
ရခိုင်ပြည်တွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှု အကြီးအကျယ် များပြား မြင့်မားလာတဲ့ကိစ္စ။
မနေ့ညက စစ်တွေမြို့သူ ညီမငယ်တစ်ယောက်က ဖေ့စ်ဘုတ်မှာ ပို့စ်တစ်ခုရေးတင်တယ်။ စစ်တွေအပါအဝင် ရခိုင်ပြည်က မြို့တွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကြောင့် သုံးစွဲသူတွေကိုယ်တိုင်ရဲ့ဘဝတွေ ရိရွဲ့ယိုယွင်းပျက်စီးရတဲ့အပြင် သက်ဆိုင်ရာ မိသားစုတွေရဲ့ဘဝတွေကို ဘယ်လောက်ပြင်းပြင်းထန်ထန် ထိခိုက်ကြရသလဲ ဆိုတာကို ရိုးရှင်းတဲ့စကားတွေနဲ့ ရိုးသားစွာခံစားရတဲ့ နာကျင်မှုတွေနဲ့ သူမရေးသားထားတယ်။ သူမရေးတင်ပြီး (၁၁) မိနစ်အကြာမှာ ကျွန်တော် ထပ်ဆင့် မျှဝေ share ခဲ့ပါတယ်။
တစ်ခါက မနှစ်က ကျွန်တော့်အောက် အသက်(၁၅) နှစ်ခန့်ငယ်တဲ့ ညီငယ်တစ်ယောက်က ကျွန်တော့်ကို လေးလေးနက်နက် ပြောဖူးမေးဖူးတယ်။ စစ်တွေနဲ့တကွ ရခိုင်မြို့တွေမှာ လူငယ်တွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ ကြောက်မခန်းလိလိ ပျံ့နှံ့ ဖြစ်ပျက် လို့ရှိနေတယ်။ အစ်ကိုတို့ အခုမျိုးဆက်မှာ ရခိုင်ပြည်ကို တည်ဆောက်ဖို့ ကြိုးစားလို့ အောင်မြင်တယ် ထားပါဦး အစ်ကိုတို့ထားခဲ့တဲ့ ရခိုင်ပြည်ကို ဆက်လက်တည်ဆောက်ဖို့ လူတွေ မရှိတော့ပဲ ဘိန်းစားတွေချည်းပဲ ကျန်ခဲ့ရင် ရခိုင်ပြည်ကို ဘယ်လို ဆက်လက်တည်ဆောက်ကြမလဲ လို့ သူကပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုယိုယွင်းပျက်စီးမှု (climate crisis) အရေးကို တိုက်ပွဲဝင်သူ Greta Thunberg လို့ အမည်ရှိတဲ့ အသက် (၁၆) နှစ်အရွယ် ဆွီဒင် ကျောင်းသူလေးတစ်ယောက်ဟာ မနှစ်က သြဂုတ်လ ဆွီဒင် ပါလီမန်ရှေ့မှာ တစ်ယောက်တည်း ထိုင်ဆန္ဒပြရာကစပြီး သူ့မရဲ့အဆက်မပြတ် အရေးဆိုမှု တိုက်ပွဲဝင်မှုတွေကြောင့် climate change အရေးမှာ သက်ရောက်မှုတွေ မထင်မှတ်ဖွယ်ရာ ကြီးမားသထက်ကြီးမားလာတယ်။ ဒါကို အခု Greta effect လို့ ခေါ်ကြတယ်။
Greta ကို မလိုလားသူ ရန်သူများစွာ ရှိလာတဲ့အလျောက် သူမအပေါ်ပြောကြတဲ့ မလိုတမာ ကောလဟာလအချို့နဲ့ပတ်သက်လို့ ရေးသားရှင်းလင်းချက်တစ်ခု ဖေ့စ်ဘုတ်မှာရေးပါတယ်။ ရေးသားချက်ရဲ့ ဆိုလိုရင်းတွေထဲက တစ်ခုက – ”I want you to panic” ဆိုတဲ့စကားပါ။ လူသားအပေါင်းအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ထိတ်လန့်တကြား ဖြစ်ကြတာမျိုး ကျွန်မက ဖြစ်စေချင်တယ်လို့ ကျွန်မက ပြောခဲ့ရေးခဲ့ရင် အမှန်တကယ် ထိတ်လန့်တုန်လှုပ်ရမယ့် အခြအနေကို ရောက်နေလို့ ပြောသင့်တဲ့စကားကို ကျွန်မ ပြောတာဖြစ်တယ်လို့ သူမက ဆိုပါတယ်။
စစ်တွေမြို့နဲ့ ရခိုင်ပြည်တစ်ဝှမ်းမှာ ကပ်ရောဂါဆိုက်သည့်ပမာ ကြီးမားစွာ သက်ရောက်ဖိစီးလာတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများအရေးကို မနေ့က Khin Yatanar Thein ရေးသားတဲ့ သတင်းစကားကို အချက်ပေးခေါင်းလောင်းထိုးသံအဖြစ် မှတ်ယူကြဖိုလိုပါတယ်။ ဒီခေါင်းလောင်းသံကြောင့် ကျွန်တော်တို့အားလုံး ထိတ်လန့်တကြားဖြစ်ကြရပါမယ်။ ကြီးကျယ်စွာ မီးလောင်ကျွမ်းနေတဲ့ အိမ်ထဲကလူလို အိမ်ပြင်ကိုအရင်ဆုံးပြေးထွက်၊ အိမ်ထဲကလူတွေ မိသားစုဝင်တွေ အကုန်လုံးအိမ်အပြင်ကို ရောက်မရောက် စိစစ်၊ မရောက်သေးရင် ကယ်ထုတ်နိုင်ဖို့ကြိုးစား၊ ပတ်ဝန်းကျင်အကူအညီကို ရယူ . . . စသည်ဖြင့် အမြန်ဆုံးတုံ့ပြန်လုပ်ဆောင်ဖို့ လိုအပ်တဲ့ ထိတ်လန့်တကြား ဖြစ်ကို ဖြစ်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။
မခင်ရတနာသိန်း ထိုးတဲ့ခေါင်းလောင်းသံကို ကျွန်တော် ထပ်ဆင့်ထိုးပါတယ်။ သူမရေးသားတဲ့ မူရင်းပို့စ်ကို ဤသည်မလွဲ အောက်မှာ ထပ်ဆင့် ကူးယူဖော်ပြထားပါတယ်။
ကျော်ဇောဦး
၂၀၁၉ စက်တင်ဘာလ (၂၄) ရက်
==========

စစ်တွေမြို့ … ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး … တစ်ကမ္ဘာလုံးက ဘိန်း/အစိ လုပ်နေတဲ့လူတွေအားလုံး …
ေဩာ် … ကိုယ် သူဌေးဖြစ်ရင်ပြီးရော ကျန်တဲ့ လူတွေ ၊ မိသားစုတွေ ဖြစ်ချင်တာဖြစ်ကရောလား ? ကိုယ့်မိသားစုထဲကမဟုတ်ပဲ ဆွေမျိုး ၊ အသိတွေထဲမှာ
ဆေးစွဲနေတဲ့ လူတစ်ယောက်ရှိနေရင်တောင် အရမ်း ကိုယ်ချင်းစာတယ် ဘယ်လောက်စိတ်ဒုက္ခရောက်ရလဲ ?
မိဘတွေ ဘယ်လောက်စိတ်ဆင်းရဲရလဲ ? ဘယ်အချိန် စိတ်ဖောက်မလဲ … ဘယ်အချိန် ပိုက်ဆံပြတ်ရင် ခိုးမလဲ …
အပြင်က ညသန်းခေါင် ဘယ်အချိန်ပြန်လာမလဲ … ထမင်းရော စားဖြစ်ရဲ့လား … အပြင်မှာ တစ်ခုခုများဖြစ်နေပီလား … ဘယ်အချိန် ဖုန်းဆက်လာမလဲ … စခန်းရောက်နေပီလား … ဆေးစွဲတဲ့လူရှိတဲ့အိမ်ဆို တစ်အိမ်လုံးနီးပါး အိပ်ရေးဆပ်သွားကြတယ် … တံခါးသံကြားရင် ေဩာ် … ငါ့သားများလား၊ငါ့အကိုများလား၊ ငါ့မောင့်များလားဆိုတဲ့ အသိနဲ့ အအိပ်မဖြောင့်ကြပြန်ဘူး … တခါတလေ ၁လ ၂လလောက် အိမ်ကနေ ပျောက်သွားပြန်ရော … ပိုက်ဆံပြတ်လို့ အိမ်ပြန်လာရင် အရုပ်တောင်မပေါက်လို့
အိမ်သားတွေ မြင်တာကိုနဲ့ စိတ်ဆင်းရဲကြရတယ် …
ပိုက်ဆံတောင်းရင်လည်း မပေးဘူးလို့ စိတ်တင်းထားပြန်လည်း မပေးရင်လည်း ဝမ်းနည်းပြန်ရော … ေဩာ် ငါ့သား မသုံးရလို့ ခန္ဓာတွေကိုက်နေမလား တစ်ခုခုဖြစ်သွားမလား စိတ်ပူကြပြန်တယ် … ဒါတွေကို သိတဲ့ ဆေးcompanyပိုင်ရှင်တွေကတော့ အပျော်ကြီးပျော်ကြတာပေါ့ … ဆေးသမားတွေ သုံးစရာပိုက်ဆံမရှိတော့ရင် ရောင်းစားခိုင်း ၊ Carry လုပ်ခိုင်းပီး နည်းနည်းစီ ပေးသုံးထားတယ် သူတို့တွေက အေးဆေးပေါ့ … တခါတခါဆို ဘာမှမရှိတဲ့ဘိန်းစားတွေကို SUP တို့ Land C တို့လို ကားနဲ့ အိမ်ရှေ့ထိလာခေါ်ကြတာလည်း အမြင်ပဲ … ဘာလုပ်ဖို့ခေါ်ကြလည်း အသိဆုံးပေါ့ … မပြတ်နိူင်တဲ့သူကတော့ လိုက်သွားရစမြဲပဲ …
မိဘတွေမှာတော့ အဆင်ပြေပါစေကြောင်း လျော့တခါ ၊
ခြောက်တလှည့်နဲ့ မတည်မှန်းသိတဲ့ ကတိတွေ ခဏခဏပေးတာတွေတောင် အမြဲယုံစမြဲ ယုံမြဲ …
တချို့မှာဆို လင်မယားနှစ်ယောက်ရောင်း လင်ကစွဲ မိန်းမကလည်းထပ်ရောင်းမြဲ သားစွဲ ၊ သမက်စွဲ
ရောင်းကြပြန်တယ် … တချို့ဆို တစ်မိသားစု တမျိုးလုံးတစ်ဆွေလုံးတွေ လုပ်ပီး လူကိုလူလို့မမြင်တာတွေမှ ကိုယ့်ရှေ့မှာတပုံ …တချို့ဆို သူများသားသမီးဖြစ်ချင်တာဖြစ် ကိုယ့်သားသမီးတွေကျ ဒီမှာတောင် မထားဘူး ဗိုင်းကောင်းကျောက်ဖိ ထားကြပြန်တယ် … သုံညကနေစလို့ ဘာမှမရှိတဲ့ လူရောင်းပစေ … လုပ်ပီးလို့ ငါ့ဘဝအတွက် ငါ့မိသားစုအတွက် ဖူလုံပီဆိုတဲ့အချိန် ရပ်ကြလေနော် … သိထားရမှာက မိဘတွေအားလုံးကျခဲ့တဲ့ မျက်ရည်နဲ့ နင်တို့ရတဲ့ ပိုက်ဆံတွေ နင်တို့ တစ်မိသားစုလုံး အများဆုံး စားနိူင်လည်း ဒီတစ်ဘဝပဲ … ဒီချမ်းသာမှုကို နောက်ဘဝသယ်ချင်ပါ”တယ်ဆိုတောင် မရဘူး သေရင်တောင် ပိုက်ဆံတစ်သိန်းထည့်ပေးလိုက်တဲ့ လူရှိလိုလား ၊ ဘိန်းလုပ်ပီး အောက်ခြေလွတ်နေတဲ့ လူတွေ နင်တို့လို မလုပ်တက်လို့ မချမ်းသာဘူး မထင်ကြပါနဲ့ …
အခုက စစ်တွေမြို့ ၃ပုံ၂ပုံက သူဌေး … ရောင်းတဲ့လူကလွှဲ ရှိသမျှ ယောကျ်ားတွေက ဘိန်းစား … မြို့ကျတော့
မွဲခြောက်ခြောက် … သုံးမကုန်ပါဆိုတဲ့ နင်တို့ပိုက်ဆံတွေနဲ့ ကိုယ့်မြို့အတွက်ရော အကျိုးပြုနိူင်မဲ့ အလုပ်တစ်ခုခုပြန်လုပ်ပေးဖူးလား ??? သူများမြို့တွေမှာဆို မြင်ဖူးပါတယ် တကယ်ကြိုးစားလို့ ချမ်းသာသွားရင်တောင် ဘဝမမေ့ ကိုယ့်မြို့ကိုယ့်မြေကို
ပြန်အထောက်အပံ့ ပေးကြတဲ့သူတွေ … ကြားဖူးကြပါတယ် ‘ ဝဋ်ကြွေး ‘ ဆိုတာ ဆပ်လို့လည်းမကုန်ပါဘူး … ဘဝတောင်မကူးသူတွေတောင် ရှိကြပါသေးတယ် …
စားခဲ့ရလားဆိုတော့လည်း မစားခဲ့ရပဲ သေသွားတဲ့ ငါတစ်ကဲကဲနေတဲ့ သူဌေးတွေ … ဝဋ်ကနောက် ချမ်းသာမှာက အခုလို့ ခံယူထားကြလို့လည်း ဒီချမ်းသာမှုကို လုပ်ယူနေကြတာပေါ့ … နောက်ဆိုသုံးတဲ့လူတွေကို အပြစ်မမြင်တော့ပါဘူး … သူတို့ ခင်ဗျာ မသုံးချင်ဘူးလို့ တိကနဲ့ ဖြတ်ပစ်လို့ရတဲ့ အရာလည်းမဟုတ်ဘူးလေ …
အိမ်တိုင်းရာရောက်လာခေါ်တဲ့ လူတွေကလည်း ရှိနေတော့ …
ဆရာတော် ဘုရားဟောထားတဲ့
ခံရသူ အဟောင်း … ပြုသူက အသစ်တဲ့ …
မိသားစုများကျခဲ့တဲ့ မျက်ရည်နဲ့စာကို ခင်ဗျားတို့ ဘယ်နှစ်ဘဝစားနိူင်ကြမှာလဲ ??????
PS . မနေ့က ဆုံးသွားတဲ့ အသိအကိုတစ်ယောက်ကြောင့်ပါ …
ကျန်နေတဲ့ မိသားစု ၊ ကျန်ရစ်ခဲ့တဲ့ မိသားစု ဘယ်လောက်ပူဆွေးရလဲ နင်တို့ သားတွေအလှည့်မှ ကိုယ်ချင်းစာနိူင်ကြပါစေ ….
Khin Yatanar Thein
မူရင်းလင့် =>
==========

