[ Unicode Font ]
စင်ကာပူကနေ နှင်ထုတ်ခံရတဲ့သူ ခြောက်ဦးဟာ ငွေတုလုပ်ခြင်း အစရှိတဲ့ ရာဇဝတ်မှုတွေကို စင်ကာပူမြေပေါ် ရှိနေစဉ်ကာလ ကျူးလွန်ခဲ့ပါသလား ဆိုတဲ့မေးခွန်းကို မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံရုံးဆီ ကျွန်တော် စာရေးမေးမြန်းခဲ့ပါတယ်။
သံရုံးကတော့ အဲသည်ကိစ္စနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ စင်ကာပူ MHA ရဲ့ ထုတ်ပြန်ချက် ကိုသာလျှင် ပြန်ဖတ်ရှုကြည့်ဖို့ ရည်ညွှန်း အကြောင်းပြန်ပါတယ်။
ဆိုပါတော့ – ပြန်ပို့ခံတွေအနေနဲ့ ရာဇဝတ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့ပြီးခါမှ စင်ကာပူမှာ ဖမ်းဆီးစီရင်ခြင်းမပြုဘဲ တခြားနိုင်ငံကို ပြန်ပို့ခဲ့တယ် ဆိုရင် စင်ကာပူရဲတပ်ဖွဲ့အနေနဲ့လည်း တာဝန်မကင်းပါဘူး။
ပြန်ပို့ခံတွေကို ငွေတုလုပ်မှု နဲ့ ဖမ်းဆီးပါတယ် ဆိုပြီးတော့ ပထမဦးဆုံး ပုံနှိပ်ဖော်ပြသူတဲ့ အဖွဲ့အစည်းဟာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ဖြစ်ပါတယ်။
ပြန်ပိုခံတွေကို ငွေတုလုပ်မှု နဲ့ ဖမ်းဆီးပါတယ် ဆိုတဲ့ မှားယွင်းအချက်အလက်ကို ထပ်ဆင့် မစိစစ်ပဲ (တမင်သက်သက် ဖြစ်ရင် ဖြစ်မယ်) ဖော်ပြခဲ့တဲ့ သတင်းဌာနတွေကတော့ ကျွန်တော်မှတ်မိသလောက် စာရင်းချကြည့်ရရင် –
၁။ The Ladies News
၂။ လူထု မီဒီယာ
၃။ မြန်မာတိုင်းမ် နဲ့
၄။ Eleven သတင်းဌာန – တို့ ဖြစ်ကြပါတယ်။ သင်တို့ရဲ့ တရားမျှတမှုမရှိတဲ့ လုပ်ရပ်တွေအတွက် ကျွန်တော် ရှက်မိပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ – စစ်တိုက်လို့ တစ်နေရာရာမှာ နာလာပြီဆိုရင် လက်သင့်ရာ ကျေးရွာမြို့ပြတစ်ခုခုကို ဝင်ရောက်ပစ်ခတ်ပြီး အရပ်သားတွေကို သေစေတတ်တဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲသည် လက်နက်ကိုင်အဖွဲ့ရဲ့ စစ်ရာဇဝတ်မှုတွေကို မီဒီယာဌာနကြီးတွေက ဝိုင်းဝန်းဖုံးဖိပေးကြပါတယ်။ (သတင်းဌာနအားလုံးကို မဆိုလိုပါ။)
တစ်နည်းအားဖြင့်ပြောရရင် – အဲဒီသတင်းဌာနတွေဟာ ကူညီလူသတ်ပေးနေတဲ့ သတင်းဌာနတွေဖြစ်ပါတယ်။
အဲသလို လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍပေါင်းစုံကနေ ကျွန်တော်တို့ကို ဝိုင်းဝန်းဖိနှိပ်ကြတဲ့အတွက် ရခိုင်ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဘယ်လောက်ထိတောင် ခံစားကြရသလဲ ဆိုရင် – အခု ဒီ ဖွဲ့စည်းပုံကြီးကို ပြင်ပါလေ မပြင်ပါလေ ငါတို့ ဂရုမစိုက်တော့ဘူး ဆိုတဲ့ တွေးတောမှုတွေ ရှိလာတဲ့အထိ ဖြစ်လာကြတယ်။
ဦးကျော်ဇောဦး
၂၀၁၉ ဇူလိုင်လ (၁၉) ရက်
====================
[ Zawgyi Font ]
ေသြးစြန္းေသာ
သတင္းစာမ်က္ႏွာမ်ား
==========
စင္ကာပူကေန ႏွင္ထုတ္ခံရတဲ့သူ ေျခာက္ဦးဟာ ေငြတုလုပ္ျခင္း အစ႐ွိတဲ့ ရာဇဝတ္မႈေတြကို စင္ကာပူေျမေပၚ ႐ွိေနစဥ္ကာလ က်ဴးလြန္ခဲ့ပါသလား ဆိုတဲ့ေမးခြန္းကို ျမန္မာႏိုင္ငံဆိုင္ရာ စင္ကာပူ သံရံုးဆီ ကြၽန္ေတာ္ စာေရးေမးျမန္းခဲ့ပါတယ္။
သံရံုးကေတာ့ အဲသည္ကိစၥနဲ႔ ပတ္သက္လို႔ ထုတ္ျပန္ထားတဲ့ စင္ကာပူ MHA ရဲ႕ ထုတ္ျပန္ခ်က္ ကိုသာလ်ွင္ ျပန္ဖတ္ရႈၾကည့္ဖို႔ ရည္ၫႊန္း အေၾကာင္းျပန္ပါတယ္။
ဆိုပါေတာ့ – ျပန္ပို႔ခံေတြအေနနဲ႔ ရာဇဝတ္မႈတစ္ရပ္ရပ္ကို က်ဴးလြန္ခဲ့ၿပီးခါမွ စင္ကာပူမွာ ဖမ္းဆီးစီရင္ျခင္းမျပဳဘဲ တျခားႏိုင္ငံကို ျပန္ပို႔ခဲ့တယ္ ဆိုရင္ စင္ကာပူရဲတပ္ဖြဲ႔အေနနဲ႔လည္း တာဝန္မကင္းပါဘူး။
ျပန္ပို႔ခံေတြကို ေငြတုလုပ္မႈ နဲ႔ ဖမ္းဆီးပါတယ္ ဆိုၿပီးေတာ့ ပထမဦးဆံုး ပံုႏွိပ္ေဖာ္ျပသူတဲ့ အဖြဲ႔အစည္းဟာ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႔မွဴးရံုး ျဖစ္ပါတယ္။
ျပန္ပိုခံေတြကို ေငြတုလုပ္မႈ နဲ႔ ဖမ္းဆီးပါတယ္ ဆိုတဲ့ မွားယြင္းအခ်က္အလက္ကို ထပ္ဆင့္ မစိစစ္ပဲ (တမင္သက္သက္ ျဖစ္ရင္ ျဖစ္မယ္) ေဖာ္ျပခဲ့တဲ့ သတင္းဌာနေတြကေတာ့ ကြၽန္ေတာ္မွတ္မိသေလာက္ စာရင္းခ်ၾကည့္ရရင္ –
၁။ The Ladies News
၂။ လူထု မီဒီယာ
၃။ ျမန္မာတိုင္းမ္ နဲ႔
၄။ Eleven သတင္းဌာန – တို႔ ျဖစ္ၾကပါတယ္။ သင္တို႔ရဲ႕ တရားမ်ွတမႈမ႐ွိတဲ့
လုပ္ရပ္ေတြအတြက္ ကြၽန္ေတာ္ ႐ွက္မိပါတယ္။
ရခိုင္ျပည္နယ္အတြင္းမွာ – စစ္တိုက္လို႔ တစ္ေနရာရာမွာ နာလာၿပီဆိုရင္ လက္သင့္ရာ ေက်းရြာၿမိဳ႕ျပတစ္ခုခုကို ဝင္ေရာက္ပစ္ခတ္ၿပီး အရပ္သားေတြကို ေသေစတတ္တဲ့ လက္နက္ကိုင္အဖြဲ႔တစ္ဖြဲ႕႐ွိပါတယ္။ အဲသည္ လက္နက္ကိုင္အဖြဲ႔ရဲ႕ စစ္ရာဇဝတ္မႈေတြကို မီဒီယာဌာနႀကီးေတြက ဝိုင္းဝန္းဖံုးဖိေပးၾကပါတယ္။ (သတင္းဌာနအားလံုးကို မဆိုလိုပါ။)
တစ္နည္းအားျဖင့္ေျပာရရင္ – အဲဒီသတင္းဌာနေတြဟာ ကူညီလူသတ္ေပးေနတဲ့ သတင္းဌာနေတြျဖစ္ပါတယ္။
အဲသလို လူ႔အဖြဲ႔အစည္းရဲ႕ က႑ေပါင္းစံုကေန ကြၽန္ေတာ္တို႔ကို ဝိုင္းဝန္းဖိႏွိပ္ၾကတဲ့အတြက္ ရခိုင္ျပည္သူလူထုရဲ႕ စိတ္ထဲမွာ ဘယ္ေလာက္ထိေတာင္ ခံစားၾကရသလဲ ဆိုရင္ – အခု ဒီ ဖြဲ႔စည္းပံုႀကီးကို ျပင္ပါေလ မျပင္ပါေလ ငါတို႔ ဂ႐ုမစိုက္ေတာ့ဘူး ဆိုတဲ့ ေတြးေတာမႈေတြ ႐ွိလာတဲ့အထိ ျဖစ္လာၾကတယ္။
ဦးေက်ာ္ေဇာဦး
၂၀၁၉ ဇူလိုင္လ (၁၉) ရက္