လူ့အခွင့်အ​ရေးကို တရားဝင်​​ဖောက်​ဖျက်​ခွင့် ရ​နေ​စေ​သော ဥပ​ဒေ

လူ့အခွင့်အ​ရေးကို တရားဝင်​​ဖောက်​ဖျက်​ခွင့် ရ​နေ​စေ​သော ဥပ​ဒေ

​ခေါင်​းစဉ်​ပါအတိုင်း စစ်​ဖက်​အာဏာပိုင်​​တွေအ​နေနဲ့ လူ့အခွင့်အ​ရေးကို တရားဝင်​​ဖောက်​ဖျက်​ခွင့် ရ​နေ​စေ​တဲ့ တည်​ဆဲ ဥပ​ဒေတစ်​ရပ်​ရပ်​ကို ​ပြောပါဆိုရင်​ “၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ” ဖြစ်​ပါတယ်​။

အထူးသဖြင်​့ ဒီဥပ​ဒေရဲ့ ပုဒ်​မ​-၆ က အလွန်​အမင်​းဆိုးရွားတာကို​တွေ့ရတယ်​။ ဒီပုဒ်​မရဲ့ ဆိုရွားမှုကို အခါ​ပေါင်​းများစွာ ​တွေ့ကြုံခဲ့ကြရပြီး ဖြစ်​ပါတယ်​။

ပုဒ်​မ-၆ အရ စစ်​ဆင်​​ရေးတစ်​ခုခုမှာ ပါ​နေတဲ့ စစ်​အရာရှိတစ်​ဦးဦးဟာ သင်္ကာမကင်​းဖြစ်​သူတစ်​ဦးဦးကို အထက်​သို့ မတင်​ပြနိုင်​မီ (၇)ရက်​ နဲ့ အခွင်​့အာဏာ​ပေးနိုင်​တဲ့ အထက်​စစ်​အရာရှိက ခွင်​့ပြုရင်​ သုံးလအထိ ချုပ်​​နှောင်​ထားနိုင်​ခွင်​့ ​ပေးထားတယ်​။

ဒီလူတစ်​​ယောက်​ကို ဘာလို့ ရုံးမတင်​ကမ်​းမတက်​ဘဲ (၂၄) နာရီထက်​ ​ကျော်​လွန်​ဖမ်​းထားတာလဲလို့ (လွှတ်​​တော်​ကိုယ်​စားလှယ်​ တစ်​ဦးအ​နေနဲ့) ကျွန်​​တော်​တို့က​မေးရင်​ ဒီပုဒ်​မကို သူတို့ လက်​ညိုှးထိုးကြကြ​လေ့ရှိပါတယ်​။

ဒီလိုမျိုး လူ့အခွင်​့အ​ရေးကို ​ဖောက်​ဖျက်​ပြီး ချုပ်​​နှောင်​ထားစဉ်​ကာလ​တွေမှာ ​သေဆုံးသွားခဲ့ရသူ​တွေ မနည်​း​တော့ပါဘူး။ ဒီပုဒ်​မ​ကြောင်​့ မြန်​မာနိုင်​ငံဟာ လူ​တွေ​နေတဲ့ လူ့တိုင်​းပြည်​နဲ့ လုံးလုံး မတူ​တော့ပါဘူး။

NLD အစိုးရအ​နေနဲ့ ပြင်​ရန်​မဖြစ်​နိုင်​တဲ့ ဖွဲ့စည်​းပုံပုဒ်​မ​တွေကို ပြင်​မယ်​​လေး ဘာ​လေးနဲ့ ကျားဖမ်​းမယ်​ ဆင်​ဖမ်​းမယ်​ လုပ်​​နေမယ်​့အစား ပြင်​ဆင်​ရန်​ဖြစ်​နိုင်​တဲ့ ဒီလိုမျိုး ဆိုးရွားဥပ​ဒေ​တွေကို ပြင်​ဆင်​ဖို့ လုပ်​သင်​့တယ်​။

လက်​ရှိ NLD ရဲ့အင်​အားနဲ့ ဒီဥပ​ဒေကို ပြင်​ဆင်​လို့ ရနိုင်​မရနိုင်​က ​မေး​နေစရာမလိုပါဘူး။ political will နဲ့ ပြင်​ချင်​စိတ်​ ရှိမရှိကိုသာ ​မေးခွန်​းထုတ်​ရမှာ ဖြစ်​ပါတယ်​။

​ကျော်​​ဇောဦး
၂၀၁၉ ​အောက်​တိုဘာလ (၂၀) ရက်​

==========

၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ

“၆။ ဖမ်းဆီးချုပ်နှောင်ပိုင်ခွင့်အာဏာ

(၁) စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးဦးသည် စစ်ဆင်မှုဆင်နွှဲရာတွင် အသုံးပြုသော တပ်ဖွဲ့တစ်ခု၌ ပါဝင် လျှင် သို့တည်းမဟုတ် ထိုတပ်ဖွဲ့နှင့် အတူပူးပေါင်းဆောင်ရွက်လျှင်၊ စစ်ဘက်ဆိုင်ရာ အရာထမ်း၊ အမှု ထမ်းများ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သို့တည်းမဟုတ် စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ ဘေးကင်း လုံခြုံမှုကို အန္တရာယ် ဖြစ်စေသော သို့တည်းမဟုတ် အန္တရာယ်ဖြစ်အောင် ကူညီအားပေးသော ပြုမှု တစ်ခုခုကို ပြုပြီး၊ပြုဆဲ၊ သို့တည်းမဟုတ် ပြုလတံ့ဟု သင်္ကာမကင်းသူ တစ်ဦးဦးကို ဖမ်းဆီးနိုင်သည်။

(၂) မည်သည့်အရာရှိမဆို ပုဒ်မခွဲ (၁)အရ တစ်ဦးတစ်ယောက်သောသူကို ဖမ်းဆီးလျှင် ထိုသို့ဖမ်းဆီး ကြောင်းကို အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်အား ချက်ခြင်းအစီရင်ခံရမည်။ ထိုသို့အခွင့်ရ စစ်ဘက် အာဏာပိုင်ထံမှ အမိန့်မရမီ ထိုအရာရှိသည် အခွင့်အရ စစ်ဘက်ဆိုင်ရာအာဏာပိုင်က သာမန် သို့တည်း မဟုတ် အထူးအမိန့်ဖြင့် သီးခြားသတ်မှတ်သည့် နေရာတွင် ထိုသို့ ဖမ်းဆီးထားသူကို အမိန့်စာဖြင့် အချုပ်ချထားနိုင်သည်။
(က) မည်သူကိုမျှ အခွင့်ရစစ်ဘက်ဆိုင်ရာအာဏာပိုင်ထံမှ အမိန့်မရဘဲ ဤပုဒ်မခွဲအရ (၇)ရက်ထက်ပို၍ အချုပ်ချ မထားရ။
(ခ) မည်သူကိုမျှ ဤပုဒ်မခွဲအရ (၃)လထက်ပို၍ အချုပ်ချမထားရ။

(၃) ဤပုဒ်မခွဲ (၂) ပါ ပြဋ္ဌာန်းချက်များအရ တင်သွင်းသည့် အစီရင်ခံစာကို ရရှိသောအခါ အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် ဤပုဒ်မအရ ဖမ်းဆီးထားသူကို ခေတ္တအချုပ်ချထားရန် ပုဒ်မခွဲ (၂) ၏ ဒုတိယခြွင်းချက်ကို ထောက်ထား၍ အကြောင်းအားလျော်စွာ သင့်သည် သို့တည်းမဟုတ် လိုအပ်သည် ထင်မြင်သည့်အတိုင်း အမိန့်ချမှတ်နိုင်သည့်ပြင် ထိုသို့ ထင်မြင်သည့်အတိုင်း ထိုသူကို ချုပ်နှောင်ထားရန် သို့တည်းမဟုတ် လွှတ်ရန် အပြီးသတ်အမိန့်ကိုလည်း ချမှတ်နိုင်သည်။

(၄) နိုင်ငံတော်သမ္မတသည် တစ်ဦးတစ်ယောက်သောသူအား စစ်ဆင်မှု တစ်ခုခုထမြောက်အောင်မြင် ရေးအတွက်အားထုတ်မှု၊ ဆောင်ရွက်မှုတို့ကို ထိခိုက်အောင် တစ်နည်းနည်းဖြင့် ပြုမူခြင်းမှ တားဆီး စိမ့်သောငှာ ထိုသူနှင့်ပတ်သက်၍ အမိန့်ထုတ်ပြန်ရန် လိုအပ်သည်ဟု ယုံကြည်ကျေနပ်လျင်-
(က) ထိုသူကို နိုင်ငံတော်သမ္မတက အခါအားလျော်စွာ သတ်မှတ်သည့်နေရာတွင် ချုပ်နှောင်ထားရန် အမိန့်ချမှတ်နိုင်သည်။
(ခ) ထိုသူကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အမိန့်၌ သီးခြားဖော်ပြထားသည့်နေရာ သို့တည်းမဟုတ် နယ်အတွင်းနေထိုင်စေရန် သို့တည်းမဟုတ် ရှိနေစေရန် ထို့ပြင် ထိုနေရာ သို့တည်းမဟုတ် ထိုနယ် အတွင်းထိုသူရှိနေပြီး မဟုတ်လျှင် ထိုနေရာ သို့တည်းမဟုတ် ထိုနယ်သို့ အမိန့်တွင် သတ်မှတ်ထား သည့်အချိန်အတွင်း သွားရောက်စေရန် အမိန့်ချမှတ်နိုင်သည်။
(၅) မည်သူမဆို ပုဒ်မခွဲ (၄)၊ အပိုဒ် (၄)၊ အပိုဒ် (ခ) အရ ချမှတ်သည့် အမိန့်တစ်ခုခုကိုဆန့်ကျင်လျှင် ထိုသူကို (၆)လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။”

ဥပ​ဒေ အပြည်​့အစုံကိုဖတ်​ရန်​ လင်​့ =>

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s