
“မင္းေကာင္းမင္းျမတ္”
တည္း ဟူေသာ အယူအဆ
==========
written by Kyaw Zaw Oo
ေျမာက္ဦး လကၠာရြာထဲက လူ (၂၇) ဦးကို ၂၀၁၉ ဧၿပီလ (၁၀) ရက္ေန႔က ရြာထဲ၀င္ေမႊၿပီး ဖမ္းေခၚသြားတယ္။ ဖမ္းေခၚသြားၿပီး ရက္ႏွစ္ဆယ္ မျပည့္ခင္မွာ အဖမ္းခံရသူေတြထဲက သံုးဦးေသသြားၿပီ လို႔ ရာခိုင္ႏႈန္း ေတာ္ေတာ္မ်ားမ်ား ခိုင္မာတဲ့ သတင္းေတြၾကားသိေနရတယ္။
လကၠာရြာထဲက ၀င္ဖမ္းသြားတာခံရတဲ့ လက္နက္မဲ့လူ (၂၇) ဦး ဟာ ေအေအတပ္ဖြဲ႕၀င္ေတြျဖစ္ေနေစဦး၊ သူတို႔ဟာ အက်ဥ္းသားအခြင့္အေရးကို ရကိုရ ရပါမယ္။ သူတို႔ကို ႏွိပ္စက္ပိုင္ခြင့္ လံုးဝမရွိပါဘူး။ အယုတ္စြဆံုး သန္႔ရွင္းတဲ့ ေသာက္သံုးေရ ရပိုင္ခြင့္ကိုေတာင္ ဖမ္းခ်ဳပ္ထားသူေတြက ျငင္းပယ္ခြင့္မရွိပါဘူး။
ငါတို႔ဖမ္းၿပီး လုပ္ခ်င္တာလုပ္တယ္၊ မင္းတို႔ဘာေျပာခ်င္သလဲ ဆိုတဲ့ လက္ရွိျမန္မာျပည္က ေပါမ်ားလွစြာေသာ ပညာမဲ့ေတြေျပာတဲ့စကားမ်ိဳးကို တာ၀န္ရွိသူေတြက (တရားမ၀င္/off the record) ေျပာေကာင္းေျပာႏိုင္ပါတယ္။ ငါတို႔ ဒီလို လုပ္ႏိုင္ ေျပာႏိုင္တဲ့ အင္အားရွိလို႔ ေျပာတာ လုပ္တာ လို႔ ဆိုေကာင္း ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလိုမ်ိဳး စိတ္ကူးျခင္း ေျပာဆိုျခင္း လုပ္ကိုင္ျခင္းမ်ားမွာ မလြဲမေရွာင္သာတဲ့ အက်ိဳးသက္ေရာက္မႈေတြရွိလာမွာ ျဖစ္ပါတယ္။ ဒီလို အက်ိဳးသက္ေရာက္မႈေတြရွိလာမွာမို႔လို႔ သူပုန္ျဖစ္ေစ အစိုးရ လက္နက္ကိုင္ေတြျဖစ္ေစ ဂ်ီနီဗာကြန္ဗန္းရွင္းေတြကို လိုက္နာၾကဖို႔ ကြၽန္ေတာ္ ႏိႈးေဆာ္ေနတာျဖစ္ပါတယ္။
ျမန္မာႏိုင္ငံလို႔ လက္ရွိေခၚေနၾကတဲ့ နယ္ေျမမွာ ဟိုးတစ္ခ်ိန္တုန္းက ၿမိဳ႕ျပႏိုင္ငံေတြ၊ ဘုရင့္ႏိုင္ငံေတြရဲ႕ အတက္အက်ေတြမွာ မိမိကိုယ္ကို အင္အားႀကီးေအာင္ ထိန္းသိမ္းထားဖို႔ဆိုရင္ မိမိဟာ ပိုင္နက္နယ္ေျမေတြကို တရားသျဖင့္ အုပ္ခ်ဳပ္တဲ့ မင္းေကာင္းမင္းျမတ္ျဖစ္ေၾကာင္း ဂုဏ္သတင္း သင္းပ်ံ႕ေနဖို႔ လိုပါတယ္။ တိုင္းျပည္ဖရိုဖရဲ ျဖစ္ေနစဥ္ကာလ ရခိုင္၊ ဗမာ၊ တလိုင္း လူဦးေရေတြနဲ႔ ေတာင္ငူကို မင္းႀကီးညိဳ စတင္တည္ေထာင္ၿပီး မ်ားမၾကာခင္မွာ လူေတြ တစတစနဲ႔ စုေ၀းေရာက္ရွိလာၿပီး အင္အားႀကီးလာတာဟာ မင္းေကာင္းမင္းျမတ္ ဆိုတဲ့ ဂုဏ္သတင္းကို ေဆာင္ႏိုင္လို႔ ျဖစ္ပါတယ္။
ရခိုင္ဘုရင္ မင္းရာဇာႀကီး အေနာက္ဖက္ကို ခ်ီတဲ့ စစ္ဆင္ေရးႀကီးမွာ မင္းရာဇာႀကီးကို ဥပါတံမ်ဥ္နဲ႔ လွည့္ဖ်ားေျပာဆိုၿပီး ရခိုင္ေရတပ္အပါအ၀င္ ေရေၾကာင္းခ်ီတပ္ဖြဲ႕ကို သူဦးေဆာင္မယ္လို႔ ဆိုၿပီးသကာလ ဆန္းဒ္၀ိခ်္ ကၽြန္းရွင္ တီဘာအို ဟာ သူ႔လက္ေအာက္က ေပၚတူဂီတပ္မွဴးေတြနဲ႔ ရွိရွိသမွ် ရခိုင္ေရတပ္က တပ္မွဴးေတြ ပညာသည္ေတြကို စားေသာက္ပြဲႀကီး ေခၚေကၽြးၿပီး အဲသည္မွာ ရခိုင္စစ္သည္အားလံုးကို ဖမ္းဆီးကာ သတ္ပစ္လိုက္ဖူးတယ္။ ဘယ္ေလာက္အထိ ထိခိုက္သြားသလဲဆိုရင္ – ဘဂၤလားပင္လယ္ေအာ္မွာ ဘယ္သူလာလာေၾကာက္ရပါတယ္ ဆိုတဲ့ ရခိုင္ေရတပ္ကို ျပန္လည္ထူေထာင္ဖို႔ ကၽြမ္းက်င္သူတစ္ဦးတေလေတာင္ မက်န္ေတာ့တဲ့ အဆင့္ျဖစ္သြားတယ္။ အဲဒီအခ်ိန္က စၿပီး ရခိုင္ေရတပ္ နလံမထူေတာ့တာ ျဖစ္တယ္။ အဓိက ရည္စူးေျပာခ်င္တာက အင္မတန္မွ ခက္ထန္ၾကမ္းၾကဳတ္တယ္လို႔ နံမည္ႀကီးတဲ့ လက္ေအာက္ငယ္သားေတြကို ေတာင္ ညႇာတာမႈကင္းမဲ့တဲ့ တီဘာအို ရဲ႕ ဇာတ္သိမ္းခန္းကို ရွာဖတ္ၾကည့္ပါ။ လက္ေအာက္ငယ္သားေတြကို ေတာင္းပန္တာေတာင္မွ လက္မခံဘဲ တပည့္ေတြ စြန္႔ခြာသြားၾကတဲ့အတြက္ အင္အားမရွိသေလာက္ျပန္ျဖစ္သြားၿပီး မရႈမလွ ဇာတ္သိမ္းရတယ္။
ေျပာခ်င္တဲ့ သင္ခန္းစာက – မင္းက်င့္တရားတဲ႔ ညီညြတ္တယ္ လို႔ သတင္းႀကီးတဲ့ အစုအဖြဲ႕ဟာ အင္အားႀကီးလာမယ္။ မင္းက်င့္တရားနဲ႔ မညီညြတ္ဘူးလို႔ သတင္းထြက္တဲ့အဖြဲ႕ဟာ အင္အားနည္းလာမယ္။
ေအေအ ဟာ မင္းေကာင္းမင္းျမတ္ တရားေတြနဲ႔ ညီၫြတ္တယ္လို႔ ယူဆၾကရင္ ေအေအကိုသြားဝင္ၾကမယ္။ တိုင္းရင္းသား မဟာမိတ္ေတြက ေအေအနဲ႔လက္တြဲမယ္။ ေအေအ အင္အားၾက္ီးလာမယ္။ ျမန္မာအစိုးရဟာ မင္းေကာင္းမင္းျမတ္ ျဖစ္တယ္လို႔ ယူဆရင္ လူေတြက ျမန္မာ အစိုးရနဲ႔အတူ ရပ္တည္မယ္။ ျမန္မာအစိုးရ အင္အား ျပန္႐ွိလာမယ္။
ျမန္မာအစိုးရဟာ မင္းေကာင္းမင္းျမတ္ ဟုတ္မဟုတ္ကို သိသာႏိုင္တဲ့ အျဖစ္အပ်က္ေတြ ေန႔စဥ္နဲ႔အမ်ွ ျဖစ္ပ်က္ေနတယ္။ မေန႔က ဖားကန္႔မွာ ႏြံအိုင္ထဲကို ညဥ့္အခ်ိန္မွာ ျမဳပ္ဝင္သြားတဲ့အတြက္ လူငါးဆယ္ အနည္းဆံုးေသဆံုးတယ္ လို႔ ဆိုျကတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ ျမန္မာဗဟိုအစိုးရဆီက ဘာအသံတစ္ခြန္းမွ မၾကားရ ေသးဘူး။ ( အဲသည္ေနရာဟာ ေကအိုင္ေအ ၾသဇာသက္ေရာက္တဲ့ေနရာပင္ျဖစ္ေစကာမူ ျမန္မာအစိုးရကို အခြန္ေဆာင္ၿပီး အလုပ္လုပ္ေနၾကတဲ့ေနရာ ျမန္မာအစိုးရမင္းရဲ႕ ပိုင္နက္ေနရာ ျဖစ္တယ္။)
ရခိုင္က ‘၀’ လို ျဖစ္ခ်င္တယ္ လို႔ ေျပာထားတယ္။ ရခိုင္က ‘၀’ လို ျဖစ္လာတဲ့တစ္ေန႔ သို႔တည္းမဟုတ္ ရခိုင္က ‘၀’ လို ျဖစ္ဖို႔ လမ္းေၾကာင္းေပၚကို ေရာက္လာတဲ့တစ္ေန႔မွာ ရခိုင္ နဲ႔ ‘၀’ အျပင္ ေနာက္ထပ္ အင္အားႀကီးတဲ့ သေဘာတူမွ်တဲ့ အဖြဲ႔တစ္ဖြဲ႔နဲ႔ ပူးေပါင္းဦးေဆာင္ၿပီးေတာ့ – ကဲ ဧရာဝတီျမစ္တစ္ေၾကာက လူေတြေတာ့ ထားလိုက္ပါေတာ့ကြာ၊ သူတို႔ကို ခ်န္ထားၿပီး က်န္တဲ့ ငါတို႔အားလံုး ဖက္ဒရယ္ျပည္ေထာင္စု စစ္စစ္တည္ေထာင္ၾကစို႔ လို႔ ေျပာလာၾကမဲ့ ျဖစ္အင္ကို မ်က္စိထဲမွာ ျမင္ေယာင္ၾကည့္မိၾကပါရဲ႕လား။
လူေတြဟာ မင္းက်င့္တရားနဲ႔ ညီတဲ့ ျပည္ေထာင္စု စစ္စစ္ကိုသာ အလို႐ွိၾကပါတယ္။
မင္းက်င့္တရားနဲ႔ ညီမညီ စမ္းသပ္ႏိုင္တဲ့ စမ္းသပ္ခ်က္တစ္ရပ္ကို ေျပာျပၾကည့္ပါမယ္။ ရခုိင္စစ္မ်က္ႏွာ အႏွံ႔အျပားမွာ ရြာထဲမွာ သူပုန္႐ွိလို႔ သူပုန္က ရြာထဲကပစ္လို႔ ပစ္ရပါတယ္ ဆိုတဲ့ ပစ္ခတ္မႈေတြေၾကာင့္ အျပစ္မဲ့ အရပ္သားေတြ ေသဆံုးမႈေတြအေၾကာင္း အမ်ား သိၿပီးျဖစ္ပါတယ္။ အဲသည္ဇာတ္လမ္းအဆင္ (narrative) ကို ျမန္မာတပ္ဘက္က ဘယ္ေလာက္ေျပာေျပာ ကာယကံ႐ွင္မိသားစုေတြ ရြာသားေတြေျပာတာနဲ႔ ကြဲလြဲေနတာကိုလည္း အမ်ားသိၿပီး ျဖစ္ပါတယ္။
အရပ္သားေတြ ေျပာတဲ့အတိုင္းသာ ျမန္မာတပ္က တိုက္ပြဲအတု ဖန္တီးၿပီး တမင္သက္သက္ ပစ္ခတ္တဲ့အတြက္ ေသဆံုးၾကတာ မွန္တယ္လို႔ ကာယကံ႐ွင္မိသားစုေတြက အခိုင္အမာ ခံယူၾက တယ္ဆိုရင္ – ႏိုင္ငံရဲ႕ “မင္း” ျဖစ္တဲ့ ႏိုင္ငံေတာ္သမၼတ ထံကို ျဖစ္ေၾကာင္းကုန္စင္ အေသးစိတ္ အတိအက် ေရးသားၿပီး တရားမ်ွတမႈရဖို႔ တိုင္ၾကားသင့္ပါတယ္။
“စစ္သူႀကီး” ျဖစ္တဲ့ တပ္မေတာ္ကာကြယ္ေရး ဦးခ်ဳပ္ထံကို ေရးသားတိုင္ၾကားဖို႔ မဟုတ္ပါ။ တရားဝင္သေဘာအရ “မင္း” ေနရာမွာမ႐ွိတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ထံကို ေရးသားတိုင္ၾကားဖို႔မဟုတ္ပါ။ ဖြဲ႔စည္းပံုအရ အခ်ဳပ္အခ်ာအာဏာကို ကိုယ္စားျပဳထားတဲ့ ျမန္မာႏိုင္ငံေတာ္ သမၼတ ထံ ေရးသားတိုင္ၾကားရမွာ ျဖစ္ပါတယ္။
ေတာသူေတာင္သားမိသားစုေတြ ေရးသားမယ့္ စာေတြကို စနစ္တက်ျဖစ္ေအာင္ အနီအနား ပညာတတ္ေတြက ဝိုင္းဝန္းကူညီၾကေစလိုပါတယ္။
ဒီစာတစ္ေစာင္ခ်င္းဟာ ျမန္မာႏိုင္ငံေတာ္သမၼတထံကို လိပ္မူထားတာ ျဖစ္ေပမယ့္ ျမန္မာႏိုင္ငံရဲ႕”မင္း” က တာဝန္ယူေဆာင္ရြက္မႈ မလုပ္ေဆာင္တဲ့အခါ ျမန္မာႏိုင္ငံရဲ႕ စုစည္းျဖစ္တည္မႈကို (စာကို ပစ္ထားတဲ့ စားပြဲေပၚကေန – ထိုးထည့္ထားတဲ့ ဘီဒိုထဲကေန – ) အခ်ိန္နဲ႔ အမ်ွေမးခြန္းထုတ္ေနပါလိမ့္မယ္။ စာတစ္ေစာင္ခ်င္းက တြန္းအားနည္းေနေသးေပမယ့္ မိသားစုေပါင္းမ်ားစြာက စာေတြ ေရာက္လာတဲ့အခါ ဖိစီးလာပါလိမ့္မယ္။
မင္းေကာင္းမင္းျမတ္နဲ႔ အုပ္ခ်ဳပ္တဲ့ ႏိုင္ငံ ဟုတ္မဟုတ္ ကို ဒီစာေတြဟာ သမၼတကတစ္ဆင့္ ျမန္မာႏိုင္ငံကို ေမးခြန္းထုတ္ေနၾကပါလိမ့္မယ္။ ျမန္မာႏိုင္ငံရဲ႕ တရားဝင္ စုစည္းရပ္တည္မႈ ကိုလည္းပဲ ေမးခြန္းထုတ္ေနၾကပါလိမ့္မယ္။
ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)
၂၀၁၉ ဧၿပီလ (၂၄) ရက္
*****************************************

“မင်းကောင်းမင်းမြတ်” တည်း ဟူသော အယူအဆ
written by Kyaw Zaw Oo
မြောက်ဦး လက္ကာရွာထဲက လူ (၂၇) ဦးကို ၂၀၁၉ ဧပြီလ (၁၀) ရက်နေ့က ရွာထဲဝင်မွှေပြီး ဖမ်းခေါ်သွားတယ်။ ဖမ်းခေါ်သွားပြီး ရက်နှစ်ဆယ် မပြည့်ခင်မှာ အဖမ်းခံရသူတွေထဲက သုံးဦးသေသွားပြီ လို့ ရာခိုင်နှုန်း တော်တော်များများ ခိုင်မာတဲ့ သတင်းတွေကြားသိနေရတယ်။
လက္ကာရွာထဲက ဝင်ဖမ်းသွားတာခံရတဲ့ လက်နက်မဲ့လူ (၂၇) ဦး ဟာ အေအေတပ်ဖွဲ့ဝင်တွေဖြစ်နေစေဦး၊ သူတို့ဟာ အကျဉ်းသားအခွင့်အရေးကို ရကိုရ ရပါမယ်။ သူတို့ကို နှိပ်စက်ပိုင်ခွင့် လုံးဝမရှိပါဘူး။ အယုတ်စွဆုံး သန့်ရှင်းတဲ့ သောက်သုံးရေ ရပိုင်ခွင့်ကိုတောင် ဖမ်းချုပ်ထားသူတွေက ငြင်းပယ်ခွင့်မရှိပါဘူး။
ငါတို့ဖမ်းပြီး လုပ်ချင်တာလုပ်တယ်၊ မင်းတို့ဘာပြောချင်သလဲ ဆိုတဲ့ လက်ရှိမြန်မာပြည်က ပေါများလှစွာသော ပညာမဲ့တွေပြောတဲ့စကားမျိုးကို တာဝန်ရှိသူတွေက (တရားမဝင်/off the record) ပြောကောင်းပြောနိုင်ပါတယ်။ ငါတို့ ဒီလို လုပ်နိုင် ပြောနိုင်တဲ့ အင်အားရှိလို့ ပြောတာ လုပ်တာ လို့ ဆိုကောင်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး စိတ်ကူးခြင်း ပြောဆိုခြင်း လုပ်ကိုင်ခြင်းများမှာ မလွဲမရှောင်သာတဲ့ အကျိုးသက်ရောက်မှုတွေရှိလာမှာ ဖြစ်ပါတယ်။ ဒီလို အကျိုးသက်ရောက်မှုတွေရှိလာမှာမို့လို့ သူပုန်ဖြစ်စေ အစိုးရ လက်နက်ကိုင်တွေဖြစ်စေ ဂျီနီဗာကွန်ဗန်းရှင်းတွေကို လိုက်နာကြဖို့ ကျွန်တော် နှိုးဆော်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံလို့ လက်ရှိခေါ်နေကြတဲ့ နယ်မြေမှာ ဟိုးတစ်ချိန်တုန်းက မြို့ပြနိုင်ငံတွေ၊ ဘုရင့်နိုင်ငံတွေရဲ့ အတက်အကျတွေမှာ မိမိကိုယ်ကို အင်အားကြီးအောင် ထိန်းသိမ်းထားဖို့ဆိုရင် မိမိဟာ ပိုင်နက်နယ်မြေတွေကို တရားသဖြင့် အုပ်ချုပ်တဲ့ မင်းကောင်းမင်းမြတ်ဖြစ်ကြောင်း ဂုဏ်သတင်း သင်းပျံ့နေဖို့ လိုပါတယ်။ တိုင်းပြည်ဖရိုဖရဲ ဖြစ်နေစဉ်ကာလ ရခိုင်၊ ဗမာ၊ တလိုင်း လူဦးရေတွေနဲ့ တောင်ငူကို မင်းကြီးညို စတင်တည်ထောင်ပြီး များမကြာခင်မှာ လူတွေ တစတစနဲ့ စုဝေးရောက်ရှိလာပြီး အင်အားကြီးလာတာဟာ မင်းကောင်းမင်းမြတ် ဆိုတဲ့ ဂုဏ်သတင်းကို ဆောင်နိုင်လို့ ဖြစ်ပါတယ်။
ရခိုင်ဘုရင် မင်းရာဇာကြီး အနောက်ဖက်ကို ချီတဲ့ စစ်ဆင်ရေးကြီးမှာ မင်းရာဇာကြီးကို ဥပါတံမျဉ်နဲ့ လှည့်ဖျားပြောဆိုပြီး ရခိုင်ရေတပ်အပါအဝင် ရေကြောင်းချီတပ်ဖွဲ့ကို သူဦးဆောင်မယ်လို့ ဆိုပြီးသကာလ ဆန်းဒ်ဝိချ် ကျွန်းရှင် တီဘာအို ဟာ သူ့လက်အောက်က ပေါ်တူဂီတပ်မှူးတွေနဲ့ ရှိရှိသမျှ ရခိုင်ရေတပ်က တပ်မှူးတွေ ပညာသည်တွေကို စားသောက်ပွဲကြီး ခေါ်ကျွေးပြီး အဲသည်မှာ ရခိုင်စစ်သည်အားလုံးကို ဖမ်းဆီးကာ သတ်ပစ်လိုက်ဖူးတယ်။ ဘယ်လောက်အထိ ထိခိုက်သွားသလဲဆိုရင် – ဘင်္ဂလားပင်လယ်အော်မှာ ဘယ်သူလာလာကြောက်ရပါတယ် ဆိုတဲ့ ရခိုင်ရေတပ်ကို ပြန်လည်ထူထောင်ဖို့ ကျွမ်းကျင်သူတစ်ဦးတလေတောင် မကျန်တော့တဲ့ အဆင့်ဖြစ်သွားတယ်။ အဲဒီအချိန်က စပြီး ရခိုင်ရေတပ် နလံမထူတော့တာ ဖြစ်တယ်။ အဓိက ရည်စူးပြောချင်တာက အင်မတန်မှ ခက်ထန်ကြမ်းကြုတ်တယ်လို့ နံမည်ကြီးတဲ့ လက်အောက်ငယ်သားတွေကို တောင် ညှာတာမှုကင်းမဲ့တဲ့ တီဘာအို ရဲ့ ဇာတ်သိမ်းခန်းကို ရှာဖတ်ကြည့်ပါ။ လက်အောက်ငယ်သားတွေကို တောင်းပန်တာတောင်မှ လက်မခံဘဲ တပည့်တွေ စွန့်ခွာသွားကြတဲ့အတွက် အင်အားမရှိသလောက်ပြန်ဖြစ်သွားပြီး မရှုမလှ ဇာတ်သိမ်းရတယ်။
ပြောချင်တဲ့ သင်ခန်းစာက – မင်းကျင့်တရားတဲ့ ညီညွတ်တယ် လို့ သတင်းကြီးတဲ့ အစုအဖွဲ့ဟာ အင်အားကြီးလာမယ်။ မင်းကျင့်တရားနဲ့ မညီညွတ်ဘူးလို့ သတင်းထွက်တဲ့အဖွဲ့ဟာ အင်အားနည်းလာမယ်။
အေအေ ဟာ မင်းကောင်းမင်းမြတ် တရားတွေနဲ့ ညီညွတ်တယ်လို့ ယူဆကြရင် အေအေကိုသွားဝင်ကြမယ်။ တိုင်းရင်းသား မဟာမိတ်တွေက အေအေနဲ့လက်တွဲမယ်။ အေအေ အင်အားကြ်ီးလာမယ်။ မြန်မာအစိုးရဟာ မင်းကောင်းမင်းမြတ် ဖြစ်တယ်လို့ ယူဆရင် လူတွေက မြန်မာ အစိုးရနဲ့အတူ ရပ်တည်မယ်။ မြန်မာအစိုးရ အင်အား ပြန်ရှိလာမယ်။
မြန်မာအစိုးရဟာ မင်းကောင်းမင်းမြတ် ဟုတ်မဟုတ်ကို သိသာနိုင်တဲ့ အဖြစ်အပျက်တွေ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတယ်။ မနေ့က ဖားကန့်မှာ နွံအိုင်ထဲကို ညဉ့်အချိန်မှာ မြုပ်ဝင်သွားတဲ့အတွက် လူငါးဆယ် အနည်းဆုံးသေဆုံးတယ် လို့ ဆိုကြတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာဗဟိုအစိုးရဆီက ဘာအသံတစ်ခွန်းမှ မကြားရ သေးဘူး။ ( အဲသည်နေရာဟာ ကေအိုင်အေ သြဇာသက်ရောက်တဲ့နေရာပင်ဖြစ်စေကာမူ မြန်မာအစိုးရကို အခွန်ဆောင်ပြီး အလုပ်လုပ်နေကြတဲ့နေရာ မြန်မာအစိုးရမင်းရဲ့ ပိုင်နက်နေရာ ဖြစ်တယ်။)
ရခိုင်က ‘၀’ လို ဖြစ်ချင်တယ် လို့ ပြောထားတယ်။ ရခိုင်က ‘၀’ လို ဖြစ်လာတဲ့တစ်နေ့ သို့တည်းမဟုတ် ရခိုင်က ‘၀’ လို ဖြစ်ဖို့ လမ်းကြောင်းပေါ်ကို ရောက်လာတဲ့တစ်နေ့မှာ ရခိုင် နဲ့ ‘၀’ အပြင် နောက်ထပ် အင်အားကြီးတဲ့ သဘောတူမျှတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ပူးပေါင်းဦးဆောင်ပြီးတော့ – ကဲ ဧရာဝတီမြစ်တစ်ကြောက လူတွေတော့ ထားလိုက်ပါတော့ကွာ၊ သူတို့ကို ချန်ထားပြီး ကျန်တဲ့ ငါတို့အားလုံး ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်တည်ထောင်ကြစို့ လို့ ပြောလာကြမဲ့ ဖြစ်အင်ကို မျက်စိထဲမှာ မြင်ယောင်ကြည့်မိကြပါရဲ့လား။
လူတွေဟာ မင်းကျင့်တရားနဲ့ ညီတဲ့ ပြည်ထောင်စု စစ်စစ်ကိုသာ အလိုရှိကြပါတယ်။
မင်းကျင့်တရားနဲ့ ညီမညီ စမ်းသပ်နိုင်တဲ့ စမ်းသပ်ချက်တစ်ရပ်ကို ပြောပြကြည့်ပါမယ်။ ရခိုင်စစ်မျက်နှာ အနှံ့အပြားမှာ ရွာထဲမှာ သူပုန်ရှိလို့ သူပုန်က ရွာထဲကပစ်လို့ ပစ်ရပါတယ် ဆိုတဲ့ ပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှုတွေအကြောင်း အများ သိပြီးဖြစ်ပါတယ်။ အဲသည်ဇာတ်လမ်းအဆင် (narrative) ကို မြန်မာတပ်ဘက်က ဘယ်လောက်ပြောပြော ကာယကံရှင်မိသားစုတွေ ရွာသားတွေပြောတာနဲ့ ကွဲလွဲနေတာကိုလည်း အများသိပြီး ဖြစ်ပါတယ်။
အရပ်သားတွေ ပြောတဲ့အတိုင်းသာ မြန်မာတပ်က တိုက်ပွဲအတု ဖန်တီးပြီး တမင်သက်သက် ပစ်ခတ်တဲ့အတွက် သေဆုံးကြတာ မှန်တယ်လို့ ကာယကံရှင်မိသားစုတွေက အခိုင်အမာ ခံယူကြ တယ်ဆိုရင် – နိုင်ငံရဲ့ “မင်း” ဖြစ်တဲ့ နိုင်ငံတော်သမ္မတ ထံကို ဖြစ်ကြောင်းကုန်စင် အသေးစိတ် အတိအကျ ရေးသားပြီး တရားမျှတမှုရဖို့ တိုင်ကြားသင့်ပါတယ်။
“စစ်သူကြီး” ဖြစ်တဲ့ တပ်မတော်ကာကွယ်ရေး ဦးချုပ်ထံကို ရေးသားတိုင်ကြားဖို့ မဟုတ်ပါ။ တရားဝင်သဘောအရ “မင်း” နေရာမှာမရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံကို ရေးသားတိုင်ကြားဖို့မဟုတ်ပါ။ ဖွဲ့စည်းပုံအရ အချုပ်အချာအာဏာကို ကိုယ်စားပြုထားတဲ့ မြန်မာနိုင်ငံတော် သမ္မတ ထံ ရေးသားတိုင်ကြားရမှာ ဖြစ်ပါတယ်။
တောသူတောင်သားမိသားစုတွေ ရေးသားမယ့် စာတွေကို စနစ်တကျဖြစ်အောင် အနီအနား ပညာတတ်တွေက ဝိုင်းဝန်းကူညီကြစေလိုပါတယ်။
ဒီစာတစ်စောင်ချင်းဟာ မြန်မာနိုင်ငံတော်သမ္မတထံကို လိပ်မူထားတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့”မင်း” က တာဝန်ယူဆောင်ရွက်မှု မလုပ်ဆောင်တဲ့အခါ မြန်မာနိုင်ငံရဲ့ စုစည်းဖြစ်တည်မှုကို (စာကို ပစ်ထားတဲ့ စားပွဲပေါ်ကနေ – ထိုးထည့်ထားတဲ့ ဘီဒိုထဲကနေ – ) အချိန်နဲ့ အမျှမေးခွန်းထုတ်နေပါလိမ့်မယ်။ စာတစ်စောင်ချင်းက တွန်းအားနည်းနေသေးပေမယ့် မိသားစုပေါင်းများစွာက စာတွေ ရောက်လာတဲ့အခါ ဖိစီးလာပါလိမ့်မယ်။
မင်းကောင်းမင်းမြတ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံ ဟုတ်မဟုတ် ကို ဒီစာတွေဟာ သမ္မတကတစ်ဆင့် မြန်မာနိုင်ငံကို မေးခွန်းထုတ်နေကြပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ တရားဝင် စုစည်းရပ်တည်မှု ကိုလည်းပဲ မေးခွန်းထုတ်နေကြပါလိမ့်မယ်။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
၂၀၁၉ ဧပြီလ (၂၄) ရက်
****************************************
