သတင်းတုများဖြင့် ပြည်​ပျက်​ကို တည်​​ဆောက်​လိုသူမျာ

[ Zawgyi font first / Unicode below ]

သတင္​းတုမ်ားျဖင္​့ ျပည္​ပ်က္​ကို တည္​​ေဆာက္​လိုသူမ်ား

မ​ေန႔က သမၼတရံုး​ေျပာ​ေရးဆိုခြင္​့႐ွိသူက သတင္​းတုကိုကိုးကားၿပီး ​ေအ​ေအကို ဆိုမာလီဓားျပ​ေတြနဲ႔ နိႈင္​းယွဥ္​စြပ္​စြဲတာကို​ေတြ႔လိုက္​ပါတယ္​။ ဖမ္​းဆီးခံ ပလက္​ဝ NLD အမတ္​အတြက္​ ျပန္​​ေပး​ေရြး​ေငြ သိန္​းသံုး​ေထာင္​​ေတာင္​းတယ္​လို႔ ထုတ္​ျပန္​​ေၾကျငာခ်က္​စာရြက္​အတု ျဖန္​႔ၿပီး​ေျပာ​ေနၾကတာဟာ သတင္​းမွားသာျဖစ္​တယ္​ လို႔ သက္​ဆိုင္​ရာအဖြဲ႔အစည္​းက ထုတ္​​ေျပာထားတာကို မၾကားပဲ သတင္​းတုကသာလ်ွင္​ ထိုပုဂၢိဳလ္​မ်ားရဲ႕ စိတ္​သႏၱာန္​မွာ လႊမ္​းမိုး​ေနခဲ့တာကို ​ေတြရပါတယ္​။

သမၼတအၾကံ​ေပး​ေဟာင္​းတစ္​​ေယာက္​ဆိုရင္​ follower ​ေပါင္​း သိန္​းခ်ီ႐ွိတဲ့ သူရဲ႕ လူမႈကြန္​ရက္​ စာမ်က္ႏွာက​ေန အျခားသူမ်ား ဖန္​တီးထားတဲ့ ထုတ္​ျပန္​ခ်က္​အတု​ေတြကို သတင္​းတု​ေတြကို မွတ္​ခ်က္​​ေပးရင္​း ထပ္​ဆင္​့ျဖန္​႔​ေဝ​ေနတာကို မၾကာခဏ​ ​ေတြ႔မိပါတယ္​။ အဲသည္​ သူ႔ရဲ႕ မွားယြင္​း​ေသာ မွတ္​ခ်က္​စကား​ေတြက သိန္​းဂဏန္​းခ်ီတဲ့လူ​ေတြဆီကို ​ေရာက္​႐ွိျပန္​႔ႏွံ႔​ေနတာကိုလည္​း ​ေတြ႔ပါတယ္​။ ဒါ​ေပမဲ့ ကိုယ္​့အျပဳအမူ ကိုယ္​့အဆင္​့အတန္​းပဲ​ေလ ဆိုတဲ့ ဆင္​ျခင္​မႈနဲ႔ ဘာမွ မ​ေျပာျဖစ္​ပါဘူး။ သူ႔လိုပဲ သတင္​းတုကို ထပ္​ဆင္​့ျဖန္​႔သူ ထပ္​ဆင္​့မွတ္​ခ်က္​​ေပးကာ မီး​ေလာင္​ရာ​ေလပင္​့လုပ္​သူ အ​ေတြး​ေကာင္​း​ အ​ေရး​ေကာင္​း ​ေခတ္​ပညာတတ္​ opinion-maker မ်ားစြာကို ​ေတြ႔ရပါတယ္​။

ဒါ​ေပမဲ့ ႏိုင္​ငံအုပ္​ခ်ဳပ္​​ေရးမွာအႀကီးဆံုးတာဝန္​႐ွိသူ ျဖစ္​တဲ့ သမၼတရံုး ရဲ႕ ​ေျပာ​ေရးဆိုခြင္​့ ႐ွိသူက သတင္​းစာ႐ွင္​းလင္​းပြဲမွာ ဖိုတို​ေ႐ွာ့လုပ္​ထားတဲ့ ထုတ္​ျပန္​ခ်က္​အတု သတင္​းအတုကို ကိုင္​ၿပီး ကိုးကားၿပီး စကား​ေျပာတယ္​ စြပ္​စြဲမႈ​ေတြလုပ္​တယ္​ဆိုတာ က​ေတာ့ ​မွားယြင္​းမႈဟာ ​ေလးနက္​ျပင္​းထန္​လွပါတယ္​။ လူပုဂၢိဳလ္​ တစ္​ဦးတစ္​​ေယာက္​ရဲ႕ အမွားအယြင္​းဆိုတာထက္​ မ်ားစြာ တာသြားပါတယ္​။ ဒီျမန္​မာ့လူ႔အဖြဲ႔အစည္​း တစ္​ခုလံုးအတြက္​ စိတ္​မ​ေကာင္​းဖြယ္​ရာ ျဖစ္​ပါတယ္​။

info-storm လို႔​ေခၚၾကတဲ့ သတင္​းအခ်က္​အလက္​​ေပါင္​းစံု မုန္​တိုင္​းထန္​သလို ကိုယ္​့ဆီကို ​ေရာက္​​ေနတဲ့ၾကားက မွန္​ကန္​တဲ့အခ်က္​အလက္​​ေတြကို ပိုင္​းျဖတ္​ဆင္​ျခင္​ ရယူႏိုင္​​​ေရးဟာ လူ႔အဖြဲ႔အစည္​းကို ​ေခါင္​း​ေဆာင္​​ေနသူမ်ားအတြက္​ ဒီ​ေန႔​ေခတ္​ကာလမွာ အ​ေရးႀကီးပါတယ္​။ သတင္​းတု ဟုတ္​မဟုတ္​ စိစစ္​သိႏိုင္​စြမ္​းျမင္​့တဲ့သူ​ေတြမွာ အရည္​အခ​်င္​းႏွစ္​ရပ္​႐ွိပါတယ္​။ analytical thinking လို႔ ​ေခၚတဲ့ ခြဲျခမ္​းသံုးသပ္​ႏိုင္​စြမ္​း နဲ႔ open mindedness လို႔ ​ေခၚတဲ့ ဖြင္​့ထား​ေသာ စိတ္​ႏွလံုး႐ွိျခင္​း တို႔ ျဖစ္​ၾကပါတယ္​။ အဲသည္​ အရည္​အ​ေသြးႏွစ္​မ်ိဳးဟာ သတင္​းတုကို ယံုလြယ္​သူ လူအုပ္​စု သံုးစုတို႔မွာ မ်ားစြာနိမ္​့ပါး​ေၾကာင္​း​ေတြ႕ရတယ္​ လို႔ ​ေလ့လာမႈအခ်ိဳ႕က ဆိုပါတယ္​။ အဲသည္​ အုပ္​စု သံုးစုက ဘယ္​လိုလုမ်ိဳး​ေတြလဲ ဆို​ေတာ့ – (တစ္​) religious fundamentalists လို႔ ​ေခၚတဲ့ ဘာသာ​ေရး အယူသီးသမား​ေတြ၊ (ႏွစ္​) delusional thinking လို႔ဆိုတဲ့ စြဲလမ္​းမွားယြင္​းမႈမ်ားနဲ႔ စဥ္​းစားျခင္​းကိုျပဳသူမ်ားရယ္​၊ (သံုး) တရား​ေသဝါဒ (dogmatism) အမ်ိဳးမ်ိဳးရဲ႕ လႊမ္​းမိုးမႈကို ခံရတတ္​သူ​ေတြ၊ ဒီ သံုးအုပ္​စုဟာ သတင္​းမွား​ေတြကို အယံုလြယ္​သူ​ေတြ ျဖစ္​ၾကပါသတဲ့။

အဲသည္​အုပ္​စု သံုးအုပ္​စုထဲက ပထမ ႏွစ္​အုပ္​စုအ​ေၾကာင္​းကို စာ႐ွည္​မွာ စိုးလို႔ မ​ေဆြး​ေႏြး​ေတာ့ပါဘူး။ တတိယအုပ္​စုျဖစ္​တဲ့ တရား​ေသဝါဒ​ေတြရဲ႕ လႊမ္​းမိုးမႈကို ခံရတတ္​သူ​ေတြ (တစ္​နည္​း) တရား​ေသဝါဒီ​ေတြအ​ေၾကာင္​းကို ဒီ​ေနရာမွာ နည္​းနည္​း ​ေဆြး​ေႏြးခ်င္​ပါတယ္​။

ကြၽန္​​ေတာ္​နားလည္​သ​ေလာက္​​ေျပာရရင္​ ဒို႔တာဝန္​အ​ေရးသံုးပါး ကို ကမၻာႀကီးရဲ႕ မ​ေျပာင္​းမလဲႏိုင္​​ေသာ အမွန္​တရားပမာ အျ​ခခံစဥ္​းစားလုပ္​​ေဆာင္​​ေနတာဟာ တရား​ေသဝါဒ တစ္​မ်ိဳးျဖစ္​တယ္​ လို႔ ယူဆမယ္​ဆိုရင္​ ယူဆႏိုင္​မွာ ျဖစ္​ပါတယ္​။

တိုင္​းျပည္​ထဲက လူမ်ိဳးစုတစ္​စုဟာ အစ္​ကိုႀကီးျဖစ္​ၿပီး​ေတာ့ က်န္​မ်ိဳဳးႏြယ္​စု​ေတြဟာ ညီငယ္​​ေတြျဖစ္​တယ္​လို႔ ခံယူတာ၊ အစ္​ကိုႀကီးလူမ်ိဳးက ညီငယ္​လူမ်ိဳး​ေတြကို လႊမ္​းမိုး​ေနဖို့အတြက္​ ျဖစ္​ႏိုင္​သမ်ွ နည္​လမ္​း​ေပါင္​းစံုကို သံုးရမယ္​ လို႔ မွတ္​ယူထားျခင္​းဟာ တရား​ေသဝါဒ (dogmatism) တစ္​မ်ိဳးျဖစ္​ပါတယ္​။

ဒီလိုမိ်ဳးတရား​ေသဝါဒ တစ္ခုခု​ကိုလက္​ခံထားသူတစ္​ဦးဟာ ဒီအယူအဆကို ​ေလ်ာ့ပါးအားနည္​း​ေစမယ္​့ မည္​သည္​့ သတင္​းအခ်က္​အလက္​ကိုမဆို စိတ္​ထဲက မႏွစ္​ၿမိဳ႕မႈျဖစ္​ပါတယ္​။ မိမိတို႔ စြဲကိုင္​ထားတဲ့ တရား​ေသဝါဒကို တိုက္​ခိုက္​သူမွန္​သမ်ွကို အျမင္​မွားယြင္​း​ေနသူ​ေတြ ယုတ္​မာသူ​ေတြအျဖစ္​ ယူဆပါတယ္​။ ယုတ္​မာသူ​ေတြ မျဖစ္​​ေသးရင္​လည္​း ယုတ္​မာသူ​ေတြ ျဖစ္​သြား​ေစခ်င္​ပါတယ္​။

ဒီ​ေတာ့ မိမိတို႔ တရား​ေသဝါဒကို ဆန္​႔က်င္​သူတစ္​ဦးတစ္​​ေယာက္​ဟာ ယုတ္​မာသူျဖစ္​ပါတယ္​ ယုတ္​မာတဲ့ လုပ္​ရပ္​ကိုလုပ္​ပါတယ္​ လို႔ သတင္​းတု သတင္​းမွား တစ္​ခုက ဆိုလိုက္​တာနဲ႔ ဆင္​ျခင္​စစ္​​ေဆးမႈ​ေတြ မလုပ္​​ေတာ့ဘဲနဲ႔ လိုလိုလားလား ယံုပစ္​လိုက္​​ေတာ့တာ ျဖစ္​ပါတယ္​။

​ေနာက္​တစ္​ခုက မိမိပတ္​ဝန္​းက်င္​ လူ႕အဖြဲ႔အစည္​းရဲ႕ ၿပိဳင္​တူ​ေရြ႔လ်ား​ေနမႈက​ေန ႐ုန္​းထြက္​တဲ့ ဆင္​ျခင္​မႈကို ျပလုပ္​ရခက္​ခဲတာကလည္​း တစ္​​ေၾကာင္​း ျဖစ္​ပါတယ္​။

ဥပမာအားျဖင္​့ – ႐ုပ္​႐ုပ္​ရံုထဲ ႐ုပ္​႐ွင္​ၾကည္​့​ေနစဥ္​မွာ အ​ေၾကာင္​းရင္​းကိုမသိရပဲ လူ​ေတြဟာ ႐ုန္​းရင္​းဆန္​ခတ္​​ေျပးထြက္​လာမ်ိဳးကို လုပ္​​ေနၾကတဲ့အခါမ်ိဳးမွာ အ​ေၾကာင္​းရင္​းအတိအက်ကို မသိရ​ေပမယ္​့ လူ​ေတြရဲ႕ ႐ုပ္​ပံုအရ မိမိရ႐ွိတဲ့သတင္​းစကားက ဒီ႐ုပ္​႐ွင္​ရံုထဲမွာ အႏၱရာယ္​တစ္​ခုခုျဖစ္​​ေနတယ္​ ဒီက​ေန​ေဝးရာကို ျမန္​ျမန္​သြားရမယ္​ ဆိုတဲ့ သတင္​းစကား ျဖစ္​ပါတယ္​။ ဒီလိုမ်ိဳးအ​ေျခအ​ေနမွာ ဒီလိုမ်ိဳးသတင္​းစကားကို မိမိက လက္​မခံပဲျပဳမူလုပ္​​ေဆာင္​ဖို႔ရာ ႀကီးစြာ ခက္​ခဲပါတယ္​။

ဒါ​ေၾကာင္​့ ဒီ​ေကာင္​​ေတြက ဓားျပ​ေတြပါကြာလို႔ မိမိ​နံ​ေဘးမွာ ႐ွိ​ေနတဲ့ လူအ​ေယာက္​တစ္​ရာမွာ အ​ေယာက္​တစ္​ရာစလံုးက ​ေျပာ​ေနၾကတဲ့အခါ မိမိစိတ္​ထဲက လြယ္​လင္​့တကူ လက္​ခံလိုက္​တာ ျဖစ္​ပါတယ္​။

ျမန္​မာျပည္​ရဲ႕ လက္​႐ွိအ​ေျခအ​ေန ဘယ္​​ေရြ႔ဘယ္​မ်ွခက္​ခဲ​ေနတယ္​ဆိုတာကို အခု ၂၀၁၉ ႏိုဝင္​ဘာလမွာ ​ေကာင္​းစြာျမင္​ႏိုင္​ပါတယ္​။ ဘုရင္​့​ေနာင္​လက္​ထက္​တုန္​းက စိတ္​ဓာတ္​​ေတြ က်ဴပင္​ခုတ္​ က်ဴငုတ္​မက်န္​​ေစရ ဆိုတဲ့ မွားယြင္​းရက္​စက္​မႈ​ေတြဟာ ဒီ​ေန႔ဒီ​ေခတ္​ဒီကာလနဲ႔ ဆီ​ေလ်ာ္​မႈ႐ွိပါ​ေသးရဲ႕လား၊ ငါတို႔ဘာ​ေတြမွား​ေနသလဲ ဆိုတာကို အခ်ိန္​မီ ဆင္​ျခင္​ျပဳျပင္​ၾကဖို႔လိုပါတယ္​။ ​

လြင္​့သြားတဲ့ စ​ေကာတစ္​ခ်ပ္​ကို ​ေနာက္​ကလိုက္​ၿပီး ငါ့စ​ေကာ ငါ့​စ​ေကာ လို႔ ​ေအာ္​ၿပီး ​ေနာက္​က လိုက္​ဖမ္​းရာက​ေန ငစ​ေကာ တပ္​​ေတြလာ​ေနၿပီ ဆိုၿပီး လူ​ေတြက​ေသာင္​းကနင္​းထြက္​​ေျပးၾကရာက​ေန တိုင္​းျပည္​ပ်က္​သြားတဲ့ အ​ေၾကာင္​း ဖတ္​ဖူးၾကသူ​ေတြဟာ ရန္​သူ႔တပ္​ဖြဲ႔​ေတြကို သတင္​းမွားနဲ႔ တိုက္​ပစ္​လိုက္​မယ္​ ဆိုတဲ့စိတ္​မ်ိဳးလည္​း ဝင္​​ေကာင္​းဝင္​ႏိုင္​ပါတယ္​။

သတင္​းတုကို အလြယ္​တကူ ယံုၾကတယ္​ ဆိုတာ အယံုလြယ္​ဖို႔အ​ေၾကာင္​းျခင္​းရာ​ေတြမ်ားစြာ႐ွိၿပီး အဲသည္​အ​ေၾကာင္​းျခင္​းရာ​ေတြဟာ တိုင္​းျပည္​ကို နစ္​သထက္​နစ္​သြား​ေစမယ္​့ အရာ​ေတြ ျဖစ္​​ေနႏိုင္​တယ္​လို႔ ဒီမနက္​မွာ ဆင္​ျခင္​မိတာကို ​ေရးသားလိုက္​ရပါတယ္​။

​ေက်ာ္​​ေဇာဦး
၂၀၁၉ ႏိုဝင္​ဘာလ (၁၆) ရက္

==========

သတင်းတုများဖြင့် ပြည်​ပျက်​ကို တည်​​ဆောက်​လိုသူများ

မ​နေ့က သမ္မတရုံး​ပြော​ရေးဆိုခွင်​့ရှိသူက သတင်​းတုကိုကိုးကားပြီး ​အေ​အေကို ဆိုမာလီဓားပြ​တွေနဲ့ နှိုင်​းယှဉ်​စွပ်​စွဲတာကို​တွေ့လိုက်​ပါတယ်​။ ဖမ်​းဆီးခံ ပလက်​ဝ NLD အမတ်​အတွက်​ ပြန်​​ပေး​ရွေး​ငွေ သိန်​းသုံး​ထောင်​​တောင်​းတယ်​လို့ ထုတ်​ပြန်​​ကြေငြာချက်​စာရွက်​အတု ဖြန်​့ပြီး​ပြော​နေကြတာဟာ သတင်​းမှားသာဖြစ်​တယ်​ လို့ သက်​ဆိုင်​ရာအဖွဲ့အစည်​းက ထုတ်​​ပြောထားတာကို မကြားပဲ သတင်​းတုကသာလျှင်​ ထိုပုဂ္ဂိုလ်​များရဲ့ စိတ်​သန္တာန်​မှာ လွှမ်​းမိုး​နေခဲ့တာကို ​တွေရပါတယ်​။

သမ္မတအကြံ​ပေး​ဟောင်​းတစ်​​ယောက်​ဆိုရင်​ follower ​ပေါင်​း သိန်​းချီရှိတဲ့ သူရဲ့ လူမှုကွန်​ရက်​ စာမျက်နှာက​နေ အခြားသူများ ဖန်​တီးထားတဲ့ ထုတ်​ပြန်​ချက်​အတု​တွေကို သတင်​းတု​တွေကို မှတ်​ချက်​​ပေးရင်​း ထပ်​ဆင်​့ဖြန်​့​ဝေ​နေတာကို မကြာခဏ​ ​တွေ့မိပါတယ်​။ အဲသည်​ သူ့ရဲ့ မှားယွင်​း​သော မှတ်​ချက်​စကား​တွေက သိန်​းဂဏန်​းချီတဲ့လူ​တွေဆီကို ​ရောက်​ရှိပြန်​့နှံ့​နေတာကိုလည်​း ​တွေ့ပါတယ်​။ ဒါ​ပေမဲ့ ကိုယ်​့အပြုအမူ ကိုယ်​့အဆင်​့အတန်​းပဲ​လေ ဆိုတဲ့ ဆင်​ခြင်​မှုနဲ့ ဘာမှ မ​ပြောဖြစ်​ပါဘူး။ သူ့လိုပဲ သတင်​းတုကို ထပ်​ဆင်​့ဖြန်​့သူ ထပ်​ဆင်​့မှတ်​ချက်​​ပေးကာ မီး​လောင်​ရာ​လေပင်​့လုပ်​သူ အ​တွေး​ကောင်​း​ အ​ရေး​ကောင်​း ​ခေတ်​ပညာတတ်​ opinion-maker များစွာကို ​တွေ့ရပါတယ်​။

ဒါ​ပေမဲ့ နိုင်​ငံအုပ်​ချုပ်​​ရေးမှာအကြီးဆုံးတာဝန်​ရှိသူ ဖြစ်​တဲ့ သမ္မတရုံး ရဲ့ ​ပြော​ရေးဆိုခွင်​့ ရှိသူက သတင်​းစာရှင်​းလင်​းပွဲမှာ ဖိုတို​ရှော့လုပ်​ထားတဲ့ ထုတ်​ပြန်​ချက်​အတု သတင်​းအတုကို ကိုင်​ပြီး ကိုးကားပြီး စကား​ပြောတယ်​ စွပ်​စွဲမှု​တွေလုပ်​တယ်​ဆိုတာ က​တော့ ​မှားယွင်​းမှုဟာ ​လေးနက်​ပြင်​းထန်​လှပါတယ်​။ လူပုဂ္ဂိုလ်​ တစ်​ဦးတစ်​​ယောက်​ရဲ့ အမှားအယွင်​းဆိုတာထက်​ များစွာ တာသွားပါတယ်​။ ဒီမြန်​မာ့လူ့အဖွဲ့အစည်​း တစ်​ခုလုံးအတွက်​ စိတ်​မ​ကောင်​းဖွယ်​ရာ ဖြစ်​ပါတယ်​။

info-storm လို့​ခေါ်ကြတဲ့ သတင်​းအချက်​အလက်​​ပေါင်​းစုံ မုန်​တိုင်​းထန်​သလို ကိုယ်​့ဆီကို ​ရောက်​​နေတဲ့ကြားက မှန်​ကန်​တဲ့အချက်​အလက်​​တွေကို ပိုင်​းဖြတ်​ဆင်​ခြင်​ ရယူနိုင်​​​ရေးဟာ လူ့အဖွဲ့အစည်​းကို ​ခေါင်​း​ဆောင်​​နေသူများအတွက်​ ဒီ​နေ့​ခေတ်​ကာလမှာ အ​ရေးကြီးပါတယ်​။ သတင်​းတု ဟုတ်​မဟုတ်​ စိစစ်​သိနိုင်​စွမ်​းမြင်​့တဲ့သူ​တွေမှာ အရည်​အခ​ျင်​းနှစ်​ရပ်​ရှိပါတယ်​။ analytical thinking လို့ ​ခေါ်တဲ့ ခွဲခြမ်​းသုံးသပ်​နိုင်​စွမ်​း နဲ့ open mindedness လို့ ​ခေါ်တဲ့ ဖွင်​့ထား​သော စိတ်​နှလုံးရှိခြင်​း တို့ ဖြစ်​ကြပါတယ်​။ အဲသည်​ အရည်​အ​သွေးနှစ်​မျိုးဟာ သတင်​းတုကို ယုံလွယ်​သူ လူအုပ်​စု သုံးစုတို့မှာ များစွာနိမ်​့ပါး​ကြောင်​း​တွေ့ရတယ်​ လို့ ​လေ့လာမှုအချို့က ဆိုပါတယ်​။ အဲသည်​ အုပ်​စု သုံးစုက ဘယ်​လိုလုမျိုး​တွေလဲ ဆို​တော့ – (တစ်​) religious fundamentalists လို့ ​ခေါ်တဲ့ ဘာသာ​ရေး အယူသီးသမား​တွေ၊ (နှစ်​) delusional thinking လို့ဆိုတဲ့ စွဲလမ်​းမှားယွင်​းမှုများနဲ့ စဉ်​းစားခြင်​းကိုပြုသူများရယ်​၊ (သုံး) တရား​သေဝါဒ (dogmatism) အမျိုးမျိုးရဲ့ လွှမ်​းမိုးမှုကို ခံရတတ်​သူ​တွေ၊ ဒီ သုံးအုပ်​စုဟာ သတင်းမှား​တွေကို အယုံလွယ်​သူ​တွေ ဖြစ်​ကြပါသတဲ့။

အဲသည်​အုပ်​စု သုံးအုပ်​စုထဲက ပထမ နှစ်​အုပ်​စုအ​ကြောင်​းကို စာရှည်​မှာ စိုးလို့ မ​ဆွေး​နွေး​တော့ပါဘူး။ တတိယအုပ်​စုဖြစ်​တဲ့ တရား​သေဝါဒ​တွေရဲ့ လွှမ်​းမိုးမှုကို ခံရတတ်​သူ​တွေ (တစ်​နည်​း) တရား​သေဝါဒီ​တွေအ​ကြောင်​းကို ဒီ​နေရာမှာ နည်​းနည်​း ​ဆွေး​နွေးချင်​ပါတယ်​။

ကျွန်​​တော်​နားလည်​သ​လောက်​​ပြောရရင်​ ဒို့တာဝန်​အ​ရေးသုံးပါး ကို ကမ္ဘာကြီးရဲ့ မ​ပြောင်​းမလဲနိုင်​​သော အမှန်​တရားပမာ အြ​ခခံစဉ်​းစားလုပ်​​ဆောင်​​နေတာဟာ တရား​သေဝါဒ တစ်​မျိုးဖြစ်​တယ်​ လို့ ယူဆမယ်​ဆိုရင်​ ယူဆနိုင်​မှာ ဖြစ်​ပါတယ်​။

တိုင်းပြည်​ထဲက လူမျိုးစုတစ်​စုဟာ အစ်​ကိုကြီးဖြစ်​ပြီး​တော့ ကျန်​မျိုုးနွယ်​စု​တွေဟာ ညီငယ်​​တွေဖြစ်​တယ်​လို့ ခံယူတာ၊ အစ်​ကိုကြီးလူမျိုးက ညီငယ်​လူမျိုး​တွေကို လွှမ်​းမိုး​နေဖို့အတွက်​ ဖြစ်​နိုင်​သမျှ နည်​လမ်​း​ပေါင်​းစုံကို သုံးရမယ်​ လို့ မှတ်​ယူထားခြင်းဟာ တရား​သေဝါဒ (dogmatism) တစ်​မျိုးဖြစ်​ပါတယ်​။

ဒီလိုမျိုးတရား​သေဝါဒ တစ်ခုခု​ကိုလက်​ခံထားသူတစ်​ဦးဟာ ဒီအယူအဆကို ​လျော့ပါးအားနည်​း​စေမယ်​့ မည်​သည်​့ သတင်​းအချက်​အလက်​ကိုမဆို စိတ်​ထဲက မနှစ်​မြို့မှုဖြစ်​ပါတယ်​။ မိမိတို့ စွဲကိုင်​ထားတဲ့ တရား​သေဝါဒကို တိုက်​ခိုက်​သူမှန်​သမျှကို အမြင်​မှားယွင်​း​နေသူ​တွေ ယုတ်​မာသူ​တွေအဖြစ်​ ယူဆပါတယ်​။ ယုတ်​မာသူ​တွေ မဖြစ်​​သေးရင်​လည်​း ယုတ်​မာသူ​တွေ ဖြစ်​သွား​စေချင်​ပါတယ်​။

ဒီ​တော့ မိမိတို့ တရား​သေဝါဒကို ဆန်​့ကျင်​သူတစ်​ဦးတစ်​​ယောက်​ဟာ ယုတ်​မာသူဖြစ်​ပါတယ်​ ယုတ်​မာတဲ့ လုပ်​ရပ်​ကိုလုပ်​ပါတယ်​ လို့ သတင်​းတု သတင်​းမှား တစ်​ခုက ဆိုလိုက်​တာနဲ့ ဆင်​ခြင်​စစ်​​ဆေးမှု​တွေ မလုပ်​​တော့ဘဲနဲ့ လိုလိုလားလား ယုံပစ်​လိုက်​​တော့တာ ဖြစ်​ပါတယ်​။

​နောက်​တစ်​ခုက မိမိပတ်​ဝန်းကျင်​ လူ့အဖွဲ့အစည်းရဲ့ ပြိုင်​တူ​ရွေ့လျား​နေမှုက​နေ ရုန်းထွက်​တဲ့ ဆင်​ခြင်​မှုကို ပြလုပ်​ရခက်​ခဲတာကလည်း တစ်​​ကြောင်း ဖြစ်​ပါတယ်​။

ဥပမာအားဖြင့် – ရုပ်​ရုပ်​ရုံထဲ ရုပ်​ရှင်​ကြည့်​နေစဉ်​မှာ အ​ကြောင်းရင်းကိုမသိရပဲ လူ​တွေဟာ ရုန်းရင်းဆန်​ခတ်​​ပြေးထွက်​လာမျိုးကို လုပ်​​နေကြတဲ့အခါမျိုးမှာ အ​ကြောင်းရင်းအတိအကျကို မသိရ​ပေမယ့် လူ​တွေရဲ့ ရုပ်​ပုံအရ မိမိရရှိတဲ့သတင်းစကားက ဒီရုပ်​ရှင်​ရုံထဲမှာ အန္တရာယ်​တစ်​ခုခုဖြစ်​​နေတယ်​ ဒီက​နေ​ဝေးရာကို မြန်​မြန်​သွားရမယ်​ ဆိုတဲ့ သတင်​းစကား ဖြစ်​ပါတယ်​။ ဒီလိုမျိုးအ​ခြေအ​နေမှာ ဒီလိုမျိုးသတင်​းစကားကို မိမိက လက်​မခံပဲပြုမူလုပ်​​ဆောင်​ဖို့ရာ ကြီးစွာ ခက်​ခဲပါတယ်​။

ဒါ​ကြောင်​့ ဒီ​ကောင်​​တွေက ဓားပြ​တွေပါကွာလို့ မိမိ​နံ​ဘေးမှာ ရှိ​နေတဲ့ လူအ​ယောက်​တစ်​ရာမှာ အ​ယောက်​တစ်​ရာစလုံးက ​ပြော​နေကြတဲ့အခါ မိမိစိတ်​ထဲက လွယ်​လင်​့တကူ လက်​ခံလိုက်​တာ ဖြစ်​ပါတယ်​။

မြန်​မာပြည်​ရဲ့ လက်​ရှိအ​ခြေအ​နေ ဘယ်​​ရွေ့ဘယ်​မျှခက်​ခဲ​နေတယ်​ဆိုတာကို အခု ၂၀၁၉ နိုဝင်​ဘာလမှာ ​ကောင်​းစွာမြင်​နိုင်​ပါတယ်​။ ဘုရင်​့​နောင်​လက်​ထက်​တုန်​းက စိတ်​ဓာတ်​​တွေ ကျူပင်​ခုတ်​ ကျူငုတ်​မကျန်​​စေရ ဆိုတဲ့ မှားယွင်​းရက်​စက်​မှု​တွေဟာ ဒီ​နေ့ဒီ​ခေတ်​ဒီကာလနဲ့ ဆီ​လျော်​မှုရှိပါ​သေးရဲ့လား၊ ငါတို့ဘာ​တွေမှား​နေသလဲ ဆိုတာကို အချိန်​မီ ဆင်​ခြင်​ပြုပြင်​ကြဖို့လိုပါတယ်​။ ​

လွင်​့သွားတဲ့ စ​ကောတစ်​ချပ်​ကို ​နောက်​ကလိုက်​ပြီး ငါ့စ​ကော ငါ့​စ​ကော လို့ ​အော်​ပြီး ​နောက်​က လိုက်​ဖမ်​းရာက​နေ ငစ​ကော တပ်​​တွေလာ​နေပြီ ဆိုပြီး လူ​တွေက​သောင်​းကနင်​းထွက်​​ပြေးကြရာက​နေ တိုင်​းပြည်​ပျက်​သွားတဲ့ အ​ကြောင်​း ဖတ်​ဖူးကြသူ​တွေဟာ ရန်​သူ့တပ်​ဖွဲ့​တွေကို သတင်​းမှားနဲ့ တိုက်​ပစ်​လိုက်​မယ်​ ဆိုတဲ့စိတ်​မျိုးလည်​း ဝင်​​ကောင်​းဝင်​နိုင်​ပါတယ်​။

သတင်​းတုကို အလွယ်​တကူ ယုံကြတယ်​ ဆိုတာ အယုံလွယ်​ဖို့အ​ကြောင်​းခြင်​းရာ​တွေများစွာရှိပြီး အဲသည်​အ​ကြောင်​းခြင်​းရာ​တွေဟာ တိုင်​းပြည်​ကို နစ်​သထက်​နစ်​သွား​စေမယ်​့ အရာ​တွေ ဖြစ်​​နေနိုင်​တယ်​လို့ ဒီမနက်​မှာ ဆင်​ခြင်​မိတာကို ​ရေးသားလိုက်​ရပါတယ်​။

​ကျော်​​ဇောဦး
၂၀၁၉ နိုဝင်​ဘာလ (၁၆) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s