစာမွာ တင္ျပထားတာ ေတြ႕ပါတယ္။ အဲသည္ ဂုဏ္ရည္ေလးရပ္ ကေတာ့ –
(က) အရပ္သားမ်ားကို ပစ္မွတ္ထားျခင္း၊ (targeting of civilians)
(ခ) လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈ၊ (sexual violence)
(ဂ) ဖယ္ထုတ္လိုေသာ ရည္ရြယ္ခ်က္ျဖင့္ ေျပာဆိုမႈမ်ား၊ (exclusionary rhetoric)
(ဃ) ျပစ္ဒဏ္မွကင္းလြတ္ေနမႈ၊ (impunity) – တို႔ ျဖစ္တယ္ လို႔ ဆိုပါတယ္။
ဒါဟာ ကမၻာ့ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကိုတင္တဲ့ အစီရင္ခံစာက ေျပာတာ၊ ကၽြန္ေတာ္ ေျပာတာ မဟုတ္ပါ။ အဲသည္ေလးခ်က္ထဲမွာ အခ်က္ (က) နဲ႔ (ခ) ကေတာ့ ရွင္းပါတယ္။ အခ်က္ (ဂ) က သူတို႔/ငါတို႔ ခြဲျခားတဲ့ သေဘာတရား တည္ေဆာက္တာကို ဆိုလိုတယ္ လို႔ အၾကမ္းဖ်င္း အလြယ္ေျပာႏိုင္ၿပီးေတာ့ အခ်က္ (ဃ) ကေတာ့ အျပစ္က်ဴးလြန္ေပမယ့္ ျပစ္ဒဏ္မက်ႏိုင္တာ က်ဴးလြန္ခြင့္လိုင္စင္ရသလို ျဖစ္ေနတာကို ေျပာတာ ျဖစ္ပါတယ္။
အဲသည္ေလးခ်က္အနက္မွာ ပထမဆံုးခ်က္ ျဖစ္တဲ့ “အရပ္သားေတြကို ပစ္မွတ္ထားျခင္း” ဆိုတဲ့အခ်က္ကို အစီရင္ခံစာမွာ ပါတဲ့အတိုင္း စာရႈသူမ်ား ဖတ္ႏိုင္ေအာင္ ျမန္မာလို နဲ႔ အဂၤလိပ္လို လက္ဆင့္ကမ္း တင္ျပလိုက္ပါတယ္။ ဘာသာျပန္ဆိုမႈကေတာ့ သက္ဆိုင္ရာ အဖြဲ႕အစည္းရဲ႕ ဘာသာျပန္ဆိုခ်က္အတိုင္း ၏သည္မလြဲ ျပန္ကူး တင္ျပ ေပးလိုက္တာ ျဖစ္ပါတယ္။
စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုကို ျဖတ္ေလးျဖတ္အစား ပင္လံုအေျခခံနဲ႔ တည္ေဆာက္ၾကဖို႔ကို တိုင္းရင္းသားမ်ားက ယေန႔ထက္ထိ ေမွ်ာ္လင့္ခ်က္ထားေနၾကဆဲ ျဖစ္ပါတယ္။
ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
၂၀၁၉ မတ္လ (၂၇) ရက္
==========
[ – – – စ – – – ]
“(၅) တပ္မေတာ္စစ္ဆင္ေရး၏ ထူးျခားသိသာေသာ လကၡဏာမ်ား
၇၅။ မစ္ရွင္းသည္ ကခ်င္၊ ရခိုင္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ျဖစ္ပြားခဲ့ၾကေသာ တပ္မေတာ္ စစ္ဆင္ေရးမ်ား၏ အဓိက သိသာေသာ ပင္ကိုစရိုက္လကၡဏာ (၄) ခ်က္ကို အေလးထားေဖာ္ၿပလိုက္သည္။
(က) အရပ္သားမ်ားကို ပစ္မွတ္ထားျခင္း
၇၆။ စစ္တပ္သည္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးဥပေဒႏွင့္ အျပည္ျပည္ဆိုင္ရာ လူသား ခ်င္း စာနာေထာက္ထားမႈ ဥပေဒပါ အေျခခံမူမ်ားျဖစ္သည့္ တိုက္ခိုက္မႈမ်ားတြင္ အရပ္သားမ်ားကို ခြဲျခား၍ ေရွာင္ရန္၊ လိုအပ္သည္ႏွင့္ အသုံးျပဳသည့္ အင္အား အခ်ိဳးက်ေစရန္ ႏွင့္ အရပ္သားမ်ား မေတာ္တဆ ထိခိုက္ေသဆုံးျခင္းတို႔ မရွိေစဖို႔ ႀကိဳတင္ကာကြယ္ေစာင့္ေရွာက္ရန္ စသည္တို႔ကို ေလးစားလိုက္နာျခင္း အျမဲလိုလို မရွိခဲ့ေပ။ တပ္မေတာ္၏ မူဝါဒမ်ား၊ နည္းဗ်ဴဟာမ်ားႏွင့္ အျပဳအမူတို႔တြင္ အရပ္သားမ်ားကို တမင္ ရည္ရြယ္ခ်က္ျဖင့္ ပစ္မွတ္ထားျခင္း ပါဝင္ခဲ့သည္မွာ ဆယ္စုႏွစ္ခ်ီ၍ ၾကာခဲ့ၿပီျဖစ္သည္။ (၁၉၆၀) ျပည့္လြန္ႏွစ္မ်ားက စတင္ခဲ့ေသာ “ျဖတ္ေလးျဖတ္” မူဝါဒကို ယခုတိုင္ က်င့္သုံးဆဲျဖစ္သည္။ “ျဖတ္ေလးျဖတ္” မူဝါဒတြင္ အစိုးရမဟုတ္ေသာ လက္နက္ကိုင္ အဖြဲ႕မ်ားအား အစားအစာအရင္းအျမစ္၊ ေငြေၾကးအရင္းအျမစ္၊ သတင္းအခ်က္ အလက္အရင္းအျမစ္ ႏွင့္ ေဒသခံအရပ္သားမ်ားထံမွ လူအင္အား အရင္းအျမစ္တို႔ ဆက္လက္ မရရွိေစရန္ ျဖတ္ေတာက္ေရးတို႔ ပါဝင္သည္။ ၎မူဝါဒကို “ရွင္းလင္း စစ္ဆင္ေရး”မ်ားျဖင့္ အေကာင္အထည္ေဖာ္ခဲ့ၾကသည္။ ရန္သူမ်ားအား အေထာက္အကူျပဳနိုင္သည့္ အရာအားလုံးကို ဖ်က္ဆီးသုတ္သင္ေသာ စစ္ဆင္ေရးမ်ား ျဖစ္ၿပီး၊ အရပ္သားမ်ားအား သတ္ျဖတ္ကာ ရြာလုံးကၽြတ္အား ဖ်က္ဆီးၾကေသာေၾကာင့္ အစုလိုက္အျပဳံလိုက္ ေနရပ္စြန္႔ခြာသူမ်ား ျဖစ္ခဲ့ရသည္။
၇၇။ ဤမူဝါဒမ်ားႏွင့္ အျပဳအမူမ်ားသည္ အျပည္ျပည္ဆိုင္ရာဥပေဒလက္ေအာက္တြင္ ျမန္မာ နိုင္ငံ၏ မျဖစ္မေန တာဝန္ရွိေသာ ဝတၱရားမ်ားကို ခ်ိဳးေဖာက္ရာက်ၿပီး၊ ရာဇဝတ္မႈမ်ား အရာေရာက္သည္။ ၄င္းတို႔အား လုပ္စရာလည္း မလိုပါ။ စစ္ဆင္ေရးအရ လိုအပ္ခ်က္သည္ ဘယ္ေသာအခါမွ မခြဲျခားဘဲ သတ္ျဖတ္ျခင္း၊ အမ်ိဳးသမီးမ်ားကို အုပ္စုဖြဲ႕မုဒိမ္းက်င့္ျခင္း၊ ကေလးသူငယ္မ်ားကို တိုက္ခိုက္ျခင္းႏွင့္ ရြာလုံးကၽြတ္မီးရွို႔ျခင္းတို႔ကို လုပ္ရန္မလိုပါ။ တပ္မေတာ္၏ နည္းဗ်ဴဟာမ်ားသည္ အျမဲတမ္းလိုလို၊ အမွန္ တကယ္ရွိသည့္ လုံျခဳံေရးအႏၲရာယ္မ်ားထက္ အဆမတန္ အင္အားႀကီးမားလွသည္။ ထိုကဲ့သို႔ လုပ္ရပ္ မ်ားကို ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတြင္ အထူးသျဖင့္ က်ဴးလြန္ခဲ့ၾကၿပီး၊ ျမန္မာနိုင္ငံ ေျမာက္ပိုင္းတြင္လည္း အလားတူ ျဖစ္ေပၚခဲ့ၾကသည္။
၇၈။ ဤအစီရင္ခံစာတြင္ ကခ်င္၊ ရခိုင္ႏွင့္ ရွမ္းျပည္နယ္မ်ားရွိ မ်ားစြာေသာ တိုင္းရင္းသား အုပ္စု မ်ားမွ အရပ္သားမ်ားအေပၚ တပ္မေတာ္၏ ခ်ိဳးေဖာက္မႈမ်ားကို အက်ဥ္းခ်ဳံးေဖာ္ျပထားေသာ္လည္း၊ တပ္မေတာ္ အေနႏွင့္ လူ႔အသက္၊ လူ႔ဂုဏ္သိကၡာ ႏွင့္ လြတ္လပ္ခြင့္တို႔ကို မထီမဲ့ျမင္ျပဳျခင္း၊ ေယဘုယ်အားျဖင့္ အျပည္ျပည္ဆိုင္ရာ ဥပေဒဆိုလၽွင္ လုံးဝဂ႐ုမစိုက္ျခင္းတို႔မွာ ျမန္မာ တစ္နိုင္ငံလုံး ရွိ လူထုအားလုံးအတြက္ စိုးရိမ္စရာ ျဖစ္သည္။ ဤျပည္နယ္ (၃)ခု ျပင္ပရွိ ေဒသမ်ားမွ ထြက္ေျပး လာၾကေသာ ဒုကၡသည္ အေရအတြက္ အမ်ားအျပား ရွိေနျခင္းသည္ အလားတူ လူ႔အခြင့္အေရး အေပၚ စိုးရိမ္စရာ ျဖစ္ရပ္မ်ား ျမန္မာတစ္နိုင္ငံလုံးတြင္ ျဖစ္ေပၚေနေၾကာင္း သက္ေသခံလ်က္ရွိသည္။”
[ – – – ဆံုး – – – ]
==========
[ – – – begin – – – ]
V. Hallmarks of Tatmadaw operations
75. The mission highlights four key common characteristics of Tatmadaw operations in Kachin, Rakhine and Shan States.
76. The military has consistently failed to respect international human rights law and the international humanitarian law principles of distinction, proportionality and precaution. The deliberate targeting of civilians has been part of Tatmadaw policies, tactics and conduct for decades. The “Four Cuts” counterinsurgency policy, initiated in the 1960s and still implemented, is aimed at cutting off non-State armed groups from access to food, finances, intelligence, and recruits from the local civilian population. The policy has been implemented through “clearance operations”, essentially scorched earth campaigns in which civilians are killed and entire villages destroyed, leading to mass displacement.
77. Such policies and practices violate the State’s obligations under international law and amount to criminal conduct. They are also unwarranted; military necessity would never justify killing indiscriminately, gang-raping women, assaulting children and burning entire villages. The tactics used by the Tatmadaw are consistently and grossly disproportionate to actual security threats, especially in Rakhine State, but also in northern Myanmar.
78. While the mission outlines in the present report the violations against civilians from many ethnic groups in Kachin, Rakhine and Shan States, the contempt shown by the Tatmadaw for human life, integrity and freedom, and for international law generally, should be of concern to the entire population. The number of refugees from areas outside these three States attests to the existence of similar human rights concerns elsewhere in the country.
[ – – – end – – – ]

[ Unicode ]
HRC တွင် ပြောကြသည့် ဂုဏ်ရည်လေးပါး အကြောင်း
ဒီကနေ့ဟာ တပ်မတော်နေ့ လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက် မတ်လ (၂၅) ရက်နေ့က ရသေ့တောင်မြို့နယ် အမျက်တောင်ရွာက ကူးတို့လှေသမား ကိုမောင်ချေ ကို မြန်မာစစ်တပ်ဟာ မျက်လုံးအစုံများစွာတို့ရဲ့ ရှေ့မှောက်မှာ ပစ်သတ် လိုက်တယ် လို့ ဆိုပါတယ်။ စစ်ပွဲမှာ တိုက်ခိုက်ရင်းနဲ့ စစ်ပြိုင်ဖက် ရန်သူကို သေစေတာ နဲ့ လူသတ်မှုကျူးလွန်တာဟာ မတူဘူး ဆိုတာ ဟာ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမားတိုင်း ကောင်းစွာ နားလည်ကြရမယ့် ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ ရသေ့တောင် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ဒီကေ့စ်ကို ရဲမှာ အမှုဖွင့်ဖို့ လုပ်နေတယ် လို့ ကြားပါတယ်။ နောက်ပြီးတော့ မနေ့ကဆိုရင် အလားတူပဲ မင်းပြားမြို့နယ်ထဲမှာ အရပ်သားစက်လှေကို သေနတ်နဲ့ပစ်ပြီး မေးမြန်းစစ်ဆေးမှု လုပ်တဲ့အတွက် အပြစ်မဲ့ အရပ်သား ဒဏ်ရာရပြန်တယ်။
စစ်တိုက်တာနဲ့ လူသတ်တာ သဘောချင်း မတူပါဘူး။ ရန်သူကို သေအောင်လုပ်တာ နဲ့ အရပ်သားအပေါ် လူသတ်မှုကျူးလွန်တာတို့ မတူကွဲပြားတာကို မရှင်းမလင်း ဖြစ်နေကြတဲ့ကိစ္စ ဟာ “ဖြတ်လေးဖြတ်စိတ်သဘောထား” (four cuts mentality) ကနေလာတယ် လို့ဆိုရပါလိမ့်မယ်။ ဖြတ်လေးဖြတ်စိတ်သဘောထား ဆိုတာကလည်း အခုမှ ဖြစ်တည်လာတာ မဟုတ်ဘဲ ၁၉၆၀ ကျော် လောက်ကတည်းက စုဖွဲ့ဖြစ်တည်လာခဲ့တဲ့ စုပေါင်း စိတ်နေသဘောထား တစ်ရပ်ကို မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ပုံရပါတယ်။ ဒီနည်းလမ်းဟာ အခုခေတ်မှာ ဒီနှစ်ပိုင်းတွေမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေလိမ့်မယ် ဆိုတာကို ကျူးလွန်သူတွေ နားလည်နိုင်ဖို့ ခက်ခဲနေကြပုံ ပေါ်ပါတယ်။
အရင့်အရင် စစ်ဆင်ရေးတွေမှာ ဖြတ်လေးဖြတ်ကို အလုပ်ဖြစ်အောင် ဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာကို ဒီနေရာမှာတော့ မဆွေးနွေးတော့ပါဘူး။ ဒါပေမယ့် ဖြတ်လေးဖြတ်လုပ်ဆောင်တဲ့အခါ (စကားလုံး ရွေးပြီး သက်သက်ညှာညှာပြောရရင်) ဒေသခံပြည်သူလူထုအပေါ် ဧရာမ ကြီးစွာသော သက်ရောက်မှုတွေ ဖြစ်စေအောင် လုပ်ခဲ့ကြတယ်။ ဒီလို သက်ရောက်မှုတွေဖြစ်အောင်လုပ်တဲ့ ကျူးလွန်သူတွေဟာ သူ့အလိုလိုနေတဲ့ ဒေသခံပြည်သူတွေကို ရန်သူအားပေးတွေ (တစ်နည်းအားဖြင့် ရန်သူတွေ) လို့ မြင်တဲ့ အမြင်ဟာ ပဲခူရိုးမ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ် အစရှိတဲ့ ဖြတ်လေးဖြတ် လုပ်ဆောင်ခဲ့ဖူးရာ ဒေသတိုင်းမှာ ရှိခဲ့ကြတယ်။
အဲသည်အမြင်ကနေ အရပ်သားတွေဆီ ကျည်ဆန်တွေ လာနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (Human Rights Council) ရဲ့ ၃၉-ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို (တာဝန်ပေးခံထားရတဲ့) လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်း က တင်သွင်းပါတယ်။ (ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေ အချက်အလက်တွေကို အခြေခံပြီး အဲသည် အစီရင်ခံစာကို ရေးသားတာ ဖြစ်တယ် လို့ ဆိုပါတယ်။)
မြန်မာ့တပ်မတော်က ပြုလုပ်တဲ့ စစ်ဆင်ရေးတွေ ရဲ့ ဂုဏ်ရည်လေးရပ်ကို အဲသည် အစီရင်ခံစာမှာ တင်ပြထားတာ တွေ့ပါတယ်။ အဲသည် ဂုဏ်ရည်လေးရပ် ကတော့ –
(က) အရပ်သားများကို ပစ်မှတ်ထားခြင်း၊ (targeting of civilians)
(ခ) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ (sexual violence)
(ဂ) ဖယ်ထုတ်လိုသော ရည်ရွယ်ချက်ဖြင့် ပြောဆိုမှုများ၊ (exclusionary rhetoric)
(ဃ) ပြစ်ဒဏ်မှကင်းလွတ်နေမှု၊ (impunity) – တို့ ဖြစ်တယ် လို့ ဆိုပါတယ်။
ဒါဟာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကိုတင်တဲ့ အစီရင်ခံစာက ပြောတာ၊ ကျွန်တော် ပြောတာ မဟုတ်ပါ။ အဲသည်လေးချက်ထဲမှာ အချက် (က) နဲ့ (ခ) ကတော့ ရှင်းပါတယ်။ အချက် (ဂ) က သူတို့/ငါတို့ ခွဲခြားတဲ့ သဘောတရား တည်ဆောက်တာကို ဆိုလိုတယ် လို့ အကြမ်းဖျင်း အလွယ်ပြောနိုင်ပြီးတော့ အချက် (ဃ) ကတော့ အပြစ်ကျူးလွန်ပေမယ့် ပြစ်ဒဏ်မကျနိုင်တာ ကျူးလွန်ခွင့်လိုင်စင်ရသလို ဖြစ်နေတာကို ပြောတာ ဖြစ်ပါတယ်။
အဲသည်လေးချက်အနက်မှာ ပထမဆုံးချက် ဖြစ်တဲ့ “အရပ်သားတွေကို ပစ်မှတ်ထားခြင်း” ဆိုတဲ့အချက်ကို အစီရင်ခံစာမှာ ပါတဲ့အတိုင်း စာရှုသူများ ဖတ်နိုင်အောင် မြန်မာလို နဲ့ အင်္ဂလိပ်လို လက်ဆင့်ကမ်း တင်ပြလိုက်ပါတယ်။ ဘာသာပြန်ဆိုမှုကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ဘာသာပြန်ဆိုချက်အတိုင်း ၏သည်မလွဲ ပြန်ကူး တင်ပြ ပေးလိုက်တာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖြတ်လေးဖြတ်အစား ပင်လုံအခြေခံနဲ့ တည်ဆောက်ကြဖို့ကို တိုင်းရင်းသားများက ယနေ့ထက်ထိ မျှော်လင့်ချက်ထားနေကြဆဲ ဖြစ်ပါတယ်။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၂၀၁၉ မတ်လ (၂၇) ရက်
==========
[ – – – စ – – – ]
“(၅) တပ်မတော်စစ်ဆင်ရေး၏ ထူးခြားသိသာသော လက္ခဏာများ
၇၅။ မစ်ရှင်းသည် ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ကြသော တပ်မတော် စစ်ဆင်ရေးများ၏ အဓိက သိသာသော ပင်ကိုစရိုက်လက္ခဏာ (၄) ချက်ကို အလေးထားဖော်ပြလိုက်သည်။
(က) အရပ်သားများကို ပစ်မှတ်ထားခြင်း
၇၆။ စစ်တပ်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသား ချင်း စာနာထောက်ထားမှု ဥပဒေပါ အခြေခံမူများဖြစ်သည့် တိုက်ခိုက်မှုများတွင် အရပ်သားများကို ခွဲခြား၍ ရှောင်ရန်၊ လိုအပ်သည်နှင့် အသုံးပြုသည့် အင်အား အချိုးကျစေရန် နှင့် အရပ်သားများ မတော်တဆ ထိခိုက်သေဆုံးခြင်းတို့ မရှိစေဖို့ ကြိုတင်ကာကွယ်စောင့်ရှောက်ရန် စသည်တို့ကို လေးစားလိုက်နာခြင်း အမြဲလိုလို မရှိခဲ့ပေ။ တပ်မတော်၏ မူဝါဒများ၊ နည်းဗျူဟာများနှင့် အပြုအမူတို့တွင် အရပ်သားများကို တမင် ရည်ရွယ်ချက်ဖြင့် ပစ်မှတ်ထားခြင်း ပါဝင်ခဲ့သည်မှာ ဆယ်စုနှစ်ချီ၍ ကြာခဲ့ပြီဖြစ်သည်။ (၁၉၆၀) ပြည့်လွန်နှစ်များက စတင်ခဲ့သော “ဖြတ်လေးဖြတ်” မူဝါဒကို ယခုတိုင် ကျင့်သုံးဆဲဖြစ်သည်။ “ဖြတ်လေးဖြတ်” မူဝါဒတွင် အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့များအား အစားအစာအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်၊ သတင်းအချက် အလက်အရင်းအမြစ် နှင့် ဒေသခံအရပ်သားများထံမှ လူအင်အား အရင်းအမြစ်တို့ ဆက်လက် မရရှိစေရန် ဖြတ်တောက်ရေးတို့ ပါဝင်သည်။ ၎င်းမူဝါဒကို “ရှင်းလင်း စစ်ဆင်ရေး”များဖြင့် အကောင်အထည်ဖော်ခဲ့ကြသည်။ ရန်သူများအား အထောက်အကူပြုနိုင်သည့် အရာအားလုံးကို ဖျက်ဆီးသုတ်သင်သော စစ်ဆင်ရေးများ ဖြစ်ပြီး၊ အရပ်သားများအား သတ်ဖြတ်ကာ ရွာလုံးကျွတ်အား ဖျက်ဆီးကြသောကြောင့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာသူများ ဖြစ်ခဲ့ရသည်။
၇၇။ ဤမူဝါဒများနှင့် အပြုအမူများသည် အပြည်ပြည်ဆိုင်ရာဥပဒေလက်အောက်တွင် မြန်မာ နိုင်ငံ၏ မဖြစ်မနေ တာဝန်ရှိသော ဝတ္တရားများကို ချိုးဖောက်ရာကျပြီး၊ ရာဇဝတ်မှုများ အရာရောက်သည်။ ၄င်းတို့အား လုပ်စရာလည်း မလိုပါ။ စစ်ဆင်ရေးအရ လိုအပ်ချက်သည် ဘယ်သောအခါမှ မခွဲခြားဘဲ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ ကလေးသူငယ်များကို တိုက်ခိုက်ခြင်းနှင့် ရွာလုံးကျွတ်မီးရှို့ခြင်းတို့ကို လုပ်ရန်မလိုပါ။ တပ်မတော်၏ နည်းဗျူဟာများသည် အမြဲတမ်းလိုလို၊ အမှန် တကယ်ရှိသည့် လုံခြုံရေးအန္တရာယ်များထက် အဆမတန် အင်အားကြီးမားလှသည်။ ထိုကဲ့သို့ လုပ်ရပ် များကို ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အထူးသဖြင့် ကျူးလွန်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ မြောက်ပိုင်းတွင်လည်း အလားတူ ဖြစ်ပေါ်ခဲ့ကြသည်။
၇၈။ ဤအစီရင်ခံစာတွင် ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များရှိ များစွာသော တိုင်းရင်းသား အုပ်စု များမှ အရပ်သားများအပေါ် တပ်မတော်၏ ချိုးဖောက်မှုများကို အကျဉ်းချုံးဖော်ပြထားသော်လည်း၊ တပ်မတော် အနေနှင့် လူ့အသက်၊ လူ့ဂုဏ်သိက္ခာ နှင့် လွတ်လပ်ခွင့်တို့ကို မထီမဲ့မြင်ပြုခြင်း၊ ယေဘုယျအားဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေဆိုလျှင် လုံးဝဂရုမစိုက်ခြင်းတို့မှာ မြန်မာ တစ်နိုင်ငံလုံး ရှိ လူထုအားလုံးအတွက် စိုးရိမ်စရာ ဖြစ်သည်။ ဤပြည်နယ် (၃)ခု ပြင်ပရှိ ဒေသများမှ ထွက်ပြေး လာကြသော ဒုက္ခသည် အရေအတွက် အများအပြား ရှိနေခြင်းသည် အလားတူ လူ့အခွင့်အရေး အပေါ် စိုးရိမ်စရာ ဖြစ်ရပ်များ မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေကြောင်း သက်သေခံလျက်ရှိသည်။”
[ – – – ဆုံး – – – ]
[ – – – begin – – – ]
V. Hallmarks of Tatmadaw operation
75. The mission highlights four key common characteristics of Tatmadaw operations in Kachin, Rakhine and Shan States.
A. Targeting of civilians
76. The military has consistently failed to respect international human rights law and the international humanitarian law principles of distinction, proportionality and precaution. The deliberate targeting of civilians has been part of Tatmadaw policies, tactics and conduct for decades. The “Four Cuts” counterinsurgency policy, initiated in the 1960s and still implemented, is aimed at cutting off non-State armed groups from access to food, finances, intelligence, and recruits from the local civilian population. The policy has been implemented through “clearance operations”, essentially scorched earth campaigns in which civilians are killed and entire villages destroyed, leading to mass displacement.
77. Such policies and practices violate the State’s obligations under international law and amount to criminal conduct. They are also unwarranted; military necessity would never justify killing indiscriminately, gang-raping women, assaulting children and burning entire villages. The tactics used by the Tatmadaw are consistently and grossly disproportionate to actual security threats, especially in Rakhine State, but also in northern Myanmar.
78. While the mission outlines in the present report the violations against civilians from many ethnic groups in Kachin, Rakhine and Shan States, the contempt shown by the Tatmadaw for human life, integrity and freedom, and for international law generally, should be of concern to the entire population. The number of refugees from areas outside these three States attests to the existence of similar human rights concerns elsewhere in the country.
[ – – – end – – – ]