တိုက်ပွဲများကာလ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

[ Zawgyi ]

တိုက္ပြဲမ်ားကာလ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကား

==========

(၂၀၁၉ ဧၿပီ ၁၇)

စစ္ဦးဘီလူး စစ္မီးလွ်ံသည္ ကၽြဲရိုင္းဆိုးႀကီးအသြင္ကို ေဆာင္ယူကာ ေသာင္းက်န္းလ်က္ ရွိေနေလသည္။ အားအင္ကိုသာ အားကိုးလ်က္ ေဒါသကို မ႑ိဳင္ျပဳလ်က္ ကၽြႏု္ပ္တို႔အေပၚမွာ ေမတၱာဟူ၍ စိုးစဥ္းမွ်မရွိ၊ ခြာကိုရွပ္လ်က္၊ အၿဂိဳလ္(ဦးခ်ိဳ)တို႔ကို ေမာ့လ်က္ အလွ်ံညီးညီးေတာက္ေသာ မ်က္လံုးအစံုျဖင့္ ေသာင္းက်န္းလ်က္ ရွိေလသည္။ မတရားေသာအမႈ တရားေသာအမႈ ဟူ၍ ခြဲျခားျပဳမူျခင္း လံုး၀မရွိ။ ဆိုးသြမ္းျခင္းကိုသာမက ယုတ္မာျခင္း၊ လိမ္လည္လွည့္ဖ်ားျခင္းတို႔ကိုပါ လက္နက္အျဖစ္ သံုးစြဲလ်က္ ရွိေနေလသည္။

သို႔ရာတြင္ ကၽြႏု္ပ္တို႔ကား ယင္းကၽြဲရိုင္းႀကီးကဲ့သို႔ အင္အားႀကီးမားသူမ်ား မဟုတ္ေစကာမူ၊ ယင္းထက္ အသိဥာဏ္ပိုမိုျမင့္မားေသာ သတၱ၀ါမ်ား ျဖစ္ၾကေလသည္။ အသင္းအဖြဲ႕ျဖင့္ ေဆာင္ရြက္ျခင္း (teamwork) ကို နားလည္ လုပ္ေဆာင္ႏိုင္ေသာ သတၱ၀ါမ်ား ျဖစ္ၾကေလသည္။

ထိုအသိဥာဏ္တို႔ႏွင့္အတူ ဤကာလအတြင္း ရင္ထဲ၌ ယတိျပတ္ နားလည္ ခံယူထားရမည့္ အခ်က္တစ္ခ်က္ကား – ကၽြႏ္ုပ္တို႔၏ မ်က္စိေရွ႕တြင္ အသက္မ်ားေသေနၾကရျခင္း၊ ဖမ္းဆီးႏွိပ္စက္ခံေနၾကရျခင္း ထို႔အတူ ကၽြႏ္ုပ္ကိုယ္တိုင္အပါအ၀င္ မည္သူမဆို အသတ္ခံရသျဖင့္ ေသသြားႏိုင္ျခင္း၊ မေသခင္ အႏွိပ္စက္ခံရသည့္ အေျခအေနဆိုးကို မည္သူမဆို က်ေရာက္ေတြ႕ႀကံဳသြားရႏိုင္ျခင္း – ဆိုသည့္အခ်က္ျဖစ္ေလသည္။

ကမၻာအရပ္ရပ္ရွိ သမိုင္းစဥ္ဆက္ ဖိႏွိပ္ခံနယ္ေျမမ်ားတြင္ ဖိႏွိပ္ေသာစနစ္အတြင္း နိမ့္က်ေသာဘ၀၏ က႑မ်ားက တျဖည္းျဖည္းညႇဥ္းဆဲေသာ နည္းလမ္းအားျဖင့္ ဂုဏ္သိကၡာကင္းမဲ့ေစလ်က္ ခ်ိဳ႕တဲ့ကုန္ခမ္းေစေသာ နည္းလမ္းအားျဖင့္ ႏွစ္ေပါင္း တာရွည္ ဖိႏွိပ္မႈကာလအတြင္း ေသဆံုးသြားခဲ့ရသူမ်ား စုစုေပါင္း အေရအတြက္သည္ ေတာ္လွန္မႈျဖစ္ပ်က္သည့္ ကာလတိုအတြင္း သတ္ပစ္ခံရ၍ ေသဆံုးသည့္အေရအတြက္ထက္ ပိုမိုမ်ားျပားတတ္ၾကေပသည္။ ေတာ္လွန္ေျပာင္းလဲမႈအလို႔ငွာ  က်ဆံုးသြားၾကရေသာ အသက္မ်ားသည္ ဖိႏွိပ္မႈေၾကာင့္ မိမိတို႔အသက္မ်ား ေနာက္ေနာင္ ဆက္လက္ ဆံုးရံႈးျခင္း မရွိေတာ့ရေလေအာင္ ကုစားတားျမစ္ေလသည္။

ထိုိ႔ျပင္တမူ အေရွ႕တီေမာ ကေန အင္ဒိုနီးရွားတပ္မ်ားထြက္ခြာသြားရေတာ့မည္ ဟု ေသခ်ာသည့္ အေျခအေနသို႔ ေရာက္လာေသာအခါ အင္ဒိုနီရွားတပ္မ်ားသည္ ဖ်က္ဆီးႏိုင္သမွ်ဖ်က္ဆီးကာ ထြက္သြားခဲ့ၾကသည့္ ျဖစ္စဥ္ကို ကိုယ့္လူတိုင္း စိတ္ထဲမွာ သိရွိထားၿပီးသား ျဖစ္ေနၾကရေပမည္။

(၁) ကၽြႏ္ုပ္တို႔သည္ ကၽြဲရိုင္းႀကီးထက္ ပိုမိုအသိဥာဏ္ျဖင့္မားလ်က္ teamwork ျဖင့္ေဆာင္ရြက္တတ္ေသာ သတၱ၀ါမ်ား ျဖစ္သည္ ဆိုေသာအခ်က္၊ (၂) အခ်ိန္မေရြး ကၽြဲခ်ိဳဖ်ားတြင္ အသက္ေပ်ာက္သြားႏိုင္သည့္ အေျခအေနကို စြန္႔စားျဖတ္ေက်ာ္ၾကသည္ ဟူေသာအခ်က္တို႔အျပင္ အေရးႀကီးေသာ တတိယအခ်က္သည္ကား – (၃) ကၽြႏု္ပ္တို႔၏ ဤအိမ္ကြင္းေျမကို ကၽြဲရိုင္းသတ္ကြင္း ဟု ေခၚဆိုသည္ ဆိုသည့္အေၾကာင္းကိုလည္း တင္ျပလိုပါသည္။

ေသျခင္းတရားမွ မလြတ္ကင္းႏိုင္သည့္ ဤေလာကႀကီးတြင္ မိမိတို႔ရခိုင္လူမ်ိဳးမ်ား၊ မ်ိဳးႏြယ္တူ တိဘက္တိုဘာမန္ ရခိုင္ေသြးေႏွာ လူမ်ိဳးႀကီး လူမ်ိဳးငယ္တို႔သာမက တိုင္းရင္းသား၊ တရုတ္၊ ကုလား လူမ်ိဳးမေရြး ဘာသာမေရြး မိတ္ေဆြရန္သူ မဟူ လာမည့္ႏွစ္သစ္တြင္ ဆင္းရဲျခင္းမ်ား ေလ်ာ့ပါး သက္သာ ႏိုင္ၾကပါေစ ဟု ဆုမြန္ေကာင္းေတာင္းလ်က္ အခက္အခဲမ်ားအၾကားက မတုန္လႈပ္ေသာ ႏွလံုးသားျဖင့္ ဤရခိုင္/ျမန္မာ ႏွစ္သစ္ကူးကာလတြင္ သာလီစြပါ ဟု ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကား ေပးပို႔လိုက္ရေပသည္။

ဦးေက်ာ္ေဇာဦး

၂၀၁၉ ဧၿပီလ ၁၇ ရက္

***************************************

[ Unicode ]

တိုက်ပွဲများကာလ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

(၂၀၁၉ ဧပြီ ၁၇)

စစ်ဦးဘီလူး စစ်မီးလျှံသည် ကျွဲရိုင်းဆိုးကြီးအသွင်ကို ဆောင်ယူကာ သောင်းကျန်းလျက် ရှိနေလေသည်။ အားအင်ကိုသာ အားကိုးလျက် ဒေါသကို မဏ္ဍိုင်ပြုလျက် ကျွနု်ပ်တို့အပေါ်မှာ မေတ္တာဟူ၍ စိုးစဉ်းမျှမရှိ၊ ခွာကိုရှပ်လျက်၊ အဂြိုလ်(ဦးချို)တို့ကို မော့လျက် အလျှံညီးညီးတောက်သော မျက်လုံးအစုံဖြင့် သောင်းကျန်းလျက် ရှိလေသည်။ မတရားသောအမှု တရားသောအမှု ဟူ၍ ခွဲခြားပြုမူခြင်း လုံးဝမရှိ။ ဆိုးသွမ်းခြင်းကိုသာမက ယုတ်မာခြင်း၊ လိမ်လည်လှည့်ဖျားခြင်းတို့ကိုပါ လက်နက်အဖြစ် သုံးစွဲလျက် ရှိနေလေသည်။

သို့ရာတွင် ကျွနု်ပ်တို့ကား ယင်းကျွဲရိုင်းကြီးကဲ့သို့ အင်အားကြီးမားသူများ မဟုတ်စေကာမူ၊ ယင်းထက် အသိဉာဏ်ပိုမိုမြင့်မားသော သတ္တဝါများ ဖြစ်ကြလေသည်။ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ခြင်း (teamwork) ကို နားလည် လုပ်ဆောင်နိုင်သော သတ္တဝါများ ဖြစ်ကြလေသည်။

ထိုအသိဉာဏ်တို့နှင့်အတူ ဤကာလအတွင်း ရင်ထဲ၌ ယတိပြတ် နားလည် ခံယူထားရမည့် အချက်တစ်ချက်ကား – ကျွန်ုပ်တို့၏ မျက်စိရှေ့တွင် အသက်များသေနေကြရခြင်း၊ ဖမ်းဆီးနှိပ်စက်ခံနေကြရခြင်း ထို့အတူ ကျွန်ုပ်ကိုယ်တိုင်အပါအဝင် မည်သူမဆို အသတ်ခံရသဖြင့် သေသွားနိုင်ခြင်း၊ မသေခင် အနှိပ်စက်ခံရသည့် အခြေအနေဆိုးကို မည်သူမဆို ကျရောက်တွေ့ကြုံသွားရနိုင်ခြင်း – ဆိုသည့်အချက်ဖြစ်လေသည်။

ကမ္ဘာအရပ်ရပ်ရှိ သမိုင်းစဉ်ဆက် ဖိနှိပ်ခံနယ်မြေများတွင် ဖိနှိပ်သောစနစ်အတွင်း နိမ့်ကျသောဘဝ၏ ကဏ္ဍများက တဖြည်းဖြည်းညှဉ်းဆဲသော နည်းလမ်းအားဖြင့် ဂုဏ်သိက္ခာကင်းမဲ့စေလျက် ချို့တဲ့ကုန်ခမ်းစေသော နည်းလမ်းအားဖြင့် နှစ်ပေါင်း တာရှည် ဖိနှိပ်မှုကာလအတွင်း သေဆုံးသွားခဲ့ရသူများ စုစုပေါင်း အရေအတွက်သည် တော်လှန်မှုဖြစ်ပျက်သည့် ကာလတိုအတွင်း သတ်ပစ်ခံရ၍ သေဆုံးသည့်အရေအတွက်ထက် ပိုမိုများပြားတတ်ကြပေသည်။ တော်လှန်ပြောင်းလဲမှုအလို့ငှာ ကျဆုံးသွားကြရသော အသက်များသည် ဖိနှိပ်မှုကြောင့် မိမိတို့အသက်များ နောက်နောင် ဆက်လက် ဆုံးရှုံးခြင်း မရှိတော့ရလေအောင် ကုစားတားမြစ်လေသည်။

ထိို့ပြင်တမူ အရှေ့တီမော ကနေ အင်ဒိုနီးရှားတပ်များထွက်ခွာသွားရတော့မည် ဟု သေချာသည့် အခြေအနေသို့ ရောက်လာသောအခါ အင်ဒိုနီရှားတပ်များသည် ဖျက်ဆီးနိုင်သမျှဖျက်ဆီးကာ ထွက်သွားခဲ့ကြသည့် ဖြစ်စဉ်ကို ကိုယ့်လူတိုင်း စိတ်ထဲမှာ သိရှိထားပြီးသား ဖြစ်နေကြရပေမည်။

(၁) ကျွန်ုပ်တို့သည် ကျွဲရိုင်းကြီးထက် ပိုမိုအသိဉာဏ်ဖြင့်မားလျက် teamwork ဖြင့်ဆောင်ရွက်တတ်သော သတ္တဝါများ ဖြစ်သည် ဆိုသောအချက်၊ (၂) အချိန်မရွေး ကျွဲချိုဖျားတွင် အသက်ပျောက်သွားနိုင်သည့် အခြေအနေကို စွန့်စားဖြတ်ကျော်ကြသည် ဟူသောအချက်တို့အပြင် အရေးကြီးသော တတိယအချက်သည်ကား – (၃) ကျွနု်ပ်တို့၏ ဤအိမ်ကွင်းမြေကို ကျွဲရိုင်းသတ်ကွင်း ဟု ခေါ်ဆိုသည် ဆိုသည့်အကြောင်းကိုလည်း တင်ပြလိုပါသည်။

သေခြင်းတရားမှ မလွတ်ကင်းနိုင်သည့် ဤလောကကြီးတွင် မိမိတို့ရခိုင်လူမျိုးများ၊ မျိုးနွယ်တူ တိဘက်တိုဘာမန် ရခိုင်သွေးနှော လူမျိုးကြီး လူမျိုးငယ်တို့သာမက တိုင်းရင်းသား၊ တရုတ်၊ ကုလား လူမျိုးမရွေး ဘာသာမရွေး မိတ်ဆွေရန်သူ မဟူ လာမည့်နှစ်သစ်တွင် ဆင်းရဲခြင်းများ လျော့ပါး သက်သာ နိုင်ကြပါစေ ဟု ဆုမွန်ကောင်းတောင်းလျက် အခက်အခဲများအကြားက မတုန်လှုပ်သော နှလုံးသားဖြင့် ဤရခိုင်/မြန်မာ နှစ်သစ်ကူးကာလတွင် သာလီစွပါ ဟု နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပေးပို့လိုက်ရပေသည်။

ဦးကျော်ဇောဦး
၂၀၁၉ ဧပြီလ ၁၇ ရက်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s