
[ Zawgyi font first / Unicode below ]
ပလက္ဝၿမိဳ႕နယ္ သို႔မဟုတ္ ဥႆလင္းတိုင္း
အခု ဒီမွာ တင္ျပထားတဲ့ ပံုဟာ ေက်ာက္ပန္းေတာင္းေတာင္ကို မီးေခ်ာင္းေပၚ႐ွိ Taamie ကင္းစခန္းမွ လွမ္း၍ ေရးဆြဲထားတဲ့ ပံု ျဖစ္တယ္လို႔ ဘာသာျပန္ႏိုင္မယ္ ထင္ပါတယ္။ ပံုနာမည္ကို အဂၤလိပ္လိုေရးထားတာကို မ်က္စိထဲမွာ ျမင္ရသေလာက္က Sketch of Kyouk Pan Doung / From the out-post station of Taamie, on the Mee River လို႔ ဖတ္လို႔ရပါတယ္။ (ကင္းစခန္းေနရာကို Taamie လား ဒါမွမဟုတ္ ဆမီး လို႔ အသံထြက္ႏိုင္တဲ့ Tsamie လား သဲသဲကြဲကြဲ ဖတ္မရပါဘူး။)
ဒီပံုၾကမ္းကို “The Hill Tracts of Arakan” (ရခိုင္ေတာင္တန္းေဒသ) ဆိုတဲ့ နာမည္နဲ႔ ၁၈၈၁-ခုႏွစ္က ထုတ္ေဝတဲ့ ျဗတိသ်ွမွတ္တမ္းမွာ ထည့္သြင္းပံုႏွိပ္ခဲ့တာ ျဖစ္ပါတယ္။ စနစ္က်လွတဲ့ အဲသည္စာအုပ္ကို အဲသည္အခ်ိန္က British Burma (ၿဗိတိသ်ွ လက္ေအာက္ခံ ျမန္မာျပည္) ကို အုပ္ခ်ဳပ္တဲ့ ဒုတိယ အဆင့္အျမင့္ဆံုးအရာ႐ွိ (ဒုတိယ ေကာ္မ႐ွင္နာ) ဒြိန္းဟယူးစ္ (Dwynne Hughes) က တတိယ အဂၤလိပ္ျမန္မာစစ္ပြဲ မတိုင္ခင္မွာ ေရးသားမွတ္တမ္းတင္ခဲ့တာ ျဖစ္ပါတယ္။
သူက ေက်ာက္ပန္းေတာင္း (Kyouk Pan Doung) လို႔ မွတ္တမ္းျပဳခဲ့တဲ့ အဲသည္ေတာင္ဟာ ရခိုင္တို႔ရဲ႕ ပထမ ဓညဝတီေခတ္ အဆံုး ဘီစီ ၁၅၀၀ ခန္႔မွာ လက္လြတ္ထြက္ေျပးလာရသူ ရခိုင္မိဘုရားေစာစစ္ ဟာ မိမိရဲ႕ သမီးေတာ္ႏွစ္ပါးကို ကံရာဇာႀကီးနဲ႔ ေပါင္းဖက္ေစၿပီးေနာက္ ထူေထာင္ေနထိုင္ခဲ့ၾကတဲ့ နီလာပန္းေတာင္း ေက်ာက္ပန္းေတာင္းၿမိဳ႕ေဟာင္းေနရာ ျဖစ္ပါတယ္။ ရခိုင္ေတြက အဲသည္ေနရာကို ဒီေန႔ထက္ထိ နီလာပန္းေတာင္း ေက်ာက္ပန္းေတာင္းလို႔ ေခၚၿပီး ေဒသခံ အခ်ိဳ႕ကေတာ့ ကီမိုေတာင္ လို႔ ေခၚၾကပါတယ္။
အခုနကေျပာတဲ့ The Hill Tracts of Arakan စာအုပ္မွာပဲ ဒြိန္းဟယူးစ္က အေသအခ်ာမွတ္တမ္းတင္ခဲ့တာက (ယေန႔ေခတ္ ပလက္ဝနယ္ အပါအဝင္) ရခိုင္ေတာင္တန္းေဒသဟာ ရခိုင္မင္းမ်ား အစဥ္အဆက္မွာ အုပ္ခ်ဳပ္မယ့္ ရခိုင္လူမ်ိဳးေတြ ေစလႊတ္အုပ္ခ်ဳပ္ခဲ့တဲ့ ရခိုင္ ပိုင္စိုးရာနယ္ေျမအျဖစ္ ေဖာ္ျပထားပါတယ္။ ရခိုင္မ်ား အုပ္ခ်ဳပ္စဥ္ကပဲ ေဝးလံေခါင္သီတဲ့အေလ်ာက္ အုပ္ခ်ဳပ္ရခက္တဲ့ နယ္ေျမလို႔လည္း သူက ဆိုခ်င္တဲ့ သေဘာ႐ွိပါတယ္။
ရခိုင္ကို ျမန္မာသိမ္းၿပီး အဂၤလိပ္မဝင္ခင္ ၾကားကာလမွာ ျမန္မာအုပ္ခ်ဳပ္ေရးဝင္ခဲ့တယ္ လို႔ေတာ့ မွတ္တမ္းမေတြ႔ဖူးေသးပါဘူး။ ဘိုးေတာ္ေမာင္ဝိုင္းတပ္ေတြ ရဲ႕ လူမ်ိဳးတံုးသတ္ျဖတ္မႈကိုလည္း ဒီနယ္ကလူေတြ မၾကံဳလိုက္ရပါဘူး။
ဒြိန္းဟယူးစ္ တို႔ အဂၤလိပ္ေတြ အုပ္ခ်ဳပ္တဲ့လက္ထက္မွာ က်ေတာ့ ရခိုင္ေတြလို ကိုယ့္လူေစလႊတ္ အုပ္ခ်ဳပ္ျခင္းမ်ိဳး မဟုတ္ေတာ့ဘဲ သက္ဆိုင္ရာ မ်ိဳးႏြယ္စု အႀကီးအကဲေတြအလိုက္ တာဝန္ခံအုပ္ခ်ဳပ္ေစတဲ့ သေဘာ ႐ွိပါတယ္။
မိဘုရားေစာစစ္တို႔၊ သူတို႔ရဲ႕ သမီးေတာ္ျကီး သုနႏၵရီ သမီးငယ္ဖြားေတာ္ေသြး၊ ၎တို႔ႏွစ္ဦးရဲ႕ သခင္ဘုရင္ ကံရာဇာႀကီးတို႔ ေခတ္ကိုမ်ားစြာလြန္လို႔ တတိယ ဓညဝတီေခတ္ အေရာက္မွာ (ယေန႔ေခတ္ ပလက္ဝၿမိဳ႕နယ္ထဲက) ဥႆလင္းေစတီကို ရခိုင္ဘုရင္သူရိယစကၠမင္း က တည္ပါတယ္။
ယေန႔ ပလက္ဝၿမိဳ႕နယ္ဟာ ေ႐ွးရခိုင္ဘုရင္မ်ားလက္ထက္ တိုင္း (၁၂) တိုင္း ဆိုၿပီးခြဲျခမ္း အုပ္ခ်ဳပ္ခဲ့စဥ္ကာလမ်ားမွာ ဥႆလလင္းတိုင္းလို႔ သတ္မွတ္ အုပ္ခ်ဳပ္ခဲ့တဲ့ ေနရာျဖစ္ပါတယ္။
ေက်ာ္ေဇာဦး
၂၀၁၉ ႏိုဝင္ဘာလ (၁၁) ရက္
==========

[ Unicode ]
ပလက်ဝမြို့နယ် သို့မဟုတ် ဥဿလင်းတိုင်း
အခု ဒီမှာ တင်ပြထားတဲ့ ပုံဟာ ကျောက်ပန်းတောင်းတောင်ကို မီးချောင်းပေါ်ရှိ Taamie ကင်းစခန်းမှ လှမ်း၍ ရေးဆွဲထားတဲ့ ပုံ ဖြစ်တယ်လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ ပုံနာမည်ကို အင်္ဂလိပ်လိုရေးထားတာကို မျက်စိထဲမှာ မြင်ရသလောက်က Sketch of Kyouk Pan Doung / From the out-post station of Taamie, on the Mee River လို့ ဖတ်လို့ရပါတယ်။ (ကင်းစခန်းနေရာကို Taamie လား ဒါမှမဟုတ် ဆမီး လို့ အသံထွက်နိုင်တဲ့ Tsamie လား သဲသဲကွဲကွဲ ဖတ်မရပါဘူး။)
ဒီပုံကြမ်းကို “The Hill Tracts of Arakan” (ရခိုင်တောင်တန်းဒေသ) ဆိုတဲ့ နာမည်နဲ့ ၁၈၈၁-ခုနှစ်က ထုတ်ဝေတဲ့ ဗြတိသျှမှတ်တမ်းမှာ ထည့်သွင်းပုံနှိပ်ခဲ့တာ ဖြစ်ပါတယ်။ စနစ်ကျလှတဲ့ အဲသည်စာအုပ်ကို အဲသည်အချိန်က British Burma (ဗြိတိသျှ လက်အောက်ခံ မြန်မာပြည်) ကို အုပ်ချုပ်တဲ့ ဒုတိယ အဆင့်အမြင့်ဆုံးအရာရှိ (ဒုတိယ ကော်မရှင်နာ) ဒွိန်းဟယူးစ် (Dwynne Hughes) က တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ မတိုင်ခင်မှာ ရေးသားမှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။
သူက ကျောက်ပန်းတောင်း (Kyouk Pan Doung) လို့ မှတ်တမ်းပြုခဲ့တဲ့ အဲသည်တောင်ဟာ ရခိုင်တို့ရဲ့ ပထမ ဓညဝတီခေတ် အဆုံး ဘီစီ ၁၅၀၀ ခန့်မှာ လက်လွတ်ထွက်ပြေးလာရသူ ရခိုင်မိဘုရားစောစစ် ဟာ မိမိရဲ့ သမီးတော်နှစ်ပါးကို ကံရာဇာကြီးနဲ့ ပေါင်းဖက်စေပြီးနောက် ထူထောင်နေထိုင်ခဲ့ကြတဲ့ နီလာပန်းတောင်း ကျောက်ပန်းတောင်းမြို့ဟောင်းနေရာ ဖြစ်ပါတယ်။ ရခိုင်တွေက အဲသည်နေရာကို ဒီနေ့ထက်ထိ နီလာပန်းတောင်း ကျောက်ပန်းတောင်းလို့ ခေါ်ပြီး ဒေသခံ အချို့ကတော့ ကီမိုတောင် လို့ ခေါ်ကြပါတယ်။
အခုနကပြောတဲ့ The Hill Tracts of Arakan စာအုပ်မှာပဲ ဒွိန်းဟယူးစ်က အသေအချာမှတ်တမ်းတင်ခဲ့တာက (ယနေ့ခေတ် ပလက်ဝနယ် အပါအဝင်) ရခိုင်တောင်တန်းဒေသဟာ ရခိုင်မင်းများ အစဉ်အဆက်မှာ အုပ်ချုပ်မယ့် ရခိုင်လူမျိုးတွေ စေလွှတ်အုပ်ချုပ်ခဲ့တဲ့ ရခိုင် ပိုင်စိုးရာနယ်မြေအဖြစ် ဖော်ပြထားပါတယ်။ ရခိုင်များ အုပ်ချုပ်စဉ်ကပဲ ဝေးလံခေါင်သီတဲ့အလျောက် အုပ်ချုပ်ရခက်တဲ့ နယ်မြေလို့လည်း သူက ဆိုချင်တဲ့ သဘောရှိပါတယ်။
ရခိုင်ကို မြန်မာသိမ်းပြီး အင်္ဂလိပ်မဝင်ခင် ကြားကာလမှာ မြန်မာအုပ်ချုပ်ရေးဝင်ခဲ့တယ် လို့တော့ မှတ်တမ်းမတွေ့ဖူးသေးပါဘူး။ ဘိုးတော်မောင်ဝိုင်းတပ်တွေ ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကိုလည်း ဒီနယ်ကလူတွေ မကြုံလိုက်ရပါဘူး။
ဒွိန်းဟယူးစ် တို့ အင်္ဂလိပ်တွေ အုပ်ချုပ်တဲ့လက်ထက်မှာ ကျတော့ ရခိုင်တွေလို ကိုယ့်လူစေလွှတ် အုပ်ချုပ်ခြင်းမျိုး မဟုတ်တော့ဘဲ သက်ဆိုင်ရာ မျိုးနွယ်စု အကြီးအကဲတွေအလိုက် တာဝန်ခံအုပ်ချုပ်စေတဲ့ သဘော ရှိပါတယ်။
မိဘုရားစောစစ်တို့၊ သူတို့ရဲ့ သမီးတော်ကြီး သုနန္ဒရီ သမီးငယ်ဖွားတော်သွေး၊ ၎င်းတို့နှစ်ဦးရဲ့ သခင်ဘုရင် ကံရာဇာကြီးတို့ ခေတ်ကိုများစွာလွန်လို့ တတိယ ဓညဝတီခေတ် အရောက်မှာ (ယနေ့ခေတ် ပလက်ဝမြို့နယ်ထဲက) ဥဿလင်းစေတီကို ရခိုင်ဘုရင်သူရိယစက္ကမင်း က တည်ပါတယ်။
ယနေ့ ပလက်ဝမြို့နယ်ဟာ ရှေးရခိုင်ဘုရင်များလက်ထက် တိုင်း (၁၂) တိုင်း ဆိုပြီးခွဲခြမ်း အုပ်ချုပ်ခဲ့စဉ်ကာလများမှာ ဥဿလလင်းတိုင်းလို့ သတ်မှတ် အုပ်ချုပ်ခဲ့တဲ့ နေရာဖြစ်ပါတယ်။
ကျော်ဇောဦး
၂၀၁၉ နိုဝင်ဘာလ (၁၁) ရက်