ICCPR နှင့် နိုင်​ငံ​ရေးသမားများ အရည်​အ​သွေး

==========

ICCPR လို့ အတို​ကောက်​​ခေါ်တဲ့ International Covenant on Civil and Political Rights စာချုပ်​ကို လက်မှတ်
ရေးထိုးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆို
အိမ်မဲ မဲဆန္ဒနယ်က ဒေါ်
သန္တာ တင်သွင်းတဲ့ အဆိုဟာ သာမန်​အတိုက်​အခံ​ဆွေး​နွေးသူနဲ့ ရင်​ဆိုင်​ရရင်​ NLD က ​လေးတန်​း​အောင်​ အမတ်​​တွေအပါအဝင်​ အများစုအမတ်​​တွေဟာ ပါတီက ညွှန်​ကြားထားတဲ့အတိုင်​း ​ထောက်​ခံမဲ​ပေးပြီး အတည်​ဖြစ်​သွားခဲ့မှာ ဖြစ်​ပါတယ်​။

နိုင်​ငံသားမဟုတ်​သူ​တွေကို နိုင်​ငံ​ရေးအခွင်​့အ​ရေး​တွေ​ပေးဖို့လုပ်​ရာ​ရောက်​​နေတယ်​ ဆိုတဲ့​ထောက်​ပြချက်​အပါအဝင်​ မင်​းကင်​းအမတ်​ ဦး​မောင်​မြင်​့ရဲ့ အခြား​သော ​ထောက်​ပြ​ဆွေး​နွေးချက်​​တွေ​ကြောင်​့ ဒီအဆိုကို အတည်​မပြုဖြစ်​ဘဲ မှတ်​တမ်​းတင်​ရုံအဆင်​့ ​လျှောချထားလိုက်​ရတယ်​ ဆိုတာကို ​တွေ့ရပါတယ်​။ (ICCPR ရဲ့ အကျိုးအပြစ်​ အ​သေးစိတ်​ကို ဒီ​ပို့စ်မှာ ကျွန်​​တော်​ ​​မ​ဆွေး​နွေးလို​သေးပါဘူး။)

ဦး​မောင်​မြင်​့ရဲ့ ​နောက်​ထပ်​အ​ရေးကြီးတဲ့ ​ထောက်​ပြချက်​တစ်​ခုက အခုမဲ​ပေးဖို့ လုပ်​​နေကြတဲ့ အမတ်​မင်​း​တွေဟာ ICCPR ရဲ့ text ကို ဖတ်​ဖူး/မဖတ်​ဖူး နဲ့ပတ်​သက်​လို့ ​ပြောကြားချက်​ပဲ ဖြစ်​ပါတယ်​။ text ဆိုတာ “စာသား” ကို ​ပြောတာဖြစ်​တယ်​ လို့​တောင်​မသိတဲ့သူ​တွေ တိုင်​းပြည်​နဲ့ လူမျိုးကိုယ်​စား အဆုံးအဖြတ်​​ပေးရတဲ့ ​နေရာကို ​ရောက်​​နေရင်​ အချိန်​မ​ရွေး ကိုယ်​ကျိုးနည်​းဖြစ်​ရပ်​ ဖြစ်​သွားနိုင်​တယ်​ ဆိုတာ ဆင်​ခြင်​နိုင်​ကြဖို့ လိုပါတယ်​။

နိုင်​ငံ​ရေးသမားတစ်​​ယောက်​ရဲ့ အရည်​အချင်​းဟာ မိမိတိုင်​းပြည်​ နဲ့ လူမျိုးကို သစ္စာရှိဖို့နဲ့ တိုင်​းပြည်​နဲ့လူမျိုးအတွက်​ အကျိုးကို ကိုယ်​ပိုင်​အသိဉာဏ်​နဲ့ ဆုံးဖြတ်​လုပ်​​ဆောင်​ နိုင်​စွမ်​း ဖြစ်​ပါတယ်​။ အတန်​းပညာ​လေးလည်​း အထိုက်​အ​လျောက်​ ရှိဖို့​ကောင်​းပါတယ်​။

လူသားတိုင်​းဟာ နိုင်​ငံ​ရေးသတ္တဝါဖြစ်​တဲ့အတွက်​ နိုင်​ငံ​ရေးမှာ ပါဝင်​ရာမှာ ဘယ်​လိုပညာ​ရေး​နောက်​ခံ အနည်​းအများနဲ့မဆို ပါဝင်​ကြဖို့ အား​ပေးပါတယ်​။ ဒါ​ပေမဲ့ policy-making အဆင်​့​မှာ လူမှန်​​နေရာမှန်​​တွေကို ပြည်​သူလူထုက တာဝန်​​ပေးကြဖို့ လိုပါတယ်​။

သို့​သော်​ အ​မေစု​ကို ​ထောက်​ခံဝန်​းရံပါတယ်​ သို့မဟုတ်​ ဦး​နေဝင်​းကို ​ထောက်​ခံဝန်​းရံပါတယ်​ လိုမျိုး ဆိုရုံမျှနဲ့ အရည်​အချင်​းပြည်​့ဝတဲ့ နိုင်​ငံ​ရေးသမားလို့ သတ်​မှတ်​ကြရင်​ တိုင်​းပြည်​ကြီး ငါးငါး​မှောက်​ရပါလိမ်​့မယ်​။

အမတ်​ သို့မဟုတ်​ ပါတီကို ပြည်​နယ်​အဆင်​့ (provincial level) နိုင်​ငံအဆင်​့ ဗဟို အဆင်​့ စသည်​ဖြင်​့ ဦး​ဆောင်​မယ်​့သူ​တွေဟာ အနည်​းဆုံးဆယ်​တန်​း​လောက်​​တော့​အောင်​သင်​့ပါတယ်​။ ဆယ်​တန်​းမ​အောင်​လည်​း အင်္ဂလိပ်​ ဘာသာစကားကို အ​ရေလည်​တဲ့ အဆင်​့​လောက်​အထိ​တော့ ​ခေတ်​ပညာ နဲ့ အကျွမ်​းဝင်​​နေသင်​့ပါတယ်​။

​ကျော်​​ဇောဦး
၂၀၁၉ စက်​တင်​ဘာလ (၁၂) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s