
[ Zawgyi ]
ရဲတပ္ရင္းနားက အေျမာက္သံ
အေျမာက္ႀကီးေတြကို ေျမာက္ဦး ရဲတပ္ရင္း၀န္းက်င္ နဲ႔ ေရွးေဟာင္းနယ္ေျမထဲမွာ ထားၿပီး ပစ္ခတ္မႈေတြလုပ္ေနတဲ့အတြက္ တုန္ခါမႈေၾကာင့္ ထိခိုက္မႈ ရွိတယ္၊ ဖယ္ရွားေပးေစလိုတဲ့သေဘာမ်ိဳး ၾကည့္ၾကပ္ လုပ္ေပးဖို႔ ေမတၱာရပ္ခံပါတယ္ ဆိုတဲ့ စာတစ္ေစာင္ကို ေျမာက္ဦးယဥ္ေက်းမႈအေမြအႏွစ္ေဒသ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ကေန ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္ထံ ေပးပို႔ ေမတၱာရပ္ခံထားၾကပါတယ္။ အေျမာက္ေတြ ထားတယ္လို႔ သိထားတဲ့ ေနရာအခ်ိဳ႕က –
(က) ရဲတပ္ရင္းအေရွ႕ဘက္ရွိ စက္ရံုေတာင္
(ခ) ရဲတပ္ရင္းအေနာက္ဘက္ရွိ ရဲလွတံတိုင္း ႏွင့္ ငမန္းဒံုတံတိုင္းရွိ ေတာင္မ်ား
(ဂ) ဘုရားအုပ္အနီးရွိ နိဗၺဴဇာ ဘုရားေတာင္တန္း
(ဃ) အျမင့္ေတာင္ ခံတပ္ေတာင္
(င) ေရႊေတာင္ေစတီတည္ရွိရာ ေရႊေတာင္
(စ) ရတနာ့မာရ္ေအာင္ေစတီအနီးရွိ ေတာင္
(ဆ) ငပိသည္မကုန္း – တို႔ ျဖစ္ပါတယ္။
ဧၿပီလ ကိုးရက္ေန႔ ညဥ့္အခ်ိန္ ဆယ္ရက္ေန႔ မနက္ပိုင္း တို႔မွာ ေျမာက္ဦး ရဲတပ္ရင္းကို တိုက္ခိုက္မႈျဖစ္ပြားတယ္ လို႔ အၾကမ္းဖ်င္း သိရတယ္။ အဲသည္မနက္ လူမႈကြန္ရက္မွာေတြ႕ရတဲ့ ေအေအတာ၀န္ရွိသူ တစ္ဦး ေျပာၾကားခ်က္အရ – အေျမာက္ႀကီးနဲ႔ ပစ္ေနတဲ့ေနရာ သံုးေလးေနရာကို သြားေရာက္ကိုင္တြယ္တဲ့ သေဘာ ေျပာတာကို ေတြ႕ရတယ္။
ဒါေပမဲ့ DVB သတင္းမွာ အေျမာက္ေတြ အေၾကာင္းကို မေျပာဘူး။ ေအေအ က ရဲအိမ္ေထာင္သည္လိုင္းခန္းေတြကို ၀င္တိုက္တယ္ လို႔ သတင္းလုပ္ေရးထားတာကို ေတြ႕ပါတယ္။
ကမၻာ့လူသားအားလံုးအတြက္ အေမြအႏွစ္ ျဖစ္တဲ့ ေျမာက္ဦးကို စစ္ဒဏ္က ကင္းလြတ္ေစခ်င္ပါတယ္။
ေက်ာ္ေဇာဦး
၂၀၁၉ ဧၿပီလ (၁၀) ရက္
*************************************

[ Unicode ]
ရဲတပ်ရင်းနားက အမြောက်သံ
အမြောက်ကြီးတွေကို မြောက်ဦး ရဲတပ်ရင်းဝန်းကျင် နဲ့ ရှေးဟောင်းနယ်မြေထဲမှာ ထားပြီး ပစ်ခတ်မှုတွေလုပ်နေတဲ့အတွက် တုန်ခါမှုကြောင့် ထိခိုက်မှု ရှိတယ်၊ ဖယ်ရှားပေးစေလိုတဲ့သဘောမျိုး ကြည့်ကြပ် လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ် ဆိုတဲ့ စာတစ်စောင်ကို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ မေတ္တာရပ်ခံထားကြပါတယ်။ အမြောက်တွေ ထားတယ်လို့ သိထားတဲ့ နေရာအချို့က –
(က) ရဲတပ်ရင်းအရှေ့ဘက်ရှိ စက်ရုံတောင်
(ခ) ရဲတပ်ရင်းအနောက်ဘက်ရှိ ရဲလှတံတိုင်း နှင့် ငမန်းဒုံတံတိုင်းရှိ တောင်များ
(ဂ) ဘုရားအုပ်အနီးရှိ နိဗ္ဗူဇာ ဘုရားတောင်တန်း
(ဃ) အမြင့်တောင် ခံတပ်တောင်
(င) ရွှေတောင်စေတီတည်ရှိရာ ရွှေတောင်
(စ) ရတနာ့မာရ်အောင်စေတီအနီးရှိ တောင်
(ဆ) ငပိသည်မကုန်း – တို့ ဖြစ်ပါတယ်။
ဧပြီလ ကိုးရက်နေ့ ညဉ့်အချိန် ဆယ်ရက်နေ့ မနက်ပိုင်း တို့မှာ မြောက်ဦး ရဲတပ်ရင်းကို တိုက်ခိုက်မှုဖြစ်ပွားတယ် လို့ အကြမ်းဖျင်း သိရတယ်။ အဲသည်မနက် လူမှုကွန်ရက်မှာတွေ့ရတဲ့ အေအေတာဝန်ရှိသူ တစ်ဦး ပြောကြားချက်အရ – အမြောက်ကြီးနဲ့ ပစ်နေတဲ့နေရာ သုံးလေးနေရာကို သွားရောက်ကိုင်တွယ်တဲ့ သဘော ပြောတာကို တွေ့ရတယ်။
ဒါပေမဲ့ DVB သတင်းမှာ အမြောက်တွေ အကြောင်းကို မပြောဘူး။ အေအေ က ရဲအိမ်ထောင်သည်လိုင်းခန်းတွေကို ဝင်တိုက်တယ် လို့ သတင်းလုပ်ရေးထားတာကို တွေ့ပါတယ်။
ကမ္ဘာ့လူသားအားလုံးအတွက် အမွေအနှစ် ဖြစ်တဲ့ မြောက်ဦးကို စစ်ဒဏ်က ကင်းလွတ်စေချင်ပါတယ်။
ကျော်ဇောဦး
၂၀၁၉ ဧပြီလ (၁၀) ရက်