ဂမ်ဘီယာအမှု မှတ်စု / ပထမနေ့ (၁၀-၁၂-၂၀၁၉) / provisional measures

ဂမ္ဘီယာအမႈ မွတ္စု / ပထမေန႔ (၁၀-၁၂-၂၀၁၉) / provisional measures
=========
[ – safe zone ၊ ၈၂ ႏိုင္ငံသားဥပေဒ၊ က်ဴငုတ္မက်န္ ျဖတ္ေလးျဖတ္မွ သက္သာခြင့္ကိစၥမ်ား – ]
[ Zawgyi / Unicode ]

ဂမ္ဘီယာ ဥပေဒအဖြဲ႕က တင္ျပရာမွာ ေနာက္ဆံုးေရွ႕ေနႀကီးႏွစ္ေယာက္ဟာ Provisional Measure ဆိုတဲ့ ၾကားျဖတ္အေရးယူမႈ အမိန္႔ခ်မွတ္ေပးဖို႔အေၾကာင္းကို ဒီကေန႔ သည္ဟိတ္ ICJ တရားရံုး ၾကားနာမႈမွာ ဖိဖိစီးစီး ေလးေလးနက္နက္ေျပာသြားတာကို ေတြ႕ရတယ္။ အခုနက ဒီကစံေတာ္ခ်ိန္ ေျခာက္နာရီ ေလးဆယ့္ငါးမွာၿပီးတယ္။ သူတို႔ေလွ်ာက္လဲသြားတာေတြရဲ႕ က်နေသသပ္မႈ ပညာရွင္ပီသမႈေတြကို နားေထာင္ၿပီးေတာ့ ဒီလိုတရားရံုးေတြဟာ ဥပေဒသမားေတြက ဦးေဆာင္မယ့္ေနရာျဖစ္ၿပီးေတာ့ ႏိုင္ငံေရးသမားေတြရဲ အေရးအရာ မဟုတ္ဘူးလို႔ မွတ္ခ်က္ျပဳမိတယ္။

မလိမ္မာတဲ့တပည့္ေတြေထာင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီးသံုးေယာက္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၿပံဳးရယ္ေနၾကတဲ့ ေၾကာ္ျငာဆိုင္းဘုတ္ဓါတ္ပံုႀကီးကို ဂမ္ဘီယာ ေရွ႕ေနႀကီး (second last one) က ဆလိုက္ထိုးျပၿပီး ေဒၚစုဟာ ဒီလူေတြဟာအားလံုးနဲ႕တစ္ႀကိတ္တည္းတစ္ဥာဏ္တည္းသာလွ်င္ ျဖစ္တယ္ လို႔ေျပာသြားတယ္။ အစိုးဟာ တာ၀န္ခံမႈ ျဖစ္ေျမာက္လာေအာင္ လုပ္ေဆာင္ႏိုင္စြမ္းမရွိဘူး incapable of delivering accountability လို႔လည္း ၾကားလိုက္တယ္။ အျပစ္ရွိတဲ့သူကို ဖမ္းလို႔ ေထာင္ခ်ႏိုင္စြမ္းမရွိဘူး လို႔ ေျပာခ်င္တာ ျဖစ္ပါလိမ့္မယ္။

အဲသည္ ေရွ႕ေနႀကီးဟာ provisional measures ဆိုတဲ့စကားလံုးကို ႏိုင္းခ်င္းဖိသံုးၿပီး ေတာင္းဆို တင္ျပသြားခဲ့တယ္။ provisional measures are urgently needed ဒါမွမဟုတ္ provisional measures are justified စသည္ျဖင့္ ထပ္ကာတလဲလဲ ေျပာသြားတယ္။ ျမင္မိၾကားမိလို႔ အျခား ေထာက္ျပခ်င္တာေတြ ရွိေပမယ့္ ရခိုင္ေတြအတြက္ေရာ ျမန္မာႏိုင္ငံသားေတြအားလံုးအတြက္ပါ သက္ေရာက္မႈ ရွိလာႏိုင္တဲ့ကိစၥတစ္ခုကိုပဲ ဒီကေန႔ ေထာက္ျပခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျမန္မာဟာ ဒီအမႈမွာ ရံႈးသြားႏိုင္တဲ့အလားအလာကို ျမင္ေနလို႔ပါပဲ။

ဒီအမႈရံႈးသြားရင္ ဘာျဖစ္လာမလဲဆိုေတာ့ အခုနက provisional measures (ၾကားျဖတ္အေရးယူေဆာင္ရြက္မႈ) ေတြ လုပ္ေပးရမယ္ ဆိုတဲ့ ဆံုးျဖတ္ခ်က္ကေနာက္က လိုက္လာမွာ ျဖစ္ပါတယ္။ ႏိုင္ငံကအားရွိရင္ ဆံုးျဖတ္ခ်က္ေတြကို မလိုက္နာဘဲေနလို႔ အဆင္ေျပေကာင္း ေျပႏိုင္ေပမယ့္ ႏိုင္ငံက အားမရွိရင္ မလုပ္မျဖစ္ဆိုတဲ့ အေနအထားေတြ ေရာက္လာႏိုင္လို႔ပါပဲ။

ဂမ္ဘီယာက ေတာင္းဆိုတဲ့ သက္သာခြင့္ (The relief sought) ေတြအေနနဲ႔ ငါးရပ္တင္ျပထားတယ္။ ေအာက္ပါအခ်က္ငါးရပ္ကို ICJ က ဆံုးျဖတ္ေၾကျငာေပးဖို႔ ေတာင္းဆိုတင္ျပတယ္။

တစ္။ ျမန္မာႏုိင္ငံဟာ Genocide Convention ကုိ ခ်ိဳးေဖာက္ခဲ့တယ္၊ ဆက္လက္ ခ်ဳိးေဖာက္ေနတယ္၊ ႏွစ္။ ဒီလို မွားယြင္းတဲ့လုပ္ရပ္ေတြကုိ ခ်က္ခ်င္းရပ္စဲၿပီး Genocide Convention ပါတာဝန္ေတြကုိ ေလးစားလုိက္နာရမယ္၊
သံုး။ ဂ်န္ႏိုဆိုက္ က်ဴးလြန္သူေတြကုိ အျပည္ျပည္ဆုိင္ရာခုံရုံးကပဲျဖစ္ျဖစ္ စီရင္ပုိင္ခြင့္ရွိတဲ့ တရားရုံးက ျပစ္ဒဏ္ေပးေရးကုိ ေသခ်ာေပါက္ေဆာင္ရြက္ရန္၊
ေလး။ ဘဂၤါလီဒုကၡသည္ေတြ အျပည့္အ၀ႏိုင္ငံသားျဖစ္ခြင့္ေတြနဲ႔တကြ လုံျခဳံ ဂုဏ္သိကၡာရွိစြာ ေနရပ္သု႔ိ ျပန္ႏိုင္ေရး ကိစၥကို ေဆာင္ရြက္ရန္။
ငါး။ Genocide Convention ကုိထပ္ၿပီး မခ်ဳိးေဖာက္ပါဘူးလို႔ အာမခံခ်က္ေတြေပးရမယ္။

ဒီသက္သာခြင့္ငါးရပ္ကို provisional measures (ၾကားျဖတ္အေရးယူေဆာင္ရြက္မႈ) ေတြအျဖစ္ တရားရံုးက ညႊန္ျပ (indicate) လုပ္မယ္ဆိုရင္ ျမန္မာ့လူအဖြဲ႕အစည္းမွာ ေျပာင္းလဲမႈႀကီးႀကီးမားမား လုပ္ရမွာေတြ ရွိလာမွာ ျဖစ္တယ္။ ဥပမာအားျဖင့္ ဘဂၤါလီေတြႏိုင္ငံသားျဖစ္လာႏိုင္ေအာင္ ၁၉၈၂ ျမန္မာႏိုင္ငံသား ဥပေဒကို ျပင္ဆင္ေပးရတာမ်ိဳးကို ဂမ္ဘီယာႏုိင္ငံရဲ႕ေလွ်ာက္ထားလႊာက ေတာင္းဆိုေနတာ ျဖစ္ပါတယ္။ ဒါမွမဟုတ္ ၀က္အူေတြ တစ္ရစ္ၿပီးတစ္ရစ္ က်ပ္လာတဲ့အခါ ဘူးသီးေတာင္၊ ေမာင္ေတာ သို႔မဟုတ္ ေမာင္ေတာတစ္ခုတည္းကို ဘဂၤါလီေတြအတြက္ safe zone အျဖစ္သတ္မွတ္ႏိုင္ဖို႔ရာမွာ ဒီတရားရံုးဆံုးျဖတ္ခ်က္ဟာ အေရးပါေကာင္းပါလာႏိုင္တယ္။

ေတာင္းဆိုတဲ့ သက္သာခြင့္ အခ်က္နံပါတ္ (ေလး) မွာ လုံျခဳံ ဂုဏ္သိကၡာရွိစြာ ေနရပ္သု႔ိ ျပန္ႏိုင္ေရး လို႔ ဆိုထားတာကိုး . . . ။

ျမန္္မာႏိုင္ငံအေပၚ ICJ ၊ ICC နဲ႔ အာဂ်င္တီးနားစြဲဆိုႀကိဳးပမ္းမႈေတြလုပ္တာနဲ႔ တစ္ၿပိဳင္နက္ ႀကိဳဆိုမႈေတြအမ်ားႀကီးေတြ႕ရတယ္။ လက္ႀကီးႀကီးနဲ႔ heavy-handedly ကိုင္ခဲ့တာေတြကို ခံစားခဲ့သူေတြ ဆီက လာတာျဖစ္ပါတယ္။

ေသာင္းက်န္းသူႏွိမ္နင္းေရးကို လုပ္ေဆာင္တဲ့အခါ ျမန္မာ့တပ္မေတာ္ဟာ ပုန္ကန္သူေတြနဲ႔ ဆက္စပ္လူ႔အဖြဲ႕အစည္းေတြကို အရပ္သား၊ ကေလး၊ မိန္းမ မခ်န္ စိစိညက္ညက္ေၾကေအာင္ ေခ်မႈန္းတတ္တယ္လို႔ ေျပာရင္ ျမန္မာ့တပ္မေတာ္ကေတာ့ မဟုတ္ဘူး လို႔ျငင္းမွာပါဘဲ။ သံုးစြဲရိုး ဗမာစကားေတာင္ ရွိပါတယ္။ က်ဴပင္ခုတ္ က်ဴငုတ္မက်န္ေစရ ဆိုတဲ့စကားျဖစ္ပါတယ္။

ICJ မွာ ဂမ္ဘီယာက ျမန္မာႏိုင္ငံကို တရားစြဲတဲ့ ကိစၥမွာ ဘယ္ေနရာကေန ဘယ္လို ရပ္တည္ပါတယ္ ဆိုၿပီး အသီးသီး အသကအသက ထုတ္ျပန္ၾကတဲ့ ကရင္အဖြဲ႕အစည္းေတြ၊ ရွမ္းအဖြဲ႕အစည္းေတြ၊ ကခ်င္အဖြဲ႕အစည္းေတြဆီက ထုတ္ျပန္ခ်က္ေတြကို ဖတ္ရင္း အဲဒီေဒသေတြမွာ ခံစားခဲ့ၾကတဲ့ ဒုကၡေတြကို ကၽြန္ေတာ္ မဆိုင္းမတြ ေတြးမိပါတယ္။ ၁၉၉၀ ျပည့္လြန္ႏွစ္ေတြက ဧရာ၀တီတိုင္း ဘိုကေလးေဒသမွာ ကရင္လူမ်ိဳးေတြ ခံစားခဲ့ရတာ အခုဘဂၤါလီေတြခံစားခဲ့ရတာထက္ မေလ်ာ့ေလာက္ပါဘူး။

အခုလည္း ၂၀၁၉ ရခိုင္မွာ လက္နက္ကိုင္ပဋိပကၡျဖစ္ေနေပမယ့္ လက္တံံု႔ေနတာဟာ အခ်က္ႏွစ္ခ်က္ ရွိပါတယ္။ (တစ္) သတင္းဆက္သြယ္မႈေကာင္းတဲ့ေခတ္ကို ေရာက္သြားလို႔ (ႏွစ္) ရခိုင္ေတြကို လက္ႀကီးႀကီးနဲ႔ မကိုင္တြယ္ခင္မွာ ဘဂၤါလီေတြကို လက္ႀကီးႀကီးနဲ႔ကိုင္ထားတဲ့ကိစၥရွိေနေၾကာင္းကို ရပ္ကြက္ကသိေနလို႔ ရခိုင္ေတြ သက္သာေနတာ ျဖစ္ပါတယ္။ စာအုပ္အေဟာင္းနဲ႔မွ ပုန္ကန္မႈကို ေခ်မႈန္းတတ္သူေတြဟာ အခင္းအက်င္းအသစ္မွာ အခက္ႀကံဳေနရတာ ျဖစ္ႏိုင္ပါတယ္။

ဒီေန႔မွတ္စုကို ဒီေနရာမွာ အခ်ဳပ္စကားဆိုရင္ – အျပစ္က်ဴးလြန္သူေတြကို အျပစ္ေပးႏိုင္ဖို႔ရာ၊ ေနာက္ေနာင္ ဒီလိုျပစ္မႈမ်ိဳးေတြ မက်ဴးလြန္ႏိုင္ေအာင္ ႏိုင္ငံတကာယႏၱရားေတြကလုပ္ေဆာင္တာကို ကၽြန္ေတာ္အေနနဲ႔ အေကာင္းဘက္ကရႈျမင္တယ္။ ဒါေပမဲ့ ဘူးသီေတာင္ ေမာင္ေတာကို safe zone လုပ္ေပးဖို႔ ဆိုတဲ့ကိစၥ နဲ႔ ၁၉၈၂ ႏိုင္ငံသားဥပေဒကို ျပင္ဆင္ဖို႔ရာေတြဟာ အခ်ဳပ္အခ်ာအာဏာနဲ႔ သက္ဆိုင္တဲ့ကိစၥေတြ ျဖစ္ပါတယ္။

အလုပ္ျဖစ္ႏိုင္တဲ့ နည္းလမ္းေတြ ရွာႀကံၾကရင္ ေတြ႕ႏိုင္ၾကမွာပါ။

ဦးေက်ာ္ေဇာဦး
၂၀၁၉ ဒီဇင္ဘာလ (၁၀) ရက္
ညေန ရွစ္နာရီ သံုးဆယ္မိနစ္

==========

[ Unicode ]
ဂမ်ဘီယာအမှု မှတ်စု / ပထမနေ့ (၁၀-၁၂-၂၀၁၉) / provisional measures
=========
[ – safe zone ၊ ၈၂ နိုင်ငံသားဥပဒေ၊ ကျူငုတ်မကျန် ဖြတ်လေးဖြတ်မှ သက်သာခွင့်ကိစ္စများ – ]

ဂမ်ဘီယာ ဥပဒေအဖွဲ့က တင်ပြရာမှာ နောက်ဆုံးရှေ့နေကြီးနှစ်ယောက်ဟာ Provisional Measure ဆိုတဲ့ ကြားဖြတ်အရေးယူမှု အမိန့်ချမှတ်ပေးဖို့အကြောင်းကို ဒီကနေ့ သည်ဟိတ် ICJ တရားရုံး ကြားနာမှုမှာ ဖိဖိစီးစီး လေးလေးနက်နက်ပြောသွားတာကို တွေ့ရတယ်။ အခုနက ဒီကစံတော်ချိန် ခြောက်နာရီ လေးဆယ့်ငါးမှာပြီးတယ်။ သူတို့လျှောက်လဲသွားတာတွေရဲ့ ကျနသေသပ်မှု ပညာရှင်ပီသမှုတွေကို နားထောင်ပြီးတော့ ဒီလိုတရားရုံးတွေဟာ ဥပဒေသမားတွေက ဦးဆောင်မယ့်နေရာဖြစ်ပြီးတော့ နိုင်ငံရေးသမားတွေရဲ အရေးအရာ မဟုတ်ဘူးလို့ မှတ်ချက်ပြုမိတယ်။

မလိမ်မာတဲ့တပည့်တွေထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသုံးယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြုံးရယ်နေကြတဲ့ ကြော်ငြာဆိုင်းဘုတ်ဓါတ်ပုံကြီးကို ဂမ်ဘီယာ ရှေ့နေကြီး (second last one) က ဆလိုက်ထိုးပြပြီး ဒေါ်စုဟာ ဒီလူတွေဟာအားလုံးနဲ့တစ်ကြိတ်တည်းတစ်ဉာဏ်တည်းသာလျှင် ဖြစ်တယ် လို့ပြောသွားတယ်။ အစိုးဟာ တာဝန်ခံမှု ဖြစ်မြောက်လာအောင် လုပ်ဆောင်နိုင်စွမ်းမရှိဘူး incapable of delivering accountability လို့လည်း ကြားလိုက်တယ်။ အပြစ်ရှိတဲ့သူကို ဖမ်းလို့ ထောင်ချနိုင်စွမ်းမရှိဘူး လို့ ပြောချင်တာ ဖြစ်ပါလိမ့်မယ်။

အဲသည် ရှေ့နေကြီးဟာ provisional measures ဆိုတဲ့စကားလုံးကို နိုင်းချင်းဖိသုံးပြီး တောင်းဆို တင်ပြသွားခဲ့တယ်။ provisional measures are urgently needed ဒါမှမဟုတ် provisional measures are justified စသည်ဖြင့် ထပ်ကာတလဲလဲ ပြောသွားတယ်။ မြင်မိကြားမိလို့ အခြား ထောက်ပြချင်တာတွေ ရှိပေမယ့် ရခိုင်တွေအတွက်ရော မြန်မာနိုင်ငံသားတွေအားလုံးအတွက်ပါ သက်ရောက်မှု ရှိလာနိုင်တဲ့ကိစ္စတစ်ခုကိုပဲ ဒီကနေ့ ထောက်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာဟာ ဒီအမှုမှာ ရှုံးသွားနိုင်တဲ့အလားအလာကို မြင်နေလို့ပါပဲ။

ဒီအမှုရှုံးသွားရင် ဘာဖြစ်လာမလဲဆိုတော့ အခုနက provisional measures (ကြားဖြတ်အရေးယူဆောင်ရွက်မှု) တွေ လုပ်ပေးရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကနောက်က လိုက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံကအားရှိရင် ဆုံးဖြတ်ချက်တွေကို မလိုက်နာဘဲနေလို့ အဆင်ပြေကောင်း ပြေနိုင်ပေမယ့် နိုင်ငံက အားမရှိရင် မလုပ်မဖြစ်ဆိုတဲ့ အနေအထားတွေ ရောက်လာနိုင်လို့ပါပဲ။

ဂမ်ဘီယာက တောင်းဆိုတဲ့ သက်သာခွင့် (The relief sought) တွေအနေနဲ့ ငါးရပ်တင်ပြထားတယ်။ အောက်ပါအချက်ငါးရပ်ကို ICJ က ဆုံးဖြတ်ကြေငြာပေးဖို့ တောင်းဆိုတင်ပြတယ်။

တစ်။ မြန်မာနိုင်ငံဟာ Genocide Convention ကို ချိုးဖောက်ခဲ့တယ်၊ ဆက်လက် ချိုးဖောက်နေတယ်၊ နှစ်။ ဒီလို မှားယွင်းတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်စဲပြီး Genocide Convention ပါတာဝန်တွေကို လေးစားလိုက်နာရမယ်၊
သုံး။ ဂျန်နိုဆိုက် ကျူးလွန်သူတွေကို အပြည်ပြည်ဆိုင်ရာခုံရုံးကပဲဖြစ်ဖြစ် စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးက ပြစ်ဒဏ်ပေးရေးကို သေချာပေါက်ဆောင်ရွက်ရန်၊
လေး။ ဘင်္ဂါလီဒုက္ခသည်တွေ အပြည့်အဝနိုင်ငံသားဖြစ်ခွင့်တွေနဲ့တကွ လုံခြုံ ဂုဏ်သိက္ခာရှိစွာ နေရပ်သို့ ပြန်နိုင်ရေး ကိစ္စကို ဆောင်ရွက်ရန်။
ငါး။ Genocide Convention ကိုထပ်ပြီး မချိုးဖောက်ပါဘူးလို့ အာမခံချက်တွေပေးရမယ်။

ဒီသက်သာခွင့်ငါးရပ်ကို provisional measures (ကြားဖြတ်အရေးယူဆောင်ရွက်မှု) တွေအဖြစ် တရားရုံးက ညွှန်ပြ (indicate) လုပ်မယ်ဆိုရင် မြန်မာ့လူအဖွဲ့အစည်းမှာ ပြောင်းလဲမှုကြီးကြီးမားမား လုပ်ရမှာတွေ ရှိလာမှာ ဖြစ်တယ်။ ဥပမာအားဖြင့် ဘင်္ဂါလီတွေနိုင်ငံသားဖြစ်လာနိုင်အောင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ပေးရတာမျိုးကို ဂမ်ဘီယာနိုင်ငံရဲ့လျှောက်ထားလွှာက တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဝက်အူတွေ တစ်ရစ်ပြီးတစ်ရစ် ကျပ်လာတဲ့အခါ ဘူးသီးတောင်၊ မောင်တော သို့မဟုတ် မောင်တောတစ်ခုတည်းကို ဘင်္ဂါလီတွေအတွက် safe zone အဖြစ်သတ်မှတ်နိုင်ဖို့ရာမှာ ဒီတရားရုံးဆုံးဖြတ်ချက်ဟာ အရေးပါကောင်းပါလာနိုင်တယ်။

တောင်းဆိုတဲ့ သက်သာခွင့် အချက်နံပါတ် (လေး) မှာ လုံခြုံ ဂုဏ်သိက္ခာရှိစွာ နေရပ်သို့ ပြန်နိုင်ရေး လို့ ဆိုထားတာကိုး . . . ။

မြန််မာနိုင်ငံအပေါ် ICJ ၊ ICC နဲ့ အာဂျင်တီးနားစွဲဆိုကြိုးပမ်းမှုတွေလုပ်တာနဲ့ တစ်ပြိုင်နက် ကြိုဆိုမှုတွေအများကြီးတွေ့ရတယ်။ လက်ကြီးကြီးနဲ့ heavy-handedly ကိုင်ခဲ့တာတွေကို ခံစားခဲ့သူတွေ ဆီက လာတာဖြစ်ပါတယ်။

သောင်းကျန်းသူနှိမ်နင်းရေးကို လုပ်ဆောင်တဲ့အခါ မြန်မာ့တပ်မတော်ဟာ ပုန်ကန်သူတွေနဲ့ ဆက်စပ်လူ့အဖွဲ့အစည်းတွေကို အရပ်သား၊ ကလေး၊ မိန်းမ မချန် စိစိညက်ညက်ကြေအောင် ချေမှုန်းတတ်တယ်လို့ ပြောရင် မြန်မာ့တပ်မတော်ကတော့ မဟုတ်ဘူး လို့ငြင်းမှာပါဘဲ။ သုံးစွဲရိုး ဗမာစကားတောင် ရှိပါတယ်။ ကျူပင်ခုတ် ကျူငုတ်မကျန်စေရ ဆိုတဲ့စကားဖြစ်ပါတယ်။

ICJ မှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲတဲ့ ကိစ္စမှာ ဘယ်နေရာကနေ ဘယ်လို ရပ်တည်ပါတယ် ဆိုပြီး အသီးသီး အသကအသက ထုတ်ပြန်ကြတဲ့ ကရင်အဖွဲ့အစည်းတွေ၊ ရှမ်းအဖွဲ့အစည်းတွေ၊ ကချင်အဖွဲ့အစည်းတွေဆီက ထုတ်ပြန်ချက်တွေကို ဖတ်ရင်း အဲဒီဒေသတွေမှာ ခံစားခဲ့ကြတဲ့ ဒုက္ခတွေကို ကျွန်တော် မဆိုင်းမတွ တွေးမိပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဧရာဝတီတိုင်း ဘိုကလေးဒေသမှာ ကရင်လူမျိုးတွေ ခံစားခဲ့ရတာ အခုဘင်္ဂါလီတွေခံစားခဲ့ရတာထက် မလျော့လောက်ပါဘူး။

အခုလည်း ၂၀၁၉ ရခိုင်မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်နေပေမယ့် လက်တုံံ့နေတာဟာ အချက်နှစ်ချက် ရှိပါတယ်။ (တစ်) သတင်းဆက်သွယ်မှုကောင်းတဲ့ခေတ်ကို ရောက်သွားလို့ (နှစ်) ရခိုင်တွေကို လက်ကြီးကြီးနဲ့ မကိုင်တွယ်ခင်မှာ ဘင်္ဂါလီတွေကို လက်ကြီးကြီးနဲ့ကိုင်ထားတဲ့ကိစ္စရှိနေကြောင်းကို ရပ်ကွက်ကသိနေလို့ ရခိုင်တွေ သက်သာနေတာ ဖြစ်ပါတယ်။ စာအုပ်အဟောင်းနဲ့မှ ပုန်ကန်မှုကို ချေမှုန်းတတ်သူတွေဟာ အခင်းအကျင်းအသစ်မှာ အခက်ကြုံနေရတာ ဖြစ်နိုင်ပါတယ်။

ဒီနေ့မှတ်စုကို ဒီနေရာမှာ အချုပ်စကားဆိုရင် – အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့ရာ၊ နောက်နောင် ဒီလိုပြစ်မှုမျိုးတွေ မကျူးလွန်နိုင်အောင် နိုင်ငံတကာယန္တရားတွေကလုပ်ဆောင်တာကို ကျွန်တော်အနေနဲ့ အကောင်းဘက်ကရှုမြင်တယ်။ ဒါပေမဲ့ ဘူးသီတောင် မောင်တောကို safe zone လုပ်ပေးဖို့ ဆိုတဲ့ကိစ္စ နဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ရာတွေဟာ အချုပ်အချာအာဏာနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။

အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှာကြံကြရင် တွေ့နိုင်ကြမှာပါ။

ဦးကျော်ဇောဦး
၂၀၁၉ ဒီဇင်ဘာလ (၁၀) ရက်
ညနေ ရှစ်နာရီ သုံးဆယ်မိနစ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s