တိုင်းရင်းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ဗိုလ်​​အောင်​ဆန်း ​ပြောဖူးတယ်

အင်​ဒိနီးရှားလက်​​အောက်​က ပါပူဝါနယူးဂီနီကျွန်း (အ​နောက်​ခြမ်​း)သား​တွေဟာ အင်​ဒိုနီးရှားအစိုးရရဲ့ အဖိနှိပ်​ခံ အသတ်​ဖြတ်​ခံ ကိုလိုနီဖြစ်​​နေရမှန်​း ကမ္ဘာကမသိတဲ့ ကိုလိုနီကျွန်​ပုန်​းဘဝ (hidden colony) အဖြစ်​ကို ​ရောက်​​နေကြပါတယ်​လို့ အ​နောက်​ပါပူဝါ​ခေါင်​း​ဆောင်​​​တွေက ကမ္ဘာကို တင်​ပြကြပါတယ်​။ ကျွန်​​တော်​တို့လည်​း အ​နောက်​ပါပူဝါကျွန်​းသား​တွေနဲ့ ဘဝတူ​တွေဖြစ်​​နေပြီလား ကိုယ်​့ကိုယ်​ကို ဆန်​းစစ်​ကြဖို့ လိုပါတယ်​။ ဗိုလ်​ချုပ်​​အောင်​ဆန်​းက​တော့ တိုင်​းရင်​းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ကတိ​ပေး ​ပြောကြားခဲ့ဖူးတာ ရှိပါတယ်​။

ရခိုင်​ပြည်​ ​နေရာစုံကလာကြတဲ့ အသက်​ (၃၀) ​အောက်​ လူငယ်​အများစုပါဝင်​တဲ့ သင်​တန်​းသား (၂၅) ဦးခန်​့ကို ပြီးခဲ့တဲ့ ရက်​​တွေအတွင်​း နှစ်​ရက်​တာ ​ဟော​ပြော​ဆွေး​နွေးခဲ့ပါတယ်​။ လက်​ရှိ ၂၀၀၈ ဖွဲ့စည်​းပုံ ဆိုတဲ့ ယန္တရား ဟာ ဘယ်​လိုလည်​ပတ်​သလဲဆိုတာနဲ့တကွ မိမိတို့ရဲ့ ပြာပုံတိုးဘဝ နင်​းပြားအဖိနှိပ်​ခံဘဝကို တစ်​​နေ့ ​ခြောက်​နာရီ နှစ်​ရက်​တာ ဆယ်​့နှစ်​နာရီ အ​တောအတွင်​းမှာ ​ဆွေး​နွေးပို့ချခဲ့ပါတယ်​။ ​အောက်​ပါတို့ဟာ ကျွန်​​တော်​ ​ဆွေး​နွေးတင်​ပြခဲ့တာ​တွေကို မှတ်​မိသမျှထဲက တချို့အချက်​​တွေ ဖြစ်​ပါတယ်​။

တစ်​။ “အချုပ်​အခြာအာဏာ”။ လက်​ရှိတည်​ဆဲ ၂၀၀၈ ဖွဲ့စည်​းပုံမှာ နိုင်​ငံ​တော်​ရဲ့အချုပ်​အခြာအာဏာဟာ နိုင်​ငံသားများထံက ဆင်​းသက်​ပြီး နိုင်​ငံ​တော်​ တစ်​ဝှမ်​းလုံး၌တည်​တယ်​လို့ ပြဌာန်​းထားတယ်​။ ဒါ​ပေမဲ့ တိုင်​းရင်​းသား​တွေရဲ့ ရင်​ထဲမှာ မှတ်​ယူထားတာက – နိုင်​ငံရဲ့အချုပ်​အခြာအာဏာဟာ ပြည်​နယ်​​တွေနဲ့ ပြည်​နယ်​သူပြည်​နယ်​သား​တွေ ထံက ဆင်​းသက်​တယ်​လို့ မှတ်​ယူထားကြတယ်​။ ဖက်​ဒရယ်​စစ်​စစ်​ ပြည်​​ထောင်​စုဖြစ်​လိုရင်​ အဲသည်​ အ​ခြေခံက​နေ ဖွဲ့စည်​းပုံကို စတင်​ပြင်​ဆင်​သင့်ပါ​တယ်​။ (ဆွစ်​ဇာလန်​ဖွဲ့စည်​းပုံမှာ ပြည်​နယ်​​တွေဟာ ဖွဲ့စည်​းပုံရဲ့ အ​ခြေခံပင်​မ ဖြစ်​ပြီး အချုပ်​အခြာအာဏာရဲ့ အရင်​းခံဖြစ်​တယ်​ လို့မှတ်​ယူကြတယ်​။) (ဗိုလ်​ချုပ်​​အောင်​ဆန်​းက​တော့ တိုင်​းရင်​းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ကတိ​ပေး ​ပြောကြားခဲ့ဖူးတာ ရှိပါတယ်​။)

နှစ်​။ “ပင်​လုံအနှစ်​သာရ”။ ပင်​လုံစာချုပ်​ဟာ ယ​နေ့ထက်​ထိ တရားဝင်​​နေဆဲစာချုပ်​ဖြစ်​တယ်​။ ပင်​လုံစာချုပ်​ရဲ့ အဓိကအနှစ်​သာရက စာချုပ်​ပါ နံပါတ်​ (ငါး) အချက်​ ဖြစ်​ပါတယ်​။ ဗဟိုအစိုးရဟာ ပြည်​နယ်​​တွေရဲ့ ပြည်​နယ်​တွင်​းအုပ်​ချုပ်​မှုကို လုံးဝဝင်​​ရောက်​စွက်​ဖက်​မှုမပြုရ လို့ အချက်​နံပါတ်​(ငါး) ကို ထည်​့သွင်​းသ​ဘောတူ ချုပ်​ဆိုခဲ့ကြတာ ဖြစ်​ပါတယ်​။ ဒီအချက်​ဟာ ပြည်​နယ်​​တွေမှာ အချုပ်​အခြာ အာဏာရှိခြင်​းကို စာချုပ်​ချုပ်​ဆိုသူများ အတိအလင်​းလက်​ခံခဲ့ကြတယ်​ ဆိုတာကို သိသာနိုင်​တဲ့ အချက်​ ဖြစ်​ပါတယ်​။ (ဗိုလ်​ချုပ်​​အောင်​ဆန်​းက​တော့ တိုင်​းရင်​းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ကတိ​ပေး ​ပြောကြားခဲ့ဖူးတာ ရှိပါတယ်​။)

သုံး။ “ထန်​းလျက်​နှစ်​ခဲစာ ပြည်နယ်​​ဘက်​ဂျက်​”။ ၂၀၁၉-၂၀၂၀ မြန်​မာပြည်​ဘက်​ဂျက်​အချုပ်​ကို slide ထိုးပြပြီး ရခိုင်​ပြည်​နယ်​အပါအဝင်​ တိုင်​းရင်​းသားပြည်​နယ်​ တစ်​ခုချင်​းရကြတဲ့ တစ်​နှစ်​တာ ဘက်​ဂျက်​ (ပျမ်​းမျှကိန်​း ရာခိုင်​နှုန်​း) ကို သင်​တန်​းသား​တွေကို ကျွန်​​တော်​က တွက်​ချက်​ခိုင်​းပါတယ်​။ ရခိုင်​ပြည်​နယ်​အပါအဝင်​ တိုင်​းရင်​းသားပြည်​နယ်​​တစ်​ခုချင်​းစီရဲ့ အသုံးဘက်​ဂျက်​ (ပျမ်​းမျှကိန်​း) ဟာ မြန်​မာတစ်​နိုင်​ငံလုံး အသုံးဘက်​ဂျက်​ရဲ့ (၀.၆၆) ရာခိုင်​နှုန်​းမျှသာ ရှိတာကို ​တွေ့ရပါတယ်​။ (၁) ရာခိုင်​နှုန်​း​တောင်​ မပြည်​့ပါဘူး။ ပြည်​​ထောင်​စု ဗဟိုအစိုးရ ဘက်​ဂျက်​ထဲက တိုင်​းရင်​းသားပြည်​​နယ်​​တွေကို ​မြေပြင်​​ပေါ်မှာ သက်​​ရောက်​မှုရှိနိုင်​တဲ့ ဘက်​ဂျက်​​တွေဖြစ်​တဲ့ စိုက်​ပျိုး​ရေး၊ ပညာ​ရေး နဲ့ ကျန်​းမာ​ရေး ဘက်​ဂျက်​​တွေကို ထည်​့တွက်​ပါမှ တစ်​ရာခိုင်​နှုန်​းမျှသာ ​ရနိုင်​​ခြေရှိတာကို​တွေ့ရပါတယ်​။ (ဗိုလ်​ချုပ်​​အောင်​ဆန်​းက​တော့ တိုင်​းရင်​းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ကတိ​ပေး ​ပြောကြားခဲ့ဖူးတာ ရှိပါတယ်​။)

​လေး။ “​ရခိုင်​တစ်​ကျပ်​ ထန်​း​တော ၉၃-ကျပ်​”။ အထက်​ပါတွက်​ချက်​ကြည်​့မှုရဲ့ အ​ဖြေအဖြစ်​​တွေ့ရှိရတာက​တော့ – မြန်​မာနိုင်​ငံဘက်​ဂျက်​အဖြစ်​ ​ငွေတစ်​ရာကျပ်​ကို သုံးတိုင်​းသုံးတိုင်​းမှာ ဗဟိုအစိုးရကို ချုပ်​ကိုင်​ထားတဲ့ ဘာသာစကားတူ လူအုပ်​စုကြီးက (၉၃) ကျပ်​ ကိုင်​သုံး​နေပြီး ကျန်​တဲ့ လူမျိုးငယ်​ပြည်​နယ်​​တွေက တစ်​ပြည်​နယ်​ကို တစ်​ကျပ်​နှုန်​းနဲ့ စုစု​ပေါင်​း ခုနစ်​ကျပ်​မျှသာ သုံးစွဲခွင်​့ရကြတာ ဖြစ်​​ကြောင်​း ​ယေဘုယျသ​ဘောတရားအရ ​တွေ့ရှိရတယ်​။ တချိန်​တည်​းမှာ သိထားဖို့လိုအပ်​တာက တစ်​နိုင်​ငံလုံးရ​ငွေရဲ့ အဓိကအစိတ်​အပိုင်​းဖြစ်​တဲ့ သယံဇာတရ​ငွေ​တွေဟာ ပြည်​နယ်​​တွေဆီက အဓိကစီးဆင်​းလာ​နေတာ ဖြစ်​ပါတယ်​။ (ဗိုလ်​ချုပ်​​အောင်​ဆန်​းက​တော့ တိုင်​းရင်​းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ကတိ​ပေး ​ပြောကြားခဲ့ဖူးတာ ရှိပါတယ်​။)

ငါး။ “နိုင်​ငံ​တော်​”။ ပုဒ်​မ-၄၇ အရ နိုင်​ငံ​တော်​ဆိုတာ ပြည်​​ထောင်​စုလွှတ်​​တော်​နဲ့ ပြည်​​ထောင်​စု အစိုးရ ကို ဆိုလိုတယ်​။ လက်​ရှိဖွဲ့စည်​းပုံအရ ပြည်​​ထောင်​စုလွှတ်​​တော်​နဲ့ ပြည်​​ထောင်​စု အစိုးရကို ပြည်​မ​နေ​တွေကပဲ လွှမ်​းမိုးချုပ်​ကိုင်​ထားနိုင်​မှာ ဖြစ်​တယ်​။ ဒီ​တော့ ဖွဲ့စည်​းပုံပါ နိုင်​ငံ​တော်​ဆိုတဲ့စကားလုံးကို ကြားရတိုင်​းဖတ်​ရတိုင်​းမှာ ဉာဏ်​သတ်ိနဲ့ ဆင်​ခြင်​သင်​့တာက “နိုင်​ငံ​တော်​” ဆိုတာ ပြည်မ​​နေ​တွေကို ဆိုလိုတဲ့သ​ဘောပဲဆိုတဲ့သ​ဘော ပကတိအ​ခြေအ​နေမှာ ဖြစ်​ပ​ျက်​​နေတယ်​ လို့ မှတ်​ယူရမှာ ဖြစ်​တယ်​။ တဖန်​ တပ်​မ​တော်​ဟာ ​ရွေး​ကောက်​တင်​​မြှောက်​ခံ အရပ်​သားအစိုးရဘက်​ခြမ်​းက လွှမ်​းမိုးနိုင်​စွမ်​းမရှိတဲ့ အသွင်​မယူ အစိုးရဖြစ်​တယ်​။ ဒီအသွင်​မယူ အစိုးရကို ဘယ်​သူ​တွေက လွှမ်​းမိုးချုပ်​ကိုင်​ထားတယ်​ ဆိုတာကိုလည်​း ​မေးခွန်​းထုတ်​​နေစရာ မလို​တော့ပါဘူး။ (ဗိုလ်​ချုပ်​​အောင်​ဆန်​းက​တော့ တိုင်​းရင်​းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ကတိ​ပေး ​ပြောကြားခဲ့ဖူးတာ ရှိပါတယ်​။)

​ခြောက်​။ “ထန်​းရွက်​​ပေ​ပေါ်မှာ ​ရေးတဲ့ဘက်​ဂျက်​”။ နိုင်​ငံဘက်​ဂျက်​ကို ကနဦး​ရေးဆွဲရတဲ့ ပြည်​​ထောင်​စု ဘဏ္ဍာ​ရေး​ကော်​မရှင်​ကို သမ္မတ နဲ့ ဒုသမ္မတ နှစ်​ဦးက ဦး​ဆောင်​တယ်​။ ဘက်​ဂျက်​မူကြမ်​းကို တင်​သွင်​းရတဲ့ အစိုးရအဖွဲ့ကိုလည်​း သမ္မတ နဲ့ ဒုသမ္မတ နှစ်​ဦးကပဲ ဦး​ဆောင်​တယ်​။ ဘက်​ဂျက်​မူကြမ်​းကို အတည်​ပြုရတဲ့ ပြည်​​ထောင်​စုလွှတ်​​တော်​ကိုလည်​းပဲ ဘာသာစကားတူ လူအုပ်​စုကြီးတစ်​စုကပဲ ချုပ်​ကိုင်​ထားတယ်​။ ဒါ​ကြောင်​့မို့လို့ ထန်​း​တောသား​တွေဟာ ​ခေတ်​အစဉ်​အဆက်​ ရလာသမျှပိုက်​ဆံ​တွေကို အလယ်​တရိုး ဖြိုး​မောက်​ဖို့အ​ရေးအတွက်​ ဒလ​ဟောသုံးစွဲပြီး ကျွန်​​တော်​တို့ကို ​ခွေးအမှတ်​နဲ့ နှစ်​စဉ်​ ထန်​းလျက်​တစ်​ခဲနှစ်​ခဲ​လောက်​ ပစ်​​ကျွေး​ပေး​နေတာ ဖြစ်​ပါတယ်​။ (ဗိုလ်​ချုပ်​​အောင်​ဆန်​းက​တော့ တိုင်​းရင်​းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ကတိ​ပေး ​ပြောကြားခဲ့ဖူးတာ ရှိပါတယ်​။)

ခုနစ်​။ “နစ်​​နေဆဲ သ​င်္ဘောကို ပြင်​ချင်​​သေးလား”။ ဖက်​ဒရယ်​စစ်​စစ်​ ပြည်​​ထောင်​စုဖြစ်​လာပြီး ငြိမ်​းချမ်​းတဲ့ တိုင်​းပြည်​​ဖြစ်​လာ​စေချင်​တဲ့ ​စေတနာ စစ်​စစ်​မှန်​မှန်​ ရှိတယ်​ဆိုရင်​ – လက်​ရှိဖွဲ့စည်​းပုံကို ပြင်​ဆင်​ရာမှာ ​မဖြစ်​မ​နေ ​ပြောင်​းလဲပြင်​ဆင်​သင်​့တဲ့ အချက်​​တွေထဲက (အနည်​းငယ်​မျှ​သော) အချို့အချက်​​တွေက​တော့ ​အောက်​ပါအတိုင်​းဖြစ်​တယ်​။ (ဗိုလ်​ချုပ်​​အောင်​ဆန်​းက​တော့ တိုင်​းရင်​းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ကတိ​ပေး ​ပြောကြားခဲ့ဖူးတာ ရှိပါတယ်​။)
‌(က) တိုင်​းခုနစ်​တိုင်​းကို ဖျက်​သိမ်​းပြီး တစ်​ခုတည်​း​သော ဗမာပြည်​နယ်​အဖြစ်​​ပြောင်​းလဲဖွဲ့စည်​းသင်​့တယ်​။ အဲသည်​ ဗမာပြည်​နယ်​ဟာ ရခိုင်​ပြည်​နယ်​ စတဲ့ တိုင်​းရင်​းသားပြည်​နယ်​​တွေနဲ့တန်​းတူ တူညီ​သောကိုယ်​စားလှယ်​အ​ရေအတွက်​ကိုသာ အမျိုးသားလွှတ်​​တော်​သို့ ​စေလွှတ်​တာ ဖြစ်​ရမယ်​။
‌(ခ) အဲသည်​အမျိုးသားလွှတ်​​တော်​ဟာ လူဦး​ရေကို အ​ခြေခံတဲ့ ပြည်​သူ့လွှတ်​​တော်​နဲ့ တန်​းတူ​သော အာဏာရှိရမယ်​။ အဲသည်​တန်​းတူမှုကို ထိန်​းသိမ်​းရန်​အလို့ငှါ အမျိုးသားလျွတ်​​တော်​နဲ့ ပြည်​သူ့လွှတ်​​တော်​ကို ပြည်​​ထောင်​စုလွှတ်​​တော်​အဖြစ်​ တ​ပေါင်​းတည်​းကျင်​းပခြင်​း လုံးဝမပြုရ။
‌(ဂ) ဘဏ္ဍာ​ရေး​ကော်​မရှင်​အား ထန်​း​တောသား​တွေကပဲ ချုပ်​ကိုင်​ထားတဲ့ ပုံစံမဖြစ်​​အောင်​ ​ပြောင်​းလဲဖွဲ့စည်​းရမယ်​။
‌(ဃ) ကြွင်​းကျန်​အာဏာကို ပြည်​​ထောင်​စု(ဗဟို)မှာ မထားပဲ အမျိုးသားပြည်​နယ်​ (ethnic state) ​တွေဆီမှာပဲ ထားရမယ်​။

ရှစ်​။ လက်​ရှိဖွဲ့စည်​းပုံကို စစ်​မှန်​တဲ့ ပြည်​​ထောင်​စု ဖြစ်​လာ​အောင်​ ပြင်​ဆင်​လိုတဲ့ စိတ်​သ​ဘောထားဟာ စစ်​ဘက်​မှာ​ရော လူများစု ထန်​း​တောသားတို့ရဲ့အရပ်​ဘက်​မှာပါ စိုးစဉ်​းငယ်​မျှ​တောင်​ မရှိကြတာကို​တွေ့ရတယ်​။ သူတို့ ဖွဲ့စည်​းပုံပြင်​ဆင်​​ရေး လုပ်​​​နေတယ်​ဆိုတာ နင်​းပြား တိုင်​းရင်​းသားအကျိုးမပါတဲ့ အ​ယောင်​​ဆောင်​ ဖွဲ့စည်​းပုံပြင်​ဆင်​​ရေးမျှသာဖြစ်​တယ်​။ (ဗိုလ်​ချုပ်​​အောင်​ဆန်​းက​တော့ တိုင်​းရင်​းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ကတိ​ပေး ​ပြောကြားခဲ့ဖူးတာ ရှိပါတယ်​။)

ကိုး။ ပြည်​နယ်​ဝန်​ကြီးခ​ျုပ်​ကို ပြည်​နယ်​လွှတ်​​တော်​က ခန်​့ခွင်​့ရှိလာ​အောင်​ပြင်​ဆင်​နိုင်​တယ်​ ထားပါဦး၊ အဲသည်​ ပြည်​နယ်​ဝန်​ကြီးချုပ်​မှာ လုပ်​ပိုင်​ခွင်​့​တွေ ကင်​းမဲ့​နေဦးမှာ ဖြစ်​ပါတယ်​။ (ဗိုလ်​ချုပ်​​အောင်​ဆန်​းက​တော့ တိုင်​းရင်​းသား​တွေ ဗမာကျွန်​မဖြစ်​​စေရဘူးလို့ ​ကတိ​ပေး ​ပြောကြားခဲ့ဖူးတာ ရှိပါတယ်​။)

တစ်​ဆယ်​။ သင်​တန်​းအပြီးမှာ ကျွန်​​တော်​တို့ဟာ “We shall overcome” သီချင်​းကို ပြိုင်​တူဆိုခဲ့ကြတယ်​။

ဦး​ကျော်​​ဇောဦး
ရခိုင်​ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​
၂၀၁၉ စက်​တင်​ဘာလ (၂၃)ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s