ပန်းပုဆရာကောင်းများ နှလုံးသားလည်း လှရန်လို

[ Zawgyi ]

ပန္းပုဆရာေကာင္းမ်ား ႏွလံုးသားလည္း လွရန္လို

==========

ႏိုင္ငံေရးမွာ ၀င္လုပ္တယ္ဆိုတာ လူထုကို သစၥာခံၿပီး တိုင္းျပည္နဲ႔ လူမ်ိဳးကို အလုပ္အေကၽြးျပဳဖို႔ ဆိုတာကို ထိပ္ဆံုး ဦးစားေပး ရည္ရြယ္ခ်က္ထားၿပီး ၀င္လုပ္သင့္ပါတယ္။ အဲသည္ရည္ရြယ္ခ်က္ ေမွးမွိန္ေနၿပီး အျခားရည္ရြယ္ခ်က္ေတြကို ထိပ္တန္းတင္ လုပ္ေဆာင္ၾကတဲ့အခါ မဖြယ္မရာ အျဖစ္အပ်က္ေတြ မ်ားစြာ ျဖစ္လာတတ္ပါတယ္။

(ျဖစ္ရပ္ တစ္) တရံေသာအခါက . . . ၊ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က စစ္ေတြၿမိဳ႕နယ္ ေအာင္ဒိုင္ေက်းရြာကို ကၽြန္ေတာ္ေရာက္တဲ့အခါ ရြာသားအခ်ိဳ႕က ကၽြန္ေတာ့္ကို ေျပာပါတယ္။ သူတို႔ရြာနီးခ်ဳပ္စပ္က လူတစ္ေယာက္ႏွစ္ေယာက္ဟာ ကၽြန္ေတာ္ (ဦးေက်ာ္ေဇာဦး) မလုပ္တဲ့ အလုပ္တစ္ခုကို လုပ္ပါတယ္ ဆိုၿပီး ပါတီတစ္ခုရဲ႕ ပါတီတြင္း စံုစမ္းစစ္ေဆးေရး အဖြဲ႕ေရွ႕ေမွာက္မွာ ထြက္ဆိုေပးဖို႔ တစ္စံုတစ္ဦးက သူတို႔ကို ေငြေၾကးေပးတဲ့အတြက္ ပိုက္ဆံယူၿပီး စံုစမ္းေရးအဖြဲ႕ေရွ႕ေမွာက္မွာ ေငြေပးသူခိုင္းတဲ့အတိုင္း ထြက္ဆိုေပးခဲ့တာကို သူကိုယ္တိုင္ကပဲ ရွက္ျခင္းေၾကာက္ျခင္းမရွိဘဲ အရက္မူးကၽြဲခိုးေပၚဆိုသလို ေျပာေနတယ္ လို႔ ဆိုပါတယ္။ ဒီလိုမ်ိဳးသိရတဲ့ အခ်ိန္မွာ အဲသည္အျဖစ္အပ်က္ေတြကို ကၽြန္ေတာ္ ျဖတ္ေက်ာ္ၿပီးခဲ့တာ ႏွစ္ကာလေတြ ခ်ီခဲ့ပါၿပီ။ အဲသည္မတရားလုပ္ႀကံမႈေတြကို ေတြ႕ႀကံဳရတဲ့ အဲသည္ကာလကို Bob Marley ရဲ႕ Time Will Tell ကိုနားေထာင္ယင္း ေက်ာ္ျဖတ္ခဲ့တယ္။

(ျဖစ္ရပ္ႏွစ္) တရံေသာအခါက . . . ၊ ခင္ဗ်ားအေနနဲ႔ ၿမိဳ႕နယ္ပါတီရဲ႕ အတြင္းေရးမွဴးေနရာပဲကို ယူၿပီးေတာ့ ဘြဲ႕ရတစ္ေယာက္ေယာက္ကို ၿမိဳ႕နယ္ပါတီ ဥကၠ႒ ခန္႔ၾကရင္မေကာင္းဘူးလား ဆိုၿပီးေတာ့ လူတစ္ေယာက္ကို ကၽြန္ေတာ္ အႀကံျပဳလိုက္မိတယ္။ ၿမိဳ႕နယ္ပါတီဥကၠ႒လုပ္ခ်င္တဲ့ အဲသည္လူဟာ အဲသလို အႀကံျပဳလိုက္ၿပီး ေနာက္တစ္ေန႔က စၿပီး ကၽြန္ေတာ္(ဦးေက်ာ္ေဇာဦး) အာဏာပိုင္ေတြနဲ႔ေပါင္းၿပီး လုပ္စားေနတယ္ ဆိုၿပီး စစ္ေတြၿမိဳ႕နယ္ ေက်းရြာေတြမွာ ေလွ်ာက္ေျပာေနပါေတာ့တယ္။ ေနာက္ပိုင္း သတင္းေတြက ဘယ္ေလာက္ထိေတာင္ ျဖစ္လာသလဲ ဆိုေတာ့ ေက်ာ္ေဇာဦး ေကာင္းစားလြန္းလို႔ သံုးထပ္တိုက္ေတာင္ ေဆာက္ေနၿပီ လို႔ သတင္းမွားေတြ ေျပာၾကတဲ့အထိ ျဖစ္သြားခဲ့တယ္။

အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္က ကေလးငယ္တစ္ေယာက္ဟာ ဘဲကေလးတစ္ေကာင္ကို သူ႔စက္ဘီးနဲ႔ မေတာ္တဆ ျဖတ္နင္းမိလို႔ ရွိတဲ့ မုန္႔ဖိုးေလးနဲ႔ ေဆးရံုကိုလာၿပီး ဘဲကေလးကို ေဆးကုေပးဖို႔ လာပို႔ပါသတဲ့။ အဲသည္ ကေလးေလးရဲ႕ ႏွလံုးသားမ်ိဳး မိမိကိုယ္တိုင္အပါအ၀င္ လူေတြမွာ ရွိေစခ်င္မိတယ္။

ႏိုင္ငံေရးပါတီဆိုတာ လူေတြနဲ႔ ဖြဲ႕စည္းထားတာ ျဖစ္တယ္။ စာရြက္ထက္မွာ စကားလံုးလွလွေလးေတြ ဘယ္ေလာက္ပဲ ေရးထားေရးထား၊ ပါတီထဲက လူေတြ မေကာင္းရင္ ပါတီတစ္ရပ္ရပ္ဟာ တျဖည္းျဖည္း ယိုင္နဲ႔လာတတ္တယ္။ ႏိုင္ငံေရးရာ ေဆာင္ရြက္ၾကရာမွာ “အလုပ္အေကၽြးျပဳရန္” ဆိုတာထက္ “ေနရာရရွိေရး” ဆိုတာကို ေရွ႕တန္းတင္လာရင္ ျပႆနာေတြ မတရားလုပ္ႀကံမႈေတြ ေပၚေပါက္လာပါေတာ့တယ္။

NLD ပါတီတြင္းမွာ အေယာင္ေဆာင္ ပန္းပုဆရာေတြ ကို ကိုင္တြယ္ေရးနဲ႔ ပတ္သက္လို႔ ကိုမ်ိဳးဆက္မင္းက ပို႔စ္ တစ္ခုေရးတင္ထားတာကို ေတြ႕လို႔ ထပ္ဆင့္ဖတ္ၾကေစလိုေသာ ေစတနာနဲ႔ ကူးယူတင္ေပးလိုက္ပါတယ္။

==========

NLD ထဲမွာအေခ်ာင္သမားေတြ ရွိေနႏိုင္တဲ့ အေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္တယ္။

ဒီလို စကားမ်ိဴးကို ၾကားရတဲ့ အတြက္ ေျဖရွင္းဖို႔ နည္းလမ္းကိုလဲ မိတ္ဆက္ေပးလိုပါတယ္။

NLD ထဲက အေခ်ာင္သမားမ်ားကို ေပါက္ဖြားေစသူသည္ အျခား မဟုတ္…ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ဦးစီးေသာ NLD ဘုတ္အဖြဲ႔ပဲ ျဖစ္တယ္။ဒါကို ၾကားရင္ မ်က္ေမွာင္ၾကံဳ႕ သဘာမတူလိုသူေတြရွိလိမ့္မယ္။
အေၾကာင္းရင္းကို ရွင္းျပပါမယ္။

၂၀၁၅ ေရြးေကာက္ပြဲ မတိုင္ခင္မွာ NLD ပါတီက အမတ္ေလာင္းေတြေရြးတယ္။ အဲ့ဒီမွာ ဗဟိုက ေရြးေပးလိုက္တာဆိုတဲ့ သူနဲ႔ ေဒသခံေတြ ေရြးလိုသူေတြ သီးျခားစီ ျဖစ္ေနတဲ့ အခါမွာ ဆူညံခဲ့ၾကတာကို မွတ္မိဦးမယ္ထင္ပါတယ္။

တကယ္တမ္းမွာ ၿမိဳ႕နယ္ အသီးသီးမွာ တာဝန္ထမ္းေဆာင္မယ့္ အမတ္ဟာ နယ္ခံ ပါတီဝင္ေတြ ျပည္သူေတြက ေရြးခ်ယ္ေပးလိုက္တဲ့သူျဖစ္တာ အေကာင္းဆံုးပါ။
ၾကည္ညိဳရင္းစြဲရွိတာေၾကာင့္ စကားေအာင္မယ္။ အလုပ္တြင္မယ္။ လူ႐ိုေသရွင္႐ိုေသ ျဖစ္တာေၾကာင့္ ကိုယ္က်င့္သိကၡာပိုင္း စိတ္ခ်ရမယ္။

တႏိုင္ငံလံုးအတြက္ အေရးပါတဲ့ အမတ္ အစိုးရေနရာေတြကို ဗဟိုကေနေရြးခ်ယ္လိုက္တဲ့ အခါ သဘာဝက်က် အားနည္းခ်က္ေတြေပၚလာတယ္။ ဗဟို အဖြဲ႕လို လူေတြအေနနဲ႔ လူေတြရဲ႕ အေကာင္းအဆိုး အကုန္လံုးကို ဘယ္သိႏိုင္မလဲ။ ဒီအခါမွာ “အုတ္အေရာေရာ ေက်ာက္အေရာေရာ”ျဖစ္လာေတာ့တယ္။

တျခားသူေတြ မေျပာနဲ႔ NLD ေလာ္ဘီ အုပ္စုေတြ ေျပာေနတဲ့ ေလသံ ေျပာင္းလာရတာကိုပဲ သက္ေသအေနနဲ႔ၾကည့္ပါ။ ၂၀၁၆-၁၇ မွာ စစ္အစိုးရထက္ အစစ သာတယ္ အခုမွ အစမို႔ဆိုၿပီး ဖာခဲ့ၾကတယ္။ အခု ၂၀၁၉ အခ်ိန္မွာ အမ်ားစု ေျပာစကားၾကည့္ရင္ “အရည္အခ်င္းလိုအပ္ေနေသးတာသိပါတယ္။ စစ္အုပ္စုေတြ လႊတ္ေတာ္ထဲက မထြက္မခ်င္း NLD က္ို အားေပးရမယ္” ဆိုတဲ့ ေလသံ ေျပာင္းသြားရတယ္။

အခု NLD ၾကံဳတဲ့ အခက္အခဲေတြထဲမွာ အခ်ိဳ႕အဝက္က အရင္ နအဖ ဆိုးေမြ အုပ္ခ်ဳပ္ေရးစံနစ္ေၾကာင့္ ျဖစ္ၿပီး အခ်ိဳ႕က က္ိုယ့္ဟာကိုယ္ ျပႆနာမီးခြက္ထြန္းရွာတဲ့ကိစၥေတြ ျဖစ္တယ္။ ဥပမာ ၾကည့္ရေအာင္ …ဝန္ႀကီးခ်ဳပ္ ၿမိဳ႕ဝန္ ဝန္ႀကီးေတြ စကားေတြ “ဗလစ္ဗလစ္” ေလွ်ာက္ေျပာတယ္။ မျဖစ္ႏိုင္တာေတြ ကတိေပးတယ္။ဒါေတြ မေျပာဘဲ ႐ိုး႐ိုးက်င့္ျမင့္ျမင့္ၾကံ ေနရင္ မရႏိုင္ဘူးလား။

ေနာက္ ဥပမာ ၾကည့္ပါ။ မႏၲေလးၿမိဳ႕နာမည္ရတယ္။ သြားေနတာလဲ တည္တည္ၿငိမ္ၿငိမ္နဲ႔ သြားေနတယ္။ အကယ္၍မႏၲေလးလိုမ်ိဳး က်န္တိုင္းေဒသႀကီး အားလံုး ျဖစ္ခဲ့ရင္ ဆိုတဲ့ အေတြးမ်ိဴး ေတြးၾကည့္ပါလား။
တကယ္တမ္းမွာျဖစ္ႏိုင္ခဲ့တယ္။ ျဖစ္ႏိုင္ေခ်ရွိခဲ့တယ္။

၁-လူေရြးခ်ယ္ရာတြင္ မွန္ကန္မႈ
၂-ခန္႔ထားသည့္လူမ်ားကို မခ်ဳပ္ကိုင္ဘဲ အာဏာခြဲေဝ အပ္ႏွင္းမႈ
၃-ဗဟိုမွ စဥ္ဆက္မျပတ္ မ်က္စိေဒါက္ေထာက္ၾကည့္မႈ

ဒီ ၃ ခ်က္နဲ႔ ျပည့္စံုရင္ ျဖစ္ႏိုင္ခဲ့တယ္။

အခု ေဒၚေအာင္ဆန္းစုၾကည္ဟာ နယ္တကာ ခရီးထြက္ၿပီး ျပည္သူလူထုနဲ႔ ထိေတြ႕ေနရတယ္။ ဒါဟာ တခ်ိန္က လုပ္မိတဲ့ ဆံုးျဖတ္ခ်က္အမွားအတြက္ ျပန္ၿပီး အဖတ္ဆည္ေနရတဲ့ သေဘာပဲ ျဖစ္တယ္။
ဒါ့အျပင္ သူ႔ပါတီနဲ႔ သူဟာ ၂၀၁၅-၂၀၂၀ သမိုင္းဝင္ မွတ္တမ္းနဲ႔ ေအာင္ျမင္မႈ ေရးထိုးႏိုင္တဲ့ အခြင့္အလမ္းေတြရွိခဲ့ေပမယ့္ ဒါေတြ ဘာမွ မလုပ္လိုက္ႏိုင္ဘူး ျဖစ္သြားတယ္။

တကယ္တမ္းသာစံနစ္တက် လူေရြးခ်ယ္ခဲ့ၿပီး ထပ္မံ လူသစ္စုေဆာင္းတာေတြ လုပ္ခဲ့ရင္

က- ႏိုင္ငံတကာစာမ်က္ႏွာမွာ ဘဂၤါလီကိစၥ အခ်က္က်က် တုန္႔ျပန္ႏိုင္မယ္။

ခ- ျပည္တြင္းမွာ ဒုကၡေပးဖို႔ ေခ်ာင္းေနတဲ့ ဆန္ကုန္ေျမေလး အုပ္စုကို တေနရာမွ မလြတ္ေအာင္ ပိတ္ဆို႔ႏိုင္မယ္

ဂ- တိုင္းရင္းသား အဖြဲ႕ေတြနဲ႔ ပ်က္စီးသြားတဲ့ ယံုၾကည္မႈကို ျပန္လည္တည္ေဆာက္ဖို႔ လုပ္ႏိုင္မယ္။

ဃ-သမၼတကို မခ်ဳပ္ကိုင္ထားရင္ သမၼတဟာ ျပည္တြင္းက စီးပြားေရး ပညာေရး အစရွ္ိတာေတြမွာ လုပ္ႏိုင္ေတာ့ လုပ္အားရမယ္။

အခု ျပႆနာေတြရဲ႕ဇစ္ျမစ္အခ်ိဳ႕က

A- လူေရြးခ်ယ္မႈ မမွန္ကန္ျခင္း

B-လူမွန္မ်ား မေရြးမိသည့္အတြက္ ေနရာမ်ားစြာ တြင္ စိတ္ခ်ထား၍ မရေတာ့ဘဲ ဝင္ပါလာရျခင္း၊ သို႔အတြက္ central executive functions မ်ားအတြက္ အခ်ိန္ေလ်ာ့နည္းျခင္း

C- ေနရာမ်ားစြာတြင္ လူႀကီးမ်ားပါရသည့္အတြက္ လက္ေအာက္မ်ား အလိုလို ေဘာင္က်ဥ္းသြားျခင္း

သာဓကမ်ား

-သမၼတဦးဝင္းျမင့္ သမၼတရာထူးရယူၿပီး ေနာက္ activities မ်ား

-ေဒၚေအာင္ဆန္းစုၾကည္၏ ၂၀၁၉ ခုႏွစ္ ျပည္တြင္း ခရီးစဥ္မ်ားႏွင့္ေတြ႕ဆံုမႈမ်ား

-၂၀၁၉ ရန္ကုန္စည္ပင္ေရြးေကာက္ပြဲႏွင့္ လူငယ္တစ္ဦးအား ထုတ္ပယ္ျခင္း ျဖစ္စဥ္

-ထုတ္ပယ္ခဲ့ရသည့္ဝန္ႀကီးမ်ား ဝန္ႀကီးခ်ဳပ္မ်ား

ဒါေတြကို ေလ့လာၾကည့္ပါ။

Myoset Min

==========

[ Unicode ]

ပန်းပုဆရာကောင်းများ နှလုံးသားလည်း လှရန်လို

နိုင်ငံရေးမှာ ဝင်လုပ်တယ်ဆိုတာ လူထုကို သစ္စာခံပြီး တိုင်းပြည်နဲ့ လူမျိုးကို အလုပ်အကျွေးပြုဖို့ ဆိုတာကို ထိပ်ဆုံး ဦးစားပေး ရည်ရွယ်ချက်ထားပြီး ဝင်လုပ်သင့်ပါတယ်။ အဲသည်ရည်ရွယ်ချက် မှေးမှိန်နေပြီး အခြားရည်ရွယ်ချက်တွေကို ထိပ်တန်းတင် လုပ်ဆောင်ကြတဲ့အခါ မဖွယ်မရာ အဖြစ်အပျက်တွေ များစွာ ဖြစ်လာတတ်ပါတယ်။

(ဖြစ်ရပ် တစ်) တရံသောအခါက . . . ၊ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က စစ်တွေမြို့နယ် အောင်ဒိုင်ကျေးရွာကို ကျွန်တော်ရောက်တဲ့အခါ ရွာသားအချို့က ကျွန်တော့်ကို ပြောပါတယ်။ သူတို့ရွာနီးချုပ်စပ်က လူတစ်ယောက်နှစ်ယောက်ဟာ ကျွန်တော် (ဦးကျော်ဇောဦး) မလုပ်တဲ့ အလုပ်တစ်ခုကို လုပ်ပါတယ် ဆိုပြီး ပါတီတစ်ခုရဲ့ ပါတီတွင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ရှေ့မှောက်မှာ ထွက်ဆိုပေးဖို့ တစ်စုံတစ်ဦးက သူတို့ကို ငွေကြေးပေးတဲ့အတွက် ပိုက်ဆံယူပြီး စုံစမ်းရေးအဖွဲ့ရှေ့မှောက်မှာ ငွေပေးသူခိုင်းတဲ့အတိုင်း ထွက်ဆိုပေးခဲ့တာကို သူကိုယ်တိုင်ကပဲ ရှက်ခြင်းကြောက်ခြင်းမရှိဘဲ အရက်မူးကျွဲခိုးပေါ်ဆိုသလို ပြောနေတယ် လို့ ဆိုပါတယ်။ ဒီလိုမျိုးသိရတဲ့ အချိန်မှာ အဲသည်အဖြစ်အပျက်တွေကို ကျွန်တော် ဖြတ်ကျော်ပြီးခဲ့တာ နှစ်ကာလတွေ ချီခဲ့ပါပြီ။ အဲသည်မတရားလုပ်ကြံမှုတွေကို တွေ့ကြုံရတဲ့ အဲသည်ကာလကို Bob Marley ရဲ့ Time Will Tell ကိုနားထောင်ယင်း ကျော်ဖြတ်ခဲ့တယ်။

(ဖြစ်ရပ်နှစ်) တရံသောအခါက . . . ၊ ခင်ဗျားအနေနဲ့ မြို့နယ်ပါတီရဲ့ အတွင်းရေးမှူးနေရာပဲကို ယူပြီးတော့ ဘွဲ့ရတစ်ယောက်ယောက်ကို မြို့နယ်ပါတီ ဥက္ကဋ္ဌ ခန့်ကြရင်မကောင်းဘူးလား ဆိုပြီးတော့ လူတစ်ယောက်ကို ကျွန်တော် အကြံပြုလိုက်မိတယ်။ မြို့နယ်ပါတီဥက္ကဋ္ဌလုပ်ချင်တဲ့ အဲသည်လူဟာ အဲသလို အကြံပြုလိုက်ပြီး နောက်တစ်နေ့က စပြီး ကျွန်တော်(ဦးကျော်ဇောဦး) အာဏာပိုင်တွေနဲ့ပေါင်းပြီး လုပ်စားနေတယ် ဆိုပြီး စစ်တွေမြို့နယ် ကျေးရွာတွေမှာ လျှောက်ပြောနေပါတော့တယ်။ နောက်ပိုင်း သတင်းတွေက ဘယ်လောက်ထိတောင် ဖြစ်လာသလဲ ဆိုတော့ ကျော်ဇောဦး ကောင်းစားလွန်းလို့ သုံးထပ်တိုက်တောင် ဆောက်နေပြီ လို့ သတင်းမှားတွေ ပြောကြတဲ့အထိ ဖြစ်သွားခဲ့တယ်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က ကလေးငယ်တစ်ယောက်ဟာ ဘဲကလေးတစ်ကောင်ကို သူ့စက်ဘီးနဲ့ မတော်တဆ ဖြတ်နင်းမိလို့ ရှိတဲ့ မုန့်ဖိုးလေးနဲ့ ဆေးရုံကိုလာပြီး ဘဲကလေးကို ဆေးကုပေးဖို့ လာပို့ပါသတဲ့။ အဲသည် ကလေးလေးရဲ့ နှလုံးသားမျိုး မိမိကိုယ်တိုင်အပါအဝင် လူတွေမှာ ရှိစေချင်မိတယ်။

နိုင်ငံရေးပါတီဆိုတာ လူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ စာရွက်ထက်မှာ စကားလုံးလှလှလေးတွေ ဘယ်လောက်ပဲ ရေးထားရေးထား၊ ပါတီထဲက လူတွေ မကောင်းရင် ပါတီတစ်ရပ်ရပ်ဟာ တဖြည်းဖြည်း ယိုင်နဲ့လာတတ်တယ်။ နိုင်ငံရေးရာ ဆောင်ရွက်ကြရာမှာ “အလုပ်အကျွေးပြုရန်” ဆိုတာထက် “နေရာရရှိရေး” ဆိုတာကို ရှေ့တန်းတင်လာရင် ပြဿနာတွေ မတရားလုပ်ကြံမှုတွေ ပေါ်ပေါက်လာပါတော့တယ်။

NLD ပါတီတွင်းမှာ အယောင်ဆောင် ပန်းပုဆရာတွေ ကို ကိုင်တွယ်ရေးနဲ့ ပတ်သက်လို့ ကိုမျိုးဆက်မင်းက ပို့စ် တစ်ခုရေးတင်ထားတာကို တွေ့လို့ ထပ်ဆင့်ဖတ်ကြစေလိုသော စေတနာနဲ့ ကူးယူတင်ပေးလိုက်ပါတယ်။

==========

NLD ထဲမှာအချောင်သမားတွေ ရှိနေနိုင်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တယ်။
ဒီလို စကားမျိူးကို ကြားရတဲ့ အတွက် ဖြေရှင်းဖို့ နည်းလမ်းကိုလဲ မိတ်ဆက်ပေးလိုပါတယ်။
NLD ထဲက အချောင်သမားများကို ပေါက်ဖွားစေသူသည် အခြား မဟုတ်…ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးစီးသော NLD ဘုတ်အဖွဲ့ပဲ ဖြစ်တယ်။ဒါကို ကြားရင် မျက်မှောင်ကြုံ့ သဘာမတူလိုသူတွေရှိလိမ့်မယ်။
အကြောင်းရင်းကို ရှင်းပြပါမယ်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ NLD ပါတီက အမတ်လောင်းတွေရွေးတယ်။ အဲ့ဒီမှာ ဗဟိုက ရွေးပေးလိုက်တာဆိုတဲ့ သူနဲ့ ဒေသခံတွေ ရွေးလိုသူတွေ သီးခြားစီ ဖြစ်နေတဲ့ အခါမှာ ဆူညံခဲ့ကြတာကို မှတ်မိဦးမယ်ထင်ပါတယ်။
တကယ်တမ်းမှာ မြို့နယ် အသီးသီးမှာ တာဝန်ထမ်းဆောင်မယ့် အမတ်ဟာ နယ်ခံ ပါတီဝင်တွေ ပြည်သူတွေက ရွေးချယ်ပေးလိုက်တဲ့သူဖြစ်တာ အကောင်းဆုံးပါ။
ကြည်ညိုရင်းစွဲရှိတာကြောင့် စကားအောင်မယ်။ အလုပ်တွင်မယ်။ လူရိုသေရှင်ရိုသေ ဖြစ်တာကြောင့် ကိုယ်ကျင့်သိက္ခာပိုင်း စိတ်ချရမယ်။
တနိုင်ငံလုံးအတွက် အရေးပါတဲ့ အမတ် အစိုးရနေရာတွေကို ဗဟိုကနေရွေးချယ်လိုက်တဲ့ အခါ သဘာဝကျကျ အားနည်းချက်တွေပေါ်လာတယ်။ ဗဟို အဖွဲ့လို လူတွေအနေနဲ့ လူတွေရဲ့ အကောင်းအဆိုး အကုန်လုံးကို ဘယ်သိနိုင်မလဲ။ ဒီအခါမှာ “အုတ်အရောရော ကျောက်အရောရော”ဖြစ်လာတော့တယ်။
တခြားသူတွေ မပြောနဲ့ NLD လော်ဘီ အုပ်စုတွေ ပြောနေတဲ့ လေသံ ပြောင်းလာရတာကိုပဲ သက်သေအနေနဲ့ကြည့်ပါ။ ၂၀၁၆-၁၇ မှာ စစ်အစိုးရထက် အစစ သာတယ် အခုမှ အစမို့ဆိုပြီး ဖာခဲ့ကြတယ်။ အခု ၂၀၁၉ အချိန်မှာ အများစု ပြောစကားကြည့်ရင် “အရည်အချင်းလိုအပ်နေသေးတာသိပါတယ်။ စစ်အုပ်စုတွေ လွှတ်တော်ထဲက မထွက်မချင်း NLD က်ို အားပေးရမယ်” ဆိုတဲ့ လေသံ ပြောင်းသွားရတယ်။
အခု NLD ကြုံတဲ့ အခက်အခဲတွေထဲမှာ အချို့အဝက်က အရင် နအဖ ဆိုးမွေ အုပ်ချုပ်ရေးစံနစ်ကြောင့် ဖြစ်ပြီး အချို့က က်ိုယ့်ဟာကိုယ် ပြဿနာမီးခွက်ထွန်းရှာတဲ့ကိစ္စတွေ ဖြစ်တယ်။ ဥပမာ ကြည့်ရအောင် …ဝန်ကြီးချုပ် မြို့ဝန် ဝန်ကြီးတွေ စကားတွေ “ဗလစ်ဗလစ်” လျှောက်ပြောတယ်။ မဖြစ်နိုင်တာတွေ ကတိပေးတယ်။ဒါတွေ မပြောဘဲ ရိုးရိုးကျင့်မြင့်မြင့်ကြံ နေရင် မရနိုင်ဘူးလား။
နောက် ဥပမာ ကြည့်ပါ။ မန္တလေးမြို့နာမည်ရတယ်။ သွားနေတာလဲ တည်တည်ငြိမ်ငြိမ်နဲ့ သွားနေတယ်။ အကယ်၍မန္တလေးလိုမျိုး ကျန်တိုင်းဒေသကြီး အားလုံး ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးမျိူး တွေးကြည့်ပါလား။
တကယ်တမ်းမှာဖြစ်နိုင်ခဲ့တယ်။ ဖြစ်နိုင်ချေရှိခဲ့တယ်။
၁-လူရွေးချယ်ရာတွင် မှန်ကန်မှု
၂-ခန့်ထားသည့်လူများကို မချုပ်ကိုင်ဘဲ အာဏာခွဲဝေ အပ်နှင်းမှု
၃-ဗဟိုမှ စဉ်ဆက်မပြတ် မျက်စိဒေါက်ထောက်ကြည့်မှု
ဒီ ၃ ချက်နဲ့ ပြည့်စုံရင် ဖြစ်နိုင်ခဲ့တယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်တကာ ခရီးထွက်ပြီး ပြည်သူလူထုနဲ့ ထိတွေ့နေရတယ်။ ဒါဟာ တချိန်က လုပ်မိတဲ့ ဆုံးဖြတ်ချက်အမှားအတွက် ပြန်ပြီး အဖတ်ဆည်နေရတဲ့ သဘောပဲ ဖြစ်တယ်။
ဒါ့အပြင် သူ့ပါတီနဲ့ သူဟာ ၂၀၁၅-၂၀၂၀ သမိုင်းဝင် မှတ်တမ်းနဲ့ အောင်မြင်မှု ရေးထိုးနိုင်တဲ့ အခွင့်အလမ်းတွေရှိခဲ့ပေမယ့် ဒါတွေ ဘာမှ မလုပ်လိုက်နိုင်ဘူး ဖြစ်သွားတယ်။
တကယ်တမ်းသာစံနစ်တကျ လူရွေးချယ်ခဲ့ပြီး ထပ်မံ လူသစ်စုဆောင်းတာတွေ လုပ်ခဲ့ရင်
က- နိုင်ငံတကာစာမျက်နှာမှာ ဘင်္ဂါလီကိစ္စ အချက်ကျကျ တုန့်ပြန်နိုင်မယ်။
ခ- ပြည်တွင်းမှာ ဒုက္ခပေးဖို့ ချောင်းနေတဲ့ ဆန်ကုန်မြေလေး အုပ်စုကို တနေရာမှ မလွတ်အောင် ပိတ်ဆို့နိုင်မယ်
ဂ- တိုင်းရင်းသား အဖွဲ့တွေနဲ့ ပျက်စီးသွားတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လုပ်နိုင်မယ်။
ဃ-သမ္မတကို မချုပ်ကိုင်ထားရင် သမ္မတဟာ ပြည်တွင်းက စီးပွားရေး ပညာရေး အစရှ်ိတာတွေမှာ လုပ်နိုင်တော့ လုပ်အားရမယ်။
အခု ပြဿနာတွေရဲ့ဇစ်မြစ်အချို့က
A- လူရွေးချယ်မှု မမှန်ကန်ခြင်း
B-လူမှန်များ မရွေးမိသည့်အတွက် နေရာများစွာ တွင် စိတ်ချထား၍ မရတော့ဘဲ ဝင်ပါလာရခြင်း၊ သို့အတွက် central executive functions များအတွက် အချိန်လျော့နည်းခြင်း
C- နေရာများစွာတွင် လူကြီးများပါရသည့်အတွက် လက်အောက်များ အလိုလို ဘောင်ကျဉ်းသွားခြင်း
သာဓကများ
-သမ္မတဦးဝင်းမြင့် သမ္မတရာထူးရယူပြီး နောက် activities များ
-ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၉ ခုနှစ် ပြည်တွင်း ခရီးစဉ်များနှင့်တွေ့ဆုံမှုများ
-၂၀၁၉ ရန်ကုန်စည်ပင်ရွေးကောက်ပွဲနှင့် လူငယ်တစ်ဦးအား ထုတ်ပယ်ခြင်း ဖြစ်စဉ်
-ထုတ်ပယ်ခဲ့ရသည့်ဝန်ကြီးများ ဝန်ကြီးချုပ်များ
ဒါတွေကို လေ့လာကြည့်ပါ။

Myoset Min

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s