
[ Zawgyi font first / Unicode below ]
ျပည္ေထာင္စုလႊတ္ေတာ္ ႏွင့္ ေအေအ
ဒီကေန႔ အခုနက ျပည္ေထာင္စုလႊတ္ေတာ္မွာ ေအေအနဲ႔ ပတ္သက္တဲ့ အေရးႀကီးအဆိုတစ္ရပ္ကို ေဆြးေႏြးသင့္မသင့္ ဆံုးျဖတ္ၾကမယ္လို႔ ဆိုပါတယ္။
တစ္။ စစ္မွန္ေသာ ဖက္ဒရယ္ စနစ္တစ္ရပ္ေပၚေပါက္ဖို႔ရန္အတြက္ ဒီဖြဲ႔စည္းပံုကို ျပင္ၾကစတမ္းဆိုရင္ ဒီျပည္ေထာင္စုလႊတ္ေတာ္ဆိုတဲ့ စနစ္ကို ဖ်က္သိမ္းၾကရပါမယ္။
ႏွစ္။ လူမ်ားစု ဒီမိုကေရစီနဲ႔ လူနည္းစု အခြင့္အေရးကို အထိန္းအေထ ျပဳႏိုင္ဖို႔ရာ – လူမ်ားစုကို ကိုယ္စားျပဳတဲ့ ျပည္သူ႔လႊတ္ေတာ္ နဲ႔ လူနည္းစုေတြကို ကိုယ္စားျပဳတဲ့ (သို႔မဟုတ္၊ ကိုယ္စားျပဳခ်င္ေယာင္ေဆာင္ထားတဲ့) အမ်ိဳးသားလႊတ္ေတာ္ တို႔ဟာ တန္းတူရည္တူ အခြင့္အာဏာ ႐ွိၾကရပါမယ္။
သံုး။ အဲသလိုတန္းတူရည္တူ အခြင့္အာဏာ ႐ွိႏိုင္ၾကဖို႔ရာ – ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ဆိုတဲ့လႊတ္ေတာ္ ႏွစ္ရပ္တို႔ကို တစ္ပူးတစ္ေပါင္းတည္း မက်င္းပဖို႔လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲသလို ပူးေပါင္းက်င္းပလို႔ မဲခြဲတိုင္းမွာ အမတ္ဦးေရမ်ားတဲ့ (လူဦးေရ ကိုယ္စားျပဳ) ျပည္သူ႔လႊတ္ေတာ္က အျမဲတမ္းအသာစီးရေနလို႔ပါပဲ။ ေနာက္တစ္ခ်က္က လူနည္းစုေတြရဲ႕ သီးျခားဆံုးျဖတ္ပိုင္ခြင့္ နဲ႔ သီးျခားအသံျပဳပိုင္ခြင့္ကို လာေရာက္ထိခိုက္ေနလို႔ ပါပဲ။
ေလး။ အဲဒီအခ်က္ေတြေၾကာင့္မိုလို႔ ျပည္ေထာင္စုလႊတ္ေတာ္ဆိုၿပီး လႊတ္ေတာ္ ႏွစ္ရပ္ကို ပူးတြဲက်င္းပ ေရာေႏွာဆံုးျဖတ္တာဟာ လႊတ္ေတာ္ႏွစ္ရပ္ရဲ႕ တန္းတူရည္တူျဖစ္မႈကို ပ်က္ျပားေစပါတယ္။ ဒါေၾကာင့္မို႔လို႔ စစ္မွန္ေသာ ဖက္ဒရယ္ ျပည္ေထာင္စုတစ္ရပ္ကို ေပၚေပါက္ေစလိုရင္ ျပည္ေထာင္စုလႊတ္ေတာ္ဆိုတဲ့ ပူးတြဲ လႊတ္ေတာ္စနစ္ကို ဖ်က္သိမ္းပစ္ၾကရပါမယ္။
ငါး။ ဒါေၾကာင့္မို႔လို႔ လူနည္းစုအသံကို ဖိႏွိပ္ၿပီး လူမ်ားစုႀကီးစိုးေရးအတြက္ စနစ္တက် ဒီဇိုင္းဆြဲတည္ေထာက္ထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ဟာ လူမ်ားစုအက်ိဳးကိုတစ္ဖက္သတ္ေဖာ္ေဆာင္ေသာ . . . အဲသည္လူအုပ္စုႀကီးရဲ႕ လက္ကိုင္ဒုတ္ေတြကို အကာအကြယ္ေပးေသာ . . . ဆံုးျဖတ္ခ်က္ေတြကို အမ်ားအကာ့ မ်ားရာစုအေျခအေနေတြမွာ ခ်မွတ္ ဆံုးျဖတ္ေနၾကမယ္ ဆိုတဲ့အခ်က္ဟာ ေျမႀကီးလက္ခတ္မလြဲ ျဖစ္ပါတယ္။
ဦးေက်ာ္ေဇာဦး
၂၀၁၉ ႏိုဝင္ဘာလ (၁၃) ရက္
==========

[ Unicode ]
ပြည်ထောင်စုလွှတ်တော် နှင့် အေအေ
ဒီကနေ့ အခုနက ပြည်ထောင်စုလွှတ်တော်မှာ အေအေနဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုတစ်ရပ်ကို ဆွေးနွေးသင့်မသင့် ဆုံးဖြတ်ကြမယ်လို့ ဆိုပါတယ်။
တစ်။ စစ်မှန်သော ဖက်ဒရယ် စနစ်တစ်ရပ်ပေါ်ပေါက်ဖို့ရန်အတွက် ဒီဖွဲ့စည်းပုံကို ပြင်ကြစတမ်းဆိုရင် ဒီပြည်ထောင်စုလွှတ်တော်ဆိုတဲ့ စနစ်ကို ဖျက်သိမ်းကြရပါမယ်။
နှစ်။ လူများစု ဒီမိုကရေစီနဲ့ လူနည်းစု အခွင့်အရေးကို အထိန်းအထေ ပြုနိုင်ဖို့ရာ – လူများစုကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော် နဲ့ လူနည်းစုတွေကို ကိုယ်စားပြုတဲ့ (သို့မဟုတ်၊ ကိုယ်စားပြုချင်ယောင်ဆောင်ထားတဲ့) အမျိုးသားလွှတ်တော် တို့ဟာ တန်းတူရည်တူ အခွင့်အာဏာ ရှိကြရပါမယ်။
သုံး။ အဲသလိုတန်းတူရည်တူ အခွင့်အာဏာ ရှိနိုင်ကြဖို့ရာ – ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဆိုတဲ့လွှတ်တော် နှစ်ရပ်တို့ကို တစ်ပူးတစ်ပေါင်းတည်း မကျင်းပဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲသလို ပူးပေါင်းကျင်းပလို့ မဲခွဲတိုင်းမှာ အမတ်ဦးရေများတဲ့ (လူဦးရေ ကိုယ်စားပြု) ပြည်သူ့လွှတ်တော်က အမြဲတမ်းအသာစီးရနေလို့ပါပဲ။ နောက်တစ်ချက်က လူနည်းစုတွေရဲ့ သီးခြားဆုံးဖြတ်ပိုင်ခွင့် နဲ့ သီးခြားအသံပြုပိုင်ခွင့်ကို လာရောက်ထိခိုက်နေလို့ ပါပဲ။
လေး။ အဲဒီအချက်တွေကြောင့်မိုလို့ ပြည်ထောင်စုလွှတ်တော်ဆိုပြီး လွှတ်တော် နှစ်ရပ်ကို ပူးတွဲကျင်းပ ရောနှောဆုံးဖြတ်တာဟာ လွှတ်တော်နှစ်ရပ်ရဲ့ တန်းတူရည်တူဖြစ်မှုကို ပျက်ပြားစေပါတယ်။ ဒါကြောင့်မို့လို့ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုတစ်ရပ်ကို ပေါ်ပေါက်စေလိုရင် ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ပူးတွဲ လွှတ်တော်စနစ်ကို ဖျက်သိမ်းပစ်ကြရပါမယ်။
ငါး။ ဒါကြောင့်မို့လို့ လူနည်းစုအသံကို ဖိနှိပ်ပြီး လူများစုကြီးစိုးရေးအတွက် စနစ်တကျ ဒီဇိုင်းဆွဲတည်ထောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ လူများစုအကျိုးကိုတစ်ဖက်သတ်ဖော်ဆောင်သော . . . အဲသည်လူအုပ်စုကြီးရဲ့ လက်ကိုင်ဒုတ်တွေကို အကာအကွယ်ပေးသော . . . ဆုံးဖြတ်ချက်တွေကို အများအကာ့ များရာစုအခြေအနေတွေမှာ ချမှတ် ဆုံးဖြတ်နေကြမယ် ဆိုတဲ့အချက်ဟာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါတယ်။
ဦးကျော်ဇောဦး
၂၀၁၉ နိုဝင်ဘာလ (၁၃) ရက်