စစ်​​တွေ မာဖီးယားများကိစ္စ

တရားစီရင်​မှုပြင်​ပ သတ်​ဖြတ်​ခြင်​း (extra-judicial killing) ​ကြောင်​့ သတ်​ဖြတ်​ခံရသူ ဦး​ရေမှာ ယခုနှစ်​ပိုင်​းအတွင်​း ရခိုင်​ပြည်​မှာ (၂၆) ဦး အနည်​းဆုံးရှိခဲ့ပြီ ဟု လက်​နက်​ကိုင်​ အာဏာပိုင်​များဘက်​မှ ဆိုပါသည်​။

သူတို့က ​အေ​အေ ကို အပြစ်​ တင်​ချင်​ပုံရသည်​။ သို့ရာတွင်​ အခြားတစ်​ဖွဲ့က သတ်​ပြီး ​အေ​အေကို အပြစ်​ပုံချခြင်​းသာဖြစ်​သည်​ ဟုလည်​း လူအများက အပြစ်​တင်​ပြန်​သည်​။

ထိုကဲ့သို့ နှစ်​ဦးနှစ်​ဘက်​အပြစ်​တင်​​နေကြစဉ်​ကာလ အတွင်​း ပုဂ္ဂိုလ်​​ရေး အာဃာတ ရှိသူအချို့သည်​ ဟိုဘက်​လိုလို သည်​ဘက်​လိုလိုဖြင်​့ ပစ်​ခတ်​သတ်​ဖြတ်​မှုများကို နှစ်​ဘက်​ကြား အ​မှောင်​ထဲတွင်​ က​ျူးလွန်​လျက်​ရှိ​နေကြပါသည်​။

ကျွန်​​တော်​တို့ ​သေလွန်​သည်​့အချိန်​တွင်​ မည်​သည်​့ အုပ်​ချုပ်​​ရေးစနစ်​ဖြင်​့ အုပ်​ချုပ်​ကျန်​ရစ်​​နေခဲ့သည်​ဖြစ်​​စေ စစ်​​တွေမြို့ဆိုသည်​မှာ မတရားအနိုင်​ကျင်​့မှုတို့မှ ကင်​းလွတ်​သည်​့ ​နေချင်​စဖွယ်​မြို့အဖြစ်​ ကျန်​ရစ်​ခဲ့​စေချင်​ပါသည်​။

ယမန်​​နေ့ ၂၀၁၉ ​အောက်​တိုဘာလ (၄) ရက်​​နေ့ ညဉ်​့ စစ်​​တွေမြို့​ပေါ်တွင်​ ဖြစ်​ပ​ျက်​ခဲ့သည်​့ ​သေနတ်​ပစ်​မှုနှင့် ​ပတ်​သက်​လျက်​ တာဝန်​ရှိသူများက စစ်​​ဆေး​ဖော်​ထုတ်​နိုင်​ကြပါလိမ်​့မည်​ ဆိုသည်​့အ​ကြောင်​းကို စစ်​​တွေမြို့သူမြို့သားအ​ပေါင်​းတို့က ​စောင်​့စား​မျှော်​လင်​့​နေကြလျက်​ရှိပါသည်​

ဦး​ကျော်​​ဇောဦး
ရခိုင်​ပြည်​နယ်​လွှတိ​တော်​ကိုယ်​စားလှယ်​
စစ်​​တွေမြို့နယ်​ မဲဆန္ဒနယ်​အမှတ်​ (၂)
၂၀၁၉ ​အောက်​တိုဘာလ (၅) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s