
[ Zawgyi ]
ရက္စက္ေသာ ရာဇာ
ျဖတ္ေလးျဖတ္ကို အက်င့္ပါေနတဲ့သူေတြဟာ ဒုကၡသည္ေတြကိုပါ စားေရရိကၡာျဖတ္ေတာက္ဖို႔ အျမဲႀကိဳးစားတတ္ပါတယ္။
ဒီလိုလုပ္ခြင့္ လံုးဝမ႐ွိဘူး ဆိုတာကို သိသိႀကီးနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳး ျပၿပီးေတာ့ ဒုကၡသည္ေတြဆီကို လိုအပ္တဲ့ အကူအညီေတြ မေရာက္ေအာင္ ႐ွာၾကံတားဆီးတာဟာ သူတို႔နည္းလမ္းေတြ ျဖစ္ပါတယ္။ ဗ်ဴ႐ိုကေရစီ ႀကိဳးနီစနစ္အားျဖင့္ တမင္သက္သက္ ေႏွာင့္ေႏွးၾကံ့ၾကာေစတာ၊ လံုျခံဳေရးကိုအေၾကာင္းျပတားဆီးတာ စတာေတြဟာ လုပ္တတ္တဲ့ နည္းလမ္းေတြျဖစ္ပါတယ္။
အကူအညီေပးမယ့္ လူေတြ႐ွိရဲ႕သားနဲ႔ အကူအညီမေရာက္ေအာင္ အေၾကာင္းအမ်ိဳးမ်ိဳးျပ လီဆယ္လုပ္ၾကံ ပိတ္ပင္ေနတာဟာ တာဝန္သိအစိုးရ (responsible government) တစ္ရပ္ရဲ႕ လုပ္ရပ္မဟုတ္ပါဘူး။
လူသားခ်င္းစာနာမႈ ဆိုင္ရာက႑ ေတြလုပ္ေဆာင္ရမယ့္ ကြက္လပ္ဟာ ႀကီးႀကီးမားမား က်န္႐ွိေနဆဲပဲ ျဖစ္တယ္ – significant humanitarian gaps remain – လို႔ အေမရိကန္သံရံုးက စကားလံုး ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ ယဥ္ယဥ္ေက်းေက်း ေျပာပါတယ္။
ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
၂၀၁၉ မတ္လ (၄) ရက္
Quote
“We are very concerned that government authorities are not allowing full humanitarian access to more than 17,000 civilians currently displaced in Rakhine State as a result of this conflict. While we recognize that authorities are allowing food assistance to reach some displaced people, significant humanitarian gaps remain.”
U.S. Embassy in Burma
****************************************

ရက်စက်သော ရာဇာ
ဖြတ်လေးဖြတ်ကို အကျင့်ပါနေတဲ့သူတွေဟာ ဒုက္ခသည်တွေကိုပါ စားရေရိက္ခာဖြတ်တောက်ဖို့ အမြဲကြိုးစားတတ်ပါတယ်။
ဒီလိုလုပ်ခွင့် လုံးဝမရှိဘူး ဆိုတာကို သိသိကြီးနဲ့ အကြောင်းအမျိုးမျိုး ပြပြီးတော့ ဒုက္ခသည်တွေဆီကို လိုအပ်တဲ့ အကူအညီတွေ မရောက်အောင် ရှာကြံတားဆီးတာဟာ သူတို့နည်းလမ်းတွေ ဖြစ်ပါတယ်။ ဗျူရိုကရေစီ ကြိုးနီစနစ်အားဖြင့် တမင်သက်သက် နှောင့်နှေးကြံ့ကြာစေတာ၊ လုံခြုံရေးကိုအကြောင်းပြတားဆီးတာ စတာတွေဟာ လုပ်တတ်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
အကူအညီပေးမယ့် လူတွေရှိရဲ့သားနဲ့ အကူအညီမရောက်အောင် အကြောင်းအမျိုးမျိုးပြ လီဆယ်လုပ်ကြံ ပိတ်ပင်နေတာဟာ တာဝန်သိအစိုးရ (responsible government) တစ်ရပ်ရဲ့ လုပ်ရပ်မဟုတ်ပါဘူး။
လူသားချင်းစာနာမှု ဆိုင်ရာကဏ္ဍ တွေလုပ်ဆောင်ရမယ့် ကွက်လပ်ဟာ ကြီးကြီးမားမား ကျန်ရှိနေဆဲပဲ ဖြစ်တယ် – significant humanitarian gaps remain – လို့ အမေရိကန်သံရုံးက စကားလုံး ချင့်ချင့်ချိန်ချိန်နဲ့ ယဉ်ယဉ်ကျေးကျေး ပြောပါတယ်။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၂၀၁၉ မတ်လ (၄) ရက်
Quote
“We are very concerned that government authorities are not allowing full humanitarian access to more than 17,000 civilians currently displaced in Rakhine State as a result of this conflict. While we recognize that authorities are allowing food assistance to reach some displaced people, significant humanitarian gaps remain.”
U.S. Embassy in Burma