
( Zawgyi font first / Unicode below )
ဘဂၤါလီေတြ ေမွ်ာ္တဲ့ ေရႊျပည္ေတာ္
စစ္တေကာင္းသား ဘဂၤါလီေတြ အေရး ICJ ၊ ICC စသည္အားျဖင့္ ႏိုင္ငံတကာအခင္းအက်င္းမွာ အားထုတ္ေနၾကမႈကို ေထာက္ခံပါတယ္ လို႔ ေျမာက္ပိုင္းသံုးဖြဲ႕က ထုတ္ျပန္တာနဲ႔ ပတ္သက္လို႔ အဲသည္ ဘဂၤါလီအုပ္စုအေရး ျပည္ပမွာ ဦးစီးဦးရြက္ လႈပ္ရွားေနၾကသူ စစ္တေကာင္းသား ဘဂၤါလီအခ်ိဳ႕ရဲ႕ တုန္႔ျပန္မွတ္ခ်က္ အသံဗလံေတြကို နားေထာင္ၾကည့္ၿပီး အခုေန ဆင္ျခင္မိတာရွိတယ္။ အဓိကအခ်က္ကေတာ့ ငါတို႔ကို ဘဂၤါလီ ဆိုၿပီး ထုတ္ျပန္ခ်က္ထဲမွာ ဘာေၾကာင့္ ေခၚေနၾကသလဲ ဘာဘာညာညာ ဆိုတာနဲ႔ ပတ္သက္လို႔ေပါ့။ သူတို႔ ေစာဒက တက္ၾကတယ္ ေပါ့ေလ။ ကၽြန္ေတာ္ ဆင္ျခင္တဲ့ေနရာမွာ သူတို႔ ေျပာတဲ့အခ်က္၊ ေျပာတဲ့ စကားလံုး နဲ႔ ေျပာတဲ့ေလသံကို ခ်ဥ္းကပ္ၿပီး ေရွ႕ကို လွမ္းေမွ်ာ္ၾကည့္တယ္။
သူတို႔ရဲ႕ လုပ္ပံုကိုင္ပံု modus operendi မွာ ကၽြန္ေတာ္ အၿမဲတမ္းသတိထားမိတာေတြထဲက အထူး အခ်က္ႏွစ္ခ်က္ဟာ ဒီေန႔ထက္အထိ မမွားေသးဘူး ဆိုတာကို ေတြ႕မိတယ္။
တစ္အခ်က္ကေတာ့ – သူတို႔ဟာ global sultanate ကမၻာလံုးဆိုင္ရာ မူဆလင္ ဆူလတန္ႏိုင္ငံေတာ္ရဲ႕ ေဒသဆိုင္ရာ ကိုယ္စားလွယ္ေတာ္ေတြ (agents) အျဖစ္ သူတို႔ကိုယ္ သူတို႔ ခံယူတယ္။ အဲသည္ global sultanate ရဲ႕ ေနာက္ခံကို ကိုးစား အားရွိေနတဲ့အတြက္ အသံေတြ ေမာက္မာတယ္။ ငါတို႔ကို ဘာထင္လဲဆိုတဲ့သေဘာကို စကားဇာတိမွာ ျမင္ေန ၾကားေနရတယ္။
ႏွစ္အခ်က္၊ သူတို႔ရဲ႕ စကားလံုးေတြ လုပ္ပံုကိုင္ပံုေတြရဲ႕ အမာအေပ်ာ့ဟာ ကိုရမ္းက်မ္းစာထဲက က်မ္းပိုဒ္ေတြလိုပဲ အမာအေပ်ာ့ ေျပာင္းလဲေနတယ္။ ဦးဆံုး မကၠာက်မ္းပိုဒ္ေတြ ဟာ လူသားအားလံုးနဲ႔ ၿငိမ္းခ်မ္းသင့္ျမတ္ေရးကို ေဖာ္က်ဴးေနၿပီး စစ္တိုက္တဲ့ အသိုက္အ၀န္းတစ္ခုကို စတင္တည္ေထာင္တဲ့ကာလ မဒီနာက်မ္းပိုဒ္ေတြက ပိုမို ျပင္းထန္ရက္စက္လာတယ္။ တမန္ေတာ္ မကြယ္လြန္မီ ႏွစ္ႏွစ္အလို အထြတ္အထိပ္ကို ေရာက္ေနတဲ့ကာလမွာ ေဟာၾကားခ်က္ေတြဟာ အျပင္းထန္ဆံုးျဖစ္တယ္။ (ဒီအခ်က္ေတြဟာဆိုရင္ အေနာက္ႏိုင္ငံေတြက မူ၀ါဒပိုင္း သံုးသပ္သူေတြဟာ အေရွ႕အလယ္ပိုင္းနဲ႔ မူဆလင္ေရးရာ ေတြနဲ႔ ပတ္သက္လာရင္ ထုတ္မေျပာေပမယ့္ ေခါင္းထဲမွာ အၿမဲထည့္သြင္းစဥ္းစားၾကတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။ ထုတ္မေျပာဘူးဆိုတာက – ဒါကို ထုတ္ေျပာရင္ ဘာသာေရးကို ေစာ္ကားတယ္ေလး ဘာေလး ျဖစ္တတ္လြန္းလို႔ ျဖစ္ပါတယ္။) အာရပ္တဲထဲကို ေခါင္း၀င္တိုးတဲ့ ကုလားအုပ္က တဲပိုင္ရွင္ကို ကန္ထုတ္လိုက္တဲ့ ပံုျပင္ေလးကို မေမ့ၾကရင္ အေကာင္းဆံုးပဲ ျဖစ္ပါတယ္။
ေနာင္တစ္ခ်ိန္ခ်ိန္က်ရင္ ဘာေတြဆက္ျဖစ္လာႏုိင္သလဲဆိုတာကိုလည္း ကၽြန္ေတာ္ ႀကိဳေတြးေနမိေသးတယ္။ တခ်ိန္က်ရင္ လုပ္ၾကပါဦး ကယ္ၾကပါဦး ရခိုင္ျပည္ကို ငါတို႔ စိတ္တိုင္းက် အုပ္ခ်ဳပ္ခြင့္မေပးလို႔ ၀ိုင္းဖိအားေပးၾကပါဦး ဆိုတာမ်ိဳးကို (အရံအတားသာ မလုပ္ထားမိရင္) ႀကိဳးစားေကာင္းႀကိဳးစားၾကႏိုင္တဲ့ အလားအလာ ရွိနိုင္တယ္ လို႔ ေတြးမိတယ္ရင္ အမွားေျပာဖို႔ မသင့္ပါဘူး။
စစ္တေကာင္းသား ဘဂၤါလီေတြ အေရးကို စဥ္းစားရာမွာ ဒီလိုလည္းပဲ ထည့္သြင္းရႈျမင္စဥ္းစားဖို႔ဟာ ရခိုင္ျပည္အတြက္သာမက ျမန္မာႏိုင္ငံအတြက္ပါ လိုအပ္ႏိုင္ပါတယ္။
အခုလိုမ်ိဳးေဆြးေႏြးသံုးသပ္မႈဟာ အဖိႏွိပ္ခံလူအုပ္စုရဲ႕ ျဖစ္အင္ကို ျငင္းပယ္မႈမဟုတ္ဘူး၊ ျပႆနာကို စဥ္းစားရာမွာ ဒီရႈေထာင့္ကေန ထည့္သြင္းစဥ္းစားဖို႔ လိုအပ္ႏိုင္တယ္လို႔သာ ဆိုလိုရင္း ျဖစ္ပါတယ္။
ဦးေက်ာ္ေဇာဦး
၂၀၁၉ ႏို၀င္ဘာလ (၂၉) ရက္
==========

( Unicode )
ဘင်္ဂါလီတွေ မျှော်တဲ့ ရွှေပြည်တော်လဲ
စစ်တကောင်းသား ဘင်္ဂါလီတွေ အရေး ICJ ၊ ICC စသည်အားဖြင့် နိုင်ငံတကာအခင်းအကျင်းမှာ အားထုတ်နေကြမှုကို ထောက်ခံပါတယ် လို့ မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်တာနဲ့ ပတ်သက်လို့ အဲသည် ဘင်္ဂါလီအုပ်စုအရေး ပြည်ပမှာ ဦးစီးဦးရွက် လှုပ်ရှားနေကြသူ စစ်တကောင်းသား ဘင်္ဂါလီအချို့ရဲ့ တုန့်ပြန်မှတ်ချက် အသံဗလံတွေကို နားထောင်ကြည့်ပြီး အခုနေ ဆင်ခြင်မိတာရှိတယ်။ အဓိကအချက်ကတော့ ငါတို့ကို ဘင်္ဂါလီ ဆိုပြီး ထုတ်ပြန်ချက်ထဲမှာ ဘာကြောင့် ခေါ်နေကြသလဲ ဘာဘာညာညာ ဆိုတာနဲ့ ပတ်သက်လို့ပေါ့။ သူတို့ စောဒက တက်ကြတယ် ပေါ့လေ။ ကျွန်တော် ဆင်ခြင်တဲ့နေရာမှာ သူတို့ ပြောတဲ့အချက်၊ ပြောတဲ့ စကားလုံး နဲ့ ပြောတဲ့လေသံကို ချဉ်းကပ်ပြီး ရှေ့ကို လှမ်းမျှော်ကြည့်တယ်။
သူတို့ရဲ့ လုပ်ပုံကိုင်ပုံ modus operendi မှာ ကျွန်တော် အမြဲတမ်းသတိထားမိတာတွေထဲက အထူး အချက်နှစ်ချက်ဟာ ဒီနေ့ထက်အထိ မမှားသေးဘူး ဆိုတာကို တွေ့မိတယ်။
တစ်အချက်ကတော့ – သူတို့ဟာ global sultanate ကမ္ဘာလုံးဆိုင်ရာ မူဆလင် ဆူလတန်နိုင်ငံတော်ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ်တော်တွေ (agents) အဖြစ် သူတို့ကိုယ် သူတို့ ခံယူတယ်။ အဲသည် global sultanate ရဲ့ နောက်ခံကို ကိုးစား အားရှိနေတဲ့အတွက် အသံတွေ မောက်မာတယ်။ ငါတို့ကို ဘာထင်လဲဆိုတဲ့သဘောကို စကားဇာတိမှာ မြင်နေ ကြားနေရတယ်။
နှစ်အချက်၊ သူတို့ရဲ့ စကားလုံးတွေ လုပ်ပုံကိုင်ပုံတွေရဲ့ အမာအပျော့ဟာ ကိုရမ်းကျမ်းစာထဲက ကျမ်းပိုဒ်တွေလိုပဲ အမာအပျော့ ပြောင်းလဲနေတယ်။ ဦးဆုံး မက္ကာကျမ်းပိုဒ်တွေ ဟာ လူသားအားလုံးနဲ့ ငြိမ်းချမ်းသင့်မြတ်ရေးကို ဖော်ကျူးနေပြီး စစ်တိုက်တဲ့ အသိုက်အဝန်းတစ်ခုကို စတင်တည်ထောင်တဲ့ကာလ မဒီနာကျမ်းပိုဒ်တွေက ပိုမို ပြင်းထန်ရက်စက်လာတယ်။ တမန်တော် မကွယ်လွန်မီ နှစ်နှစ်အလို အထွတ်အထိပ်ကို ရောက်နေတဲ့ကာလမှာ ဟောကြားချက်တွေဟာ အပြင်းထန်ဆုံးဖြစ်တယ်။ (ဒီအချက်တွေဟာဆိုရင် အနောက်နိုင်ငံတွေက မူဝါဒပိုင်း သုံးသပ်သူတွေဟာ အရှေ့အလယ်ပိုင်းနဲ့ မူဆလင်ရေးရာ တွေနဲ့ ပတ်သက်လာရင် ထုတ်မပြောပေမယ့် ခေါင်းထဲမှာ အမြဲထည့်သွင်းစဉ်းစားကြတဲ့ အချက်တွေ ဖြစ်ပါတယ်။ ထုတ်မပြောဘူးဆိုတာက – ဒါကို ထုတ်ပြောရင် ဘာသာရေးကို စော်ကားတယ်လေး ဘာလေး ဖြစ်တတ်လွန်းလို့ ဖြစ်ပါတယ်။) အာရပ်တဲထဲကို ခေါင်းဝင်တိုးတဲ့ ကုလားအုပ်က တဲပိုင်ရှင်ကို ကန်ထုတ်လိုက်တဲ့ ပုံပြင်လေးကို မမေ့ကြရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။
နောင်တစ်ချိန်ချိန်ကျရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာကိုလည်း ကျွန်တော် ကြိုတွေးနေမိသေးတယ်။ တချိန်ကျရင် လုပ်ကြပါဦး ကယ်ကြပါဦး ရခိုင်ပြည်ကို ငါတို့ စိတ်တိုင်းကျ အုပ်ချုပ်ခွင့်မပေးလို့ ၀ိုင်းဖိအားပေးကြပါဦး ဆိုတာမျိုးကို (အရံအတားသာ မလုပ်ထားမိရင်) ကြိုးစားကောင်းကြိုးစားကြနိုင်တဲ့ အလားအလာ ရှိနိုင်တယ် လို့ တွေးမိတယ်ရင် အမှားပြောဖို့ မသင့်ပါဘူး။
စစ်တကောင်းသား ဘင်္ဂါလီတွေ အရေးကို စဉ်းစားရာမှာ ဒီလိုလည်းပဲ ထည့်သွင်းရှုမြင်စဉ်းစားဖို့ဟာ ရခိုင်ပြည်အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ လိုအပ်နိုင်ပါတယ်။
အခုလိုမျိုးဆွေးနွေးသုံးသပ်မှုဟာ အဖိနှိပ်ခံလူအုပ်စုရဲ့ ဖြစ်အင်ကို ငြင်းပယ်မှုမဟုတ်ဘူး၊ ပြဿနာကို စဉ်းစားရာမှာ ဒီရှုထောင့်ကနေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်နိုင်တယ်လို့သာ ဆိုလိုရင်း ဖြစ်ပါတယ်။
ဦးကျော်ဇောဦး
၂၀၁၉ နိုဝင်ဘာလ (၂၉) ရက်