စစ်​​တွေ​ဆေးရုံ၊ press opportunity

ဗြိတိန်​က ​ဆေးရုံတစ်​ရုံကို ဝန်​ကြီးချုပ်​ ​ဘောရစ်​ဂျွန်​ဆင်​လာကြည်​့​တော့ လူနာမိဘတစ်​​ယောက်​က ဝန်​ကြီးချုပ်​ကို ပြင်​းပြင်​းထန်​ထန်​ အပြစ်​တင်​​ပြောကြားပါတယ်​။ ကျန်​းမာ​ရေးစနစ်​ဟာ နှစ်​စဉ်​နှစ်​တိုင်​း နှစ်​​ပေါင်​းများစွာ ယိုယွင်​းလာတာ အခု အခုလုံးဝပျက်​စီးသွားပြီီ၊ ဒါ​တောင်​ အခုမင်​းလာပြီး​တော့ အ​ယောင်​လာပြပြ်ီး ဓာတ်​ပုံရိုက်​ တီဗီရိုက်​ပြီး သတင်​းမှာ ထည်​့နိုင်​ဖို့ သတင်​းအခွင်​့အလမ်​း (press opportunity) လာယူ​နေ​သေးတယ်​ လို့ ဝန်​ကြီးချုပ်​ ​ဘောရစ်​ဂျွန်​ဆင်​ကို ​ရင်​ဆိုင်​​ပြောဆိုပါတယ်​။

​ဘောရစ်​က သတင်​းအခွင်​့အလမ်​း (press opportunity) အတွက်​လာတာ မဟုတ်​ဘူး လို့ ငြင်​းတယ်​။ လူနာမိဘက သတင်​းသမား​တွေ ရှိရာဘက်​ကို လက်​ညိုးထိုးပြပြီး ဒီလူ​တွေ နင်​​ခေါ်လာတာ မဟုတ်​ဘူးလား၊ အခု​ရောက်​​နေတဲ့ press handler သတင်​းသမား​တွေကို ညှိနှိုင်​းကိုင်​တွယ်​​ရေးအရာရှိကဘာလဲ လို့ ပြန်​​မေး​တော့ ဘာမှပြန်​မ​ဖြေနိုင်​ဘူး။

ကျွန်​​တော်​တို့ဆီက အ​ခြေအ​နေဆိုးဆိုးရွားရွား ဖြစ်​​နေတဲ့ စစ်​​တွေ​ဆေးရုံကို​တော့ နိုင်​ငံ​ရေးရာထူးရှိသူ​တွေဟာ အမှန်​တကယ်​တာဝန်​ယူ​ဆောင်​ရွက်​ဖို့ကို ​မဆိုထားနဲ့ ​ဘောရစ်​လိုမျိုး အ​ယောင်​ပြခရီးစဉ်​ press opportunity အမြတ်​ထုတ်​မယ်​့ အလည်​အပတ်​​လေး​တောင်​ အားထုတ်​မှု​လေးဘာ​လေး ကျွန်​​တော်​​တော့ မမြင်​မိ​သေးဘူး။ ပြည်​နယ်​လူမှု​ရေးဝန်​ကြီးကို နားမလည်​သူ​တွေက အပြစ်​တင်​ချင်​တင်​မိမယ်​။ ဒါ​ပေမဲ့ သူ့ရာထူးဟာ အမှန်​တကယ်​ တာဝန်​ခံ​ဆောင်​ရွက်​ရတဲ့ ရာထူးမျိုးမဟုတ်​ဘဲ နည်​းနည်​းပါးပါး ညှိနှိုင်​း​ဆောင်​ရွက်​မှု informal coordination ​လောက်​မျှကိုသာ ​ဆောင်​ရွက်​​ပေးရတာ ဖြစ်​တယ်​။

လူနာ​သေဆုံးမှုနှုန်​းမြင်​့မားတဲ့ စစ်​​တွေ​ဆေးရုံဟာ စစ်​​တွေမြို့တစ်​မြို့တည်​းလူဦး​ရေအတွက်​မျှသာ ဝန်​​ဆောင်​မှု​ပေး​နေရတာ မဟုတ်​ပါဘူး။ စစ်​​တွေနဲ့ အနီးအနားမြို့နယ်​​တွေအားလုံးက လူဦး​ရေအတွက်​ ဝန်​​ဆောင်​မှု​ပေး​နေရပါတယ်​။ အမတ်​​တွေကလည်​း လွှတ်​​တော်​မှာ ​မေးခွန်​း​တွေ​မေးရင်​လည်​း ​မေးခဲ့သည်​ဆိုရုံကလွဲလို့ ဘာတိုးတက်​ အကျိုးသက်​​ရောက်​မှုမှ ရှိလာတာကို မ​တွေ့ရဘူး။ ​

​ဘောရစ်​ဂျွန်​ဆင်​တို့ရဲ့ ဗြိတိန်​က ​ဆေးရုံ​တွေထက်​ အဆ​ပေါင်​းရာ​ထောင်​ချီညံ့ဖျင်​းတဲ့ စစ​်​​တွေက ​ဆေးရုံဟာ ဆရာဝန်​၊ သူနာပြု အ​ရေအတွက်​နဲ့ လူနာအ​ရေအတွက်​ မမျှတ မလုံ​လောက်​မှု​တွေ၊ ကုတင်​မလုံ​လောက်​မှု တို့အပါအဝင်​ အိမ်​သာ၊ ​ရေ​၊ သန်​့ရှင်​းမှု ပြဿနာ​တွေ အလယ်​၊ ​ဆေးမှားထိုးမိတာ​တွေတို့နဲ့တကွ ​လောကငရဲငယ်​ တစ်​​နေရာ ဖြစ်​​နေလျက်​ရှိပါတယ်​။

​ကျော်​​ဇောဦး
၂၀၁၉ စက်​တင်​ဘာ (၂၆)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s