
[ Zawgyi Font first / Unicode below ]
လူမ်ိဳးႀကီးဝါဒီေတြ သတ္ေသခ်ိန္မွာ ဇိုမီးယန္းေတြ ညီၫြတ္ၾက
ဖက္ဒရယ္စစ္စစ္ျဖစ္ႏိုင္တဲ့ မိုဒယ္ တပ္ကို တိုင္းရင္းသားျပည္သူ႔အာဏာေအာက္မွာထားတဲ့ မိုဒယ္နဲ႔ တိုင္းျပည္ကို ျပန္လည္ဖြဲ႔စည္းလိုက္ရင္ လက္႐ွိ တစ္တိုင္းတစ္ျပည္လံုးမွာ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြ ၿငိမ္သက္သြားၿပီး တိုင္းျပည္ျပန္လည္တည္ေဆာက္ေရးကို လုပ္ႏိုင္ၾကမယ္ ဆိုတာကို ၾကည့္တတ္ရင္ ျမင္ႏိုင္ပါတယ္။
ဒါေပမဲ့ အဲသလိုလုပ္မယ့္အစား ကိုယ့္ကိုကိုယ္ သတ္ေသတာက ေကာင္းဦးမယ္လို႔ လူမ်ိဳးႀကီးဝါဒီေတြက အေလးအနက္ ယံုၾကည္ၾကတဲ့အတြက္ ေန႔စဥ္နဲ႔အမ်ွ မွားယြင္းတဲ့ ႏိုင္ငံေရး စစ္ေရး ဆံုးျဖတ္ခ်က္ေတြကို အေကာင္အထည္ေဖာ္ၿပီး ေအာင္ျမင္စြာ သတ္ေသၾကလ်က္ ႐ွိပါတယ္။
ျမန္မာႏိုင္ငံဟာ ေအာင္ျမင္စြာ သတ္ေသေနတဲ့ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ပါတယ္။
မိမိကိုယ္ကို သတ္ေသရာေရာက္တဲ့ ဆံုးျဖတ္ခ်က္ (suicidal decision) ေတြကို တိုင္းရင္းသားအေရး နဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးဘက္မွာ လူမ်ိဳးႀကီးဝါဒီေတြဟာ လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။
၁၉၈၈ အေရးအခင္းကို ႏွိမ္နင္းတဲ့အခါ ေကာင္းစြာ အသံုးက်ခဲ့တဲ့ ခ်င္းစစ္သားေတြရဲ႕ အသံုးတန္ဖိုးကို လူမ်ိဳးႀကီးဝါဒီေတြ ျပန္အမွတ္ရတန္ေကာင္းပါရဲ႕ . . . အဲဒါကိုေထာက္ထားၿပီး ျပည္သူ႔စစ္အျဖစ္ လက္နက္တပ္ဆင္ေပးတန္ေကာင္းပါရဲ႕လို႔ ေမ်ွာ္လင့္ေနၾကတဲ့ စစ္ကြၽန္ေတြ႐ွိေနတာကို အခု ေတြ႔ေနရတယ္။
ခ်င္းေတာင္တန္းေနသူတို႔ဟာ ဘာသာစကားတစ္ခုတည္း သံုးစြဲသူေတြ မဟုတ္တဲ့အတြက္ ေလာက္ေလာက္လားလား ကိုယ္ပိုင္ စစ္တပ္ထူေထာင္ဖို႔ရာမျဖစ္ႏိုင္ဘူးလို႔ ေ႐ွ႕ကေဆာင္းပါးတစ္ပုဒ္မွာ ကြၽန္ေတာ္တင္ျပခဲ့ၿပီးပါၿပီ။ (“ခ်င္းနဲ႔ရခိုင္ စားပြဲထိုင္ ႏိုု္င္စားၾကဴးမ်ား ေျပးလတၱံ႕” ေဆာင္းပါး ကိုရႈပါ။)
ခ်င္းေတာင္တန္းေနသူေတြကို ျပည္သူ႔စစ္အေနနဲ႔ လူမ်ိဳးႀကီးဝါဒီေတြက လက္နက္တပ္ဆင္ေပးရင္ ဆိုးကြက္႐ွိသလို ေကာင္းကြက္႐ွိလာမွာ ျဖစ္တယ္။ ဥပမာအားျဖင့္ လက္နက္ကိုင္ထားတဲ့ ရန္သူျဖစ္သြားတဲ့အတြက္ တရားဝင္ေခ်မႈန္းခြင့္ရလာတာ စတဲ့ေကာင္းကြက္အခ်ိဳ႕ ႐ွိလာမွာ ျဖစ္တယ္။ ျပည္သူ႔စစ္ဖြဲ႔တာဟာ သူတို႔အတြက္ ကိုယ္ဟာကိုယ္ သတ္ေသတာနဲ႔တူတယ္။ ဒါေပမဲ့ အဲဒီအလားအလာေတြကို စာမ်က္ႏွာေတြအေပၚမွာ အက်ယ္ မေဆြးေႏြးလိုပါဘူး။
ပလက္ဝၿမိဳ႕နယ္ ေျမာက္လက္အစြန္ဆံုး အိႏၵိယနယ္စပ္ကေန ကုလားတန္ျမစ္ေၾကာင္းအတိုင္း ေတာင္ဘက္ကို ဆင္းလာရင္ ၿမိဳ႕နယ္ျခားနယ္နမိတ္ကိုေက်ာ္ၿပီး ေက်ာက္ေတာ္ၿမိဳ႕ကိုေရာက္တဲ့အထိ နယ္ေျမတစ္ခြင္မွာ ေအေအနဲ႔ ျမန္မာ့တပ္မေတာ္နဲ႔ လက္နက္ကိုင္တိုက္ပြဲမျဖစ္တာ ဘယ္ေလာက္ၾကာၿပီလဲ . . . ။ အဲသလို တိုက္ပြဲမျဖစ္ဘူးဆိုတဲ့ အျခအေနရဲ႕ အဓိပၸါယ္ဟာျဖင့္ ဘယ္ဘက္တပ္က အဲသည္နယ္ေျမတစ္ခြင္ကို စိုးမိုးထားတယ္လို႔ အဓိပၸါယ္ရပါသလဲ . . . ဒီေမးခြန္းေတြကို တိုက္ပြဲကင္းလြတ္ရာနယ္ေျမက စားပြဲေပၚမွာထိုင္ရင္း ေျမပံုၾကည့္ရင္း သတင္းေတြကိုနားေထာင္ရင္း အလြယ္တကူသိႏိုင္တဲ့အရာျဖစ္ပါတယ္။ ေအေအတပ္ေတြက ပလက္ဝၿမိဳ႕ကို ဝင္မတိုက္တာပဲ႐ွိတယ္ လို႔ ထင္မိတယ္။ (ကြၽန္ေတာ္ေနာက္ဆံုးသိတဲ့ ပစ္ခတ္မႈက ၿပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္က ေက်ာက္ေတာ္ၿမိဳ႕နဲ႔ မ်က္ႏွာခ်င္းဆိုင္က ေရႊလိႈင္ရြာကို တပ္ကဝင္ပစ္လို႔ အရပ္သားတစ္ေယာက္ေသ တစ္ေယာက္ ဒဏ္ရာရတယ္ လို႔ သတင္းမွာ သိရတယ္။ ဒါပဲ။ ေနာက္ၿပီး ကုလားတန္ျမစ္ေၾကာမွာ NLD အမတ္ ဦးေဝွ႔ထင္း ကို ေအေအက ေခၚယူဧည့္ခံထားတယ္။)
UNFC ကို ဝင္စို႔ထြက္စို႔ လုပ္ခဲ့ၾကတဲ့ ခ်င္းေခါင္းေဆာင္ေတြရဲ႕ လုပ္ရပ္ေတြကို ကြၽန္ေတာ္အမ်ားႀကီး စိတ္ပ်က္ခဲ့ဖူးတယ္။ ခ်င္းလူငယ္ေျခတက္ေတြဟာ ေခါင္းျဖဴစြယ္က်ိဳးေတြရဲ႕ စစ္ကြၽန္အယူအဆေတြကို လက္မခံဘဲ ရခိုင္လူငယ္ေတြနဲ႔ ပူးေပါင္းအလုပ္လုပ္ၾကဖို႔ လိုအပ္ပါတယ္။
ယေန႔ထက္ထိ ကြၽန္ေတာ္သိမီသေလာက္မွာ လက္တစ္ဆုပ္စာ ခ်င္းတပ္ဖြဲ႔ေတြဟာ အခ်င္းခ်င္းတိုက္ခဲ့ၾကတဲ့ ထိေတြ႔မႈေလးေတြေလာက္သာ ႐ွိခဲ့ၿပီး လူမ်ိဳးႀကီးဝါဒီေတြကိုတိုက္တဲ့ တိုက္ပြဲ တစ္ပြဲမွ မ႐ွိဖူးေသးပါဘူး။ ပိုၿပီးတိတိက်က်ျဖစ္ေအာင္ ေျပာရမယ္ဆိုရင္ မၾကားမိေသးဘူး။
အသက္ေတြကိုရင္းၿပီး သူ႔ကိုကိုယ္သတ္ ကိုယ့္ကိုသူသတ္ တိုက္ပြဲေတြၾကားထဲက ရခိုင္ေတြကို ထုတ္ျပန္ခ်က္ကေလးေတြထုတ္ၿပီး ၿခိမ္းေျခာက္တဲ့ေလသံေတြနဲ႔ ေျပာတဲ့ CNLD ရဲ႕ ကေလးကလားဆန္မႈနဲ႔ အေျမာ္အျမင္ကင္းမဲ့မႈေတြကို ကာယကံ႐ွင္ေတြဟာ ကိုယ္ဘာသာကိုယ္ ဆန္းစစ္ေဝဖန္မႈ လုပ္သင့္တယ္။
ၿငိမ္းခ်မ္းရံုမက ကိုယ္ပိုင္ျပဌာန္းခြင့္႐ွိတဲ့ အျခအေနမွာ အားလံုးနဲ႔ ခ်စ္ခ်စ္ၾကည္ၾကည္ ေနခ်င္ပါတယ္။
ရခိုင္၊ ရခိုင္ကေန အထက္ကိုတက္ရင္ ခ်င္း၊ ခ်င္းကေန အထက္ကိုတက္ရင္ နာဂ၊ ဒီထက္ အေ႐ွ႕ေျမာက္ဘက္မွာ ကခ်င္၊ ကခ်င္ရဲ႕ အေ႐ွ႕ေတာင္ဘက္မွာ ႐ွမ္းျပည္ေထာင္မ်ား၊ ႐ွမ္းျပည္ေထာင္မ်ားရဲ႕ ေအာက္ဘက္မွာ ကယား၊ မြန္၊ ကရင္ . . . စသည္ျဖင့္ ရခိုင္ကေန တေကြ႔တပတ္ ဧရာဝတီျမစ္ေၾကာင္းေနလူေတြကို ေဝ့ဝိုက္ၿပီးေတာ့ ဟိုး ေအာက္ဘက္ မြန္၊ ကရင္အထိကို ျမန္မာျပည္ရဲ႕ ဇိုမီးယား (Zomia) လို႔ အေနာက္ႏိုင္ငံ စာေရးသူအခ်ိဳ႕က ေခၚၾကပါတယ္။ အလြယ္ေျပာရရင္ ဧရာဝတီျမစ္ေၾကာကို ဗဟိုျပဳေနသူမ်ားရဲ႕ နယ္ေျမကို ပတ္ပတ္လည္ ေဝ့ဝိုက္ရံထားတဲ့ နယ္ေျမဟာ ျမန္မာျပည္ရဲ႕ ဇိုမီးယား ျဖစ္ပါတယ္။
ျမန္မာ ဇိုမီးယား ရဲ႕ ပင္လယ္ထြက္ေပါက္ဟာ တစ္ဘက္မွာ ရခိုင္ျဖစ္ၿပီး ေနာက္တစ္ဖက္က ပင္လယ္ထြက္ေပါက္ဟာ မြန္၊ ကရင္ ျဖစ္တယ္ လို႔ ဆိုၾကပါတယ္။
ႏွစ္ေပါင္း ခုနစ္ဆယ္ၾကာ ႏိုင္ငံရဲ႕ဘက္ဂ်က္သံုးစြဲမႈမွာ ယေန႔ထက္ထိ အလယ္ပိုင္းသားေတြက ႏွစ္စဥ္ ဘက္ဂ်က္ရဲ႕ (၉၃) ရာခိုင္ႏႈန္းကို ကိုင္တြယ္ သံုးစြဲလာခဲ့ၾကၿပီး ဇိုမီးယန္းေတြရဲ႕နယ္ေျမမွာ စုစုေပါင္း ခုနစ္ရာခိုင္ႏႈန္းသာ ႏွစ္စဥ္ သံုးစြဲပါတယ္။
အခုႏွစ္ေပါင္း ခုႏွစ္ဆယ္ေက်ာ္ၾကာ လက္နက္ကိုင္ျပည္တြင္း ပဋိပကၡဟာ အလယ္ပိုင္းသားေတြနဲ႔ ဇိုမီးယန္းေတြနဲ႔အၾကား ျဖစ္ေနၾကတာျဖစ္တယ္လို႔ တခ်ိဳ႕က အဓိပၸါယ္ဖြင့္ဆိုၾကပါတယ္။
မၾကာေသးခင္က အားေပ်ာ့သြားတဲ့ UNFC ဟာ ဇိုမီးယန္းစုစည္းမႈ တစ္ခုျဖစ္ၿပီး လက္႐ွိ FPNCC ဟာ တစိတ္တစ္ပိုင္း ဇိုမီးယန္းစုစည္းမႈ ျဖစ္တယ္ လို႔ ဆိုႏိုင္တယ္။ ဒါေပမဲ့ ပိုသစ္လြင္တယ္၊ ပိုအားေကာင္းတယ္၊ ေ႐ွ႕ကို ဦးေဆာင္တယ္။
ဇိုမီးယန္းေတြ ညီၫြတ္ၾကပါမွ လူမ်ိဳးႀကီးဝါဒီေတြနဲ႔ စကားေျပာရာမွာ အား႐ွိပါး႐ွိက်မွာ ျဖစ္ပါတယ္။ စကားေျပာစရာ ႐ွိေနပါတယ္။
ေက်ာ္ေဇာဦး
၂၀၁၉ ႏိုဝင္ဘာလ (၆) ရက္

==========
[ Unicode ]
လူမျိုးကြီးဝါဒီတွေ သတ်သေချိန်မှာ ဇိုမီးယန်းတွေ ညီညွတ်ကြ
ဖက်ဒရယ်စစ်စစ်ဖြစ်နိုင်တဲ့ မိုဒယ် တပ်ကို တိုင်းရင်းသားပြည်သူ့အာဏာအောက်မှာထားတဲ့ မိုဒယ်နဲ့ တိုင်းပြည်ကို ပြန်လည်ဖွဲ့စည်းလိုက်ရင် လက်ရှိ တစ်တိုင်းတစ်ပြည်လုံးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ငြိမ်သက်သွားပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကို လုပ်နိုင်ကြမယ် ဆိုတာကို ကြည့်တတ်ရင် မြင်နိုင်ပါတယ်။
ဒါပေမဲ့ အဲသလိုလုပ်မယ့်အစား ကိုယ့်ကိုကိုယ် သတ်သေတာက ကောင်းဦးမယ်လို့ လူမျိုးကြီးဝါဒီတွေက အလေးအနက် ယုံကြည်ကြတဲ့အတွက် နေ့စဉ်နဲ့အမျှ မှားယွင်းတဲ့ နိုင်ငံရေး စစ်ရေး ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပြီး အောင်မြင်စွာ သတ်သေကြလျက် ရှိပါတယ်။
မြန်မာနိုင်ငံဟာ အောင်မြင်စွာ သတ်သေနေတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။
မိမိကိုယ်ကို သတ်သေရာရောက်တဲ့ ဆုံးဖြတ်ချက် (suicidal decision) တွေကို တိုင်းရင်းသားအရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးဘက်မှာ လူမျိုးကြီးဝါဒီတွေဟာ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ချင်းတောင်တန်းနေသူတို့ဟာ ဘာသာစကားတစ်ခုတည်း သုံးစွဲသူတွေ မဟုတ်တဲ့အတွက် လောက်လောက်လားလား ကိုယ်ပိုင် စစ်တပ်ထူထောင်ဖို့ရာမဖြစ်နိုင်ဘူးလို့ ရှေ့ကဆောင်းပါးတစ်ပုဒ်မှာ ကျွန်တော်တင်ပြခဲ့ပြီးပါပြီ။ (“ချင်းနဲ့ရခိုင် စားပွဲထိုင် နိုင်စားကြူးများ ပြေးလတ္တံ့” ဆောင်းပါး ကိုရှုပါ။)
၁၉၈၈ အရေးအခင်းကို နှိမ်နင်းတဲ့အခါ ကောင်းစွာ အသုံးကျခဲ့တဲ့ ချင်းစစ်သားတွေရဲ့ အသုံးတန်ဖိုးကို လူမျိုးကြီးဝါဒီတွေ ပြန်အမှတ်ရတန်ကောင်းပါရဲ့ . . . အဲဒါကိုထောက်ထားပြီး ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတန်ကောင်းပါရဲ့လို့ မျှော်လင့်နေကြတဲ့ စစ်ကျွန်တွေရှိနေတာကို အခု တွေ့နေရတယ်။
ချင်းတောင်တန်းနေသူတွေကို ပြည်သူ့စစ်အနေနဲ့ လူမျိုးကြီးဝါဒီတွေက လက်နက်တပ်ဆင်ပေးရင် ဆိုးကွက်ရှိသလို ကောင်းကွက်ရှိလာမှာ ဖြစ်တယ်။ ဥပမာအားဖြင့် လက်နက်ကိုင်ထားတဲ့ ရန်သူဖြစ်သွားတဲ့အတွက် တရားဝင်ချေမှုန်းခွင့်ရလာတာ စတဲ့ကောင်းကွက်အချို့ ရှိလာမှာ ဖြစ်တယ်။ ပြည်သူ့စစ်ဖွဲ့တာဟာ သူတို့အတွက် ကိုယ်ဟာကိုယ် သတ်သေတာနဲ့တူတယ်။ ဒါပေမဲ့ အဲဒီအလားအလာတွေကို စာမျက်နှာတွေအပေါ်မှာ အကျယ် မဆွေးနွေးလိုပါဘူး။
ပလက်ဝမြို့နယ် မြောက်လက်အစွန်ဆုံး အိန္ဒိယနယ်စပ်ကနေ ကုလားတန်ြမစ်ကြောင်းအတိုင်း တောင်ဘက်ကို ဆင်းလာရင် မြို့နယ်ခြားနယ်နမိတ်ကိုကျော်ပြီး ကျောက်တော်မြို့ကိုရောက်တဲ့အထိ နယ်မြေတစ်ခွင်မှာ အေအေနဲ့ မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်တိုက်ပွဲမဖြစ်တာ ဘယ်လောက်ကြာပြီလဲ . . . ။ အဲသလို တိုက်ပွဲမဖြစ်ဘူးဆိုတဲ့ အခြအနေရဲ့ အဓိပ္ပါယ်ဟာဖြင့် ဘယ်ဘက်တပ်က အဲသည်နယ်မြေတစ်ခွင်ကို စိုးမိုးထားတယ်လို့ အဓိပ္ပါယ်ရပါသလဲ . . . ဒီမေးခွန်းတွေကို တိုက်ပွဲကင်းလွတ်ရာနယ်မြေက စားပွဲပေါ်မှာထိုင်ရင်း မြေပုံကြည့်ရင်း သတင်းတွေကိုနားထောင်ရင်း အလွယ်တကူသိနိုင်တဲ့အရာဖြစ်ပါတယ်။ အေအေတပ်တွေက ပလက်ဝမြို့ကို ဝင်မတိုက်တာပဲရှိတယ် လို့ ထင်မိတယ်။ (ကျွန်တော်နောက်ဆုံးသိတဲ့ ပစ်ခတ်မှုက ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကျောက်တော်မြို့နဲ့ မျက်နှာချင်းဆိုင်က ရွှေလှိုင်ရွာကို တပ်ကဝင်ပစ်လို့ အရပ်သားတစ်ယောက်သေ တစ်ယောက် ဒဏ်ရာရတယ် လို့ သတင်းမှာ သိရတယ်။ ဒါပဲ။ နောက်ပြီး ကုလားတန်မြစ်ကြောမှာ NLD အမတ် ဦးဝှေ့ထင်း ကို အေအေက ခေါ်ယူဧည့်ခံထားတယ်။)
UNFC ကို ဝင်စို့ထွက်စို့ လုပ်ခဲ့ကြတဲ့ ချင်းခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို ကျွန်တော်အများကြီး စိတ်ပျက်ခဲ့ဖူးတယ်။ ချင်းလူငယ်ခြေတက်တွေဟာ ခေါင်းဖြူစွယ်ကျိုးတွေရဲ့ စစ်ကျွန်အယူအဆတွေကို လက်မခံဘဲ ရခိုင်လူငယ်တွေနဲ့ ပူးပေါင်းအလုပ်လုပ်ကြဖို့ လိုအပ်ပါတယ်။
ယနေ့ထက်ထိ ကျွန်တော်သိမီသလောက်မှာ လက်တစ်ဆုပ်စာ ချင်းတပ်ဖွဲ့တွေဟာ အချင်းချင်းတိုက်ခဲ့ကြတဲ့ ထိတွေ့မှုလေးတွေလောက်သာ ရှိခဲ့ပြီး လူမျိုးကြီးဝါဒီတွေကိုတိုက်တဲ့ တိုက်ပွဲ တစ်ပွဲမှ မရှိဖူးသေးပါဘူး။ ပိုပြီးတိတိကျကျဖြစ်အောင် ပြောရမယ်ဆိုရင် မကြားမိသေးဘူး။
အသက်တွေကိုရင်းပြီး သူ့ကိုကိုယ်သတ် ကိုယ့်ကိုသူသတ် တိုက်ပွဲတွေကြားထဲက ရခိုင်တွေကို ထုတ်ပြန်ချက်ကလေးတွေထုတ်ပြီး ခြိမ်းခြောက်တဲ့လေသံတွေနဲ့ ပြောတဲ့ CNLD ရဲ့ ကလေးကလားဆန်မှုနဲ့ အမြော်အမြင်ကင်းမဲ့မှုတွေကို ကာယကံရှင်တွေဟာ ကိုယ်ဘာသာကိုယ် ဆန်းစစ်ဝေဖန်မှု လုပ်သင့်တယ်။
ငြိမ်းချမ်းရုံမက ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ အခြအနေမှာ အားလုံးနဲ့ ချစ်ချစ်ကြည်ကြည် နေချင်ပါတယ်။
ရခိုင်၊ ရခိုင်ကနေ အထက်ကိုတက်ရင် ချင်း၊ ချင်းကနေ အထက်ကိုတက်ရင် နာဂ၊ ဒီထက် အရှေ့မြောက်ဘက်မှာ ကချင်၊ ကချင်ရဲ့ အရှေ့တောင်ဘက်မှာ ရှမ်းပြည်ထောင်များ၊ ရှမ်းပြည်ထောင်များရဲ့ အောက်ဘက်မှာ ကယား၊ မွန်၊ ကရင် . . . စသည်ဖြင့် ရခိုင်ကနေ တကွေ့တပတ် ဧရာဝတီမြစ်ကြောင်းနေလူတွေကို ဝေ့ဝိုက်ပြီးတော့ ဟိုး အောက်ဘက် မွန်၊ ကရင်အထိကို မြန်မာပြည်ရဲ့ ဇိုမီးယား (Zomia) လို့ အနောက်နိုင်ငံ စာရေးသူအချို့က ခေါ်ကြပါတယ်။ အလွယ်ပြောရရင် ဧရာဝတီမြစ်ကြောကို ဗဟိုပြုနေသူများရဲ့ နယ်မြေကို ပတ်ပတ်လည် ဝေ့ဝိုက်ရံထားတဲ့ နယ်မြေဟာ မြန်မာပြည်ရဲ့ ဇိုမီးယား ဖြစ်ပါတယ်။
မြန်မာ ဇိုမီးယား ရဲ့ ပင်လယ်ထွက်ပေါက်ဟာ တစ်ဘက်မှာ ရခိုင်ဖြစ်ပြီး နောက်တစ်ဖက်က ပင်လယ်ထွက်ပေါက်ဟာ မွန်၊ ကရင် ဖြစ်တယ် လို့ ဆိုကြပါတယ်။
နှစ်ပေါင်း ခုနစ်ဆယ်ကြာ နိုင်ငံရဲ့ဘက်ဂျက်သုံးစွဲမှုမှာ ယနေ့ထက်ထိ အလယ်ပိုင်းသားတွေက နှစ်စဉ် ဘက်ဂျက်ရဲ့ (၉၃) ရာခိုင်နှုန်းကို ကိုင်တွယ် သုံးစွဲလာခဲ့ကြပြီး ဇိုမီးယန်းတွေရဲ့နယ်မြေမှာ စုစုပေါင်း ခုနစ်ရာခိုင်နှုန်းသာ နှစ်စဉ် သုံးစွဲပါတယ်။
အခုနှစ်ပေါင်း ခုနှစ်ဆယ်ကျော်ကြာ လက်နက်ကိုင်ပြည်တွင်း ပဋိပက္ခဟာ အလယ်ပိုင်းသားတွေနဲ့ ဇိုမီးယန်းတွေနဲ့အကြား ဖြစ်နေကြတာဖြစ်တယ်လို့ တချို့က အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။
မကြာသေးခင်က အားပျော့သွားတဲ့ UNFC ဟာ ဇိုမီးယန်းစုစည်းမှု တစ်ခုဖြစ်ပြီး လက်ရှိ FPNCC ဟာ တစိတ်တစ်ပိုင်း ဇိုမီးယန်းစုစည်းမှု ဖြစ်တယ် လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ ပိုသစ်လွင်တယ်၊ ပိုအားကောင်းတယ်၊ ရှေ့ကို ဦးဆောင်တယ်။
ဇိုမီးယန်းတွေ ညီညွတ်ကြပါမှ လူမျိုးကြီးဝါဒီတွေနဲ့ စကားပြောရာမှာ အားရှိပါးရှိကျမှာ ဖြစ်ပါတယ်။ စကားပြောစရာ ရှိနေပါတယ်။
ကျော်ဇောဦး
၂၀၁၉ နိုဝင်ဘာလ (၆) ရက်