V for verification

V for verification

အခြား သတင်းဌာနတွေအနေနဲ့ AA ရဲ့မှတ်ချက်ရအောင် ဘယ်လိုဆက်သွယ်ဆောင်ရွက်သလဲ ဆိုတာကို စုံစမ်းပြီး ဒါဟာ လူကြီးမင်းတို့ ပို့တဲ့စာ ဟုတ်သလား မဟုတ်ဘူးလား ဆိုပြီး ဖုံးလေးဆက် အီးမေးလ်လေးပို့ပြီး အရင် မေးကြည့်သင့်ပါတယ်။

လက်သမားတို့ အတတ်ပညာကို သင်ယူတဲ့အခါ ရွေဘော်ထိုးတဲ့ကိစ္စဟာ အခြားဂျွိုင့်ဆက်တွေ ဘာတွေညာတွေကို မသင်ခင်မှာ အရင်ဆုံးတတ်မြောက်ရမယ့် အဆင့်ဖြစ်သလို – သတင်းသမားတို့ အတွက်လည်း အချက်အလက်မှန်ကန်မှုကို အခြား source တွေက ရနိုင်တဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးခြင်း (verification) ဟာ မဖြစ်မနေ လုပ်ဆောင်တတ်ရမယ့်/ လုပ်ဆောင်ရမယ့် အရာ ဖြစ်ပါတယ်။

အချက်အလက် (fact) လား ထင်မြင်ချက် (opinion) လား ဆိုတဲ့ အမျိုးအစားနှစ်ခုရဲ့ သဘောကို မိမိကိုယ်တိုင် ပီပီပြင်ပြင် နားလည်ပြီး ရရှိလာတဲ့ ကုန်ကြမ်းရဲ့ခိုင်မာမှုကို စစ်ဆေးတတ်ဖို့ဟာ သတင်းထောက်တွေ အတွက် မဖြစ်မနေလိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ အယ်ဒီတာတွေ အဖို့တော့ ဆိုဖွယ်ရာမရှိပါ။

မိမိရဲ့ သတင်းမှာ မခိုင်မာတဲ့ အချက်အလက်တွေ မတော်တဆ မှားယွင်းပါသွားတာမျိုး မဖြစ်ရလေအောင် ဂရုစိုက်ရပါတယ်။ မခိုင်မာတဲ့ ကုန်ကြမ်းအချက်အလက်တွေကို သတင်း story ထဲ အတင်းထိုးထည့် တာမျိုးကတော့ မိမိတို့ ရဲ့ ပညာရှင်ပီသမှု (professionalism) ကို များစွာ ထိခိုက်စေပါတယ်။

တခြားသတင်းဌာနများက ဒါတွေဟာ အရေးအရာ မလုပ်လောက်တဲ့ အချက်အလက်ထိုးထည့်မှု မျှသာ ဖြစ်ပါတယ်လို့ သဘောထားနေကြတဲ့အချိန်မှာ မိမိက အဲသည် ယိရွဲကုန်ကြမ်းကို အခြေခံပြီး ကမ္ဘာကြီးပဲ မီးလောင်တော့မလို လုပ်ပြနေရင် မိမိတို့ကို သတင်းဌာနလို့ မယူဆကြတော့ဘဲ ၀ါဒဖြန့်ချိရေး ယန္တရား (propaganda machine) လို့သာ ထင်မှတ်လာကြပါလိမ့်မယ်။

ဒီလို ခြိမ်းခြောက်စာအတု ပို့တဲ့ အဖွဲ့အစည်းအနေနဲ့လည်း – နောက်တစ်ခါကျရင် စာလုံးပေါင်းဟာ “ရခိုင့်တပ်မတော်” မဟုတ်ဘဲ “ရက္ခိုင့်တပ်မတော်” ပဲဖြစ်တယ် ဆိုတာတို့ . . . ရခိုင်နိုင်ငံတော် တည်ထောင်ရေး ဟာ AA ရဲ့ တရားဝင်မူဝါဒ မဟုတ်ဘူး ဆိုတာတို့ကို သတိထားလိုက်ရင် နောင်များမှာ ဒီထက်ပိုပြီးပီပြင်တဲ့ အတုတွေ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

စကားချပ်အနေနဲ့ ပြောချင်တာကတော့ ဒီလိုမျိုးခြိမ်းခြောက်တာကတော့ ဘယ်သူလုပ်လုပ် မထောက်ခံပါဘူး ဆိုတာပါပဲ။

ကျော်ဇောဦး
၂၀၁၉ ဧပြီလ (၂) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s