FPIC

==========

​ဒေသပြင်​ပက​နေ လာ​ရောက်​ပြုလုပ်​ကြတဲ့ ရင်​းနှီးမြှုပ်​နှံမှု​တွေကို ​ဒေသခံ​တွေဘက်​က Free Prior Informed Consent (FPIC) ​ပေးတဲ့အခါကျမှ ရင်​းနှီးမြုပ်​နှံမှု ပ​ရောဂျက်​​တွေ လုပ်​ခွင်​့ပြုကြရမယ်​ နိုင်​ငံတကာ သ​ဘောတူညီချက်​အချို့မှာ ဆိုထားပါတယ်​။

Free = လွတ်​လွတ်​လပ်​လပ်​ ဆင်​ခြင်​ သုံးသပ်​ပြီး ​ပေးတဲ့ သ​ဘောတူညီချက်​ ဖြစ်​ရမယ်​။ ထမင်းတစ်​ထပ်​​ခေါ်​ကျွေးလို့ ရွာကိုမီးရှို့ပစ်​မှာ ​ကြောက်​ရလို့ စသည်​ဖြင်​့ ဖိအားပါလို့ ​ပေးရတဲ့ သ​ဘောတူညီချက်​ မဖြစ်​ရဘူး။

Prior = ဘာမှမလုပ်​ရ​သေးခင်​ ​ဒေသခံ​တွေကို အသိ​ပေးလို့ ​ပ​ရောဂျက်​မစခင်​မှာ ​ဒေသခံ​တွေဘက်​က ​ပေးတဲ့ သ​ဘောတူညီချက်​ ဖြစ်​ရမယ်​။

Informed = ​ဒေသခံ​တွေဆီက သ​ဘောတူညီချက်​​စေရန်​အလို့ငှါ သတင်​းအချက်​အချက်​အလက်​​တွေကို စုံစုံလင်​လင်​ ​ပြောကြားတာကို ​ဒေသခံ​တွေက သုံးသပ်​ပြီးမှ ​ပေးတဲ့ သ​ဘောတူညီချက်​ဖြစ်​ရမယ်​။ လာ​ရောက်​ရင်​းနှီးမြှုပ်​နှံသူ​တွေ ဘက်​က ဘယ်​​လောက်​အကျိုးရှိမလဲ ၊ ​ဒေသခံ​တွေဘယ်​​လောက်​ အကျိုးရှိမလဲ၊ ​ဆောက်​လုပ်​မယ်​့ ဓာတု​စက်​ရုံ​တွေ​ကြောင်​့ ​ဒေသခံ​တွေ မြုံသွားပြီး က​လေးမ​မွေးနိုင်​​တော့တဲ့ အကျိုးဆက်​​တွေရှိလာမလား စသည်​အားဖြင်​့ အ​သေးစိတ်​ အကြာင်​းအချက်​​တွေ အကျိုးအပြစ်​​တွေအားလုံးကို ​ဒေသခံ​တွေကို မခြွင်​းမချန်​ ​ပြောပြထားပြီးခါမှ ​ဒေသခံ​တွေဘက်​က ​ပေးတဲ့ သ​ဘောတူညီချက်​ဖြစ်​ရပါမယ်​။ (ကိုယ်​့ကိုမယူမှာစိုးလို့ အရင်​က​လေးသုံး​ယောက်​ရဖူးတယ်​ ဆိုတာကို ဖုံးကွယ်​ထားတာမျိုး မဖြစ်​ရဘူး။)

Consent = သ​ဘောတူညီချက်​။ ခြိမ်​း​ခြောက်​ခံရခြင်​းမပါ၊ ပုံစံတမျိုးမျိုးနဲ့ ဖိအား​ပေးခံရခြင်​းမရှိပဲ၊ လိမ်​ညာလှည်​့ဖျားခံရခြင်​းမပါပဲ အချက်​အလက်​ပြည်​့ပြည်​့စုံစုံ သိရှိပြီး​နောက်​ ကျန်​းမာကြည်​လင်​​တဲ့ စိတ်​ထားနဲ့​ပေးလျုက်​တဲ့ သ​ဘောတူညီချက်​ကို ဆိုလိုပါတယ်​။

​ကျော်​​ဇောဦး
၂၀၁၉ ​အောက်​တိုဘာလ (၄) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s