နှုတ်​ထွက်​စာတင်​တာ နှစ်​နှစ်​ကြာ

နှုတ်​ထွက်​စာတင်​တာ နှစ်​နှစ်​ကြာ

၂၀၁၇ ဒီဇင်​ဘာလ အစပိုင်​းမှာ ရခိုင်​အမျိုးသားပါတီက နှုတ်​ထွက်​စာတင်​ခဲ့တာဖြစ်​တဲ့အတွက်​ အခုဆိုရင်​ နှုတ်​ထွက်​စာတင်​တာ နှစ်​နှစ်​ပြည်​့ဖို့ တစ်​လ​လောက်​ပဲလို​တော့တယ်​။

ဒီကြားထဲမှာ ရခိုင်​အမျိုးသားပါတီရဲ့ ထိပ်​ပိုင်​း governing body ​တွေရဲ့အစည်​းအ​ဝေး​တွေ အကြိမ်​ကြိမ်​ ကျင်​းပပြီးစီးခဲ့ပြီးပါပြီ။ ဒါ​ပေမဲ့ ကျွန်​့​တော်​့ကို​သော်​လည်​း​ကောင်​း ​ဒေါက်​တာ​အေး​မောင်​ကို​သော်​လည်​း​ကောင်​း တရားဝင်​ထွက်​ခွင်​့​ပေးတယ်​ဆိုတဲ့ ဆုံးဖြတ်​ချက်​ကို လုံးဝမ​ပေးဘဲ ဆိုု်​င်​းငံ့ထားကြပါတယ်​။

​ဒေါက်​တာ​အေး​မောင်​က ပါတီလိုဂို​အောက်​မှာ အနိုင်​ရခဲ့တယ်​ လို့​ပြောရင်​​တော့ မှန်​ပါတယ်​။ ဒါ​ပေမဲ့ ကျွန်​​တော်​ကျ​တော့ ၂၀၁၅ ​ရွေး​ကောက်​ပွဲကို ပါတီလိုဂိုမပါဘဲ တစ်​သီးပုဂ္ဂလ လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်​းအဖြစ်​ အနိုင်​ရခဲ့တာဖြစ်​ပါတယ်​။ အဲသလိုအနိုင်​ရပြီးမှ ရခိုင်​အမျိုးသားပါတီဝင်​ အမတ်​အဖြစ်​ မှတ်​တမ်​းတင်​​ပေးဖို့ ပြန်​လည်​ အဆိုပြုလုပ်​​ဆောင်​ခဲ့တာဖြစ်​ပါတယ်​။

ပါတီတစ်​ခုမှာ မိမိတို့ မရှိ​စေချင်​တဲ့ ပါတီဝင်​ကို နှစ်​များချီပြီး ထွက်​ခွင်​့မပြုတဲ့ ပါတီတစ်​ခုရဲ့ လုပ်​ရပ်​ကို ရခိုင်​ပြည်​သူလူထုက​တော့ ညစ်​ပတ်​တယ်​ဆိုပြီး အထင်​ရှိ​ကောင်​း ရှိသွားနိုင်​ပါတယ်​။ ဦး​​ကျော်​​ဇောဦးကို ရက္ခိုင်​့အမျိုးသားနိုင်​ငံ​ရေးလုပ်​ရာမှာ နည်​းနည်​း​လေးပဲဖြစ်​ဖြစ်​ အ​နှောင်​့အယှက်​ ဖြစ်​​နေ​အောင်​ လုပ်​​နေကြတာပဲလို့ အများက အထင်​​သေးသွားကြရင်​ မ​ကောင်​းပါဘူး။

​နောက်​ပြီး​တော့ မာနရှိတဲ့ နိုင်​ငံ​ရေးသမား​တွေ ဖြစ်​ကြ​စေချင်​ပါတယ်​။ ဒီလူ ဦး​ကျော်​​ဇောဦးဟာ ပြီးခဲ့တဲ့ ကြားဖြတ်​​ရွေး​ကောက်​ပွဲတစ်​ခုမှာ ငါတို့ပါတီကို ရှုံး​သွား​အောင်​ အားကြိုးမာန်​တက်​အားထုတ်​ဖူးသူ​တွေထဲမှာပါခဲ့တယ်​၊ ဒီလိုလူမျိုးကို ကွာပစ်​လိုက်​ရမယ်​ ဆိုပြီး​တော့ မာနရှိကြ​စေချင်​ပါတယ်​။

မာနရှိတဲ့ NLD ပါတီက​တော့ သူတို့အမတ်​ ​ဒေါ်သက်​သက်​ခိုင်​ ထွက်​မယ်​လို့ ထွက်​စာတင်​တာနဲ့ တစ်​ပတ်​မကြာ ပြီးခဲ့တဲ့​အောက်​တိုဘာလ (၃၀) ရက်​​နေ့က ထွက်​ခွင်​့ပြုလိုက်​ပါတယ်​။ မိမိကိုယ်​ကို ယုံကြည်​မှုရှိတဲ့ပါတီ ဖြစ်​ပါတယ်​။

ဦး​ကျော်​​ဇောဦး
တစ်​သီးပုဂ္ဂလ လွှတ်​​တော်​ကိုယ်​စားလှယ်​
ရခိုင်​ပြည်​နယ်​လွှတ်​​တော်​
စစ်​​တွေမြို့နယ်​ မဲဆန္ဒနယ်​ အမှတ်​ (၂)
၂၀၁၉ နိုဝင်​ဘာလ (၁) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s