ချင်းနှင့် ရခိုင်​ စားပွဲထိုင်​၊ နိုင်​စားကြူးများ ​ပြေးလတ္တံ့

[ first Zawgyi font / Unicode below ]

ခ်င္​းႏွင္​့ ရခိုင္​ စားပြဲထိုင္​၊ ႏိုင္​စားၾကဴးမ်ား ​ေျပးလတၱံ႔

(တစ္​) လူအုပ္​စုတစ္​ခုအတြင္​း တူညီ​ေသာ ဘာသာစကား ႐ွိျခင္​းသည္​ လူမ်ိဳးတစ္​မ်ိဳး စစ္​တပ္​ထူ​ေထာင္​ႏိုင္​ဖို႔ရာအတြက္ အ​ေျခခံအက်ဆံုး မ႐ွိမျဖစ္​ တင္​ႀကိဳလိုအပ္​ခ်က္​ (prerequisite) ျဖစ္​ပါသည္​။ ကမၻာမွာ ဘာသာစကား ဆိုတာ​ေပၚမလာခဲ့လ်ွင္​ အသက္​ႏွင္​့ဆိုင္​​ေသာ အ​ေျခအ​ေနမ်ား ႏွင္​့စပ္​လ်ဥ္​းသည္​့ အမိန္​႔​ေပးျခင္​းမ်ား ျပန္​လည္​အစီရင္​ခံျခင္​းမ်ားကို အခ်ိန္​ႏွင္​့ တ​ေျပးညီ လုပ္​​ေဆာင္​မႈမ်ားပါဝင္​​ေနသည္​့ Command Chain တစ္​ခု ျဖစ္​လာႏိုင္​​ေျခ လံုးဝမ႐ွိ။ ထို႔​ေၾကာင္​့ စစ္​တပ္​ထူ​ေထာင္​ႏိုင္​သည္​့ အ​ေျခအ​ေန လံုးဝ႐ွိမလာႏိုင္​။

(ႏွစ္​) ထိုဘာသာစကား လိုအပ္​ခ်က္​မွာ ရခိုင္​လူမ်ိဳးမ်ား ႏွင္​့ ဗမာလူမ်ိဳးမ်ားတြင္​ ျပည္​့စံုသည္​။ ရခိုု္​င္​​ေဒသိယစကား dialect မ်ားသည္​ တစ္​ခုႏွင္​့တစ္​ခု ​ေကာင္​းစြာ အျပန္​အလွန္​နားလည္​ႏိုင္​ၾကသည္​။ သို႔ရာတြင္​ ​ေတာင္​တစ္​​ေတာင္​ ဘာသာစကားတစ္​ခု ဟု ဆိုရ​ေလာက္​​ေအာင္​ သီးျခားဘာသာစကားမ်ား ​ေပါမ်ားလြန္​းသည္​့ ခ်င္​းျပည္​နယ္​အတြင္​း႐ွိ လူအုပ္​စုမ်ားတြင္​ ထိုလိုအပ္​ခ်က္​က မျပည္​့စံုျပန္​။ ထို႔​ေၾကာင္​့ မည္​သည္​့အခါမွ ​ေလာက္​​ေလာက္​လားလား စစ္​တပ္​တစ္​ခု ​ေပၚလာဖြယ္​ရာ လံုးဝမ႐ွိ။ တစ္​စုႏွင္​့ တစ္​စု နားမလည္​ႏိုင္​သည္​့ ဘာသာစကား (၅၀) ​ေလာက္​႐ွိ​ေနသည္​့ အုပ္​စုကြဲမ်ားစု​ေပါင္​းလ်က္​ လ်င္​ျမန္​သြက္​လက္​စြာ စီးဆင္​းသည္​့ Command Chain တစ္​ခု ျဖစ္​လာႏိုင္​စရာ အ​ေၾကာင္​းမျမင္​။ lingua franca အျဖစ္​ ဗမာစကားကို သံုးလ်က္​ စစ္​တပ္​ထူ​ေထာင္​လ်ွင္​လည္​း အုပ္​စုကြဲငယ္​မ်ားအတြင္​း ၿပိဳင္​ဆိုင္​မႈက ျပင္​းထန္​လြန္​းလွသည္​။

(သံုး) ထို႔​ေၾကာင္​့ တခ်ိဳတခ်ိဳ႕တို႔သည္​ကား စစ္​တပ္​မ​ေထာင္​ၾက​ေတာ့ပဲ ​ေထာင္​ၿပီးသား စစ္​တပ္​တို႔၏ အႀကီးအမႉးတို႔အား သူရဲ​ေကာင္​းဘြဲ႔မ်ား ​ေပးျခင္​းကိုသာ အားကိုးအားထားျပဳၾက​ေလ​ေတာ့သည္​။

(​ေလး) ဗိုလ္​ခ်ဳပ္​မွဴးႀကီး မင္​း​ေအာင္​လိႈင္​အား သူရဲ​ေကာင္​းဘြဲ႔​ေပးသူမ်ားအ​ေနျဖင္​့ ခ်င္​းတို႔၏ အနာဂတ္​သည္​ ရခိုင္​တို႔၏ အနာဂတ္​ႏွင္​့ တစ္​ဆက္​တစ္​စပ္​တည္​း ျဖစ္​​ေၾကာင္​း စိတ္​ႏွလံုး ဒံုးဒံုးခ်လ်က္​ လက္​ခံထားရန္​ လိုအပ္​သည္​။

(​ငါး) ရခိုင္​တို႔၏ သမိုင္​း​ေခတ္​ဦး ပထမဓညဝတီကို ပလက္​ဝၿမိဳ႕နယ္​အတြင္​းတည္​​ေထာင္​ခဲ့ၾကသည္​ကို အ​ေသအခ်ာသိထားပါ။ ၿမိဳသည္​ ရခိုင္​တိုင္​းရင္​းသားျဖစ္​သည္သာမက ရခိုင္​နန္​းမ်ားကို ၿမိဳမင္​းမ်ား (တခ်ိဳ႕အဆို ျမံဳမင္​း) စိုးစံခဲ့ၾကသည္​ဟု အ​ေသအခ်ာသိလ်က္​ ၿမိဳဆိုတာ ခ်င္​းပဲ ဟု ​ေျပာျခင္​းကို ​ေ႐ွာင္​ၾကည္​ၾကပါ။

(​ေျခာက္​) ပလက္​ဝၿမိဳ႕နယ္​အတြင္​း ရခိုင္​လူဦး​ေရသည္​ သမိုင္​းအစဥ္​အဆက္​ ​ေဒသလူဦး​ေရ၏ သံုးပံုတစ္​ပံုဝန္​းက်င္​ အျမဲ႐ွိ​ေန​ေၾကာင္​း သိနားလည္​ပါ။ ရခိုင္​ ႏွင္​့ ခူမီးတို႔အၾကား ခ်စ္​ခင္​မႈကို အား​ေပးပါ။

(​ခုနစ္​) ဗိုလ္​ခ်ဳပ္​မွဴးႀကီး မင္​း​ေအာင္​လိႈင္​အား သူရဲ​ေကာင္​းဘြဲ႔​ေပးသူမ်ားအ​ေနျဖင္​့ မိမိတို႔ လူငယ္​မ်ား၊ ျပည္​သူမ်ားအား ရခိုင္​အိမ္​နီးခ်င္​းမ်ားႏွင္​့ ခ်စ္​ခ်စ္​ခင္​ခင္​ ​ေပါင္​းသင္​းလ်က္​ ​ေရႊလမ္​း​ေငြလမ္​း​ေဖာက္​​ေၾကာင္​းကိုသာ ​ေဟာၾကားျဖန္​႔​ေဝသင္​့သည္​။ အမုန္​းတရားမ်ားကို မျဖန္​႔​ေဝအပ္​​ေပ။

(႐ွစ္​) နယူးဇီလန္​ သားသတ္​စက္​ရံုတြင္​ အလုပ္​ လုပ္​​ေနရာမွ ျဗဳန္​းစားႀကီးျပန္​ခ်လာၿပီး ႏိုင္​ငံ၏ ဒုသမၼတ ျဖစ္​လာသည္​့ အခြင္​့အ​ေရးမ်ိဳးကိုမူကား ရခိုင္​တို႔ႏွင္​့အတူမ်ွ​ေဝလာၾကမည္​့ ​ေနာင္​အနာဂတ္​တြင္​ ရခ်င္​မွရ​​ေပမည္​။ သို႔ရာတြင္​ ပင္​လယ္​ထြက္​​ေပါက္​ကိုမူကား ခ်င္​း ႏွင္​့ ရခိုင္​ မ်ွ​ေဝသံုးစြဲႏိုင္​ၾက​ေပလိမ္​့မည္​။

(ကိုး) “ခ်င္​းႏွင္​့ ရခိုင္​ စားပြဲထိုင္​၊ ႏိုင္​စားၾကဴးမ်ား ​ေျပးလတၱံ႔” ဟူ​ေသာ နမိတ္​ပံု vision ကို ျမင္​​ေယာင္​လ်က္​ ခ်စ္​ၾကည္​စြာ လက္​တြဲ ​ေလ်ွာက္​လွမ္​းၾကပါစို႔။

ျပည္​​ေထာင္​စုသား ညီအစ္​ကိုမ်ားအခ်င္​းခ်င္​း ခ်စ္​ၾကည္​စြာျဖင္​့ –

​ေက်ာ္​​ေဇာဦး
၂၀၁၉ ႏိုဝင္​ဘာလ (၅) ရက္​

ပူးတြဲပါ ဓာတ္​ပံု – ပလက္​ဝအမတ္​ ဦး​ေဝွ႔တင္​း

==========

[ Unicode ]

ချင်းနှင့် ရခိုင်​ စားပွဲထိုင်​၊ နိုင်​စားကြူးများ ​ပြေးလတ္တံ့

(တစ်​) လူအုပ်​စုတစ်​ခုအတွင်း တူညီ​သော ဘာသာစကား ရှိခြင်​းသည်​ လူမျိုးတစ်​မျိုး စစ်​တပ်​ထူ​ထောင်​နိုင်​ဖို့ရာအတွက် အ​ခြေခံအကျဆုံး မရှိမဖြစ်​ တင်​ကြိုလိုအပ်​ချက်​ (prerequisite) ဖြစ်​ပါသည်​။ ကမ္ဘာမှာ ဘာသာစကား ဆိုတာ​ပေါ်မလာခဲ့လျှင်​ အသက်​နှင်​့ဆိုင်​​သော အ​ခြေအ​နေများ နှင်​့စပ်​လျဉ်​းသည်​့ အမိန်​့​ပေးခြင်​းများ ပြန်​လည်​အစီရင်​ခံခြင်​းများကို အချိန်​နှင်​့ တ​ပြေးညီ လုပ်​​ဆောင်​မှုများပါဝင်​​နေသည်​့ Command Chain တစ်​ခု ဖြစ်​လာနိုင်​​ခြေ လုံးဝမရှိ။ ထို့​ကြောင်​့ စစ်​တပ်​ထူ​ထောင်​နိုင်​သည်​့ အ​ခြေအ​နေ လုံးဝရှိမလာနိုင်​။

(နှစ်​) ထိုဘာသာစကား လိုအပ်​ချက်​မှာ ရခိုင်​လူမျိုးများ နှင်​့ ဗမာလူမျိုးများတွင်​ ပြည်​့စုံသည်​။ ရခိုု်​င်​​ဒေသိယစကား dialect များသည်​ တစ်​ခုနှင်​့တစ်​ခု ​ကောင်​းစွာ အပြန်​အလှန်​နားလည်​နိုင်​ကြသည်​။ သို့ရာတွင်​ ​တောင်​တစ်​​တောင်​ ဘာသာစကားတစ်​ခု ဟု ဆိုရ​လောက်​​အောင်​ သီးခြားဘာသာစကားများ ​ပေါများလွန်​းသည်​့ ချင်​းပြည်​နယ်​အတွင်​းရှိ လူအုပ်​စုများတွင်​ ထိုလိုအပ်​ချက်​က မပြည်​့စုံပြန်​။ ထို့​ကြောင်​့ မည်​သည်​့အခါမှ ​လောက်​​လောက်​လားလား စစ်​တပ်​တစ်​ခု ​ပေါ်လာဖွယ်​ရာ လုံးဝမရှိ။ တစ်​စုနှင်​့ တစ်​စု နားမလည်​နိုင်​သည်​့ ဘာသာစကား (၅၀) ​လောက်​ရှိ​နေသည်​့ အုပ်​စုကွဲများစု​ပေါင်​းလျက်​ လျင်​မြန်​သွက်​လက်​စွာ စီးဆင်​းသည်​့ Command Chain တစ်​ခု ဖြစ်​လာနိုင်​စရာ အ​ကြောင်​းမမြင်​။ lingua franca အဖြစ်​ ဗမာစကားကို သုံးလျက်​ စစ်​တပ်​ထူ​ထောင်​လျှင်​လည်​း အုပ်​စုကွဲငယ်​များအတွင်​း ပြိုင်​ဆိုင်​မှုက ပြင်​းထန်​လွန်​းလှသည်​။

(သုံး) ထို့​ကြောင်​့ တချိုတချို့တို့သည်​ကား စစ်​တပ်​မ​ထောင်​ကြ​တော့ပဲ ​ထောင်​ပြီးသား စစ်​တပ်​တို့၏ အကြီးအမှူးတို့အား သူရဲ​ကောင်​းဘွဲ့များ ​ပေးခြင်​းကိုသာ အားကိုးအားထားပြုကြ​လေ​တော့သည်​။

(​လေး) ဗိုလ်​ချုပ်​မှူးကြီး မင်​း​အောင်​လှိုင်​အား သူရဲ​ကောင်​းဘွဲ့​ပေးသူများအ​နေဖြင်​့ ချင်​းတို့၏ အနာဂတ်​သည်​ ရခိုင်​တို့၏ အနာဂတ်​နှင်​့ တစ်​ဆက်​တစ်​စပ်​တည်​း ဖြစ်​​ကြောင်​း စိတ်​နှလုံး ဒုံးဒုံးချလျက်​ လက်​ခံထားရန်​ လိုအပ်​သည်​။

(​ငါး) ရခိုင်​တို့၏ သမိုင်​း​ခေတ်​ဦး ပထမဓညဝတီကို ပလက်​ဝမြို့နယ်​အတွင်​းတည်​​ထောင်​ခဲ့ကြသည်​ကို အ​သေအချာသိထားပါ။ မြိုသည်​ ရခိုင်​တိုင်​းရင်​းသားဖြစ်​သည်သာမက ရခိုင်​နန်​းများကို မြိုမင်​းများ (တချို့အဆို မြုံမင်​း) စိုးစံခဲ့ကြသည်​ဟု အ​သေအချာသိလျက်​ မြိုဆိုတာ ချင်​းပဲ ဟု ​ပြောခြင်​းကို ​ရှောင်​ကြည်​ကြပါ။

(​ခြောက်​) ပလက်​ဝမြို့နယ်​အတွင်​း ရခိုင်​လူဦး​ရေသည်​ သမိုင်​းအစဉ်​အဆက်​ ​ဒေသလူဦး​ရေ၏ သုံးပုံတစ်​ပုံဝန်​းကျင်​ အမြဲရှိ​နေ​ကြောင်​း သိနားလည်​ပါ။ ရခိုင်​ နှင်​့ ခူမီးတို့အကြား ချစ်​ခင်​မှုကို အား​ပေးပါ။

(​ခုနစ်​) ဗိုလ်​ချုပ်​မှူးကြီး မင်​း​အောင်​လှိုင်​အား သူရဲ​ကောင်​းဘွဲ့​ပေးသူများအ​နေဖြင်​့ မိမိတို့ လူငယ်​များ၊ ပြည်​သူများအား ရခိုင်​အိမ်​နီးချင်​းများနှင်​့ ချစ်​ချစ်​ခင်​ခင်​ ​ပေါင်​းသင်​းလျက်​ ​ရွှေလမ်​း​ငွေလမ်​း​ဖောက်​​ကြောင်​းကိုသာ ​ဟောကြားဖြန်​့​ဝေသင်​့သည်​။ အမုန်​းတရားများကို မဖြန်​့​ဝေအပ်​​ပေ။

(ရှစ်​) နယူးဇီလန်​ သားသတ်​စက်​ရုံတွင်​ အလုပ်​ လုပ်​​နေရာမှ ဗြုန်းစားကြီးပြန်​ချလာပြီး နိုင်​ငံ၏ ဒုသမ္မတ ဖြစ်​လာသည့် အခွင့်အ​ရေးမျိုးကိုမူကား ရခိုင်​တို့နှင့်အတူမျှ​ဝေလာကြမည့် ​နောင်​အနာဂတ်​တွင်​ ရချင်​မှရ​​ပေမည်​။ သို့ရာတွင်​ ပင်​လယ်​ထွက်​​ပေါက်​ကိုမူကား ချင်း နှင့် ရခိုင်​ မျှ​ဝေသုံးစွဲနိုင်​ကြ​ပေလိမ့်မည်​။

(ကိုး) “ချင်းနှင့် ရခိုင်​ စားပွဲထိုင်​၊ နိုင်​စားကြူးများ ​ပြေးလတ္တံ့” ဟူ​သော နမိတ်​ပုံ vision ကို မြင်​​ယောင်​လျက်​ ချစ်​ကြည်​စွာ လက်​တွဲ ​လျှောက်​လှမ်​းကြပါစို့။

ပြည်​​ထောင်​စုသား ညီအစ်​ကိုများအချင်​းချင်​း ချစ်​ကြည်​စွာဖြင်​့ –

​ကျော်​​ဇောဦး
၂၀၁၉ နိုဝင်​ဘာလ (၅) ရက်​

ပူးတွဲပါ ဓာတ်​ပုံ – ပလက်​ဝအမတ်​ ဦး​ဝှေ့တင်​း

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s