
( – Zawgayi font first / Uniode below – )
ပဋိပကၡေတြၾကားက သူ႔ဒဏ္ရာ ကိုယ့္ဒဏ္ရာ
ဘက္ႏွစ္ဘက္ရွိတယ္။ ဘက္ႏွစ္ဘက္ စစ္တိုက္ေနၾကတယ္။
တစ္ဘက္က တိုင္းျပည္ရဲ့ ဘက္ဂ်က္နဲ႔တကြ အခ်ဳပ္အျခာအာဏာကို ကိုင္စြဲထားတယ္။ သူတို႔မွာ တရား႐ုံးေတြနဲ႔တကြ သူတို႔က ဥပေဒလို႔ေခၚတဲ့ သတ္မွတ္ခ်က္ေတြကို အသက္၀င္ေအာင္ လုပ္နိုင္တဲ့ ယႏၲရားေတြကို ပိုင္ဆိုင္ထားတယ္။ အဲသည္သတ္မွတ္ခ်က္ေတြ ရဲ့ ထီးရိပ္ေအာက္မွာ စစ္သည္မဟုတ္တဲ့ ကေလးသူငယ္ေတြ ဗိုက္ႀကီးသည္ေတြ အမ်ိဳးသမီးေတြ မ်ားစြာပါ၀င္တဲ့ လူအေယာက္ တစ္ရာခန္႔ကို လူသတ္လိုင္စင္ရထားသည့္ပမာ လပိုင္း ႏွစ္ပိုင္း အတြင္းမွာပဲ သတ္ပစ္ခဲ့တယ္။ ဒါ့အျပင္ ဥပေဒဆိုတာရဲ့ ထီးအရိပ္ေအာက္မွာ စိတ္ထင္တိုင္းခ်ဳပ္ ေႏွာင္ႏွိပ္စက္ခြင့္ ခ်ဳပ္ေႏွာင္မႈအတြင္း အသက္ေသေစတဲ့အထိ ႏွိပ္စက္ပိုင္ခြင့္ေတြ ရထားတယ္။ အဲသလို ခ်ဳပ္ေႏွာင္မႈေတြအတြင္း အသက္ေသသြားရသူေတြရဲ့ အေရအတြက္ဟာ ဒီႏွစ္ပိုင္းအတြင္းမွာပဲ အေယာက္ႏွစ္ဆယ္နားကို ကပ္လာခဲ့ၿပီ။
ေနာက္တစ္ဘက္မွာ တရား႐ုံးေတြမရွိေသးဘူး။ နိုင္ငံတကာ အသိအမွတ္ျပဳ အခ်ဳပ္အျခာအာဏာတစ္ရပ္ကို ကိုယ္စားျပဳခြင့္မရေသးဘူး။ လက္နက္ကိုင္ စစ္မက္ဘက္ၿပိဳင္တိုက္ခိုက္ေနသူေတြ ရွိထားတယ္။ သူတို႔ဟာ သူတို႔နဲ႔ ဘက္ၿပိဳင္တိုက္ခိုက္ေနသူေတြရဲ့ ယႏၲရားကို ကူညီအားေပးေနသူေတြ လို႔ ၎တို႔က ယူဆသူ အခ်ိဳ႕အပါအ၀င္ လက္နက္ကိုင္ ရန္သူေတြကို ဖမ္းဆီးတယ္။ ယာယီအက်ဥ္းခ်ထားတယ္။
အထက္ေဖာ္ျပပါ ဘက္ႏွစ္ဘက္ကို မိမိတို႔ေနထိုင္ရာနိုင္ငံ တစ္နိုင္ငံမွာ ျဖစ္ေနတယ္လို႔ မမွတ္ယူဘဲ နိုင္ငံနာမည္မတပ္ဘဲ လူမ်ိဳးနာမည္မတပ္ဘဲ ဥပါဒါန္အစြဲေတြခြါၿပီး ဆင္ျခင္စဥ္းစားၾကည့္လိုက္ရင္ ရႈေထာင့္အသစ္တစ္မ်ိဳးကေန ျမင္တတ္ၾကည့္တတ္လာမယ္ ထင္ပါတယ္။
ပူးတြဲပါဓါတ္ပုံဟာ ၿပီးခဲ့တဲ့ နာရီပိုင္းေလာက္က ဘီဘီစီက တင္လို႔ ကၽြန္ေတာ္ဖတ္မိတဲ့ သတင္းဓါတ္ပုံ ျဖစ္ပါတယ္။ ရက္ေပါင္း (၆၂) ရက္ၾကာေအာင္ တရား႐ုံးတင္ျခင္းမရွိဘဲ စစ္ေၾကာေရးဒဏ္ကို ခံေနခဲ့ရတဲ့ အိုးထိန္းဆရာေတာ္နဲ႔ အျခားထိန္းသိမ္းခံမ်ားကို ဒီေန႔က်မွ စစ္ေတြၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းေပးတယ္ ဆိုတဲ့ သတင္းျဖစ္ပါတယ္။
ေက်ာ္ေဇာဦး
၂၀၁၉ နို၀င္ဘာလ (၂၆) ရက္
၁၁း၂၅ p.m.

( – Unicode – )
ပဋိပက္ခတွေကြားက သူ့ဒဏ်ရာ ကိုယ့်ဒဏ်ရာ
ဘက်နှစ်ဘက်ရှိတယ်။ ဘက်နှစ်ဘက် စစ်တိုက်နေကြတယ်။
တစ်ဘက်က တိုင်းပြည်ရဲ့ ဘက်ဂျက်နဲ့တကွ အချုပ်အခြာအာဏာကို ကိုင်စွဲထားတယ်။ သူတို့မှာ တရားရုံးတွေနဲ့တကွ သူတို့က ဥပဒေလို့ခေါ်တဲ့ သတ်မှတ်ချက်တွေကို အသက်၀င်အောင် လုပ်နိုင်တဲ့ ယန္တရားတွေကို ပိုင်ဆိုင်ထားတယ်။ အဲသည်သတ်မှတ်ချက်တွေ ရဲ့ ထီးရိပ်အောက်မှာ စစ်သည်မဟုတ်တဲ့ ကလေးသူငယ်တွေ ဗိုက်ကြီးသည်တွေ အမျိုးသမီးတွေ များစွာပါ၀င်တဲ့ လူအယောက် တစ်ရာခန့်ကို လူသတ်လိုင်စင်ရထားသည့်ပမာ လပိုင်း နှစ်ပိုင်း အတွင်းမှာပဲ သတ်ပစ်ခဲ့တယ်။ ဒါ့အပြင် ဥပဒေဆိုတာရဲ့ ထီးအရိပ်အောက်မှာ စိတ်ထင်တိုင်းချုပ် နှောင်နှိပ်စက်ခွင့် ချုပ်နှောင်မှုအတွင်း အသက်သေစေတဲ့အထိ နှိပ်စက်ပိုင်ခွင့်တွေ ရထားတယ်။ အဲသလို ချုပ်နှောင်မှုတွေအတွင်း အသက်သေသွားရသူတွေရဲ့ အရေအတွက်ဟာ ဒီနှစ်ပိုင်းအတွင်းမှာပဲ အယောက်နှစ်ဆယ်နားကို ကပ်လာခဲ့ပြီ။
နောက်တစ်ဘက်မှာ တရားရုံးတွေမရှိသေးဘူး။ နိုင်ငံတကာ အသိအမှတ်ပြု အချုပ်အခြာအာဏာတစ်ရပ်ကို ကိုယ်စားပြုခွင့်မရသေးဘူး။ လက်နက်ကိုင် စစ်မက်ဘက်ပြိုင်တိုက်ခိုက်နေသူတွေ ရှိထားတယ်။ သူတို့ဟာ သူတို့နဲ့ ဘက်ပြိုင်တိုက်ခိုက်နေသူတွေရဲ့ ယန္တရားကို ကူညီအားပေးနေသူတွေ လို့ ၎င်းတို့က ယူဆသူ အချို့အပါအ၀င် လက်နက်ကိုင် ရန်သူတွေကို ဖမ်းဆီးတယ်။ ယာယီအကျဉ်းချထားတယ်။
အထက်ဖော်ပြပါ ဘက်နှစ်ဘက်ကို မိမိတို့နေထိုင်ရာနိုင်ငံ တစ်နိုင်ငံမှာ ဖြစ်နေတယ်လို့ မမှတ်ယူဘဲ နိုင်ငံနာမည်မတပ်ဘဲ လူမျိုးနာမည်မတပ်ဘဲ ဥပါဒါန်အစွဲတွေခွါပြီး ဆင်ခြင်စဉ်းစားကြည့်လိုက်ရင် ရှုထောင့်အသစ်တစ်မျိုးကနေ မြင်တတ်ကြည့်တတ်လာမယ် ထင်ပါတယ်။
ပူးတွဲပါဓါတ်ပုံဟာ ပြီးခဲ့တဲ့ နာရီပိုင်းလောက်က ဘီဘီစီက တင်လို့ ကျွန်တော်ဖတ်မိတဲ့ သတင်းဓါတ်ပုံ ဖြစ်ပါတယ်။ ရက်ပေါင်း (၆၂) ရက်ကြာအောင် တရားရုံးတင်ခြင်းမရှိဘဲ စစ်ကြောရေးဒဏ်ကို ခံနေခဲ့ရတဲ့ အိုးထိန်းဆရာတော်နဲ့ အခြားထိန်းသိမ်းခံများကို ဒီနေ့ကျမှ စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးတယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။
ကျော်ဇောဦး
၂၀၁၉ နို၀င်ဘာလ (၂၆) ရက်
၁၁း၂၅ p.m.