
[ Zawgyi font first / Unicode below ]
သင္တို႔၏ ရယ္ေမာျခင္းသည္ ငါတို႔အတြက္ခြန္အား
သင္တို႔သည္ အရပ္သားမ်ားအား အေၾကာင္းမဲ့သတ္ျဖတ္ျခင္းကို ဝိုင္းဝန္းအားေပးေနၾကပါသလား။
ျပည္တြင္းပဋိပကၡျဖစ္ပြားေနၾကသည့္ တိုင္းျပည္မ်ားတြင္ လူမ်ိဳးတစ္မ်ိဳးက ႏိုင္ငံ၏ စစ္တပ္ကိုခ်ဳပ္ကိုင္ထားၿပီး က်န္လူမ်ိဳးမ်ားကို သတ္ျဖတ္ေနသည့္အခ်ိန္တြင္ စစ္တပ္ကိုခ်ဳပ္ကိုင္ထားသည့္ လူမ်ိဳး၏ အရပ္သားမ်ားကပါ ထိုလူမ်ိဳးတံုးသတ္ျဖတ္ျခင္းကို ႏႈတ္ျဖင့္ ကိုယ္ျဖင့္ ေစာင္မအားေပးျခင္း ေထာက္ခံမႈေပးျခင္း တို႔ လုပ္လာေသာအခါ၊ လူမ်ိဳးတံုးသတ္ျဖတ္မႈ က်ဴးလြန္သည္ဆိုသည့္ အေျခအေန၏ နဂိုေလးနက္မႈသည္ မ်ားစြာ အေလးစီးသြားၿပီ ျဖစ္ေၾကာင္း ေစာင့္ၾကည့္ေနသည့္ ကမၻာႀကီးက သိေလသည္။
ထိုအခ်ိန္တြင္ ကမၻာႀကီး၏ တံု႔ျပန္မႈမွာ ပိုမိုေလးနက္ျပင္းထန္တတ္ေလသည္။
ၿပီးခဲ့သည့္ ေလးငါးေျခာက္လက ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ကူးတို႔သမား အား တစ္ရြာလံုးမ်က္ျမင္ သက္ေသ႐ွိေနသည့္ၾကားမွ လွမ္းပစ္သျဖင့္ ေသသြားရသည့္ သတင္းေအာက္တြင္ ရယ္သြမ္းေသြးျခင္း၊ ဟားတိုက္စကားေျပာျခင္း၊ သတ္ပစ္သင့္သည္ ဟု ဆိုျခင္း စသည္တို႔ႏွင့္ အလားတူ မွတ္ခ်က္မ်ားကို လူေပါင္း ရာႏွင့္ ခ်ီ၍ လာေရာက္မွတ္ခ်က္ ေရးသားခဲ့ၾကသည္ ကို ကြၽန္ေတာ္ေတြ႔ဖူးခဲ့ၿပီး ျဖစ္သည္။
စစ္တပ္၏ စစ္ေဆးေမးျမန္းမႈခံရၿပီး ေနာက္ေသြးအန္ေသသြားရေသာ ကိုေဇာ္ဝင္းလိႈင္ သတင္း၊ ေနရင္းထိုင္ရင္း ပစ္သတ္ခံရေသာ ေက်ာက္တန္းေက်းရြာသားမ်ား သတင္း၊ စည္ေတာင္ေက်းရြာ ေျမက်င္းထဲတြင္ မိသားစုလိုက္ပစ္သတ္ခံခဲ့ရသူမ်ား သတင္း၊ အလားတူသတင္းမ်ားအားလံုး ေအာက္တြင္ လူေပါင္းေထာင္ေသာင္းခ်ီ၍ ပ်က္ရယ္ျပဳခဲ့ၾကေလၿပီ။
ယခုလည္း ငါးသည္မ ဗိုက္ႀကီးသည္အမ်ိဳးသမီးအား လွမ္းပစ္သျဖင့္ ေသဆံုးသြားရသည့္သတင္းေအာက္တြင္ ပ်က္ရယ္ျပဳသူမ်ား ဝင္လာမစဲ တသဲသဲ။ အနိမ့္ဆံုးအဆင့္ပင္လ်ွင္ စစ္ကို မေခၚနဲ႔ေလ၊ စစ္ကိုေခၚရင္ ဒီလို ခံရမွာေပါ့ ဟု လာေရာက္ မွတ္ခ်က္ျပဳေလသည္။
ထိုပ်က္ရယ္ျပဳသူမ်ား မသိသည္ကား ဤ အျဖစ္အပ်က္မ်ားကို ရခုိင္မ်ားကသာ ေစာင့္ၾကည့္ေနသည္မဟုတ္၊ အျခားတိုင္းရင္းသားမ်ားအားလံုးကလည္း ေစာင့္ၾကည့္ေနၾကသည္ ဆိုေသာ အခ်က္ ျဖစ္ေလသည္။ (ထိုနည္းတူစြာပင္ ၂၀၁၅ ေရြးေကာက္ပြဲ ရခိုင္ေတြႏိုင္ေသာ္လည္း ရခိုင္မ်ားအား ေဒသဆိုင္ရာအစိုးရ ဖြဲ႔ခြင့္မျပဳျခင္းကို အျခားတိုင္းရင္းသားမ်ားအားလံုးက တိတ္ဆိတ္စြာ ေစာင့္ၾကည့္ေနခဲ့ၾကသည္။)
ယခု ထိုသူတို႔က လူမႈကြန္ရက္ေပၚတြင္ ေပးေနၾကသည့္ ရက္စက္ေသာ ထိုမွတ္ခ်က္မ်ားကို screenshot ႐ိုက္၍ ကိုယ္စီကိုယ္ငွ မွတ္တမ္းျပဳထားသင့္ၾကေလသည္။ ယင္းတို႔မွာ လူမ်ိဳးတံုးသတ္ျဖတ္မႈ ျပဳလုပ္ရန္ၾကံစည္မႈ၏ ကနဦးေျခလွမ္းမ်ားအျဖစ္မွတ္ယူႏိုင္ေလသည္။
သည္ေန႔ ကမၻာ့ကုလသမဂၢမွာ ျမန္မာ ႏွင့္ ICC နဲ႔ ပတ္သက္ေသာ သတင္းကို ဖတ္ၾကည့္ၾကဖို႔ လိုပါသည္။ ခုခံရ မည္မ်ွခက္ေနၿပီ ဆိုသည္ကို စဥ္းစားၾကည့္ၾကဖို႔လိုသည္။
ေက်ာ္ေဇာဦး
၂၀၁၉ ႏိုဝင္ဘာလ (၁၀) ရက္
==========

သင်တို့၏ ရယ်မောခြင်းသည် ငါတို့အတွက်ခွန်အား
သင်တို့သည် အရပ်သားများအား အကြောင်းမဲ့သတ်ဖြတ်ခြင်းကို ဝိုင်းဝန်းအားပေးနေကြပါသလား။
ပြည်တွင်းပဋိပက္ခဖြစ်ပွားနေကြသည့် တိုင်းပြည်များတွင် လူမျိုးတစ်မျိုးက နိုင်ငံ၏ စစ်တပ်ကိုချုပ်ကိုင်ထားပြီး ကျန်လူမျိုးများကို သတ်ဖြတ်နေသည့်အချိန်တွင် စစ်တပ်ကိုချုပ်ကိုင်ထားသည့် လူမျိုး၏ အရပ်သားများကပါ ထိုလူမျိုးတုံးသတ်ဖြတ်ခြင်းကို နှုတ်ဖြင့် ကိုယ်ဖြင့် စောင်မအားပေးခြင်း ထောက်ခံမှုပေးခြင်း တို့ လုပ်လာသောအခါ၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသည့် အခြေအနေ၏ နဂိုလေးနက်မှုသည် များစွာ အလေးစီးသွားပြီ ဖြစ်ကြောင်း စောင့်ကြည့်နေသည့် ကမ္ဘာကြီးက သိလေသည်။
ထိုအချိန်တွင် ကမ္ဘာကြီး၏ တုံ့ပြန်မှုမှာ ပိုမိုလေးနက်ပြင်းထန်တတ်လေသည်။
ပြီးခဲ့သည့် လေးငါးခြောက်လက ရသေ့တောင်မြို့နယ်ထဲက ကူးတို့သမား အား တစ်ရွာလုံးမျက်မြင် သက်သေရှိနေသည့်ကြားမှ လှမ်းပစ်သဖြင့် သေသွားရသည့် သတင်းအောက်တွင် ရယ်သွမ်းသွေးခြင်း၊ ဟားတိုက်စကားပြောခြင်း၊ သတ်ပစ်သင့်သည် ဟု ဆိုခြင်း စသည်တို့နှင့် အလားတူ မှတ်ချက်များကို လူပေါင်း ရာနှင့် ချီ၍ လာရောက်မှတ်ချက် ရေးသားခဲ့ကြသည် ကို ကျွန်တော်တွေ့ဖူးခဲ့ပြီး ဖြစ်သည်။
စစ်တပ်၏ စစ်ဆေးမေးမြန်းမှုခံရပြီး နောက်သွေးအန်သေသွားရသော ကိုဇော်ဝင်းလှိုင် သတင်း၊ နေရင်းထိုင်ရင်း ပစ်သတ်ခံရသော ကျောက်တန်းကျေးရွာသားများ သတင်း၊ စည်တောင်ကျေးရွာ မြေကျင်းထဲတွင် မိသားစုလိုက်ပစ်သတ်ခံခဲ့ရသူများ သတင်း၊ အလားတူသတင်းများအားလုံး အောက်တွင် လူပေါင်းထောင်သောင်းချီ၍ ပျက်ရယ်ပြုခဲ့ကြလေပြီ။
ယခုလည်း ငါးသည်မ ဗိုက်ကြီးသည်အမျိုးသမီးအား လှမ်းပစ်သဖြင့် သေဆုံးသွားရသည့်သတင်းအောက်တွင် ပျက်ရယ်ပြုသူများ ဝင်လာမစဲ တသဲသဲ။ အနိမ့်ဆုံးအဆင့်ပင်လျှင် စစ်ကို မခေါ်နဲ့လေ၊ စစ်ကိုခေါ်ရင် ဒီလို ခံရမှာပေါ့ ဟု လာရောက် မှတ်ချက်ပြုလေသည်။
ထိုပျက်ရယ်ပြုသူများ မသိသည်ကား ဤ အဖြစ်အပျက်များကို ရခိုင်များကသာ စောင့်ကြည့်နေသည်မဟုတ်၊ အခြားတိုင်းရင်းသားများအားလုံးကလည်း စောင့်ကြည့်နေကြသည် ဆိုသော အချက် ဖြစ်လေသည်။ (ထိုနည်းတူစွာပင် ၂၀၁၅ ရွေးကောက်ပွဲ ရခိုင်တွေနိုင်သော်လည်း ရခိုင်များအား ဒေသဆိုင်ရာအစိုးရ ဖွဲ့ခွင့်မပြုခြင်းကို အခြားတိုင်းရင်းသားများအားလုံးက တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ကြသည်။)
ယခု ထိုသူတို့က လူမှုကွန်ရက်ပေါ်တွင် ပေးနေကြသည့် ရက်စက်သော ထိုမှတ်ချက်များကို screenshot ရိုက်၍ ကိုယ်စီကိုယ်ငှ မှတ်တမ်းပြုထားသင့်ကြလေသည်။ ယင်းတို့မှာ လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်ရန်ကြံစည်မှု၏ ကနဦးခြေလှမ်းများအဖြစ်မှတ်ယူနိုင်လေသည်။
သည်နေ့ ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာ နှင့် ICC နဲ့ ပတ်သက်သော သတင်းကို ဖတ်ကြည့်ကြဖို့ လိုပါသည်။ ခုခံရ မည်မျှခက်နေပြီ ဆိုသည်ကို စဉ်းစားကြည့်ကြဖို့လိုသည်။
ကျော်ဇောဦး
၂၀၁၉ နိုဝင်ဘာလ (၁၀) ရက်