ဒီကနေ့ ရန်ကုန်မှာ ချင်းလူမျိုးအချို့ လမ်းပေါ်စုကြတဲ့ကိစ္စ

[ Unicode font ]

ပလက်ဝမှာ စစ်ဘေးသင့်မှု လျော့ပါးဖို့အရေး ဆန္ဒထုတ်ဖော်တယ်လို့ နားလည်ရတဲ့ လမ်းပေါ်စုဝေးမှုတစ်ခု ရန်ကုန်မှာ ပြုလုပ်တာကို အခုနက တွေ့လိုက်ပါတယ်။

ရခိုုင်ခေါင်းဆောင်အများစုက ပြောချင်မှ ပြောမှာဖြစ်ပေမယ့် တစ်ယောက်ယောက်ကတော့ အနည်းငယ်မျှ ဝင်ပြောဖို့ လိုအပ်တယ် ထင်တဲ့အတွက် ဝင်ပြောလိုက်ပါတယ်။

၁။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို သူရဲကောင်းဘွဲ့ပေးကြတဲ့ သူတွေအနေနဲ့ ဒီထက်မက ပိုမို ပါးရည်နပ်ရည်ရှိပြီး မိမိတို့တိုင်းရင်းသားအချင်းချင်း ဒီထက်မက သစ္စာရှိဖို့ လိုအပ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ စစ်ဂိုဏ်းသားတွေ မြှောက်ပေးတိုင်း အာဏာရှင်တွေ အလိုကျ လိုက်လုပ်မနေကြဖို့ လိုတယ်။

၂။ ၂၀၁၄ သန်းခေါင်စာရင်းမှာ ခမွှီး၊ ခမီး၊ ခူမီး၊ အဝခမီး အစရှိတဲ့ နာမည်တွေ မလိုအပ်ပဲ ကွဲပြားပြီး လူမျိုး ကုတ်နံပါတ် ကွဲပြားနေတဲ့ လူမျိုးဟာ မနုဿဗေဒ အရ ဘာသာစကားအရ DNA ဖွဲ့စည်းပုံအရ လူမျိုးတစ်မျိုးတည်းဖြစ်ပြီး ဒီလူတွေဟာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ ဖြစ်တယ်။ ပလက်ဝမြို့နယ်ဟာ ရခိုင်လူမျိုးတွေ နဲ့ ခမီးလူမျိုးတွေ ချစ်ကြည်စွာ နေထိုင်ကြတဲ့ နေရာဖြစ်ပါတယ်။ ခမီးတွေဟာ ချင်းလား ခမီးလား ဆိုတာကို ကာယကံရှင်တွေကိုယ်တိုင် သိပါတယ်။ ပလက်ဝကိစ္စ နဲ့ ပတ်သက်ပြီး ရခိုင်တွေရဲ့ အကြမ်းဖျင်း ရပ်တည်ချက်ကတော့ – ဒီအကြောင်းကို စကားထဲကို ထည့်ပြီး သိပ်ပြောမနေချင်ဘူး – ဆိုတဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။

၃။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်က မိုးလင်းရာဇာစစ်ကြောင်း နဲ့ AIA စစ်ကြောင်းတွေ ချင်းပြည်နယ်ထဲမှာ (ပလက်ဝမြို့နယ်တွင်းမှာ မဟုတ်ပါ) မြန်မာစစ်တပ်ဆီမှာ ဘယ်လို ချေမှုန်းခံခဲ့ရပြီး ရခိုင်စစ်သည်တွေ ရာချီ အသတ်ခံခဲ့တွေကို ကျွန်တော်တို့ သိပါတယ်။ ဘင်္ဂါလီတွေရဲ့ နာမည်လိမ်ကို တရားဝင်ဖြစ်အောင် grant ယူပြီး သစ္စာဖောက်ခဲ့ကြတဲ့ သူတွေ အဲသည်နာမည်ကို ပထမဆုံး စျေးဦးပေါက် ကြေငြာပေးကြတဲ့ အရောင်းကိုယ်စားလှယ်တွေကို ကျွန်တော်တို့ သိပါတယ်။ UNFC ထဲကို ဝင်စို့ ထွက်စို့ လုပ်ခဲ့ကြတဲ့ သူတွေကို ကျွန်တော်တို့ သိပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူရဲကောင်းဘွဲ့ပေးကြတဲ့ သူတွေကို ကျွန်တော်တို့ သိပါတယ်။

၄။ စစ်အာဏာရှင်တွေ ကြိုးဆွဲတိုင်းကနေတဲ့ ချင်းခေါင်းဆောင် တချို့ရဲ့ ကဖျက်ကယက်လုပ်ရပ်အချို့ကလွဲပြီး ချင်း၊ ခမီး၊ ရခိုင်တွေ ဟာ ဘာ ပြဿနာမှ မရှိကြဘူး။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၂၀၁၉ ဇူလိုင်လ (၁၃) ရက်

==========

[ Zawgyi Font ]

ဒီကေန႔ ရန္ကုန္မွာ ခ်င္းလူမ်ိဳးအခ်ိဳ႕ လမ္းေပၚစုၾကတဲ့ကိစၥ
==========

ပလက္၀မွာ စစ္ေဘးသင့္မႈ ေလ်ာ့ပါးဖို႔အေရး ဆႏၵထုတ္ေဖာ္တယ္လို႔ နားလည္ရတဲ့ လမ္းေပၚစုေ၀းမႈတစ္ခု ရန္ကုန္မွာ ျပဳလုပ္တာကို အခုနက ေတြ႕လိုက္ပါတယ္။ ရခိုုင္​ေ​ခါင္းေဆာင္အမ်ားစုက ေျပာခ်င္မွ ေျပာမွာျဖစ္ေပမယ့္ တစ္ေယာက္ေယာက္ကေတာ့ အနည္းငယ္မွ် ၀င္ေျပာဖို႔ လိုအပ္တယ္ ထင္တဲ့အတြက္ ၀င္ေျပာလိုက္ပါတယ္။

၁။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ကို သူရဲေကာင္းဘြဲ႕ေပးၾကတဲ့ သူေတြအေနနဲ႔ ဒီထက္မက ပိုမို ပါးရည္နပ္ရည္ရွိၿပီး မိမိတို႔တိုင္းရင္းသားအခ်င္းခ်င္း ဒီထက္မက သစၥာရွိဖို႔ လိုအပ္ေၾကာင္း ကၽြန္ေတာ္ ေျပာလိုပါတယ္။ စစ္ဂိုဏ္းသားေတြ ေျမႇာက္ေပးတိုင္း အာဏာရွင္ေတြ အလိုက် လိုက္လုပ္မေနၾကဖို႔ လိုတယ္။

၂။ ၂၀၁၄ သန္းေခါင္စာရင္းမွာ ခမႊီး၊ ခမီး၊ ခူမီး၊ အ၀ခမီး အစရွိတဲ့ နာမည္ေတြ မလိုအပ္ပဲ ကြဲျပားၿပီး လူမ်ိဳး ကုတ္နံပါတ္ ကြဲျပားေနတဲ့ လူမ်ိဳးဟာ မႏုႆေဗဒ အရ ဘာသာစကားအရ DNA ဖြဲ႕စည္းပံုအရ လူမ်ိဳးတစ္မ်ိဳးတည္းျဖစ္ၿပီး ဒီလူေတြဟာ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စု၀င္ေတြ ျဖစ္တယ္။ ပလက္၀ၿမိဳ႕နယ္ဟာ ရခိုင္လူမ်ိဳးေတြ နဲ႔ ခမီးလူမ်ိဳးေတြ ခ်စ္ၾကည္စြာ ေနထိုင္ၾကတဲ့ ေနရာျဖစ္ပါတယ္။ ခမီးေတြဟာ ခ်င္းလား ခမီးလား ဆိုတာကို ကာယကံရွင္ေတြကိုယ္တိုင္ သိပါတယ္။ ပလက္၀ကိစၥ နဲ႔ ပတ္သက္ၿပီး ရခိုင္ေတြရဲ႕ အၾကမ္းဖ်င္း ရပ္တည္ခ်က္ကေတာ့ – ဒီအေၾကာင္းကို စကားထဲကို ထည့္ၿပီး သိပ္ေျပာမေနခ်င္ဘူး – ဆိုတဲ့ ရပ္တည္ခ်က္ ျဖစ္ပါတယ္။

၃။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းေလးဆယ္ေက်ာ္က မိုးလင္းရာဇာစစ္ေၾကာင္း နဲ႔ AIA စစ္ေၾကာင္းေတြ ခ်င္းျပည္နယ္ထဲမွာ (ပလက္၀ၿမိဳ႕နယ္တြင္းမွာ မဟုတ္ပါ) ျမန္မာစစ္တပ္ဆီမွာ ဘယ္လို ေခ်မႈန္းခံခဲ့ရၿပီး ရခိုင္စစ္သည္ေတြ ရာခ်ီ အသတ္ခံခဲ့ေတြကို ကၽြန္ေတာ္တို႔ သိပါတယ္။ ဘဂၤါလီေတြရဲ႕ နာမည္လိမ္ကို တရား၀င္ျဖစ္ေအာင္ grant ယူၿပီး သစၥာေဖာက္ခဲ့ၾကတဲ့ သူေတြ အဲသည္နာမည္ကို ပထမဆံုး ေစ်းဦးေပါက္ ေၾကျငာေပးၾကတဲ့ အေရာင္းကိုယ္စားလွယ္ေတြကို ကၽြန္ေတာ္တို႔ သိပါတယ္။ UNFC ထဲကို ၀င္စို႔ ထြက္စို႔ လုပ္ခဲ့ၾကတဲ့ သူေတြကို ကၽြန္ေတာ္တို႔ သိပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကို သူရဲေကာင္းဘြဲ႕ေပးၾကတဲ့ သူေတြကို ကၽြန္ေတာ္တို႔ သိပါတယ္။

၄။ စစ္အာဏာရွင္ေတြ ႀကိဳးဆြဲတိုင္းကေနတဲ့ ခ်င္းေခါင္းေဆာင္ တခ်ိဳ႕ရဲ႕ ကဖ်က္ကယက္လုပ္ရပ္အခ်ိဳ႕ကလြဲၿပီး ခ်င္း၊ ခမီး၊ ရခိုင္ေတြ ဟာ ဘာ ျပႆနာမွ မရွိၾကဘူး။

ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္
၂၀၁၉ ဇူလိုင္လ (၁၃) ရက္

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s