Something to say about Adam Burke’s article
==========
(English text first / Myanmar text below)
I just came across a research article, which wrongfully stated that I was arrested for my role in the 2012 communal violence. The following is a quote from that article, which was written in 2016 by an Adam Burke:
“Individuals associated with the 2012 violence appear to have close ties to ethnic Rakhine politicians such as Kyaw Zaw Oo, a political activist who published an outspoken revisionist tract alleging that Muslims in Rakhine State were aliens. Despite having been arrested for his role in the communal violence of 2012, he stood successfully for a parliamentary seat in Sittwe, the capital of Rakhine State in the November general elections.” (at the bottom paragraph of second page)
I don’t want to make any comments regarding the writer’s description of me, but have to point out that I wasn’t imprisoned in 2013 for any alleged role of mine in the communal violence of 2012. In fact, I was given a three months sentence for my role as one of the leaders who organized some peaceful protest against the then government. My imprisonment verdict was passed under the article (18) of peaceful assembly law. It means that the alleged violation of law by me was leading a peaceful demonstration procession which was organized without authority’s permission. That does not mean anything close to a role in the communal violence of 2012.
The 26-paged research article in question was written by Adam Burke and can be read at the following internet addresses.
Kyaw Zaw Oo
2019 November 25, 2019
Link one =>
Link one =>
https://www.jstor.org/stable/24916632?seq=1
==========
Adam Burke ရဲ့ ဆောင်းပါးနဲ့ ပတ်သက်လို့ ပြောစရာ အနည်းငယ်
==========
ကျွန်တော်ဟာ ၂၀၁၂ ဘင်္ဂါလီ အရေးအခင်း အကြမ်းဖက်ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခြင်းခံရဖူးတယ် လို့ အင်္ဂလိပ်လိုရေးသားထားတဲ့ သုတေသနဆောင်းပါးတစ်ပုဒ်ကို အခု ဖတ်ရပါတယ်။ အဒမ်ဘားခ် (Adam Burke) ဆိုသူတစ်ဦး ၂၀၁၆ မှာ ရေးသားထားတဲ့ ထိုဆောင်းပါးမှ အောက်ပါကောက်နှုတ်ချက်ကို ဖတ်ကြည့်နိုင်ပါတယ်။
“Individuals associated with the 2012 violence appear to have close ties to ethnic Rakhine politicians such as Kyaw Zaw Oo, a political activist who published an outspoken revisionist tract alleging that Muslims in Rakhine State were aliens. Despite having been arrested for his role in the communal violence of 2012, he stood successfully for a parliamentary seat in Sittwe, the capital of Rakhine State in the November general elections.” (at the bottom paragraph of second page)
(ဘာသာပြန်ဆိုချက်) “၂၀၁၂ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်နေသူများသည် ဦးကျော်ဇောဦး အစရှိသော ရခိုင်နိုင်ငံရေးသမားများနှင့် နီးကပ်သော ဆက်သွယ်မှုများ ရှိနေပုံ ရလေသည်။ ဦးကျော်ဇောဦးဆိုသူမှာ – ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်များမှာ ပြင်ပမှ ၀င်ရောက်လာသူ (alien) များ ဖြစ်သည်ဟု စွပ်စွဲချက်များအပါအ၀င် ဘွင်းဘွင်းရှင်းရှင်းရေးသားထားသော ပြန်လည်ပြင်ဆင်ရေးဝါဒီ စာအုပ်ငယ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်သည်။
၂၀၁၂ လူ့အဖွဲ့အစည်းတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် ၎င်းပါဝင်ခဲ့မှုကြောင့် အဖမ်းခံရခဲ့ခြင်းပင် ရှိခဲ့သော်လည်း ပြီးခဲ့သော နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် နေရာ တစ်နေရာတွင် အောင်အောင်မြင်မြင် ရွေးကောက်ခံခဲ့ရသည်။”
ကျွန်တော်နှင့်ပတ်သက်၍ ထိုစာရေးသူက မှတ်ချက်ပြုရေးသားချက်များကို တုံ့ပြန်ရေးသားလိုခြင်း မရှိသော်လည်း ထောက်ပြရန်ရှိသည်မှာ – ၂၀၁၃ က ကျွန်တော်ထောင်သွင်း အကျဉ်းချခံရသည့်ကိစ္စမှာ ၂၀၁၂ အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့သည် ဆိုသော (စွပ်စွဲချက်များ) ကြောင့် မဟုတ်ဘဲ အစိုးရအားဆန့်ကျင်လျက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ဦးဆောင်ကျင်းပခဲ့သောကြောင့် ဖြစ်သည် ဆိုသည့် အချက်ဖြစ်လေသည်။
ကျွန်တော့်အပေါ် ချမှတ်သောပြစ်ဒဏ်ကို ငြိမ်း/စု/စီ ဥပဒေ ပုဒ်မ-၁၈ အရ ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျွန်တော်ကျူးလွန်ခဲ့သည် ဆိုသော ဥပဒေဖောက်ဖျက်မှုမှာ – အာဏာပိုင်များ၏ ခွင့်ပြုချက်ကို မရဘဲ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည် ဟု အဓိပ္ပါယ်ရပါသည်။ ၂၀၁၂ အကြမ်းဖက်မှုဖြစ်စဉ်များတွင် ကျွန်တော်ပါဝင်ခဲ့သည် ဆိုသည့် အကြောင်းအချက်တစ်ရပ်ရပ်နှင့် ဘယ်လိုမှနီးစပ် အဓိပ္ပါယ်သက်ရောက်နိုင်ခြင်း မရှိပေ။
အဒမ်ဘားခ် (Adam Burke) ရေးသားသည့် (၂၆) မျက်နှာပါ ထို သုတေသနဆောင်းပါးကို အောက်ပါ အင်တာနက် လိပ်စာများ၌ ဖတ်ရှုနိုင်ပါသည်။
ဦးကျော်ဇောဦး
၂၀၁၉ နိုဝင်ဘာလ (၂၅) ရက်
Link one =>
Link one =>
https://www.jstor.org/stable/24916632?seq=1
==========


