ဟာဂ်ီ ဦးေအးလြင္ကို ယံုထိုက္ မယံုထိုက္
(Zawgyi here / Unicode below )
ယမန္ေန႔ (၀၇-၁၂-၂၀၁၉) ညေနပိုင္းမွာ Dateline Irrawaddy က တင္ဆက္ခဲ့တဲ့ “ICJ မွာ တရားရံႈးရင္ ဘာျဖစ္မလဲ” ဆိုတဲ ေဆြးေႏြးခန္းမွာ ဟာဂ်ီဦးေအးလြင္ ဟာ ထင္ေယာင္ထင္မွားျဖစ္ေစတဲ့ သတင္းမွားမ်ိဳးေစ့ တစ္ခုကို အေသအခ်ာ က်က်နနေျပာသြားခဲ့တာကို ေတြ႕ရပါတယ္။ သူေျပာတဲ့သေဘာကို ၿခံဳငံုရရင္ ၿပီးခဲ့တဲ့ ၂၀၁၇-ခုႏွစ္ ေမာင္ေတာၿမိဳ႕နယ္ ခေမာင္းဆိပ္မွာ ဟိႏၵဴဘာသာ၀င္ အေယာက္တစ္ရာခန္႔ ရက္ရက္စက္စက္ သတ္ျဖတ္ခံရမႈဟာ ဘဂၤါလီလူအုပ္စု လက္ခ်က္မဟုတ္ဘဲ ေအေအအဖြဲ႕က လုပ္သြားတယ္လို႔ ထင္ေယာင္ထင္မွား ျဖစ္ေစႏိုင္တဲ့ စကားမ်ိဳးကို ေျပာသြားတာကို ေတြ႕ရပါတယ္။
အဲသည္ျဖစ္စဥ္ ျဖစ္ၿပီးၿပီးခ်င္းမွာ ဒီလိုလူအေယာက္တစ္ရာခန္႔ အသတ္ခံရၿပီး က်န္ရစ္သူ အမ်ိဳးသမီးရွစ္ဦး နဲ႔ ကေလးေတြကို ဘဂၤလာေဒ့ရွ္ႏိုင္ငံဘက္သို႔ မူဆလင္အၾကမ္းဘက္သမားေတြက ေခၚေဆာင္သြားခဲ့တဲ့ ျဖစ္ရပ္ကို ႏိုင္ငံအဆင့္ အစိုးရသတင္းထုတ္ျပန္ေရးအဖြဲ႕ေတြက ထည့္သြင္းတြက္ခ်က္ေဖာ္ျပျခင္း မျပဳဘဲေနၾကတဲ့အတြက္ ကၽြန္ေတာ္ကိုယ္တိုင္ပဲ အသတ္ခံသူမ်ားရဲ႕ ေဆြမ်ိဳးေတြနဲ႔ ေတြ႕ဆံု၊ youtube က ေတြ႕တဲ့ ျပန္ေပးဆြဲခံ ဟိႏၵဴအမ်ိဳးသမီးငယ္ေတြနဲ႔ အင္တာဗ်ဴးေတြကို မိတ္ေဆြေတြကို အကူအညီေတာင္းဘာသာျပန္ၿပီးေနာက္ ျဖစ္စဥ္တစ္ခုလံုးကို အဂၤလိပ္လိုနဲ႔ေရာ ျမန္မာလိုပါ ေရးသားၿပီး Facebook ကတစ္ဆင့္ ကမၻာႀကီးကို အစီရင္ခံခဲ့တာျဖစ္ပါတယ္။ အဲသလို အစီရင္ခံထုတ္ျပန္ၿပီးေနာက္ပိုင္းမွာမွ အိႏၵိယသတင္းဌာနေတြ ကမၻာသတင္းဌာနေတြမွာ အႀကီးအက်ယ္ေဖာ္ျပၾကၿပီး အစိုးရ (အထူးသျဖင့္ တပ္မေတာ္) ဘက္က အစီအစဥ္ေတြလုပ္ၿပီး အေလာင္းေတြကို သြားေရာက္တူးေဖာ္ဖို႔ကို ဟိနၵဴအဖြဲ႕အစည္းေတြက ေျပာဆိုေျဖာင္းဖ်ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
(အဲသည္တုံးက) အဲသလို ဘဂၤါလီမူဆလင္ေတြက ဟိႏၵဴဘာသာ၀င္ေတြကို ရြာလံုးကၽြတ္သတ္ျဖတ္ၿပီး ျမွဳပ္ႏွံထားခဲ့ၾကတဲ့ကိစၥကို တာ၀န္ရွိသူေတြဘက္ကို ဘယ္လာက္ပဲလွမ္းေျပာေျပာ အေရးတယူမလုပ္ဘဲ မေသခ်ာတဲ့သတင္းဆိုၿပီး ဒီအတိုင္းထားရင္း ထားရင္း အခ်ိန္ၾကာလာတဲ့ အခါ ကၽြန္ေတာ္ စိုးရိမ္သထက္စိုးရိမ္လာခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေလာင္းေတြကို အေလာင္းအတိုင္းမေဖာ္ႏိုင္ဘဲ အရိုးေတြခ်ည္းက်န္တဲ့ အခ်ိန္က်မွေဖာ္လာခဲ့ၿပီးေနာက္ ဒီအန္ေအ စစ္ခဲ့ရင္ ဟိႏၵဴေတြလည္း ဘဂၤါလီအႏြယ္ေတြပဲ ျဖစ္တဲ့အေလ်ာက္ ရႈပ္ေထြးမႈေတြမ်ားစြာ ျဖစ္လာႏိုင္တယ္ ဆိုၿပီး ကၽြန္ေတာ္ စိုးရိမ္ေနခဲ့ရတာျဖစ္ပါတယ္။
ေတြ႕လား ဒီမွာမူဆလင္အရိုးေတြ ျမန္မာတပ္က သတ္ခဲ့တာ၊ ဒါမွမဟုတ္ ရခိုင္ေတြက သတ္ခဲ့တာ ဆိုၿပီး လုပ္ေနက် လုပ္ႀကံမႈေတြကို လုပ္ႀကံေျပာဆိုၿပီး ေနာင္တစ္ခ်ိန္မွာ လက္ညိွဴးထိုးလာႏိုင္တယ္ လို႔ ေကာင္းစြာတြက္ဆမိတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ အခု ဦးေအးလြင္ေျပာေနတဲ့ ပံုစံဟာ ဒီလို ပံုစံမ်ိဳး ျဖစ္ပါတယ္။
ဘဂၤလာေရာက္ ျပန္ေပးဆြဲခံ ဟိႏၵဴမေလးေတြရဲ႕ youtube ဗီဒီယိုကလစ္ဟာ ကၽြန္ေတာ့္ဆီက တိတိက်က်သတင္းထုတ္ျပန္မႈမလုပ္ခင္မွာ ၾကည့္ရႈမႈအေရအတြက္ ဆယ္ဂဏန္းမွ်သာပဲ ရွိပါေသးတယ္။ ကၽြန္ေတာ့္ဘက္က သတင္းထုတ္ျပန္ၿပီးခါမွ ကမၻာတစ္၀ွမ္းကလွမ္းၾကည့္ၾကတာျဖစ္ပါတယ္။
မိမိတို႔ဟိႏၵဴရြာသူရြာသားေတြကို သတ္တဲ့လူေတြဟာ အိမ္နီးနားခ်င္း ရြာနီးနားခ်င္း မ်က္ႏွာသိ ဘဂၤါလီမူဆလင္ေတြျဖစ္ေၾကာင္းကို အဲသည္ ျပန္ေပးဆြဲခံအမ်ိဳးသမီးေတြက မ်က္စိနဲ႔တပ္အပ္ျမင္ခဲ့ပါတယ္။ အဲသလို မ်က္ႏွာသိ ဘဂၤါလီေတြသတ္ခဲ့ေၾကာင္းကိုလည္း အဲသည္အမ်ိဳးသမီးငယ္ေတြက အခါခါေျပာခဲ့ၿပီးျဖစ္ပါတယ္။ ျပန္ေျပးဆြဲခံသူေတြဟာ ျပန္ေပးဆြဲသူေတြရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ (ဘဂၤလာမွာ) ကနဦးေနခဲ့ရစဥ္ကာလမွာ သတင္းေတြ အမ်ိဳးမ်ိဳးပံုမွားရိုက္ခံခဲ့ရေပမယ့္ မူဆလင္လူအုပ္စုႀကီးက သတ္ခဲ့တာသာလွ်င္ အမွန္ျဖစ္တယ္လို႔ ကမၻာႀကီးက သိေနၿပီးသားျဖစ္ပါတယ္။
ဦးေအးလြင္ အခုလိုေျပာေနတာဟာ အသတ္ခံရလို႔ေသသြားတဲ့ ဟိႏၵဴဘာသာ၀င္ေတြကို သာမက သူတို႔ရဲ႕ က်န္စ္သူမိသားစုေတြ သူတို႔အတြက္ ပူေဆြးခဲ့ရတဲ့ ျမန္မာႏိုင္ငံက ဟိႏၵဴဘာသာ၀င္အားလံုးကို ေစာ္ကားရာေရာက္ပါတယ္။ အခုလို ရခိုင္နဲ႔ ဗမာ စစ္ေရး ႏိုင္ငံေရးအရ စိတ္မေကာင္းဖြယ္ရာအခ်ိဳ႕ရွိေနတာကို အေသအခ်ာတြက္ခ်က္ၿပီးေတာ့ အကြက္၀င္ၿပီေလ ဆိုတဲ့သေဘာနဲ႔ – ဒါဟာ ေအေအလုပ္တာျဖစ္ႏိုင္တာပဲေလ ဆိုတဲ့ သေဘာမ်ိဳး တြန္းေပးေနတာ ျဖစ္ႏိုင္ပါတယ္။ ဦးေအးလြင္ဟာ ႏိုင္ငံတကာကို ေရာက္ရင္လည္း ဒီလိုမ်ိဳးတစ္ခ်ိန္လံုး ခၽြန္တြန္းလုပ္ၿပီး ေျပာေနေလာက္တယ္ လို႔ ကၽြန္ေတာ္ေတြးမိပါတယ္။
ဧရာတီသတင္းဌာနအေနနဲ႔ လိမ္ညာမႈေတြကို ေနရာေပးတဲ့အတြက္ စိတ္မေကာင္းျဖစ္ပါတယ္။ အလားတူပဲ ကိုဖီအာနန္ေကာ္မရွင္ဟာ လိမ္ညာမႈေတြကို ေနရာေပးခဲ့တဲ့အတြက္ စိတ္မေကာင္းျဖစ္ရပါတယ္။
မဂိုေတြမသိမ္းပိုက္ခင္ အိႏၵိယတိုက္ငယ္ရဲ႕ အခ်ိဳ႕ေသာ ဟိႏၵဴဘုရင္ေတြရဲ႕ နန္းတြင္းေတြမွာ မူဆလင္အမတ္ ေတြေနရာရလာခဲ့တာဟာ ကိုယ့္လူသူ႕ဘက္သားအလုပ္ေတြကို လုပ္ႏိုင္ခြင့္ရေစခဲ့တယ္။
ဦးေက်ာ္ေဇာဦး
၂၀၁၉-ခုႏွစ္ ဒီဇင္ဘာလ (၇) ရက္
==========
[ – ဟိႏၵဴေတြ အသတ္ခံရတဲ့အေၾကာင္းကို ေရးတဲ့ေဆာင္းပါးကို ေဖ့စ္ဘုတ္က ေနာက္ပိုင္းမွာ ဘေလာ့လုပ္ ဖံုးထားလိုက္တဲ့အတြက္ ကၽြန္ေတာ့္ရဲ႕ kzo.home.blog မွာ ေျပာင္းတင္ထားပါတယ္။ ေအာက္ပါ လင့္မွာ ျမန္မာ (Zawgyi) / ျမန္မာ (Unicode) / အဂၤလိပ္ဘာသာ တို႔ နဲ႔ ဖတ္လို႔ေအာင္ တင္ထားပါတယ္။ ေအာက္ပါလင့္မွာ သြားဖတ္ေပးပါ။ – ]
“ဘဂၤါလီလူအုပ္စုလက္ခ်က္ျဖင့္ ဟိႏၵဴ ကိုးဆယ္ေက်ာ္ အစုလိုက္အၿပံဳလိုက္ အသတ္ခံရမႈ ဆိုင္ရာ တင္ျပခ်က္”
https://kzo.home.blog/2017/09/13/report-on-massacre-of-more-than-90-hindus-by-bengali-terrorists/
==========
ဟာဂျီ ဦးအေးလွင်ကို ယုံထိုက် မယုံထိုက်
(Zawgyi here / Unicode below )
ယမန်နေ့ (၀၇-၁၂-၂၀၁၉) ညနေပိုင်းမှာ Dateline Irrawaddy က တင်ဆက်ခဲ့တဲ့ “ICJ မှာ တရားရှုံးရင် ဘာဖြစ်မလဲ” ဆိုတဲ ဆွေးနွေးခန်းမှာ ဟာဂျီဦးအေးလွင် ဟာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းမှားမျိုးစေ့ တစ်ခုကို အသေအချာ ကျကျနနပြောသွားခဲ့တာကို တွေ့ရပါတယ်။ သူပြောတဲ့သဘောကို ခြုံငုံရရင် ပြီးခဲ့တဲ့ ၂၀၁၇-ခုနှစ် မောင်တောမြို့နယ် ခမောင်းဆိပ်မှာ ဟိန္ဒူဘာသာဝင် အယောက်တစ်ရာခန့် ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုဟာ ဘင်္ဂါလီလူအုပ်စု လက်ချက်မဟုတ်ဘဲ အေအေအဖွဲ့က လုပ်သွားတယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ စကားမျိုးကို ပြောသွားတာကို တွေ့ရပါတယ်။
အဲသည်ဖြစ်စဉ် ဖြစ်ပြီးပြီးချင်းမှာ ဒီလိုလူအယောက်တစ်ရာခန့် အသတ်ခံရပြီး ကျန်ရစ်သူ အမျိုးသမီးရှစ်ဦး နဲ့ ကလေးတွေကို ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ မူဆလင်အကြမ်းဘက်သမားတွေက ခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်ရပ်ကို နိုင်ငံအဆင့် အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့တွေက ထည့်သွင်းတွက်ချက်ဖော်ပြခြင်း မပြုဘဲနေကြတဲ့အတွက် ကျွန်တော်ကိုယ်တိုင်ပဲ အသတ်ခံသူများရဲ့ ဆွေမျိုးတွေနဲ့ တွေ့ဆုံ၊ youtube က တွေ့တဲ့ ပြန်ပေးဆွဲခံ ဟိန္ဒူအမျိုးသမီးငယ်တွေနဲ့ အင်တာဗျူးတွေကို မိတ်ဆွေတွေကို အကူအညီတောင်းဘာသာပြန်ပြီးနောက် ဖြစ်စဉ်တစ်ခုလုံးကို အင်္ဂလိပ်လိုနဲ့ရော မြန်မာလိုပါ ရေးသားပြီး Facebook ကတစ်ဆင့် ကမ္ဘာကြီးကို အစီရင်ခံခဲ့တာဖြစ်ပါတယ်။ အဲသလို အစီရင်ခံထုတ်ပြန်ပြီးနောက်ပိုင်းမှာမှ အိန္ဒိယသတင်းဌာနတွေ ကမ္ဘာသတင်းဌာနတွေမှာ အကြီးအကျယ်ဖော်ပြကြပြီး အစိုးရ (အထူးသဖြင့် တပ်မတော်) ဘက်က အစီအစဉ်တွေလုပ်ပြီး အလောင်းတွေကို သွားရောက်တူးဖော်ဖို့ကို ဟိန္ဒူအဖွဲ့အစည်းတွေက ပြောဆိုဖြောင်းဖျနိုင်ခဲ့တာ ဖြစ်ပါတယ်။
(အဲသည်တုံးက) အဲသလို ဘင်္ဂါလီမူဆလင်တွေက ဟိန္ဒူဘာသာဝင်တွေကို ရွာလုံးကျွတ်သတ်ဖြတ်ပြီး မြှုပ်နှံထားခဲ့ကြတဲ့ကိစ္စကို တာဝန်ရှိသူတွေဘက်ကို ဘယ်လာက်ပဲလှမ်းပြောပြော အရေးတယူမလုပ်ဘဲ မသေချာတဲ့သတင်းဆိုပြီး ဒီအတိုင်းထားရင်း ထားရင်း အချိန်ကြာလာတဲ့ အခါ ကျွန်တော် စိုးရိမ်သထက်စိုးရိမ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလောင်းတွေကို အလောင်းအတိုင်းမဖော်နိုင်ဘဲ အရိုးတွေချည်းကျန်တဲ့ အချိန်ကျမှဖော်လာခဲ့ပြီးနောက် ဒီအန်အေ စစ်ခဲ့ရင် ဟိန္ဒူတွေလည်း ဘင်္ဂါလီအနွယ်တွေပဲ ဖြစ်တဲ့အလျောက် ရှုပ်ထွေးမှုတွေများစွာ ဖြစ်လာနိုင်တယ် ဆိုပြီး ကျွန်တော် စိုးရိမ်နေခဲ့ရတာဖြစ်ပါတယ်။
တွေ့လား ဒီမှာမူဆလင်အရိုးတွေ မြန်မာတပ်က သတ်ခဲ့တာ၊ ဒါမှမဟုတ် ရခိုင်တွေက သတ်ခဲ့တာ ဆိုပြီး လုပ်နေကျ လုပ်ကြံမှုတွေကို လုပ်ကြံပြောဆိုပြီး နောင်တစ်ချိန်မှာ လက်ညှိူးထိုးလာနိုင်တယ် လို့ ကောင်းစွာတွက်ဆမိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အခု ဦးအေးလွင်ပြောနေတဲ့ ပုံစံဟာ ဒီလို ပုံစံမျိုး ဖြစ်ပါတယ်။
ဘင်္ဂလာရောက် ပြန်ပေးဆွဲခံ ဟိန္ဒူမလေးတွေရဲ့ youtube ဗီဒီယိုကလစ်ဟာ ကျွန်တော့်ဆီက တိတိကျကျသတင်းထုတ်ပြန်မှုမလုပ်ခင်မှာ ကြည့်ရှုမှုအရေအတွက် ဆယ်ဂဏန်းမျှသာပဲ ရှိပါသေးတယ်။ ကျွန်တော့်ဘက်က သတင်းထုတ်ပြန်ပြီးခါမှ ကမ္ဘာတစ်ဝှမ်းကလှမ်းကြည့်ကြတာဖြစ်ပါတယ်။
မိမိတို့ဟိန္ဒူရွာသူရွာသားတွေကို သတ်တဲ့လူတွေဟာ အိမ်နီးနားချင်း ရွာနီးနားချင်း မျက်နှာသိ ဘင်္ဂါလီမူဆလင်တွေဖြစ်ကြောင်းကို အဲသည် ပြန်ပေးဆွဲခံအမျိုးသမီးတွေက မျက်စိနဲ့တပ်အပ်မြင်ခဲ့ပါတယ်။ အဲသလို မျက်နှာသိ ဘင်္ဂါလီတွေသတ်ခဲ့ကြောင်းကိုလည်း အဲသည်အမျိုးသမီးငယ်တွေက အခါခါပြောခဲ့ပြီးဖြစ်ပါတယ်။ ပြန်ပြေးဆွဲခံသူတွေဟာ ပြန်ပေးဆွဲသူတွေရဲ့ ထိန်းချုပ်မှုအောက်မှာ (ဘင်္ဂလာမှာ) ကနဦးနေခဲ့ရစဉ်ကာလမှာ သတင်းတွေ အမျိုးမျိုးပုံမှားရိုက်ခံခဲ့ရပေမယ့် မူဆလင်လူအုပ်စုကြီးက သတ်ခဲ့တာသာလျှင် အမှန်ဖြစ်တယ်လို့ ကမ္ဘာကြီးက သိနေပြီးသားဖြစ်ပါတယ်။
ဦးအေးလွင် အခုလိုပြောနေတာဟာ အသတ်ခံရလို့သေသွားတဲ့ ဟိန္ဒူဘာသာဝင်တွေကို သာမက သူတို့ရဲ့ ကျန်စ်သူမိသားစုတွေ သူတို့အတွက် ပူဆွေးခဲ့ရတဲ့ မြန်မာနိုင်ငံက ဟိန္ဒူဘာသာဝင်အားလုံးကို စော်ကားရာရောက်ပါတယ်။ အခုလို ရခိုင်နဲ့ ဗမာ စစ်ရေး နိုင်ငံရေးအရ စိတ်မကောင်းဖွယ်ရာအချို့ရှိနေတာကို အသေအချာတွက်ချက်ပြီးတော့ အကွက်ဝင်ပြီလေ ဆိုတဲ့သဘောနဲ့ – ဒါဟာ အေအေလုပ်တာဖြစ်နိုင်တာပဲလေ ဆိုတဲ့ သဘောမျိုး တွန်းပေးနေတာ ဖြစ်နိုင်ပါတယ်။ ဦးအေးလွင်ဟာ နိုင်ငံတကာကို ရောက်ရင်လည်း ဒီလိုမျိုးတစ်ချိန်လုံး ချွန်တွန်းလုပ်ပြီး ပြောနေလောက်တယ် လို့ ကျွန်တော်တွေးမိပါတယ်။
ဧရာတီသတင်းဌာနအနေနဲ့ လိမ်ညာမှုတွေကို နေရာပေးတဲ့အတွက် စိတ်မကောင်းဖြစ်ပါတယ်။ အလားတူပဲ ကိုဖီအာနန်ကော်မရှင်ဟာ လိမ်ညာမှုတွေကို နေရာပေးခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။
မဂိုတွေမသိမ်းပိုက်ခင် အိန္ဒိယတိုက်ငယ်ရဲ့ အချို့သော ဟိန္ဒူဘုရင်တွေရဲ့ နန်းတွင်းတွေမှာ မူဆလင်အမတ် တွေနေရာရလာခဲ့တာဟာ ကိုယ့်လူသူ့ဘက်သားအလုပ်တွေကို လုပ်နိုင်ခွင့်ရစေခဲ့တယ်။
ဦးကျော်ဇောဦး
၂၀၁၉-ခုနှစ် ဒီဇင်ဘာလ (၇) ရက်
==========
[ – ဟိန္ဒူတွေ အသတ်ခံရတဲ့အကြောင်းကို ရေးတဲ့ဆောင်းပါးကို ဖေ့စ်ဘုတ်က နောက်ပိုင်းမှာ ဘလော့လုပ် ဖုံးထားလိုက်တဲ့အတွက် ကျွန်တော့်ရဲ့ kzo.home.blog မှာ ပြောင်းတင်ထားပါတယ်။ အောက်ပါ လင့်မှာ မြန်မာ (Zawgyi) / မြန်မာ (Unicode) / အင်္ဂလိပ်ဘာသာ တို့ နဲ့ ဖတ်လို့အောင် တင်ထားပါတယ်။ အောက်ပါလင့်မှာ သွားဖတ်ပေးပါ။ – ]
“ဘင်္ဂါလီလူအုပ်စုလက်ချက်ဖြင့် ဟိန္ဒူ ကိုးဆယ်ကျော် အစုလိုက်အပြုံလိုက် အသတ်ခံရမှု ဆိုင်ရာ တင်ပြချက်”
https://kzo.home.blog/2017/09/13/report-on-massacre-of-more-than-90-hindus-by-bengali-terrorists/
==========