ကိုချစ်သူအောင် ပစ်သတ်ခံရမှု

[ Unicode font ]

ကိုချစ်သူအောင် ၏ အလောင်းကို ၎င်းပစ်သတ်ခံရသည့် အမြင့်ကျွန်းတံတား နှင့်မလှမ်းမကမ်း လှမ်းမြင်နေရသည့် ချီလယ်ပင်းကျေးရွာ ရွာပြင် သချႋင်းရှိ ဇရပ်ငယ်၏ ကြမ်းပြင်ပေါ်တွင် ခေါင်းသွင်းလျက် ချထားပါသည်။

နှစ်မလည်သေးသည့် ညားခါစ ဇနီးအပါအဝင် ဆွေမျိုးသားချင်းများက ဖွင့်ထားသော အခေါင်းကို မျက်နှာအပ်လျက် ငိုကြွေးနေကြပါသည်။

ယမန်နေ့ည ဆယ်နာရီခွဲခန့်တွင် ချီလယ်ပင်းရွာမှ ဆိုင်ကယ်စီးလျှင် ဆယ်မိနစ်မျှသာကွာဝေးသည့် ၎င်း၏ ကဏန်းမွေးမြူရေးအလုပ်ခွင်မှ ပြန်အလာတွင် ရွာအနီး အမြင့်ကျွန်းတံတားပေါ်၌ ပစ်သတ်ခံရခြင်းဖြစ်ပါသည်။ ထိုနေ့မွန်းလွဲပိုင်း လေးနာရီခန့်က အလုပ်ကနေ ရွာကိုလာ၍ သူ့ဇနီးထံ လုပ်ခလစာ လာအပ်ခဲ့သေးသည် ဟု ဆိုသည်။ ထို့နောက် ဂျူတီဝင်ရန်ပြန်သွားသည်။ အလုပ်ဆင်းချိန် ပြန်လာနေကျအချိန်တွင် ပြန်လာသည့်အခါ ပစ်သတ်ခံရခြင်း ဖြစ်သည်။

ချီလယ်ပင်းရွာသားများ ပထမဆုံး သေနတ်တစ်ချက်ကြားသည်။ နောက်ထပ် လေးငါးခြောက်ချက် ဆက်တိုက်ဆွဲပစ်သည်ကို ကြားရသည် ဟု ဆိုသည်။

မနက်အစောပိုင်းအထိ အလောင်းမရသေး။ အလောင်းပြန်ရသည့် အခါ ကျောဘက်တွင် သေနတ်ကျည်ပေါက်များ (ဆယ်ချက်အောက်) ရှိနေသည်။

အမြင့်ကျွန်းတံတား နေရာသည် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၏ အစပ်နေရာဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့နယ်သည် နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ထားသည့် မြို့နယ်ဖြစ်သည်။

လက်နက်မဲ့ အရပ်သားများကိုပါ မသင်္ကာရုံသက်သက်ဖြင့် ပစ်သတ်နေသည့် အခြေအနေများရှိနေသည် ဖြစ်ရကား ရခိုင်ပြည်သူပြည်သားများအားလုံး စားသတိ သွားသတိဖြင့် နေထိုင်သွားလာကြရန် လိုအပ်ပေသည်။

ကျော်ဇောဦး
၂၀၁၉ သြဂုတ်လ (၂) ရက်

==========

[ Zawgyi Font ]

ကိုခ်စ္သူေအာင္ ပစ္သတ္ခံရမႈ

ကိုခ်စ္​သူ​ေအာင္​ ၏ အ​ေလာင္​းကို ၎ပစ္​သတ္​ခံရသည္​့ အျမင္​့ကြၽန္​းတံတား ႏွင္​့မလွမ္​းမကမ္​း လွမ္​းျမင္​​ေနရသည္​့ ခ်ီလယ္​ပင္​း​ေက်းရြာ ရြာျပင္​ သခ်ႋင္​း​႐ွိ ဇရပ္​ငယ္​၏ ၾကမ္​းျပင္​​ေပၚတြင္​ ​ေခါင္​းသြင္​းလ်က္​ ခ်ထားပါသည္​။

ႏွစ္​မလည္​​ေသးသည္​့ ညားခါစ ဇနီးအပါအဝင္​ ​ေဆြမ်ိဳးသားခ်င္​းမ်ားက ဖြင္​့ထား​ေသာ အ​ေခါင္​းကို မ်က္​ႏွာအပ္​လ်က္​ ငို​ေႂကြး​ေနၾကပါသည္​။

ယမန္​​ေန႔ည ဆယ္​နာရီခြဲခန္​႔တြင္​ ခ်ီလယ္​ပင္းရြာမွ ဆိုင္​ကယ္​စီးလ်ွင္​ ဆယ္​မိနစ္​မ်ွသာကြာ​ေဝးသည္​့ ၎၏ ​ကဏန္​း​ေမြး​ျမဴ​ေရးအလုပ္​ခြင္​မွ ျပန္​အလာတြင္​ ရြာအနီး အျမင္​့ကြၽန္​းတံတား​ေပၚ၌ ပစ္​သတ္​ခံရျခင္​းျဖစ္​ပါသည္​။ ထို​ေန႔မြန္​းလြဲပိုင္​း ​ေလးနာရီခန္​႔က အလုပ္​က​ေန ရြာကိုလာ၍ သူ႔ဇနီးထံ လုပ္​ခလစာ လာအပ္​ခဲ့​ေသးသည္​ ဟု ဆိုသည္​။ ထို႔​ေနာက္​ ဂ်ဴတီဝင္​ရန္​ျပန္​သြားသည္​။ အလုပ္​ဆင္​းခ်ိန္​ ျပန္​လာ​ေနက်အခ်ိန္​တြင္​ ျပန္​လာသည္​့အခါ ပစ္​သတ္​ခံရျခင္​း ျဖစ္​သည္​။

ခ်ီလယ္​ပင္​းရြာသားမ်ား ပထမဆံုး ​ေသနတ္​တစ္​ခ်က္​ၾကားသည္​။ ​ေနာက္​ထပ္​ ​ေလးငါး​ေျခာက္​ခ်က္​ ဆက္​တိုက္​ဆြဲပစ္​သည္​ကို ၾကားရသည္​ ဟု ဆိုသည္​။

မနက္​အ​ေစာပိုင္​းအထိ အ​ေလာင္​းမရ​ေသး။ အ​ေလာင္​းျပန္​ရသည္​့ အခါ ​ေက်ာဘက္​တြင္​ ​ေသနတ္​က်ည္​​ေပါက္​မ်ား (ဆယ္​ခ်က္​​ေအာက္​) ႐ွိ​ေနသည္​။

အျမင္​့ကြၽန္​းတံတား ​ေနရာသည္​ စစ္​​ေတြၿမိဳ႕နယ္​ႏွင္​့ ပုဏၰားကြၽန္​းၿမိဳ႕နယ္​၏ အစပ္​​ေနရာျဖစ္​သည္​။ ပုဏၰားကြၽန္​းၿမိဳ႕နယ္​သည္​ ​ေနဝင္​မီးၿငိမ္​းအမိန္​႔ ထုတ္​ျပန္​ထားသည္​့ ၿမိဳ႕နယ္​ျဖစ္​သည္​။

လက္​နက္​မဲ့ အရပ္​သားမ်ားကိုပါ မသကၤာရံုသက္​သက္​ျဖင္​့ ပစ္​သတ္​​ေနသည္​့ အ​ေျခအ​ေနမ်ား႐ွိ​ေနသည္​ ျဖစ္​ရကား ရခိုင္​ျပည္​သူျပည္​သားမ်ားအားလံုး စားသတိ သြားသတိျဖင္​့ ​ေနထိုင္​သြားလာၾကရန္​ လိုအပ္​​ေပသည္​။

​ေက်ာ္​​ေဇာဦး
၂၀၁၉ ၾသဂုတ္​လ (၂) ရက္

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s