မြန်မာ့တပ်မတော်ကို တရားစွဲရန် စဉ်းစားသင့်

[ Zawgyi ]

ျမန္မာ့တပ္မေတာ္ကို တရားစြဲရန္ စဥ္းစားသင့္
==========

၁။ လကၠာရြာကေန ဖမ္းသြားတဲ့ အ​ေယာက္​ႏွစ္​ဆယ္​​ေက်ာ္​ မွာ သံုးဦးဟာ ျမန္မာ့တပ္မေတာ္ရဲ႕ ခ်ဳပ္ေႏွာင္မႈအတြင္းရွိေနစဥ္ ဆယ့္တစ္ရက္အတြင္း ေသဆံုးသြားခဲ့ၾကတယ္။ ေသဆံုးမႈေတြဟာ ေရာဂါေၾကာင့္မို႔လို႔၊ ကိုယ့္ကိုကိုယ္သတ္ေသလို႔၊ ေဆးစြဲသူ ေဆးျပတ္လို႔ စသည္အားျဖင့္ တပ္မေတာ္ဘက္က အေၾကာင္းျပပါတယ္။

၂။ ေသဆံုးသူေတြရဲ႕ အေလာင္းကို မိသားစုေတြ မေတြ႕လိုက္ရဘဲ မီးသၿဂိဳလ္ပစ္လိုက္တယ္ လို႔ သိရပါတယ္။ မီးသၿဂိဳလ္မႈမလုပ္ခင္မွာ ေသမႈေသခင္း အမႈဖြင့္တာ၊ မႈခင္းဆရာ၀န္ စစ္ေဆးခ်က္ယူတာတို႔ကို သိုသိုသိပ္သိပ္ လုပ္သြားခဲ့တယ္။ မႈခင္းဆရာ၀န္ရဲ႕ မွတ္ခ်က္ကို လံုး၀မသိရေသးဘူး။ ဒါေပမဲ့ ဓါတ္ပံုေတြအရ ေသဆံုးသြားသူတစ္ေယာက္ရဲ႕အေလာင္းမွာ အညိဳအမဲစြဲေနတဲ့ ျပင္ပဒဏ္ရာေတြ ေတြ႕ေနရတယ္။

၃။ ကၽြန္ေတာ္ မိတ္ေဆြေတြနဲ႔ တိုင္ပင္သေလာက္ ျမန္မာ့တပ္မေတာ္ (သို႔မဟုတ္) ျမန္မာ့တပ္မေတာ္ရဲ႕ အစိတ္အပိုင္းတစ္ရပ္ဟာ ဒီျဖစ္စဥ္မွာ လူသတ္မႈေတြ နဲ႔ အေလာင္းေဖ်ာက္ဖ်က္မႈေတြကို က်ဴးလြန္ခဲ့တာ ျဖစ္ႏိုင္ဖြယ္ရွိတယ္ ဆိုတဲ့ ေတြးဆခ်က္ကို ကၽြန္ေတာ့္ကို ေျပာၾကတယ္။ ဘယ္သူကမွ ဖြင့္မေျပာလည္း ျမင္သာႏိုင္တဲ့ ကိစၥ ေပါ့ေလ။ ဒါေပမဲ့ သက္ေသျပႏိုင္ဖို႔ အရမ္းခက္ခဲတယ္။ ဒါကို စြပ္စြဲသူ၊ တရားစြဲသူေတြကို အၿငိဳးအေတးႀကီးစြာနဲ႔ ပုဒ္ထီး ပုဒ္မေတြနဲ႔ လက္တံု႔ျပန္ႏိုင္တဲ့ သေဘာရွိတယ္ လို႔ သံုးသပ္ၾကတယ္။

၄။ ၿပီးခဲ့တဲ့ လပိုင္းက ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ေရစိုးေခ်ာင္း နဲ႔ အမ်က္ေတာင္ၾကားမွာ ကူးတို႔ေလွသမားကို တပ္ကလွမ္းပစ္လို႔ ေသသြားတာ တစ္ရြာလံုးမ်က္စိေရွ႕မွာ ျဖစ္သြားတာ ျဖစ္ပါတယ္။ ဒီလိုတစ္ရြာလံုး မ်က္ျမင္ျဖစ္သြားတာကိုေတာင္မွ ရဲစခန္းသြားၿပီး အမႈဖြင့္ပါ ဆိုတာေတာင္ ေတာသူေတာင္သားေတြက အရမ္းေၾကာက္လို႔ အမႈမဖြင့္ရဲဘူး။ ခံရတဲ့ ကိုယ့္ဘက္က အမႈမဖြင့္ရင္ ျဖစ္စဥ္ကို ေစ့ေစ့ငုငု ရဲစခန္းမွာ မွတ္တမ္း၀င္ေအာင္မလုပ္ထားရင္ ေသသူတက္ေျပးတဲ့ ရြာမွာ သူပုန္ေတြ ရွိေနတယ္တို႔ ဘာတို႔ စသည္ျဖင့္ မဟုတ္တမ္းတရား ေနာက္ဆက္တြဲေတြ ျဖစ္လာဖြယ္ရာ ရွိၾကတာကို ဆင္ျခင္ၿပီး အမႈသြားဖြင့္လိုက္ၾကတာ ျဖစ္ပါတယ္။

၅။ ဧၿပီလ (၁၀) ရက္ေန႔မွာ ေအေအဟာ တိုက္ပြဲကေန ဆုတ္ရင္းနဲ႔ ရဲတပ္ရင္းကေနေခၚေဆာင္သြားတဲ့ ရဲတပ္ဖြဲ႕၀င္မိသားစုေတြကို အေျခအေနသာတာနဲ႔ မွဲ႔တစ္ေပါက္မစြန္းေစပဲ ခ်က္ခ်င္းျပန္ပို႔ခဲ့တာကို ေတြ႕ရတယ္။ ျမန္မာ့တပ္မေတာ္ကေတာ့ အဲသည္ ဧၿပီလ (၁၀) ရက္ေန႔ တိုက္ပြဲျဖစ္စဥ္ေတြရဲ႕ အနီးအနား လကၠာရြာက လက္နက္မဲ့ လူႏွစ္ဆယ္ေက်ာ္ကို ဖမ္းေခၚသြားတာ ဆယ့္တစ္ရက္အတြင္းမွာ သူတို႔လက္ထဲမွာ သံုးေယာက္ေသတယ္။ မိသားစုက အေလာင္းေတာင္ မေတြ႕လိုက္ရဘူး။

၆။ အေလာင္းကို မိသားစုနဲ႔ လူ႔အသိုင္းအ၀ိုင္းက မေတြ႕လိုက္ရဘဲ မီးသၿဂိဳလ္လိုက္တာနဲ႔ အေလာင္းမွာ အညိဳအမဲစြဲေနတာေတြကို အေျခခံထည့္တြက္ၿပီး လူသတ္မႈ၊ အေလာင္ေဖ်ာက္ဖ်က္မႈေတြနဲ႔ တပ္မေတာ္ကို တရားစြဲဆိုဖိို႔အေရးကို ေျမာက္ဦးေဒသခံ အသိုက္အ၀န္းရဲ႕အကူအညီနဲ႔ ကာယကံရွင္မိသားစုေတြက လုပ္ေဆာင္သင့္ေၾကာင္းကို အေလးအနက္ တင္ျပတိုက္တြန္းလိုပါတယ္။

ရ။ တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာ (မင္းထင္ကိုကိုႀကီး ေျပာသလို အရင္ကထက္ ပိုၿပီးၾကည္ညိဳလာတာ) ကို အဖတ္ဆယ္ရန္ အလို႔ငွာ တပ္မေတာ္ဟာ မိမိအဖြဲ႕အစည္းအတြင္းမွာ အမွားအယြင္းေတြ ရွိတတ္တဲ့သေဘာကို ၀န္ခံျခင္းနဲ႔ စတင္ရမွာ ျဖစ္ပါတယ္။ မိမိတို႔မွာ အျပစ္မရွိပါ ဆိုတာကို ျပႏိုင္ဖို႔အတြက္ ျမန္မာ့တပ္မေတာ္အေနနဲ႔ ရဲရဲရင့္ရင့္ တရားစြဲခံသင့္တယ္။ တရားစြဲခံႏိုင္တဲ့ သတၱိရွိဖို႔အတြက္ အရွက္တရားလည္း လံုေလာက္ေနဖို႔ လိုပါတယ္။

၈။ ကူးတို႔သမား ပစ္သတ္ခံရတဲ့ကိစၥ ရဲစခန္းမွာ အမႈသြားဖြင့္ေတာ့ ဘာျဖစ္လာမလဲ . . . ? ၊ ဘာမွ ျဖစ္မလာဘူး ဆိုတာကို ႀကိဳသိၾကပါတယ္။ ဒါေပမဲ့ တရားမွ်တမႈအတြက္ ေအာက္ဆံုးထစ္ လုပ္ႏိုင္တဲ့အလုပ္ကို လုပ္ထားတာ ျဖစ္ပါတယ္။ အခုလည္း လကၠာေသဆံုးသူ သံုးဦးရဲ႕ တရားမွ်တမႈအတြက္၊ အခုလက္ငင္း အက်ိဳးျဖစ္ထြန္းမလာႏိုင္ေပမယ့္ ေနာင္တစ္ခ်ိန္မွာ ျပန္လည္ရရွိလာမယ့္ တရားမွ်တမႈအတြက္၊ မေသပဲ က်န္ရွိေနေသးတဲ့ အက်ဥ္းသမားေတြရဲ႕ အသက္ကို တတ္ႏိုင္သမွ် ကယ္တင္ႏိုင္ဖို႔အတြက္၊ အျခားအရပ္သားေတြကို အကာအကြယ္ေပးရာမွာ ေကာက္ရိုးတစ္မွ်င္စာပဲျဖစ္ျဖစ္ အေထာက္အကူ ျဖစ္ႏိုင္ဖို႔အတြက္ . . . ဒီျဖစ္စဥ္မွာ ျမန္မာ့တပ္မေတာ္ကို တရားစြဲဖို႔ကိစၥကို အေလးအနက္ ၀ိုင္း၀န္းစဥ္းစားၾကသင့္ပါတယ္။

၉။ တခ်ဳိဳ႕ ကာယကံရွင္မိသားစုေတြဟာ ဖုန္းေလးတစ္လံုးေတာင္ မရွိႏိုင္ၾကတဲ့ ႏြမ္းပါးသူေတြ လို႔ ၾကားသိရတယ္။ ကာယကံရွင္မိသားစုေတြရဲ႕ ညိဳးငယ္ေသာ လက္ရွိစိတ္ထားကို နားလည္ပါတယ္။ ေျမာက္ဦး ေဒသခံအသိုက္အ၀န္းကလည္း ကၽြန္ေတာ္ အခုေျပာတဲ့ အခ်က္အလက္ေတြအျပင္ ကၽြန္ေတာ္ မသိႏိုင္တဲ့ အျခားအခ်က္အလက္ေတြလည္း ရွိေနဦးမွာ ျဖစ္ပါတယ္။ အားလံုးကို ၿခံဳငံုသံုးသပ္ၿပိးေတာ့ သတၱိေလးေမြးၿပီးေတာ့ တရားစြဲတာပဲ ျဖစ္ျဖစ္/ မစြဲတာပဲျဖစ္ျဖစ္ အေကာင္းဆံုး ဆံုးျဖတ္လုပ္ေဆာင္ၾကဖို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။

ဦးေက်ာ္ေဇာဦး
၂၀၁၉ ဧၿပီလ (၂၆) ရက္

***************************************

[ Unicode ]

မြန်မာ့တပ်မတော်ကို တရားစွဲရန် စဉ်းစားသင့်

၁။ လက္ကာရွာကနေ ဖမ်းသွားတဲ့ အ​ယောက်​နှစ်​ဆယ်​​ကျော်​ မှာ သုံးဦးဟာ မြန်မာ့တပ်မတော်ရဲ့ ချုပ်နှောင်မှုအတွင်းရှိနေစဉ် ဆယ့်တစ်ရက်အတွင်း သေဆုံးသွားခဲ့ကြတယ်။ သေဆုံးမှုတွေဟာ ရောဂါကြောင့်မို့လို့၊ ကိုယ့်ကိုကိုယ်သတ်သေလို့၊ ဆေးစွဲသူ ဆေးပြတ်လို့ စသည်အားဖြင့် တပ်မတော်ဘက်က အကြောင်းပြပါတယ်။

၂။ သေဆုံးသူတွေရဲ့ အလောင်းကို မိသားစုတွေ မတွေ့လိုက်ရဘဲ မီးသဂြိုလ်ပစ်လိုက်တယ် လို့ သိရပါတယ်။ မီးသဂြိုလ်မှုမလုပ်ခင်မှာ သေမှုသေခင်း အမှုဖွင့်တာ၊ မှုခင်းဆရာဝန် စစ်ဆေးချက်ယူတာတို့ကို သိုသိုသိပ်သိပ် လုပ်သွားခဲ့တယ်။ မှုခင်းဆရာဝန်ရဲ့ မှတ်ချက်ကို လုံးဝမသိရသေးဘူး။ ဒါပေမဲ့ ဓါတ်ပုံတွေအရ သေဆုံးသွားသူတစ်ယောက်ရဲ့အလောင်းမှာ အညိုအမဲစွဲနေတဲ့ ပြင်ပဒဏ်ရာတွေ တွေ့နေရတယ်။

၃။ ကျွန်တော် မိတ်ဆွေတွေနဲ့ တိုင်ပင်သလောက် မြန်မာ့တပ်မတော် (သို့မဟုတ်) မြန်မာ့တပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဟာ ဒီဖြစ်စဉ်မှာ လူသတ်မှုတွေ နဲ့ အလောင်းဖျောက်ဖျက်မှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်နိုင်ဖွယ်ရှိတယ် ဆိုတဲ့ တွေးဆချက်ကို ကျွန်တော့်ကို ပြောကြတယ်။ ဘယ်သူကမှ ဖွင့်မပြောလည်း မြင်သာနိုင်တဲ့ ကိစ္စ ပေါ့လေ။ ဒါပေမဲ့ သက်သေပြနိုင်ဖို့ အရမ်းခက်ခဲတယ်။ ဒါကို စွပ်စွဲသူ၊ တရားစွဲသူတွေကို အငြိုးအတေးကြီးစွာနဲ့ ပုဒ်ထီး ပုဒ်မတွေနဲ့ လက်တုံ့ပြန်နိုင်တဲ့ သဘောရှိတယ် လို့ သုံးသပ်ကြတယ်။

၄။ ပြီးခဲ့တဲ့ လပိုင်းက ရသေ့တောင်မြို့နယ်ထဲက ရေစိုးချောင်း နဲ့ အမျက်တောင်ကြားမှာ ကူးတို့လှေသမားကို တပ်ကလှမ်းပစ်လို့ သေသွားတာ တစ်ရွာလုံးမျက်စိရှေ့မှာ ဖြစ်သွားတာ ဖြစ်ပါတယ်။ ဒီလိုတစ်ရွာလုံး မျက်မြင်ဖြစ်သွားတာကိုတောင်မှ ရဲစခန်းသွားပြီး အမှုဖွင့်ပါ ဆိုတာတောင် တောသူတောင်သားတွေက အရမ်းကြောက်လို့ အမှုမဖွင့်ရဲဘူး။ ခံရတဲ့ ကိုယ့်ဘက်က အမှုမဖွင့်ရင် ဖြစ်စဉ်ကို စေ့စေ့ငုငု ရဲစခန်းမှာ မှတ်တမ်းဝင်အောင်မလုပ်ထားရင် သေသူတက်ပြေးတဲ့ ရွာမှာ သူပုန်တွေ ရှိနေတယ်တို့ ဘာတို့ စသည်ဖြင့် မဟုတ်တမ်းတရား နောက်ဆက်တွဲတွေ ဖြစ်လာဖွယ်ရာ ရှိကြတာကို ဆင်ခြင်ပြီး အမှုသွားဖွင့်လိုက်ကြတာ ဖြစ်ပါတယ်။

၅။ ဧပြီလ (၁၀) ရက်နေ့မှာ အေအေဟာ တိုက်ပွဲကနေ ဆုတ်ရင်းနဲ့ ရဲတပ်ရင်းကနေခေါ်ဆောင်သွားတဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုတွေကို အခြေအနေသာတာနဲ့ မှဲ့တစ်ပေါက်မစွန်းစေပဲ ချက်ချင်းပြန်ပို့ခဲ့တာကို တွေ့ရတယ်။ မြန်မာ့တပ်မတော်ကတော့ အဲသည် ဧပြီလ (၁၀) ရက်နေ့ တိုက်ပွဲဖြစ်စဉ်တွေရဲ့ အနီးအနား လက္ကာရွာက လက်နက်မဲ့ လူနှစ်ဆယ်ကျော်ကို ဖမ်းခေါ်သွားတာ ဆယ့်တစ်ရက်အတွင်းမှာ သူတို့လက်ထဲမှာ သုံးယောက်သေတယ်။ မိသားစုက အလောင်းတောင် မတွေ့လိုက်ရဘူး။

၆။ အလောင်းကို မိသားစုနဲ့ လူ့အသိုင်းအဝိုင်းက မတွေ့လိုက်ရဘဲ မီးသဂြိုလ်လိုက်တာနဲ့ အလောင်းမှာ အညိုအမဲစွဲနေတာတွေကို အခြေခံထည့်တွက်ပြီး လူသတ်မှု၊ အလောင်ဖျောက်ဖျက်မှုတွေနဲ့ တပ်မတော်ကို တရားစွဲဆိုဖိို့အရေးကို မြောက်ဦးဒေသခံ အသိုက်အဝန်းရဲ့အကူအညီနဲ့ ကာယကံရှင်မိသားစုတွေက လုပ်ဆောင်သင့်ကြောင်းကို အလေးအနက် တင်ပြတိုက်တွန်းလိုပါတယ်။

ရ။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ (မင်းထင်ကိုကိုကြီး ပြောသလို အရင်ကထက် ပိုပြီးကြည်ညိုလာတာ) ကို အဖတ်ဆယ်ရန် အလို့ငှာ တပ်မတော်ဟာ မိမိအဖွဲ့အစည်းအတွင်းမှာ အမှားအယွင်းတွေ ရှိတတ်တဲ့သဘောကို ဝန်ခံခြင်းနဲ့ စတင်ရမှာ ဖြစ်ပါတယ်။ မိမိတို့မှာ အပြစ်မရှိပါ ဆိုတာကို ပြနိုင်ဖို့အတွက် မြန်မာ့တပ်မတော်အနေနဲ့ ရဲရဲရင့်ရင့် တရားစွဲခံသင့်တယ်။ တရားစွဲခံနိုင်တဲ့ သတ္တိရှိဖို့အတွက် အရှက်တရားလည်း လုံလောက်နေဖို့ လိုပါတယ်။

၈။ ကူးတို့သမား ပစ်သတ်ခံရတဲ့ကိစ္စ ရဲစခန်းမှာ အမှုသွားဖွင့်တော့ ဘာဖြစ်လာမလဲ . . . ? ၊ ဘာမှ ဖြစ်မလာဘူး ဆိုတာကို ကြိုသိကြပါတယ်။ ဒါပေမဲ့ တရားမျှတမှုအတွက် အောက်ဆုံးထစ် လုပ်နိုင်တဲ့အလုပ်ကို လုပ်ထားတာ ဖြစ်ပါတယ်။ အခုလည်း လက္ကာသေဆုံးသူ သုံးဦးရဲ့ တရားမျှတမှုအတွက်၊ အခုလက်ငင်း အကျိုးဖြစ်ထွန်းမလာနိုင်ပေမယ့် နောင်တစ်ချိန်မှာ ပြန်လည်ရရှိလာမယ့် တရားမျှတမှုအတွက်၊ မသေပဲ ကျန်ရှိနေသေးတဲ့ အကျဉ်းသမားတွေရဲ့ အသက်ကို တတ်နိုင်သမျှ ကယ်တင်နိုင်ဖို့အတွက်၊ အခြားအရပ်သားတွေကို အကာအကွယ်ပေးရာမှာ ကောက်ရိုးတစ်မျှင်စာပဲဖြစ်ဖြစ် အထောက်အကူ ဖြစ်နိုင်ဖို့အတွက် . . . ဒီဖြစ်စဉ်မှာ မြန်မာ့တပ်မတော်ကို တရားစွဲဖို့ကိစ္စကို အလေးအနက် ၀ိုင်းဝန်းစဉ်းစားကြသင့်ပါတယ်။

၉။ တချိုု့ ကာယကံရှင်မိသားစုတွေဟာ ဖုန်းလေးတစ်လုံးတောင် မရှိနိုင်ကြတဲ့ နွမ်းပါးသူတွေ လို့ ကြားသိရတယ်။ ကာယကံရှင်မိသားစုတွေရဲ့ ညိုးငယ်သော လက်ရှိစိတ်ထားကို နားလည်ပါတယ်။ မြောက်ဦး ဒေသခံအသိုက်အဝန်းကလည်း ကျွန်တော် အခုပြောတဲ့ အချက်အလက်တွေအပြင် ကျွန်တော် မသိနိုင်တဲ့ အခြားအချက်အလက်တွေလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ပြိးတော့ သတ္တိလေးမွေးပြီးတော့ တရားစွဲတာပဲ ဖြစ်ဖြစ်/ မစွဲတာပဲဖြစ်ဖြစ် အကောင်းဆုံး ဆုံးဖြတ်လုပ်ဆောင်ကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်။

ဦးကျော်ဇောဦး
၂၀၁၉ ဧပြီလ (၂၆) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s