ICJ ကို တက်​ရှင်​း​နေရတဲ့ ​နေ့​တွေမှာ​တောင်​ အရပ်​သား​တွေကို ရည်​ရွယ်​ ပစ်​ခတ်​မှု​တွေ ရှိ​နေတယ်​

ICJ ကို တက္​ရွင္​း​ေနရတဲ့ ​ေန႔​ေတြမွာ​ေတာင္​ အရပ္​သား​ေတြကို ရည္​႐ြယ္​ ပစ္​ခတ္​မႈ​ေတြ ရွိ​ေနတယ္​

မေန႔က (၁၀-၁၂-၂၀၁၉) ရက္ေန႔မွာ ICJ မွာ ၾကားနာမႈစတင္တဲ့ေန႔မွာ ပလက္ၿမိဳ႕နယ္တြင္း လိုင္းစက္ေလွကို ကမ္းေပၚကလွမ္းပစ္လို႔ အရပ္သား အနည္းဆံုး သံုးဦးေသတယ္။ ျမာလူမ်ိဳး နဲ႔ ရခိုင္လူမ်ိဳးေတြ ျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ ၀န္ထမ္းေတြပါ အရပ္သားေတြပါလို႔ မပစ္ၾကပါနဲ႔ လို႔ စက္ေလွေပၚက လူေတြက လွမ္းေအာ္ၾကေသးတယ္ လို႔ ေျပာပါတယ္။ ဒါေပမဲ့ ထပ္ပစ္ေနတာပဲ လို႔ ဆိုတယ္။ စက္ေလွေပၚကလူေတြ ေျပာတာကေတာ့ အေရွ႕ဘက္ကမ္းကပစ္တယ္လို႔ ေျပာတယ္ လို႔ က်ြန္​​ေတာ္​သိထားရတယ္​။ အေရွ႕ဘက္ကမ္းမွာ ဘယ္သူေတြရဲ႕ တပ္စခန္း ရွိသလဲဆိုတာကို ေမးၾကည့္ရင္ သိႏိုင္တာေပါ့။ အ​ေျဖ သိသာပါတယ္​။

ဒါကို ေအေအက ပစ္လို႔ အရပ္သားေတြ ေသတယ္လို႔ တပ္မေတာ္ဘက္က ဒီကေန႔ ထုတ္ျပန္တယ္။ အံ့ၾသစရာမရွိပါဘူး။ ဒါေပမဲ့ မီဒီယာေတြနဲ႔ ဆက္ဆံေျပာဆိုရတဲ့ ခ်င္းျပည္နယ္အစိုးရအဖြဲ႕၀င္ေတြက မီဒီယာေတြကို ေျဖၾကားရာမွာ ဘယ္သူေတြကပစ္လို႔ ေသမွန္းမသိဘူး လို႔ ေျဖၾကားတာကို မွတ္သားထားၾကရမွာ ျဖစ္ပါတယ္။ ဘယ္သူေတြပစ္တယ္ ဆိုတာကို သူတို႔အေနနဲ႔ မသိႏိုင္စရာမရွိဘူးလို႔ ကၽြန္ေတာ္ေတြးမွတ္ထားပါတယ္။ မသိဘူးလို႔ ေျဖရတာကလြယ္ပါတယ္။ သိပါတယ္၊ ဒီကိစၥက ဒီလိုပါလို႔ သတၱိေမြးၿပီး ေျဖဆိုဖို႔ရာ ေစတနာ လိုပါတယ္။ အဲသည္ စိတ္ေစတနာမ်ိဳး သူတို႔မွာ ရွိမရွိ မွတ္သားထားစရာ ျဖစ္ပါတယ္။

ဒီ​ေန႔မနက္​ မင္​းျပားၿမိဳ႕​ေပၚက​ေန ျမန္​မာတပ္​ကလက္​နက္​ႀကီး​ေတြနဲ႔ ကုလားမ​ေတာင္​ကလူ​ေနအိမ္​​ေျခ​ေတြကို ပစ္​ခဲ့တယ္​။ အဲသည္​ရြာကုိထဲကို လက္နက္ၾကီးက်ည္ ၅ လုံးက်တယ္။ သုံးေယာက္ထိခိုက္ဒဏ္ရာရထားပါတယ္။ ႏွစ္ေယာက္အေျခအေနစိုးရိမ္ရတယ္။

DVB သတင္​း​ေထာက္​က အဲဒီကိစၥနဲ႔ပတ္သက္လို႔ ရခိုင္ျပည္နယ္ လံု/နယ္​ဝန္ၾကီးကို ဖုန္းဆက္တယ္။ သူ႔​ေက်း႐ြာျဖစ္​​ေၾကာင္​း၊ ရြာကိုလက္နက္ၾကီးက်ေနတဲ့အၾကာင္း ပစ္မွတ္လြဲေနတဲ့အေၾကာင္း ဖုန္​းဆက္​ ရွင္​းျပရတယ္​ လို႔ ဆိုတယ္​။

ICJ ကိုတက္​ရွင္​း​ေနရတဲ့ ​ေန႔​ေတြမွာ ျဖစ္​ပ်က္​​ေနတာ ျဖစ္​ပါတယ္​။

ဦး​ေက်ာ္ေဇာဦး
၁၁-၁၂-၂၀၁၉

ICJ ကို တက်​ရှင်​း​နေရတဲ့ ​နေ့​တွေမှာ​တောင်​ အရပ်​သား​တွေကို ရည်​ရွယ်​ ပစ်​ခတ်​မှု​တွေ ရှိ​နေတယ်​

မနေ့က (၁၀-၁၂-၂၀၁၉) ရက်နေ့မှာ ICJ မှာ ကြားနာမှုစတင်တဲ့နေ့မှာ ပလက်မြို့နယ်တွင်း လိုင်းစက်လှေကို ကမ်းပေါ်ကလှမ်းပစ်လို့ အရပ်သား အနည်းဆုံး သုံးဦးသေတယ်။ မြာလူမျိုး နဲ့ ရခိုင်လူမျိုးတွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဝန်ထမ်းတွေပါ အရပ်သားတွေပါလို့ မပစ်ကြပါနဲ့ လို့ စက်လှေပေါ်က လူတွေက လှမ်းအော်ကြသေးတယ် လို့ ပြောပါတယ်။ ဒါပေမဲ့ ထပ်ပစ်နေတာပဲ လို့ ဆိုတယ်။ စက်လှေပေါ်ကလူတွေ ပြောတာကတော့ အရှေ့ဘက်ကမ်းကပစ်တယ်လို့ ပြောတယ် လို့ ကျွန်​​တော်​သိထားရတယ်​။ အရှေ့ဘက်ကမ်းမှာ ဘယ်သူတွေရဲ့ တပ်စခန်း ရှိသလဲဆိုတာကို မေးကြည့်ရင် သိနိုင်တာပေါ့။ အ​ဖြေ သိသာပါတယ်​။

ဒါကို အေအေက ပစ်လို့ အရပ်သားတွေ သေတယ်လို့ တပ်မတော်ဘက်က ဒီကနေ့ ထုတ်ပြန်တယ်။ အံ့သြစရာမရှိပါဘူး။ ဒါပေမဲ့ မီဒီယာတွေနဲ့ ဆက်ဆံပြောဆိုရတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေက မီဒီယာတွေကို ဖြေကြားရာမှာ ဘယ်သူတွေကပစ်လို့ သေမှန်းမသိဘူး လို့ ဖြေကြားတာကို မှတ်သားထားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူတွေပစ်တယ် ဆိုတာကို သူတို့အနေနဲ့ မသိနိုင်စရာမရှိဘူးလို့ ကျွန်တော်တွေးမှတ်ထားပါတယ်။ မသိဘူးလို့ ဖြေရတာကလွယ်ပါတယ်။ သိပါတယ်၊ ဒီကိစ္စက ဒီလိုပါလို့ သတ္တိမွေးပြီး ဖြေဆိုဖို့ရာ စေတနာ လိုပါတယ်။ အဲသည် စိတ်စေတနာမျိုး သူတို့မှာ ရှိမရှိ မှတ်သားထားစရာ ဖြစ်ပါတယ်။

ဒီ​နေ့မနက်​ မင်​းပြားမြို့​ပေါ်က​နေ မြန်​မာတပ်​ကလက်​နက်​ကြီး​တွေနဲ့ ကုလားမ​တောင်​ကလူ​နေအိမ်​​ခြေ​တွေကို ပစ်​ခဲ့တယ်​။ အဲသည်​ရွာကိုထဲကို လက်နက်ကြီးကျည် ၅ လုံးကျတယ်။ သုံးယောက်ထိခိုက်ဒဏ်ရာရထားပါတယ်။ နှစ်ယောက်အခြေအနေစိုးရိမ်ရတယ်။

DVB သတင်​း​ထောက်​က အဲဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် လုံ/နယ်​ဝန်ကြီးကို ဖုန်းဆက်တယ်။ သူ့​ကျေးရွာဖြစ်​​ကြောင်​း၊ ရွာကိုလက်နက်ကြီးကျနေတဲ့အကြာင်း ပစ်မှတ်လွဲနေတဲ့အကြောင်း ဖုန်​းဆက်​ ရှင်​းပြရတယ်​ လို့ ဆိုတယ်​။

ICJ ကိုတက်​ရှင်​း​နေရတဲ့ ​နေ့​တွေမှာ ဖြစ်​ပျက်​​နေတာ ဖြစ်​ပါတယ်​။

ဦး​ကျော်ဇောဦး
၁၁-၁၂-၂၀၁၉

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s