[ Zawgyi ]
ၿငိမ္းခ်မ္းေရးအတြက္ ဦးေႏွာက္ နဲ႔ ႏွလံုးသား
==========
NCA လမ္းေၾကာင္းကေန ကိုယ့္ဖက္သူ႔ဖက္ လိုခ်င္တဲ့ပံုစံ၀င္လာေအာင္ ပံုေဖာ္ဖို႔ ႀကိဳးစားၾကတာ၊ ဒါမွမဟုတ္ စားပြဲမွာလာထိုင္ၿပီး ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ လိုခ်င္သေယာင္ သရုပ္ေဆာင္ျပၾကတာ၊ ဒါမွမဟုတ္ ေျမျပင္မွာ လက္နက္ကိုင္ၿပီးေတာ့ ကိုယ့္ဖက္အက်အဆံုး နည္းၿပီးေတာ့ သူဖက္အက်အဆံုးမ်ားေအာင္ လုပ္ၾကတာ၊ ကိုယ္စိုးမိုးတဲ့ နယ္ေျမက်ယ္သထက္က်ယ္ေအာင္ လုပ္ၾကတာ၊ ‘ၿငိမ္းခ်မ္းေရး’ ဆိုတာကို လိုခ်င္ရင္ ငါ့ဆီမွာ လာဒူးေထာက္ လို႔ ေျပာတာ၊ ဒူးမေထာက္တဲ့သူေတြဟာ ‘ၿငိမ္းခ်မ္းေရး’ ဆိုတာကို ဖ်က္ဆီးသူေတြလို႔ ၀ါဒျဖန္႔တာ၊ အင္အားရွိေနတယ္လို႔ထင္ရင္ စကားတစ္မ်ိဳးေျပာတာ၊ မႏိုင္ေတာ့ဘူးထင္ရင္ ေနာက္တစ္မ်ိဳးျပင္ေျပာတာ . . . ဒါေတြအားလံုးဟာ ပဓာနအားျဖင့္ ဦးေႏွာက္က (တစ္နည္းအားျဖင့္ ဦးေခါင္းက) ဦးေဆာင္ တြက္ခ်က္လုပ္ေဆာင္တာျဖစ္ပါတယ္။
ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ ရရွိႏိုင္ၾကဖို႔ရာ ဦးေႏွာက္ တစ္ခုတည္းကသာမဟုတ္၊ ႏွလံုးသားမွာ ဘာေတြ မွားယြင္းစြာ ခံယူထားၾကသလဲ ဆိုတာကို ရွာေဖြစစ္ေဆးၿပီး အမွန္တကယ္ျပန္လည္ျပင္ဆင္ ကုစားၿပီးတဲ့အခါက်မွ အစစ္အမွန္ ထာ၀ရၿငိမ္းခ်မ္းေရး ေရရွည္တည္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးကို ရႏိုင္ၿပီးေတာ့ သာယာ၀ေျပာ အားေကာင္းစည္ပင္တဲ့ ေပ်ာ္ရႊင္စြာ အတူေနႏိုင္ၾကတဲ့ စစ္မွန္တဲ့ ျပည္ေထာင္စုႀကီး တည္ေဆာက္ႏိုင္ၾကမွာ ျဖစ္ပါတယ္။ တရုတ္က အႏိုင္က်င့္တယ္ ကုလားကိုမုန္းတယ္ စသည္အားျဖင့္ ဘာေတြညာေတြ ေလွ်ာက္ေျပာေနစရာမလိုဘဲ ျပႆနာေတြကို အိေျႏၵရရ ေျဖရွင္းႏိုင္တဲ့ အားေကာင္းတဲ့ ႏိုင္ငံ ျဖစ္လာမွာ ျဖစ္ပါတယ္။
ျမန္မာ့တပ္မေတာ္ နဲ႔ တကြ တပ္မေတာ္ ေခါင္းေဆာင္ေတြရဲ႕ သေဘာထားကိုေတာ့ စကားထဲကို ထည့္မေျပာေတာ့ပါဘူး။ ျပည္မေနလူမ်ားစုက အားကိုးၾကတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏွလံုးသားထဲမွာေတာင္မွ ရုပ္ဆိုးမွားယြင္းတာေတြ ဘာေတြ ရွိေနသလဲ ကၽြန္ေတာ္တို႔ လွမ္းျမင္ေနရပါတယ္။ သမိုင္းအမွားေတြ ေတြးေခၚေျမာ္ျမင္မႈအေျခခံအမွားေတြနဲ႔ အသားက်ေနတဲ့ သာမန္ျပည္သူေတြဆိုရင္ ဒီထက္အမ်ားႀကီး ပိုဆိုးတယ္ ဆိုတာကေတာ့ ေျပာေနစရာေတာင္ မလိုပါဘူး။
ၿငိမ္းခ်မ္းေရးကို ဦးေႏွာက္နဲ႔သာမက ေျပာင္းလဲသန္႔စင္ေသာ ႏွလံုးသားနဲ႔ပါ တည္ေဆာက္ၾကမွ ရႏိုင္ၾကမွာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ေလးရက္ ဧၿပီလ (၃) ရက္ေန႔က ကုလသမဂၢ ရဲ႕ ၿငိမ္းခ်မ္းေရးသတင္းစကားသယ္ေဆာင္သူ (UN Messenger of Peace) ျဖစ္သူ ကမၻာ့ပထမဆံုး ခ်င္ပန္ဇီ ကၽြမ္းက်င္သူပညာရွင္ – ဆရာမႀကီး Jane Goodall အသက္ (၈၅ ) ႏွစ္ ျပည့္ေျမာက္ခဲ့ပါတယ္။
ကၽြန္မတို႔လူသားေတြတို႔ အမွန္တကယ္ ရထိုက္တဲ့ အစစ္အမွန္ အနာဂတ္ကို ရရွိေအာင္ျမင္ႏိုင္ဖို႔ရာကေတာ့ – ဦးေႏွာက္နဲ႔ ႏွလံုးသားတို႔က လက္တြဲညီညီ လုပ္ေဆာင္ၾကတဲ့အခါမွသာ ျဖစ္ပါလိမ့္မယ္ “We will only achieve our true human potential when head and heart work in harmony.” လို႔ Jane Goodall က ဆိုပါတယ္။
ေက်ာ္ေဇာဦး
၂၀၁၉ ဧၿပီလ (၇) ရက္
=========================
ဗီဒီယိုၾကာျမင့္ခ်ိန္ – တစ္မိနစ္ သံုးစကၠန္႔
****************************************
[ Unicode ]
ငြိမ်းချမ်းရေးအတွက် ဦးနှောက် နဲ့ နှလုံးသား
NCA လမ်းကြောင်းကနေ ကိုယ့်ဖက်သူ့ဖက် လိုချင်တဲ့ပုံစံဝင်လာအောင် ပုံဖော်ဖို့ ကြိုးစားကြတာ၊ ဒါမှမဟုတ် စားပွဲမှာလာထိုင်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်သယောင် သရုပ်ဆောင်ပြကြတာ၊ ဒါမှမဟုတ် မြေပြင်မှာ လက်နက်ကိုင်ပြီးတော့ ကိုယ့်ဖက်အကျအဆုံး နည်းပြီးတော့ သူဖက်အကျအဆုံးများအောင် လုပ်ကြတာ၊ ကိုယ်စိုးမိုးတဲ့ နယ်မြေကျယ်သထက်ကျယ်အောင် လုပ်ကြတာ၊ ‘ငြိမ်းချမ်းရေး’ ဆိုတာကို လိုချင်ရင် ငါ့ဆီမှာ လာဒူးထောက် လို့ ပြောတာ၊ ဒူးမထောက်တဲ့သူတွေဟာ ‘ငြိမ်းချမ်းရေး’ ဆိုတာကို ဖျက်ဆီးသူတွေလို့ ၀ါဒဖြန့်တာ၊ အင်အားရှိနေတယ်လို့ထင်ရင် စကားတစ်မျိုးပြောတာ၊ မနိုင်တော့ဘူးထင်ရင် နောက်တစ်မျိုးပြင်ပြောတာ . . . ဒါတွေအားလုံးဟာ ပဓာနအားဖြင့် ဦးနှောက်က (တစ်နည်းအားဖြင့် ဦးခေါင်းက) ဦးဆောင် တွက်ချက်လုပ်ဆောင်တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကို အမှန်တကယ် ရရှိနိုင်ကြဖို့ရာ ဦးနှောက် တစ်ခုတည်းကသာမဟုတ်၊ နှလုံးသားမှာ ဘာတွေ မှားယွင်းစွာ ခံယူထားကြသလဲ ဆိုတာကို ရှာဖွေစစ်ဆေးပြီး အမှန်တကယ်ပြန်လည်ပြင်ဆင် ကုစားပြီးတဲ့အခါကျမှ အစစ်အမှန် ထာဝရငြိမ်းချမ်းရေး ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးကို ရနိုင်ပြီးတော့ သာယာဝပြော အားကောင်းစည်ပင်တဲ့ ပျော်ရွှင်စွာ အတူနေနိုင်ကြတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။ တရုတ်က အနိုင်ကျင့်တယ် ကုလားကိုမုန်းတယ် စသည်အားဖြင့် ဘာတွေညာတွေ လျှောက်ပြောနေစရာမလိုဘဲ ပြဿနာတွေကို အိန္ဒြေရရ ဖြေရှင်းနိုင်တဲ့ အားကောင်းတဲ့ နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော် နဲ့ တကွ တပ်မတော် ခေါင်းဆောင်တွေရဲ့ သဘောထားကိုတော့ စကားထဲကို ထည့်မပြောတော့ပါဘူး။ ပြည်မနေလူများစုက အားကိုးကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးသားထဲမှာတောင်မှ ရုပ်ဆိုးမှားယွင်းတာတွေ ဘာတွေ ရှိနေသလဲ ကျွန်တော်တို့ လှမ်းမြင်နေရပါတယ်။ သမိုင်းအမှားတွေ တွေးခေါ်မြော်မြင်မှုအခြေခံအမှားတွေနဲ့ အသားကျနေတဲ့ သာမန်ပြည်သူတွေဆိုရင် ဒီထက်အများကြီး ပိုဆိုးတယ် ဆိုတာကတော့ ပြောနေစရာတောင် မလိုပါဘူး။
ငြိမ်းချမ်းရေးကို ဦးနှောက်နဲ့သာမက ပြောင်းလဲသန့်စင်သော နှလုံးသားနဲ့ပါ တည်ဆောက်ကြမှ ရနိုင်ကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လေးရက် ဧပြီလ (၃) ရက်နေ့က ကုလသမဂ္ဂ ရဲ့ ငြိမ်းချမ်းရေးသတင်းစကားသယ်ဆောင်သူ (UN Messenger of Peace) ဖြစ်သူ ကမ္ဘာ့ပထမဆုံး ချင်ပန်ဇီ ကျွမ်းကျင်သူပညာရှင် – ဆရာမကြီး Jane Goodall အသက် (၈၅ ) နှစ် ပြည့်မြောက်ခဲ့ပါတယ်။
ကျွန်မတို့လူသားတွေတို့ အမှန်တကယ် ရထိုက်တဲ့ အစစ်အမှန် အနာဂတ်ကို ရရှိအောင်မြင်နိုင်ဖို့ရာကတော့ – ဦးနှောက်နဲ့ နှလုံးသားတို့က လက်တွဲညီညီ လုပ်ဆောင်ကြတဲ့အခါမှသာ ဖြစ်ပါလိမ့်မယ် “We will only achieve our true human potential when head and heart work in harmony.” လို့ Jane Goodall က ဆိုပါတယ်။
ကျော်ဇောဦး
၂၀၁၉ ဧပြီလ (၇) ရက်
************************************************
ဗီဒီယိုကြာမြင့်ချိန် – တစ်မိနစ် သုံးစက္ကန့်