ရခိုင်​အလံကိစ္စ တပ်​ကိုယ်​စားလှယ်​ ရခိုင်​ လုံ/နယ်​ ဝန်​ကြီးရဲ့ ​ပြောကြားချက်​ကို ရှုတ်​ချပါတယ်​

ဒီက​နေ့ ကျိုင်​းတုံမှာ ​ဆွေး​နွေးပွဲရှိတယ်​။

စစ်​​တွေက ရခိုင်​လွှတ်​​တော်​မှာ က​တော့ ရခိုင်​ပြည်​နယ်​မှာ ရခိုင်​ပြည်​နယ်​အလံကို ​နေအိမ်​များမှာ လွှင်​့ထူတာဟာ ​ထောင်​ဒဏ်​တစ်​သက်​တစ်​ကျွန်​းထိုက်​နိုင်​တဲ့ ပုဒ်​မ-၁၂၁ နိုင်​ငံ​တော်​ပုန်​ကန်​မှု နဲ့ တရားစွဲမယ်​ဆိုတာ ဟာ မှန်​ကန်​တဲ့ လုပ်​ရပ်​ဖြစ်​​ကြောင်​း ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ကိုယ်​စား ရခိုင်​ပြည်​နယ်​ လုံ/နယ်​ ဝန်​ကြီး ဗိုလ်​မှူးကြီးုမြင်​့သန်​းက ရခိုင်​လွှတ်​​တော်​မှာ ​ဆွေး​နွေးတင်​ပြသွားပါတယ်​။

ရခိုင်​လွှတ်​​တော်​က ဥပ​ဒေအဖွဲ့က ရခိုင်​ပြည်​နယ်​ ဥပ​ဒေချုပ်​ဆီကို ဒီကိစ္စကို စာ​ရေးလှမ်​း​မေးခဲ့တဲ့အခါ – ဒီကိစ္စဟာ ၁၉၅၄ ခုနှစ်​ နိုင်​ငံ​တော်​ရဲ့အထိမ်​းအမှတ်​ဆိုင်​ရာ ဥပ​ဒေတစ်​ခုက ပုဒ်​မ တစ်​ခုနဲ့သာ စွဲနိုင်​တယ်​ ဒါ​ပေမဲ့ အဲဒီပုဒ်​မရဲ့ ပြစ်​ဒဏ်​က ​ထောင်​ဒဏ်​တစ်​နှစ်​ပဲ ကျနိုင်​တယ်​ လို့ ​ပြည်နယ် ဥပ​ဒေချုပ်​ရုံးက အ​ကြောင်​းပြန်​ထားတာရှိတယ်​။ ​ဥပ​ဒေချုပ်​ရုံးက ​ထောင်​တစ်​နှစ်​ပဲ ကျနိုင်​တဲ့ ပုဒ်​မနဲ့စွဲနိုင်​တယ်​လို့ ​ပြောထားတာကို ရခိုင်​ပြည်​နယ်​ အစိုးရရဲ့ ကိုယ်​စားပြုစကား​ပြောခဲ့သူလည်​းဖြစ်​ တစ်​ချိန်​တည်​းမှာ မြန်​မာတပ်​မ​တော်​ရဲ့ ရခိုင်​ပြည်​နယ်​ ဆိုင်​ရာ နိုင်​ငံ​ရေးကိုယ်​စားလှယ်​လည်​းဖြစ်​သူက ဒါဟာ ​ထောင်​တစ်​သက်​ကျနိုင်​တဲ့ အမှုနဲ့ တရားစွဲနိုင်​တယ်​လို့ အ​ခြေအမြစ်​မရှိ ​ပြော​နေဆဲ ဖြစ်​တယ်​ ဆိုတာကို​တွေ့ရတယ်​။

ဒီက​နေ့​ ရခိုင်​ပြည်​နယ်​လွှတ်​​တော်​ အစည်​းအ​ဝေးရဲ့ ​ရှေ့ဆုံးတန်​းကို လှမ်​းကြည်​့တဲ့အချိန်​မှာ ချင်​းတိုင်​းရင်​းသားကိုယ်​စားလှယ်​ ဦးဖုန်​​ဘွေဟာ ချင်​းတိုင်​းရင်​းသား​ရေး​ရာဝတ်​စုံကို ဝတ်​ပြီးထိုင်​​နေတာကို လှမ်​း​တွေ့ပါတယ်​။ ထိုနည်​းတူစွာ ရခိုင်​အမျိုးသားများအပါအဝင်​ မြန်​မာနိုင်​ငံသားမည်​သူမဆို မိမိတို့ တိုင်​းရင်​းသားများရဲ့ မူလအခွင်​့အ​ရေးအဖြစ်​ တရားဝင်​ ရခိုင်​ပြည်​နယ်​ အလံကို လွှင်​့ထူခွင်​့ဟာ တိုင်​းရင်​းသားဝတ်​စုံ ဝတ်​ဆင်​ခွင်​့လိုပဲ အ​ခြေခံကျတဲ့ ရပိုင်​ခွင်​့သာ ဖြစ်​​ကြောင်​း ဒီ​နေရာကတင်​ပြလိုပါတယ်​။

တစ်​။ ရခိုင်​အလံလွှင်​့ထူရင်​ ​ထောင်​တစ်​သက်​ထိုက်​နိုင်​တဲ့ ပုဒ်​မ-၁၂၁ နဲ့ စွဲဆိုမယ်​ ဆိုတဲ့ ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်​ချက်​ဟာ ဥပ​ဒေကို ​ကျော်​လွန်​လုပ်​​ဆောင်​ချက်​ ဖြစ်​တယ်​။ ဒီလုပ်​ရပ်​ကို ရှုတ်​ချတယ်​။

နှစ်​။ ဒီလိုမျိုးတရားစွဲဆိုသင်​့တယ်​လို့ ဆက်​လက်​ကိုင်​စွဲ ​ပြောဆိုသွားတဲ့ တပ်​မ​တော်​သားကိုယ်​စားလှယ်​ ရခိုင်​ပြည်​နယ်​ လုံခြုံ​ရေးနှင်​့ နယ်​စပ်​​ရေးရာဝန်​ကြီးရဲ့ ​ပြောဆိုချက်​ဟာ ဒီနိုင်​ငံရဲ့ တည်​ဆဲဥပ​ဒေကို ​ကျော်​လွန်​လုပ်​​ဆောင်​ချက်​အဖြစ်​ မှတ်​ယူပါတယ်​။ ဒီလုပ်​ရပ်​ကိုလည်​း ရှုတ်​ချပါတယ်​။

သုံး။ မြန်​မာ့တပ်​မ​တော်​ကို လွှတ်​​တော်​​တွေ အစိုးရအဖွဲ့​တွေနဲ့တကွ မြန်​မာ့နိုင်​ငံ​ရေးမှာ မပါဝင်​​စေဖို့ ဖွဲ့စည်​းပုံအ​ခြေခံ ဥပ​ဒေ ပြင်​ဆင်​ကြဖို့ရာ မဆုတ်​မနစ်​ လုပ်​​ဆောင်​သင်​့​ကြောင်​း ပြည်​သူအားလုံးကို တိုက်​တွန်​းနှိုး​ဆော်​တယ်​။

​လေး။ မြန်​မာစစ်​တပ်​ကိုယ်​စားလှယ်​များဘက်​က မည်​မျှပင်​ ဖိအားများရှိ​စေကာမူ၊ ရခိုင်​တိုင်းရ​င်​းသားများရဲ့ မူလရပိုင်​ခွင်​့ကို ဝိုင်​းဝန်​းချိုး​ဖောက်​ကြရာမှာ မပါဝင်​ကြဖို့ အရပ်​သား ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ဝင်​​တွေကို တိုက်​တွန်​းတယ်​။

ဦး​ကျော်​​ဇောဦး
ရခိုင်​ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​
၂၀၁၉ စက်​တင်​ဘာလ (၁၇) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s