[ Zawgyi / Unicode ]
အရိုးအရင္းကိုက္ဝါဒီမ်ားရဲ့ ေလာဂ်စ္
ေက်ာက္ျဖဴ SEZ ကို ႀကိဳဆိုဖို႔ ဆုံးျဖတ္ၾကတယ္ ဆိုတဲ့ ေက်ာက္ျဖဴ SEZ နဲ႔ ပတ္သက္သူ လူတစ္စု ေျပာၾကဆိုၾကတာကို အခုနကပဲ လူမႈကြန္ရက္မွာ ဖတ္ရပါတယ္။
အရိုးအရင္းကိုက္ဝါဒီေတြ မၾကာခဏ သုံးစြဲေလ့ရွိတဲ့ ဆင္ျခင္ျပစကား က ဘာလဲဆိုရင္ “ေဒသဖြံ့ၿဖိဳးေရးလုပ္ရမယ္၊ ေဒသဖြံ့ၿဖိဳးေရးအတြက္ ေတာင္းၾကရမယ္” ဆိုတဲ့စကားျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ သူတို႔ဆိုလိုတဲ့ “ေဒသ” ဆိုတာကလည္းၿမိဳ႕တစ္ၿမိဳ႕ ရပ္ကြက္တစ္ခုစာကို ဆိုလိုေနတာ ျဖစ္တတ္ပါတယ္။ ဒီစကားဟာ အတိုင္းအတာ တစ္ခုအထိမွန္တယ္။ နည္းဗ်ဴဟာပိုင္းအရ မွန္ကန္တဲ့စကား ျဖစ္နိုင္ပါတယ္။ ဒါေပမဲ့ မဟာဗ်ဴဟာပိုင္းအရ ရပ္တည္လုပ္ေဆာင္မႈမ်ားရဲ့ လက္ေအာက္မွာ ဒီစကားဟာ အကန့္အသတ္နဲ႔ပဲ မွန္ကန္မႈရွိပါတယ္။
နိုင္ငံေရးလြတ္လပ္ခြင့္ နဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္မရွိတဲ့ အေျခအေနမွာ ေဒသတြင္း ႐ုပ္ပိုင္းဆိုင္ရာဖြံ့ၿဖိဳးမႈကို ရည္ေမၽွာ္ၿပီး လုပ္ၾကတဲ့ ဖြံ့ၿဖိဳးေရးစီမံကိန္းေတြဟာ မိမိတို႔ရဲ့ သားသမီးေျမးျမစ္ေတြကို ဒီေျမဒီေရ ရဲ့ အရွင္သခင္မျဖစ္ေစဘဲ မိမိတို႔ရဲ့သားသမီးေျမးျမစ္ေတြ ကိုယ့္ေျမကိုယ့္ေရမွာ ကၽြန္ျဖစ္ေနေစၿပီးေတာ့ ျပင္ပကလာတဲ့လူေတြက အရွင္သခင္အျဖစ္ အုပ္စိုးေနေစခဲ့မယ့္ အခင္းအက်င္းကို မိမိတို႔ ဖန္တီးေပးခဲ့ရာေရာက္တတ္ပါတယ္။ မိမိတို႔ႀကိဳဆိုလိုက္တဲ့ နိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈဟာ ဒီလိုအက်ိဳးသက္ေရာက္မႈေတြ ရွိလာတာမ်ိဳး မျဖစ္ေစဖို႔ အေရးႀကီးပါတယ္။
ကိုယ္ပိုင္ျပဌာန္းခြင့္မရွိေသးတဲ့အေနအထားမွာ နိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြကို လက္ခံမိရင္ ရလဒ္က ဘယ္လိုျဖစ္လာနိုင္သလဲဆိုေတာ့ – သူမ်ားက နာမည္ေပါက္ပိုင္ေနတဲ့ၿခံထဲမွာ ကိုယ္က အပင္သြားစိုက္သလိုမ်ိဳးျဖစ္ၿပီး အသီးအပြင့္ေတြအားလုံးကို သူမ်ားကပဲ အက်ိဳးခံစားခြင့္ရသြားပါလိမ့္မယ္။
တခ်ိဳ႕က ေျပာေကာင္းေျပာၾကပါလိမ့္မယ္။ တ႐ုတ္ရင္းႏွီးျမဳပ္ႏွံမႈေတြကို ေအေအက ႀကိဳဆိုေနတယ္ ဆိုတယ္မလား လို႔။ အဲဒီထုတ္ျပန္ခ်က္ ထုတ္ျပန္တဲ့အခ်ိန္က ေနာက္ခံအေၾကာင္းအရာေတြကို ကၽြန္ေတာ္ နားလည္သင့္သေလာက္နားလည္ပါတယ္။ ဒါ့အျပင္ ကၽြန္ေတာ္တို႔ မသိနိုင္တဲ့တျခားအေၾကာင္းအရာေတြရွိနိုင္ေသးတယ္။ ဒီေနရာမွာ အေရးႀကီးတဲ့စကားလုံးက “ရခိုင္ျပည္သူလူထု အက်ိဳးရွိမယ္ ဆိုရင္” ဆိုတဲ့ စကားလုံးျဖစ္ပါတယ္။ ရခိုင္ျပည္သူလူထု အက်ိဳးရွိမယ့္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈေတြကို ႀကိဳဆိုပါတယ္ ဆိုတဲ့စကားနဲ႔ပတ္သက္လို႔ ဆက္လက္ဆင္ျခင္သုံးသပ္ၿပီး တည့္တည့္ ေျပာရမယ္ဆိုရင္ – ေဒသခံ ရခိုင္ျပည္သူလူထု အမ်ားတကာ့အမ်ားစုႀကီးကို အက်ိဳးျပဳတဲ့ တ႐ုတ္စီမံကိန္းဆိုတာ ဒီေန႔ထက္ထိ မရွိေသးဘူး။ ေဒသခံ ရခိုင္ျပည္သူလူထု အမ်ားတကာ့အမ်ားစုႀကီးဟာ တ႐ုတ္စီမံကိန္းေတြဆီက ဒီေန႔ထက္ထိ ဘာအက်ိဳးေက်းဇူးမွ ခံစားရျခင္း မရွိေသးဘူး။
ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ အပါအဝင္ အျခားႀကီးႀကီးမားမား နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမူစီမံကိန္းေတြဟာ ဗဟိုအစိုးရက တိုက္ရိုက္ဆုံးျဖတ္စီမံခန႔္ခြဲေနျခင္းျဖစ္တယ္။ ရခိုင္ျပည္သူေတြအေနနဲ႔ အက်ိဳးခံစားခြင့္ တစိုးတစိမၽွေတာင္မရွိဘူး။ ဒါေပမဲ့ အက်ိဳးခံစားခြင့္အေနနဲ႔ အရိုးအရင္းမၽွမဆိုနိုင္တဲ့ အမႈန္အမႊားပမာဏေလးေတြကို ေဒသခံ လုပ္ငန္းရွင္အခ်ိဳ႕ကို ေပးစားမွာ ေကၽြးစားမွာ ရွိတယ္။ အဲသည္ အရိုးအရင္းကေလးကို ငမ္းငမ္းတက္ျဖစ္ေနတဲ့အတြက္ တခ်ိဳ႕တခ်ိဳ႕ဟာ ေနာင္လာေနာက္သားေတြ ေျမကၽြန္ျဖစ္က်န္ခဲ့မွာကို ေတြးသိျမင္နိုင္ျခင္း မရွိဘဲ ႀကိဳဆိုပါတယ္ ႀကိဳဆိုပါတယ္ လို႔ တစာစာ ျမည္တမ္းလို႔သာ ေနၾကပါေတာ့တယ္။
အေပၚကေျပာခဲ့တဲ့စကားကို ျပန္ေကာက္ရရင္ ေဒသဖြံ့ၿဖိဳးေအာင္လုပ္ရမယ္ဆိုတဲ့ သူေတြေျပာတဲ့ “ေဒသ”ဆိုတာမ်ိဳးက ၿမိဳ႕တစ္ၿမိဳ႕ ရပ္ကြက္တစ္ခုျဖစ္ေနရင္ေတာင္ ေတာ္ပါေသးတယ္။ ေဒသဖြံ့ၿဖိဳးေရးကို ေျပာၿပီး လက္တစ္ဆုပ္စာ ကိုယ့္ေဆြကိုယ့္မ်ိဳးေကာင္းစားေရး ျဖစ္ေနတယ္ဆိုတာ ျမင္သာေနရင္ ရခိုင္ျပည္သူလူထုက ရယ္ၾကျပဳံးၾက ပ်က္ရယ္ျပဳၾက ရႈတ္ခ်ၾကမွာ ျဖစ္ပါတယ္။
ေက်ာ္ေဇာဦး
၂၀၁၉ စက္တင္ဘာလ (၂၉) ရက္
==========
[ Unicode ]
အရိုးအရင်းကိုက်ဝါဒီများရဲ့ လောဂျစ်
ကျောက်ဖြူ SEZ ကို ကြိုဆိုဖို့ ဆုံးဖြတ်ကြတယ် ဆိုတဲ့ ကျောက်ဖြူ SEZ နဲ့ ပတ်သက်သူ လူတစ်စု ပြောကြဆိုကြတာကို အခုနကပဲ လူမှုကွန်ရက်မှာ ဖတ်ရပါတယ်။
အရိုးအရင်းကိုက်ဝါဒီတွေ မကြာခဏ သုံးစွဲလေ့ရှိတဲ့ ဆင်ခြင်ပြစကား က ဘာလဲဆိုရင် “ဒေသဖွံ့ဖြိုးရေးလုပ်ရမယ်၊ ဒေသဖွံ့ဖြိုးရေးအတွက် တောင်းကြရမယ်” ဆိုတဲ့စကားဖြစ်ပါတယ်။ များသောအားဖြင့် သူတို့ဆိုလိုတဲ့ “ဒေသ” ဆိုတာကလည်းမြို့တစ်မြို့ ရပ်ကွက်တစ်ခုစာကို ဆိုလိုနေတာ ဖြစ်တတ်ပါတယ်။ ဒီစကားဟာ အတိုင်းအတာ တစ်ခုအထိမှန်တယ်။ နည်းဗျူဟာပိုင်းအရ မှန်ကန်တဲ့စကား ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မဟာဗျူဟာပိုင်းအရ ရပ်တည်လုပ်ဆောင်မှုများရဲ့ လက်အောက်မှာ ဒီစကားဟာ အကန့်အသတ်နဲ့ပဲ မှန်ကန်မှုရှိပါတယ်။
နိုင်ငံရေးလွတ်လပ်ခွင့် နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတဲ့ အခြေအနေမှာ ဒေသတွင်း ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို ရည်မျှော်ပြီး လုပ်ကြတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ မိမိတို့ရဲ့ သားသမီးမြေးမြစ်တွေကို ဒီမြေဒီရေ ရဲ့ အရှင်သခင်မဖြစ်စေဘဲ မိမိတို့ရဲ့သားသမီးမြေးမြစ်တွေ ကိုယ့်မြေကိုယ့်ရေမှာ ကျွန်ဖြစ်နေစေပြီးတော့ ပြင်ပကလာတဲ့လူတွေက အရှင်သခင်အဖြစ် အုပ်စိုးနေစေခဲ့မယ့် အခင်းအကျင်းကို မိမိတို့ ဖန်တီးပေးခဲ့ရာရောက်တတ်ပါတယ်။ မိမိတို့ကြိုဆိုလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာ ဒီလိုအကျိုးသက်ရောက်မှုတွေ ရှိလာတာမျိုး မဖြစ်စေဖို့ အရေးကြီးပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့်မရှိသေးတဲ့အနေအထားမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို လက်ခံမိရင် ရလဒ်က ဘယ်လိုဖြစ်လာနိုင်သလဲဆိုတော့ – သူများက နာမည်ပေါက်ပိုင်နေတဲ့ခြံထဲမှာ ကိုယ်က အပင်သွားစိုက်သလိုမျိုးဖြစ်ပြီး အသီးအပွင့်တွေအားလုံးကို သူများကပဲ အကျိုးခံစားခွင့်ရသွားပါလိမ့်မယ်။
တချို့က ပြောကောင်းပြောကြပါလိမ့်မယ်။ တရုတ်ရင်းနှီးမြုပ်နှံမှုတွေကို အေအေက ကြိုဆိုနေတယ် ဆိုတယ်မလား လို့။ အဲဒီထုတ်ပြန်ချက် ထုတ်ပြန်တဲ့အချိန်က နောက်ခံအကြောင်းအရာတွေကို ကျွန်တော် နားလည်သင့်သလောက်နားလည်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မသိနိုင်တဲ့တခြားအကြောင်းအရာတွေရှိနိုင်သေးတယ်။ ဒီနေရာမှာ အရေးကြီးတဲ့စကားလုံးက “ရခိုင်ပြည်သူလူထု အကျိုးရှိမယ် ဆိုရင်” ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထု အကျိုးရှိမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပါတယ် ဆိုတဲ့စကားနဲ့ပတ်သက်လို့ ဆက်လက်ဆင်ခြင်သုံးသပ်ပြီး တည့်တည့် ပြောရမယ်ဆိုရင် – ဒေသခံ ရခိုင်ပြည်သူလူထု အများတကာ့အများစုကြီးကို အကျိုးပြုတဲ့ တရုတ်စီမံကိန်းဆိုတာ ဒီနေ့ထက်ထိ မရှိသေးဘူး။ ဒေသခံ ရခိုင်ပြည်သူလူထု အများတကာ့အများစုကြီးဟာ တရုတ်စီမံကိန်းတွေဆီက ဒီနေ့ထက်ထိ ဘာအကျိုးကျေးဇူးမှ ခံစားရခြင်း မရှိသေးဘူး။
ကျောက်ဖြူအထူးစီးပွားရေးဇုန် အပါအဝင် အခြားကြီးကြီးမားမား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမူစီမံကိန်းတွေဟာ ဗဟိုအစိုးရက တိုက်ရိုက်ဆုံးဖြတ်စီမံခန့်ခွဲနေခြင်းဖြစ်တယ်။ ရခိုင်ပြည်သူတွေအနေနဲ့ အကျိုးခံစားခွင့် တစိုးတစိမျှတောင်မရှိဘူး။ ဒါပေမဲ့ အကျိုးခံစားခွင့်အနေနဲ့ အရိုးအရင်းမျှမဆိုနိုင်တဲ့ အမှုန်အမွှားပမာဏလေးတွေကို ဒေသခံ လုပ်ငန်းရှင်အချို့ကို ပေးစားမှာ ကျွေးစားမှာ ရှိတယ်။ အဲသည် အရိုးအရင်းကလေးကို ငမ်းငမ်းတက်ဖြစ်နေတဲ့အတွက် တချို့တချို့ဟာ နောင်လာနောက်သားတွေ မြေကျွန်ဖြစ်ကျန်ခဲ့မှာကို တွေးသိမြင်နိုင်ခြင်း မရှိဘဲ ကြိုဆိုပါတယ် ကြိုဆိုပါတယ် လို့ တစာစာ မြည်တမ်းလို့သာ နေကြပါတော့တယ်။
အပေါ်ကပြောခဲ့တဲ့စကားကို ပြန်ကောက်ရရင် ဒေသဖွံ့ဖြိုးအောင်လုပ်ရမယ်ဆိုတဲ့ သူတွေပြောတဲ့ “ဒေသ”ဆိုတာမျိုးက မြို့တစ်မြို့ ရပ်ကွက်တစ်ခုဖြစ်နေရင်တောင် တော်ပါသေးတယ်။ ဒေသဖွံ့ဖြိုးရေးကို ပြောပြီး လက်တစ်ဆုပ်စာ ကိုယ့်ဆွေကိုယ့်မျိုးကောင်းစားရေး ဖြစ်နေတယ်ဆိုတာ မြင်သာနေရင် ရခိုင်ပြည်သူလူထုက ရယ်ကြပြုံးကြ ပျက်ရယ်ပြုကြ ရှုတ်ချကြမှာ ဖြစ်ပါတယ်။
ကျော်ဇောဦး
၂၀၁၉ စက်တင်ဘာလ (၂၉) ရက်