ပလက်​ဝအမတ်​အ​ရေး NLD ​ပြောစကားအ​ပေါ် မှတ်​ချက်​​ပေးခြင်း

ရခိုင်ပြည်​သူ​တွေက ​ရွေးချယ်​တင်​​မြှောက်​ထားတဲ့ ပြည်​သူ့ကိုယ်​စားလှယ်​အမတ်​တစ်​​ဦးကို “အင်​အားသုံး” ဖမ်းဆီးပြီး ​ထောင်​ချထားတာ အခုထက်​ထိ အင်းစိန်​​ထောင်​ထဲမှာ ရှိ​နေဆဲ ဖြစ်​ပါတယ်​။

ဒါဟာ မင်းအစိုးရ အုပ်​ချုပ်​​ရေးအာဏာ နဲ့ တရားစီရင်​​ရေးအာဏာအပါအဝင်​ ကိုင်​စွဲပိုင်​ခွင့်ရထားတဲ့ အရပ်​ရပ်​ အချုပ်​အခြာအာဏာ ဆိုတဲ့ “အင်​အား” ကိုသုံးပြီး အကြမ်းဖက်​တာ အကျပ်​ကိုင်​တာလို့ ဘာသာပြန်​ရှုမြင်​ကြည့်ရင်​ ရနိုင်​မယ်​လို့ ထင်​ပါတယ်​။

ပြည်​သူ့မျက်​နှာကို ​ထောက်​ထားပြီး အမြန်​ဆုံး ပြန်​လွှတ်​ဖို့ လိုပါတယ်​။

ပလက်ဝအမတ်ကိစ္စနဲ့ ပတ်သက်လို့ NLD ​က ​ပြောတဲ့ စကားအ​ပေါ်မှာ တုံ့ပြန်​​ပြောကြားလိုတဲ့ ကျွန်​​တော့်မှတ်​ချက်​ ဖြစ်​ပါတယ်​။

​ကျော်​​ဇောဦး

[ – The Ladies News ပါသတင်​း ကို ​အောက်​တွင်​ ဖတ်​ရန်​ – ]

==========

အင်အားသုံးပြီး ထိန်းသိမ်းထားခြင်းမှာ သင့်တော်ခြင်းမရှိ AA အနေဖြင့် လွှတ်တော်အမတ်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် NLD တောင်းဆို
— — —

AA အနေဖြင့် ပြည်သူမှ ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား အင်းအားသုံးပြီး ထိန်းသိမ်းထားခြင်းမှာ သင့်တော်ခြင်း မရှိသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ပါတီမှ တောင်းဆို ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က The Ladies News သို့ ပြောကြားသည်။

အိန္ဒိယနိုင်ငံသားများ အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို AA က ပြန်လွတ်ပေးခဲ့သော်လည်း NLD ပါတီ၏ ပလက်ဝမြို့နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကိုမူ ဆက်လက်ဖမ်းဆီး ထားဆဲဖြစ်သည်။

ဒေါက်တာမျိုးညွန့်် က ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် တစ်ဦးကို ဖမ်းဆီးရင် အကြမ်းဖက်ရင် အကျပ်ကိုင်မယ် ဆိုရင်တော့။ ဒါသင့်တော်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ ပြည်သူက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပြည်သူ့မျက်နှာ ထောက်ထားပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်ပါတယ် ဟု ဆိုသည်။

ဦးဝှေ့တင်း ပြန်လည် လွှတ်မြောက်ရေးမှာ အုပ်ချုပ်ရေးပိုင်းမှ ဆောင်ရွက် ရမည့်ကိစ္စဖြစ်ပြီး ပါတီအနေဖြင့်ကတော့ အမြန်းဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုသည်ဟုလည်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယ နိုင်ငံသား များကို ဖမ်းဆီးသွားသည့် လုပ်ရပ်ကို အကြိမ်းဖက်သည့် လုပ်ရပ်ဟု ထင်ပါသလားဟု ဆက်လက် မေးမြန်းသည့် အခါ ဒေါက်တာမျ်ိုးညွန့် က အင်းအားသုံးပြီး ဆောင်ရွက်တယ် ဆိုတာတော့ မသင့်တော်ပါဘူး။ အင်အား သုံးပြီး ထိန်းသိမ်းထားတယ် ဆိုတာမျိုးကတော့ ဒါမသင့်တော် ဘူးလို့ပဲ ပြောချင်ပါတယ် ဟု ဖြေကြားသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း၊ ပလက်ဝ – ဇိုရမ်ပူရ်လမ်းစီမံကိန်းမှ တာဝန်ရှိ အိန္ဒိယနိုင်ငံသား ၅ ဦး၊ ဘာသာပြန် ၂ ဦးနှင့် Speed Boat မောင်းသူ နှစ်ဦး တို့သည် ပလက်ဝမှ ကျောက်တော်သို့ အလာ၌ လမ်းတွင် AA ဖမ်းဆီး သွားခြင်းဖြစ်ပြီး ဖမ်းဆီးထားစဉ်တွင် အိန္ဒိယနိုင်ငံသား တစ်ဦး သေဆုံးခဲ့သည်။

အောင်ရဲနောင်
The Ladies News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s