ဓာတ်မြေသြဇာကိစ္စ
တောင်သူတွေအဖို့ ဓာတ်မြေသြဇာကို အချိန်နှင့်တပြေးညီ လုံလုံလောက်လောက် ဝယ်ယူ သုံးစွဲနိုင်ကြဖို့ လိုပါတယ်။
စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာတွေ သယ်ယူပို့ဆောင်ခွင့်ကို ရခိုင်ပြည်နယ်မြောက်ပိုင်း အချို့နေရာတွေမှာ ပိတ်ပင်တဲ့ သတင်းပလင်းတွေ ဒီရက်ပိုင်းအတွင်းမှာ ကြားရပါတယ်။ IED လက်လုပ်ဗုံးတွေ ဖောက်ခွဲရေးပစ္စည်းတွေ ပြုလုပ်ကြမှာကို အာဏာပိုင်အချို့က စိုးရိမ်ကြပုံရတယ် လို့ထင်မိတယ်။
အမိုးနီးယန်းနိုက်ထရိတ် (ammonium nitrate) အခြေခံ ဓာတ်မြေသြဇာအိတ်တွေကို မီးရှို့ရင် ပေါက်ကွဲမှု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လျင်မြန်ပေါ့ပါးမှုကို အလေးထားတဲ့ ပြောက်ကျားစစ်ကို အခြေခံတဲ့ လက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေဟာ ဒီနည်းလမ်းကို သုံးရလောက်အောင် အသိဉာဏ်တုံး လိမ့်မယ် တော့ မထင်မိဘူး။ သူတို့ကြည့်ရတာ တိကျမှုရှိတဲ့ ပြင်းထန်စွာထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့ ပေါ့ပါးတဲ့ လက်နက်ငယ်တွေကို ဖောဖောသီသီ အသုံးချခွင့် ရနေကြပုံပေါ်ပါတယ်။
ဓာတ်မြေသြဇာတွေ သယ်ဆောင်ခွင့် ပိတ်ပင်မှုဟာ စပါးနဲ့ အခြားသီးနှံ စိုက်ပျိုးတာတွေမှာ ထိခိုက်မှု ရှိလာနိုင်ပါတယ်။
ဓာတ်မြေသြဇာတွေကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်းအတာနဲ့ သယ်ယူပို့ဆောင်ခွင့်ပြုဖို့ဟာ စိုက်ပျိုးရေးအခြေခံ အသက်ရှင်သန်မှု နဲ့ စီးပွားရေးအတွက် အရေးကြီးပါတယ်။
ဒီကိစ္စကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ညှိနှိုင်းဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီလို ဆောင်ရွက်ပေးဖို့ဟာ သူတိုရဲ့ တာဝန်လည်းပဲ ဖြစ်ပါတယ်။
ဦးကျော်ဇောဦး
ရခိုငိပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
၂၀၁၉ အောက်တိုဘာလ (၁၆) ရက်
==========
P.S. သုံးမျိုးစပ် ကွန်ပေါင်း ဓာတ်မြေသြဇာတွေကျတော့ ဖောက်ခွဲရေးပစ္စည်းလုပ်ရာမှာ အသုံးချနိုင်တဲ့ အာနိသင် လုံးဝမရှိနိုင်တော့ဘူး လို့ ဆိုကြပါတယ်။