မြန်​မာအစိုးရအား အသိဉာဏ်​မမဲ့​စေလို
[ Zawgyi font first / Unicode below ]
ကျော်​​ဇောဦး
၂၀၁၉ နိုဝင်​ဘာလ (၉) ရက်
==========
[ Unicode ]
မြန်​မာအစိုးရအား အသိဉာဏ်​မမဲ့​စေလို
​ရွေး​ကောက်​ခံအရပ်​သားအစိုးရပိုင်​းရဲ့ အသိဉာဏ်​ပြည်​့ဝမှုကို အထင်​​သေးကြတဲ့ စစ်​ဝါဒီ စစ်​​လော်​ဘီ​တွေဟာ လူမှုကွန်​ရက်​အတွင်​းမှာ တွင်​ကျယ်​ပြန်​့နှံ့တဲ့ ပို့စ်​​တွေကို ​ရေးပြီး​တော့ တိုက်​ပွဲဖြစ်​ပွားရာ ရခိုင်​ပြည်​နယ်​အတွင်​းမှာ စစ်​နိုင်​​စေခ​ျင်​တယ်​ဆိုရင်​ လူ့အခွင်​့အ​ရေးချိုး​ဖောက်​မှု​တွေ ကျယ်​ကျယ်​ပြန်​့ုပြန့်​လုပ်​ဖို့လိုအပ်​တယ်​ အဲသလို လုပ်​နိုင်​ဖို့အတွက်​ အရပ်​ဘက်​အာဏာပိုင်​​တွေဘက်​က မီးစိမ်​းပြ လုပ်​ခွင်​့​ပေးဖို့ လိုအပ်​တယ်​ ဆိုပြီး​တော့ ​ပြောကြဆိုကြ ​ရေးကြတာ မကြာ​သေးခင်​က ​တွေ့လိုက်​ရပါတယ်​။
ဥပမာအားဖြင်​့ တရားမဲ့ ဖမ်​းဆီးစစ်​​ဆေးတာ​တွေ စိတ်​ရှိလက်​ရှိလုပ်​နိုင်​ခွင်​့​တွေ၊ ရွာ​တွေကို အတင်​းအဓမ္မ ဖျက်​သိမ်​း ​ရွေ့​ပြောင်​းခွင်​့​တွေ ရပြီး​တော့ ဆင်​နင်​းသလို နင်​းပစ်​လိုက်​ချင်​တယ်​ ဆိုတဲ့သ​ဘော ​ရေးကြ ​ပြောကြတာကို ​တွေ့ရတယ်​။ စစ်​​ဝါဒီ စစ်​​လော်​ဘီ​တွေဟာ “ဖြတ်​​လေးဖြတ်​” ဆိုတဲ့ အဝိဇ္ဇာ အမိုက်​​မှောင်​ မကင်​းစင်​နိုင်​​သေးဘူး ဆိုတာကို မြင်​​နေရပါတယ်​။
လမ်​းမှာ​တွေ့လို့ ဖမ်း​လာတဲ့ ပန်​းရံသမားကို အတွင်​းကလီစာ​တွေ ​ကြေမွပြီး ​ဆေးရုံ​ရောက်​မှ ​သေသွားတဲ့အထိ လည်​းလုပ်​​နေကြတာပဲ။ ပုဒ်​မ-၁၄၄ လည်​း မြို့နယ်​​ပေါင်​းများစွာ ထုတ်​ပြန်​ထားတာပဲ။ ​အင်​တာနက်​​တွေလည်​းဖြတ်​​တောက်​ထားတာပဲ။ (ဒါ​တွေလုပ်​ပြီး​တော့ ဘာရလာဒ်​မှလည်​း ထွက်​မလာ ICC နဲ့နီးလာတာပဲ အဖတ်​တင်​သွာတာ ​တွေ့ပါတယ်​။)
တစ်​ခါကလည်​း အင်​တာနက်​ဖြတ်​​တောက်​သင်​့တယ်​ဆိုတဲ့ စစ်​ဝါဒီ​တွေရဲ့အသံ လူမှုကွန်​ရက်​မှာ ကျယ်​​လောင်​လာ​တော့ – အရပ်​ဘက်​မြန်​မာအစိုးရကလည်​း စစ်​ဘက်​ကို ကူညီတဲ့အ​နေနဲ့ အင်​တာနက်​​တွေ ဖြတ်​​တောက်​ဖို့ လုပ်​​ပေးပါတယ်​။ အင်​တာနက်​အသုံးပြုခွင်​့ဆိုတာ အသက်​ရှင်​သန်​ခွင်​့လိုမျိုး အ​ခြေခံလူ့အခွင်​့အ​ရေးအဖြစ်​ ကမ္ဘာကြီးက သတ်​မှတ်​ထားတယ်​ ဆိုတာ ​လောက်​က​လေးကို ​ခေါင်​းထဲ ဉာဏ်​​ရောက်​ အသိဉာဏ်​ အဆင်​သင်​့မရှိ​သေးတဲ့သူ​တွေဟာ အစိုးရအာဏာကို ယူထားကြ​လေ​တော့ အင်​တာနက်​ဖြတ်​​တောက်​တဲ့ပြစ်​မှု​ကြောင်​့ ကမ္ဘာကြီးရဲ့ အပြစ်​တင်​မှုကို ခံရပါ​တော့တယ်​။
အခုတစ်​ခါ​မှာ​တော့ မြန်​မာ့ အရပ်​သားအစိုးရဟာ စစ်​ဝါဒီ စစ်​​လော်​ဘီ​တွေက ICC ကို အတူတူ သွားရ​အောင်​ဆိုပြီး ညာတာပါ​တေးနဲ့ လိမ်​​ခေါ်တိုင်​း လိုက်​သွားမယ်​့ လူ​တွေ မဟုတ်​ဘူးလို့ ကျွန်​​တော်​​တော့ ထင်​မိတယ်​။ “ဖြတ်​​လေးဖြတ်​” စာအုပ်​​ဟောင်​းဟာ ​ဆွေး​မြေ့​နေပြီဆိုဆိုတာကို သ​ဘောမ​ပေါက်​နိုင်​​သေးတဲ့ ​မောဟမကင်​းသူ​တွေ အစွဲမချွတ်​နိုင်​​ကြတဲ့လူ​တွေအတွက်​ ကိုယ်​က ဗိုက်​အငှါးနဲ့ ဓားထိုးခံ​ပေးရ​လောက်​​အောင်​ မြန်​မာ အရပ်​သားအစိုးရပိုင်​းက ညံ့​လောက်​မယ်​ မထင်​။
​ကျော်​​ဇောဦး
၂၀၁၉ နိုဝင်​ဘာလ (၉) ရက်
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s