
[ Zawgyi ]
ျမန္မာ့ လူ႕အခြင့္အေရးေကာ္မရွင္ နဲ႔ ပတ္သက္လို႔ မွတ္ခ်က္စကား
==========
လက္ရွိအေနအထားမွာ လူ႔အခြင့္အေရးေဖာက္ဖ်က္ခံရမႈေတြနဲ႔ ပတ္သက္ၿပီး ျမန္မာ့ လူ႔အခြင့္အေရး ေကာ္မရွင္ထံ တိုင္တန္းၿပီးသကာလ တရားမွ်တမႈရွိရာဆီ ဦးတည္သြားႏိုင္ေကာင္းရဲ႕ လို႔ ေမွ်ာ္လင့္တယ္ ဆိုတာဟာ – ၂၀၀၈ ဖြဲ႕စည္းပံုေအာက္မွာ ေရြးေကာက္ပြဲ၀င္ၿပိဳင္ၿပီး ရခိုင္ႏိုင္ငံ လြတ္လပ္ေရး ရႏိုင္ေကာင္းပါရဲ႕ လို႔ ေမွ်ာ္လင့္ေနတာနဲ႔ သေဘာခ်င္း အတူတူပဲ ျဖစ္ပါတယ္။
ႏိုင္ငံေတြရဲ႕ ႏိုင္ငံအဆင့္ လူ႔အခြင့္အေရး အဖြဲ႕အစည္း အဂၤလိပ္လို National Human Rights Institution (NHRI) တစ္ခု အျဖစ္ ပီပီျပင္ျပင္ အသိအမွတ္ျပဳႏိုင္ဖို႔ရာအတြက္ ပဲရစ္အေျခခံမူေတြ (Paris Principles) က သတ္မွတ္ေပးထားတဲ့ စံမွတ္ေက်ာက္ ေျခာက္ရပ္ရွိပါတယ္။
တစ္။ လူသားတိုင္းအတြက္ လူ႔အခြင့္အေရးစံႏႈန္းေတြအေပၚမွာ အေျခခံၿပီး အပ္ႏွင္းထားတဲ့ က်ယ္ျပန္႔ေသာ လုပ္ပိုင္ခြင့္တာ၀န္ –
ႏွစ္။ အစိုးရအာဏာစက္ကေန ကင္းလြတ္ၿပီး ကိုယ့္ဘာသာကိုယ္ လြတ္လြတ္လပ္လပ္ စီးမံလုပ္ေဆာင္ပိုင္ခြင့္ –
သံုး။ လြတ္လပ္စြာ ရပ္တည္ႏိုင္မႈ။
ေလး။ လူ႕အဖြဲ႕အစည္းရဲ႕ အလႊာအသီးသီးကေန ကိုယ္စားျပဳပါ၀င္ေနမႈ –
ငါး။ အသံုးခ်ရမယ့္ ရင္းျမစ္ေတြ လံုလံုေလာက္ေလာက္ ရွိထားမႈ –
ေျခာက္။ စံုစမ္းစစ္ေဆးမႈလုပ္ဖို႔ရာ လံုေလာက္တဲ့ လုပ္ပိုင္ခြင့္အာဏာ ရွိမႈ – စတဲ့ စံမွတ္ေက်ာက္ေတြ ျဖစ္ပါတယ္။
ေကာ္မရွင္အဖြဲ႕၀င္ေတြကို သမၼတက စိတ္ႀကိဳက္ လြယ္လင့္တကူ ခန္႔အပ္မႈေတြ စိတ္ႀကိဳက္ လြယ္လင့္တကူ ျဖဳတ္တာေတြ အပါအ၀င္ အခ်က္အလက္မ်ားစြာနဲ႔ တိုက္ဆိုင္စစ္ေဆးလိုက္တဲ့အခါ “ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္” ကို စံနႈန္းကေန မ်ားစြာ ေအာက္ကို ေလ်ာ့က်ေနတဲ့ အေျခအေန ရွိတယ္ ဆိုၿပီးေတာ့ ႏိုင္ငံအလိုက္ လူ႔အခြင့္အေရးအဖြဲ႕အစည္း (NHRI) ေတြရဲ႕ အဆင့္သတ္မွတ္ေပးရတဲ့ ICC-SCA က သတ္မွတ္ထားဆဲ ျဖစ္ပါတယ္။
တကယ္ေတာ့ “ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္” ဟာ လူ႔အခြင့္အေရးဆိုင္ရာ လုပ္ေဆာင္မႈေတြကို ငါတို႔ လုပ္ေနပါတယ္ ဆိုၿပီးေတာ့ လုပ္ခ်င္ေယာင္ေဆာင္ေနလို႔ရေအာင္ အေယာင္ျပဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းအဆင့္ (“alibi” institution) မွ်သာ ျဖစ္တယ္လို႔ မွတ္ခ်က္ေပးထားၾကၿပီးသား ျဖစ္ပါတယ္။
ေျမာက္ဦးၿမိဳ႕နယ္မွာ အရွင္လတ္လတ္ ငွက္ဖ်ားလူနာကို ဖမ္းသြားၿပီးေတာ့ အေလာင္းအေနနဲ႔ ျပန္ပို႔တာ၊ ေျမာက္ဦး လကၠာရြာက လက္နက္မဲ့ လူႏွစ္ဆယ္ေက်ာ္ကို ဖမ္းသြားၿပီးေတာ့ ဆယ့္တစ္ရက္အတြင္း ဖမ္းဆီးခံရသူ သံုးဦး ေသသြားတာ၊ ရေသ့ေတာင္ ေက်ာက္တန္းေက်းရြာက လူသံုးရာနီးပါးကို ဖမ္းဆီးစစ္ေဆးၿပီး ညအိပ္ေနခ်ိန္မွာ ပစ္ခတ္တဲ့အတြက္ ဖမ္းဆီးခံရသူ ေျခာက္ဦးကေန ရွစ္ဦးအတြင္း ေသဆံုးတာ . . . ဒါေတြဟာ ႏိုင္ငံရဲ႕ လခစား လက္နက္ကိုင္ေတြ လက္ထဲမွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ေတြမွာ ေသဆံုးသြားသူေတြဟာ “လူ” ေတြ မဟုတ္လို႔ လူ႔အခြင့္အေရးကို ကာကြယ္ရမယ့္ အဖြဲ႕အစည္းက ပါးစပ္ ပိတ္ထားတာလားလို႔ ေမးရမလို ျဖစ္ေနပါၿပီ။
၂၀၁၂ က အင္တာဗ်ဴးတစ္ခုမွာ ေကာ္မရွင္ရဲ႕ ဥကၠ႒ ဦး၀င္းမရ ကေျပာခဲ့တာကိုလည္း အမွတ္ရစရာရွိပါတယ္။ “ပဋိပကၡျဖစ္ပြားေနတဲ့ နယ္ေျမေတြကိုသြားၿပီး စံုစမ္းစစ္ေဆးမႈေတြ လုပ္ဖို႔ဆိုတာ အခုအခ်ိန္မွာ မသင့္ေလ်ာ္ပါဘူး” လို႔ သူေျပာဖူးပါတယ္။ (“To investigate in the conflict areas,” Win Mra said, “is not appropriate at this present point in time …”)
ၿခံဳငံုေျပာရမယ္ဆိုရင္ – ကၽြန္ေတာ္သာ ဦး၀င္းမရ ေနရာမွာ အခုအခ်ိန္ရွိေနခဲ့မယ္ ဆိုရင္ ကၽြန္ေတာ္ အရမ္းရွက္မိမွာပါ။ ကၽြန္ေတာ့္ကို ဒီတာ၀န္ေတြမေပးဘဲနဲ႔ သာမန္ျပည္သူတစ္ဦးအျဖစ္နဲ႔သာ အသက္ရွင္ ေနထိုင္ခြင့္ျပဳပါေတာ့ လို႔ ေတာင္းဆိုမိမွာ ျဖစ္ပါတယ္။
ဦးေက်ာ္ေဇာဦး
၂၀၁၉ ေမလ (၆) ရက္
*************************************

[ Unicode ]
မြန်မာ့ လူ့အခွင့်အရေးကော်မရှင် နဲ့ ပတ်သက်လို့ မှတ်ချက်စကား
လက်ရှိအနေအထားမှာ လူ့အခွင့်အရေးဖောက်ဖျက်ခံရမှုတွေနဲ့ ပတ်သက်ပြီး မြန်မာ့ လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်တန်းပြီးသကာလ တရားမျှတမှုရှိရာဆီ ဦးတည်သွားနိုင်ကောင်းရဲ့ လို့ မျှော်လင့်တယ် ဆိုတာဟာ – ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရွေးကောက်ပွဲဝင်ပြိုင်ပြီး ရခိုင်နိုင်ငံ လွတ်လပ်ရေး ရနိုင်ကောင်းပါရဲ့ လို့ မျှော်လင့်နေတာနဲ့ သဘောချင်း အတူတူပဲ ဖြစ်ပါတယ်။
နိုင်ငံတွေရဲ့ နိုင်ငံအဆင့် လူ့အခွင့်အရေး အဖွဲ့အစည်း အင်္ဂလိပ်လို National Human Rights Institution (NHRI) တစ်ခု အဖြစ် ပီပီပြင်ပြင် အသိအမှတ်ပြုနိုင်ဖို့ရာအတွက် ပဲရစ်အခြေခံမူတွေ (Paris Principles) က သတ်မှတ်ပေးထားတဲ့ စံမှတ်ကျောက် ခြောက်ရပ်ရှိပါတယ်။
တစ်။ လူသားတိုင်းအတွက် လူ့အခွင့်အရေးစံနှုန်းတွေအပေါ်မှာ အခြေခံပြီး အပ်နှင်းထားတဲ့ ကျယ်ပြန့်သော လုပ်ပိုင်ခွင့်တာဝန် –
နှစ်။ အစိုးရအာဏာစက်ကနေ ကင်းလွတ်ပြီး ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် စီးမံလုပ်ဆောင်ပိုင်ခွင့် –
သုံး။ လွတ်လပ်စွာ ရပ်တည်နိုင်မှု။
လေး။ လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးကနေ ကိုယ်စားပြုပါဝင်နေမှု –
ငါး။ အသုံးချရမယ့် ရင်းမြစ်တွေ လုံလုံလောက်လောက် ရှိထားမှု –
ခြောက်။ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ရာ လုံလောက်တဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိမှု – စတဲ့ စံမှတ်ကျောက်တွေ ဖြစ်ပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေကို သမ္မတက စိတ်ကြိုက် လွယ်လင့်တကူ ခန့်အပ်မှုတွေ စိတ်ကြိုက် လွယ်လင့်တကူ ဖြုတ်တာတွေ အပါအဝင် အချက်အလက်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါ “မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်” ကို စံနှုန်းကနေ များစွာ အောက်ကို လျော့ကျနေတဲ့ အခြေအနေ ရှိတယ် ဆိုပြီးတော့ နိုင်ငံအလိုက် လူ့အခွင့်အရေးအဖွဲ့အစည်း (NHRI) တွေရဲ့ အဆင့်သတ်မှတ်ပေးရတဲ့ ICC-SCA က သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
တကယ်တော့ “မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်” ဟာ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို ငါတို့ လုပ်နေပါတယ် ဆိုပြီးတော့ လုပ်ချင်ယောင်ဆောင်နေလို့ရအောင် အယောင်ပြဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအဆင့် (“alibi” institution) မျှသာ ဖြစ်တယ်လို့ မှတ်ချက်ပေးထားကြပြီးသား ဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်မှာ အရှင်လတ်လတ် ငှက်ဖျားလူနာကို ဖမ်းသွားပြီးတော့ အလောင်းအနေနဲ့ ပြန်ပို့တာ၊ မြောက်ဦး လက္ကာရွာက လက်နက်မဲ့ လူနှစ်ဆယ်ကျော်ကို ဖမ်းသွားပြီးတော့ ဆယ့်တစ်ရက်အတွင်း ဖမ်းဆီးခံရသူ သုံးဦး သေသွားတာ၊ ရသေ့တောင် ကျောက်တန်းကျေးရွာက လူသုံးရာနီးပါးကို ဖမ်းဆီးစစ်ဆေးပြီး ညအိပ်နေချိန်မှာ ပစ်ခတ်တဲ့အတွက် ဖမ်းဆီးခံရသူ ခြောက်ဦးကနေ ရှစ်ဦးအတွင်း သေဆုံးတာ . . . ဒါတွေဟာ နိုင်ငံရဲ့ လခစား လက်နက်ကိုင်တွေ လက်ထဲမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေမှာ သေဆုံးသွားသူတွေဟာ “လူ” တွေ မဟုတ်လို့ လူ့အခွင့်အရေးကို ကာကွယ်ရမယ့် အဖွဲ့အစည်းက ပါးစပ် ပိတ်ထားတာလားလို့ မေးရမလို ဖြစ်နေပါပြီ။
၂၀၁၂ က အင်တာဗျူးတစ်ခုမှာ ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ဦးဝင်းမရ ကပြောခဲ့တာကိုလည်း အမှတ်ရစရာရှိပါတယ်။ “ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေကိုသွားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ဆိုတာ အခုအချိန်မှာ မသင့်လျော်ပါဘူး” လို့ သူပြောဖူးပါတယ်။ (“To investigate in the conflict areas,” Win Mra said, “is not appropriate at this present point in time …”)
ခြုံငုံပြောရမယ်ဆိုရင် – ကျွန်တော်သာ ဦးဝင်းမရ နေရာမှာ အခုအချိန်ရှိနေခဲ့မယ် ဆိုရင် ကျွန်တော် အရမ်းရှက်မိမှာပါ။ ကျွန်တော့်ကို ဒီတာဝန်တွေမပေးဘဲနဲ့ သာမန်ပြည်သူတစ်ဦးအဖြစ်နဲ့သာ အသက်ရှင် နေထိုင်ခွင့်ပြုပါတော့ လို့ တောင်းဆိုမိမှာ ဖြစ်ပါတယ်။
ဦးကျော်ဇောဦး
၂၀၁၉ မေလ (၆) ရက်