လာတယ်​ဆိုရင်​ ကြို​နေဦးမှာ

[ Zawgyi font first / Unicode below ]









ကျော်​​ဇောဦး
၂၀၁၉ နိုဝင်​ဘာလ (၁၄) ရက်

==========

[ Unicode ]

လာတယ်​ဆိုရင်​ ကြို​နေဦးမှာ

ကူကီး လက်​နက်​ကိုင်​​တွေ ​တောတွင်​းလမ်​း​လျှောက်​​လေ့ကျင်​့ခန်​းလုပ်​​နေကြတဲ့ ဗီဒီယိုဖိုင်​တစ်​ခုကို ​ကောက်​တင်​ပြီး ကုလားတန်​မြစ်​ဝှမ်​းဘက်​ကိုလာ​နေပြီ ဆိုပြီး ဖွ​နေကြတာကို​တွေ့တယ်​။

အဲသည်​ ဗီဒီယိုဖိုင်​ရဲ့ ဘယ်​​လောက်​ပဲ တန်​ဖိုးရှိသလဲ ဆို​တော့ စစ်​​တွေမြို့ကို ချင်​းလူမျိုး​တွေတည်​​ထောင်​တာဆိုပြီး ဝါဒဖြန်​့ချိ​ရေးသား​နေကြတဲ့ ​စာစု​တွေနဲ့ တန်​ဖိုးမဲ့ပုံချင်​း အတူတူ ဖြစ်​ပါတယ်​။

ကူကီး​တွေ ကျက်​စား​လေ့ရှိတဲ့ က​ဘော်​ချိုင်​့ဝှမ်​း တစ်​ဝိုက်​က​နေ စတင်​လို့ ချင်​းပြည်​နယ်​ တစ်​ခုလုံးကို ဖြတ်​လာပြီး ပလက်​ဝကို ​ရောက်​ဖို့အတွက်​ အ​ဖြောင်​့တိုင်​းရင်​​တောင်​ (၂၁၅) မိုင်​ရှိတယ်​။ အဲသည်​လမ်​း​ကြောင်​းအတိုင်​း ချင်​းပြည်​နယ်​ကို ဖြတ်​လာရင်​ ကူကီး​တွေနဲ့ ဘာသာစကားမတူတဲ့ ချင်​းရှစ်​မျိုး​လောက်​ရဲ့ ​နေရာ​တွေကို ဖြတ်​သန်​းရမယ်​။

ဒီဘက်​ကို​ရောက်​လာရင်​ ကူကီး​တွေက ခမီးစကားလည်​းမတတ်​ဘူး။ ရခိုင်​စကားလည်​းမတတ်​ဘူး။ အိန္ဒိယဘက်​ခြမ်​း ကူကီးနဲ့ မြန်​မာဘက်​ခြမ်​းကူကီး တပ်​​တွေ စုစု​ပေါင်​းပါမှ ငါးရာ​လောက်​ရှိတာကို တစ်​​ယောက်​တစ်​​ပေါက်​ဖြစ်​​နေတဲ့ မြန်​မာပြည်​က မျိုးကွဲ​တွေအတွက်​ အချည်​းနှီး အပင်​ပန်​းခံ အသက်​လာ​ပေး တိုက်​ပွဲဝင်​​ဖို့ အ​ကြောင်​းမရှိဘူး။

အဲသည်​ကူကီး​တွေ ဒီလမ်​း​ကြောင်​းအတိုင်​း လာရင်​လည်​း မြန်​မာ့တပ်​မ​တော်​က ကြားဖြတ်​တိုက်​ရမယ်​့တာဝန်​ရှိတယ်​။ ဘာ​ကြောင်​့လည်​းဆို​တော့ ကူကီးလက်​နက်​ကိုင်​အများစုက နိုင်​ငံခြားသား အိန္ဒိယနိုင်​ငံသား ကူကီး​တွေဖြစ်​​နေလို့ပဲ။

ဘုရား သိကြား တန်​ခိုးနဲ့ အဲသည်​လက်​နက်​ကိုင်​​တွေ ကုလားတန်​မြစ်​ဝှမ်​းဘက်​ကို ​ရောက်​လာရင်​လည်​း အသက်​ရှင်​နိုင်​ဖို့ မလွယ်​ဘူး။ ဘာ​ကြောင်​့လဲ ဆိုတာကို သိကြမှာပါ။

ဝါဒဖြန်​့ခ​ျိ​ရေး ဗီဒိယို ဖိုင်​​တွေကို ကြည်​့ပြီး ချင်​့တွက်​လို့ ယုံကြပါ။ တန်​ဖိုးမဲ့တဲ့ content ​တွေကို မျှ​ဝေ​နေခြင်​းအားဖြင်​့ သူများ​တွေရဲ့ မျက်​စိ​ရှေ့မှာ အမှိုက်​ပွပါတယ်​။

​ကျော်​​ဇောဦး
၂၀၁၉ နိုဝင်​ဘာလ (၁၄) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s