နာမည်တစ်ခုနောက်ကွယ်​က ကြီးမားသော မဟာဗျူဟာ

[ Zawgyi ]

နာမည္တစ္ခုေနာက္ကြယ္​က ႀကီးမားေသာ မဟာဗ်ဴဟာ

တစ္။ ၿပီးခဲ့တဲ ႏွစ္ႏွစ္ ဆီးရီးယားဒုကၡသည္အက်ပ္အတည္းကာလထဲက ၂၀၁၇-ခုႏွစ္ တစ္ႏွစ္တည္းအတြင္းမွာ ေျမထဲပင္လယ္ကိုျဖတ္ၿပီးသကာလ လူေမွာင္ခိုသေဘၤာေတြစီးၿပီးသကာလ ဥေရာပတိုက္ အီတလီကမ္းေျခကို ဆိုက္ေရာက္လာခဲ့တဲ့ ဒုကၡသည္ဆိုသူေတြထဲက အမ်ားဆံုးေသာ လူအေရအတြက္တို႔ရဲ႕ ပင္ရင္းတိုင္းျပည္ (country of origin) ကို သင္တို႔ သိၾကပါသလား။ ဒီေမးခြန္းရဲ႕အေျဖကေတာ့ “ဘဂၤလာေဒ့ရွ္” ျဖစ္ပါတယ္။ သူတို႔ဟာ ဆီးရီးယား ဒုကၡသည္လိႈင္းကို ႀကံဳလို႔ ၀င္စီးၾကတာျဖစ္ပါတယ္။ (ကမ္းေပၚကိုေရာက္ၿပီးေနာက္ အေျခအေနအခြင့္အလမ္းအေပၚမူတည္ၿပီး ရိုဟင္ဂ်ာ လို႔ အမည္ခံသင့္ရင္ ခံမယ့္ သေဘာရွိတယ္။)

ႏွစ္။ ၂၀၁၂ နဲ႔ ၂၀၁၇ အၾကားကာလ (ဒီကာလေနာက္ပိုင္းလည္း ဆက္ျဖစ္ႏိုင္တယ္) မွာ နတ္ျမစ္၀ ၀န္းက်င္ကေန ထိုင္းေတာင္ပိုင္းတေရာက္ လူေမွာင္ခိုပို႔တဲ့စက္ေလွေတာ္ေတာ္မ်ားမ်ား ဘယ္ကလူေတြကို ပို႔တယ္လို႔ထင္ပါသလဲ။ ရခိုင္အေျခစိုက္စက္ေလွေတြေတာ့ မသိဘူး၊ ဘိတ္အေျခစိုက္ စက္ေလွေတြကေတာ့ ေမာင္ေတာကလူေတြကို ေခၚတင္တာမဟုတ္ပါဘူး တဲ့။ ဘဂၤလာထဲကို တိုက္ရိုက္၀င္လို႔ လူေခၚတင္ၿပီးေနာက္ ထိုင္းေတာင္ပိုင္းနဲ႔ မေလးရွားကို ပို႔တာျဖစ္ပါသတဲ့။ စစ္ေတြေထာင္ထဲေရာက္ေနခဲ့တဲ့ ဘိတ္ လူေမွာင္ခိုသမားအခ်ိဳ႕က ကၽြန္ေတာ့္ကို ေျပာလိုက္တာ။ (သူတို႔ပို႔လိုက္တဲ့ လူေတြကေတာ့ ဟိုကိုေရာက္ရင္ ရိုဟင္ဂ်ာ ျဖစ္ကို ျဖစ္သြားပါလိမ့္မယ္။)

သံုး။ ဒီလိုနည္းမ်ိဳးစံုနဲ႔ ကမၻာအရပ္ရပ္မွာ ပ်ံ႕ႏွံ႔ေနတဲ့ သူတို႔အေခၚ ဒိုင္ယာစပိုရာ ရို ဆိုသူေတြရဲ႕ အေရအတြက္ဟာ ဘယ္လိုမ်ိဳး သိန္းဂဏန္း ဘယ္လိုမ်ိဳး သန္းဂဏန္း ရွိေနပါတယ္ လို႔ သူတို႔ ေဖာင္းကားေျပာဆိုထားတာ ရွိမရွိ ေလ့လာ ဆန္းစစ္ဖူးပါသလား။ အဲသည္ ေဖာင္းကား ရို အေရအတြက္ဟာ ခင္ဗ်ားတို႔က ႏိုင္ငံတကာကို ေၾကာက္လို႔ပဲျဖစ္ျဖစ္ ကိုယ့္ကိုယ္ကို လစ္ဘရယ္ဆန္တယ္လို႔ ဂုဏ္ယူခ်င္လို႔ပဲျဖစ္ျဖစ္ အဲသည္နာမည္လိမ္ကို လက္ခံလိုက္ၿပီးေနာက္ပိုင္းမွာ ျမန္မာျပည္ထဲကို မိခင္တိုင္းျပည္အျဖစ္ ၀င္ေရာက္လာၾကမယ့္ အေရအတြက္ျဖစ္ပါတယ္။

ေလး။ မိုဟာမက္ကို ဆက္ခံသူမ်ားရဲ႕ အစၥလမ္မစ္ ဆူလတန္နိတ္ႏိုင္ငံေတာ္ဟာ နည္းအမ်ိဳးမ်ိဳးနဲဲ႔ ျပန္႔ကားခဲ့ရာမွာ အေရွ႕ဘက္က အိႏၵိယကိုေရာက္လာခဲ့တဲ့ မဂိုအင္ပါယာဟာ ရခိုင့္ႏိုင္ငံနဲ႔ ထိေတြ႕ၿပီးေနာက္ ဒီလမ္းေၾကာင္းမွာ ေရွ႕တိုးတာ ရပ္သြားခဲ့တယ္။ အခုတစ္ဖန္ ေခတ္သစ္ ကမၻာလံုးဆိုင္ရာ အစၥလမ္မစ္ ဆူလတန္နိတ္ပမာ တင္စားၾကတဲ့ OIC ဟာ ဂမ္ဘီယာကို နာမည္ခံခိုင္းၿပီး ရခိုင္ေဒသမွာ ျဖစ္ပြားခဲ့တာေတြ အတြက္ ျမန္မာျပည္ကို ICJ မွာ တရားစြဲတဲ့အတြက္ အခု တရားဆိုင္ေနရတယ္။ (ျမန္မာ ကိုယ္စားျပဳ ေရွ႕ေနႀကီးက မေန႔က ဒါကို အေသအခ်ာ ေထာက္ျပခဲ့တယ္။) ဒါဟာတိုက္ဆိုင္မႈ သက္သက္လို႔ အသင္ ထင္ပါသလား။

ငါး။ ဘဂၤလာနဲ႔ ျမန္မာအစပ္က ယခုအခါ Cox’s Bazaar လို႔​ေခၚတဲ့ ေဒသဟာ ေနထိုင္ဖို႔ရာ လူမရွိလို႔ အဂၤလိပ္ေတြက (အဂၤလိပ္​ဗိုလ္​ Cox က) ရခိုင္ေတြကို ေခၚယူေနရာခ်ထားၿပီး လူေနအိမ္ေျခေတြ ျဖစ္ေစခဲ့တယ္ဆိုတာကို အသင္ ၾကားဖူးပါသလား။ Cox’s Bazaar မွာေတာင္ ရခိုင္ေတြကို ေခၚၿပီးေနရာခ်ထားခဲ့ၾကတာ ဆိုေတာ့ . . . Cox’s Bazaar ရဲ႕ အေရွ႕ဘက္က်တဲ့ ေမာင္ေတာ နဲ႕ ဘူးသီးေတာင္မွာ အဲသည္အခ်ိန္က ဘဂၤါလီေတြ လံုး၀ ရွိခဲ့မွာ မဟုတ္ဘူး ဆိုတာကို ေသခ်ာေပါက္ေျပာႏိုင္ပါတယ္။ သတိထားစရာအခ်က္က လူစီးေၾကာင္းဟာ အေနာက္ဘက္ကို ေရြ႕သထက္ေရြ႕လာၿပီး ႏွစ္ငါးဆယ္ တစ္ႀကိမ္က် ဆန္းစစ္ၾကည့္တိုင္းမွာ သိသာတဲ့ ပထ၀ီလူဦးေရ အခ်ိဳးအစား ေျပာင္းလဲမႈေတြ ျဖစ္ေနခဲ့တယ္ဆိုတာကို သတိထားရမွာ ျဖစ္ပါတယ္။

ေျခာက္။ ၁၉၄၃ ဘဂၤလားအငတ္ေဘးမွာ ဘဂၤလားျပည္နယ္တစ္ခုတည္းသက္သက္ လူ ၂.၁ သန္းနဲ႔ သံုးသန္းၾကား အငတ္ေဘးေၾကာင့္ေသခဲ့ရတယ္။ အဲသည္အခ်ိန္က တာ၀န္အရွိဆံုးလို႔ေျပာရမယ့္ ၿဗိတိသွ်နန္းရင္း၀န္ ၀င္စတန္ခ်ာခ်ီေျပာခဲ့တယ္ဆိုတဲ့ တာ၀န္မဲ့စကားတစ္ခြန္းကို အသင္ ၾကားဖူးပါသလား။ သူကေျပာတယ္ တဲ့၊ အဲသည္ေဒသသားေတြဟာ “ယုန္ေတြလို သားေပါက္” (bred like rabbits) တယ္လို႔ သူကေျပာပါသတဲ့။ ရယ္သြမ္းေသြးလိုတဲ့သေဘာနဲ႔ ဒါကို ကၽြန္ေတာ္က ထပ္ဆင့္ေျပာတာေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ ဒီကေန႔ဒီအခ်ိန္မွာ လွ်ပ္စစ္စြမ္းအင္ total installed capacity မက္ဂါ၀ပ္ ႏွစ္ေသာင္းေက်ာ္ၿပီျဖစ္တဲ့ ႏိုင္ငံေရးတည္ၿငိမ္မႈ နဲ႔ စီးပြားေရးတိုးတက္မႈတို႔မွာ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနၿပီျဖစ္တဲ့ လူဦးေရတိုးပြားမႈကို အထိုက္အေလ်ာက္ထိန္းခ်ဳပ္လာႏိုင္ၿပီျဖစ္တဲ့ ဘဂၤလာအတြက္ေတာ့ ဒီေန႔ဒီအခ်ိန္မွာ လူဦးေရတိုးပြားမႈ သည္ပင္လွ်င္ အင္အားျဖန္႔က်က္မႈျဖစ္တယ္။

ခုနစ္။ မေန႔က ICJ တရားခြင္ ဒုတိယေန႔မွာ ျမန္မာႏိုင္ငံရဲ႕ ကိုယ္စားလွယ္ Agent ေဒၚေအာင္ဆန္းစုၾကည္ ဟာ ရို ဆိုတဲ့စကားလံုး တစ္လံုးမွမပါဘဲ သူ႔ရဲ႕ statement ကို ေျပာၾကားသြားတဲ့အတြက္ ကၽြန္ေတာ္ေစာင့္ၾကည့္ ခ်ီးက်ဴးမိတယ္။ တစ္ေန႔တည္းမွာပဲ ေအေအေခါင္းေဆာင္နဲ႔ ဧရာတီသတင္းဌာနနဲ႔ အင္တာဗ်ဳးမွာ စစ္တေကာင္းသားဘဂၤါလီေတြကို ဘဂၤါလီေတြလို႔ပဲ ေခၚေ၀ၚတာဟာ ေလ်ာ္ကန္သင့္ျမတ္မႈနဲ႔ က်ိဳးေၾကာင္းဆီေလ်ာ္မႈ ရွိေၾကာင္းတို႔ကို တင္ျပေျပာဆိုထားခ်က္ဟာ ျမန္မာလူမ်ိဳးမ်ားအားလံုးနဲ႔တကြ ရခိုင္မ်ိဳးဆက္သစ္လူငယ္မ်ား ဖတ္ရႈသင့္တဲ့အေၾကာင္းအရာျဖစ္တယ္ ဆိုတာ သတိထားမိတယ္။ ရခိုင္ေတြေရာ ျမန္မာေတြပါ မူဆလင္တို႔နဲ႔ မလိုအပ္ဘဲ အက်ယ္အက်ယ္ မျဖစ္သင့္တဲ့အေျခအေနမွာ သူတို႔ရဲ႕လူသားဆိုင္ရာ ရပိုင္ခြင့္ေတြကို အသိအမွတ္ျပဳေသာ္ျငားလည္း ဘဂၤါလီလို႔သာ သတ္မွတ္ေခၚေ၀ၚသင့္ေၾကာင္းကို သံတမန္ဆန္ဆန္ ေသသပ္က်နစြာ သူ႔ရဲ႕ ရွင္းလင္းတင္ျပမႈဟာ ဥာဏ္ပြင့္မႈကို ျဖစ္ေစပါလိမ့္မယ္။ “ဥပမာ လူသန္း ၂၅၀ ေလာက္က နတ္ျမစ္ကမ္းကို ကူးလိုက္တာနဲ႔ ဘဂၤါလီတစ္ေယာက္မွ မရွိေတာ့ဘူးလား” ဆိုတဲ့စကားဟာ လင္းကနဲ လက္ကနဲ ျမင္သာေစတယ္။

ရွစ္။ မေန႔က ျမန္မာကိုယ္စားျပဳ ဥပေဒအက်ိဳးေဆာင္အဖြဲ႕ကတင္ျပရာမွာ ေဒၚေအာင္ဆန္းစုၾကည္က ရို ဆိုတဲ့စကားလံုးကို လံုး၀ သံုးမသြားပါဘူး။ ဒါေပမဲ့ အက်ိဳးေဆာင္ေရွ႕ေနႀကီးက လိုအပ္တဲ့ေနရာမွာ သံုးသြားတယ္။ အသံုးက်ယ္ျပန္႔လာတဲ့စကားလံုးတစ္လံုးကို ဥပုဘ္သီလေစာင့္သလိုမ်ိဳး လံုး၀ေရွာင္ၾကည္ ေ၀ရာမဏိဖို႔ရာ ခက္ခဲတဲ့ အေနအထားေတြ ရွိေကာင္းရွိႏိုင္တယ္။ ဒါေပမဲ့ မဟာဗ်ဴဟာေျမာက္ အေျခအေန နဲ႔ ထိုမဟာဗ်ဴဟာေျမာက္ အေျခအေနေတြမွာေရာက္ေနတဲ့ လူပုဂၢိဳလ္ေတြကေတာ့ မျဖစ္မေန သည္အသံုးအႏႈန္းကို လံုး၀အသိအမွတ္ မျပဳဖို႔လိုတယ္၊ လံုး၀ မသံုးစြဲဖို႔လိုတယ္။ ထမင္းရည္ပူစည္း ရွိရမယ့္ ႀကီးစြာေသာ အေျခအေနေတာင္းဆိုခ်က္ ရွိပါတယ္။

ကိုး။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းႏွစ္ရာႏွစ္ဆယ္ေလာက္က Francis Buchanan Hamilton ဆိုသူ ဥေရာပတိုက္သားတစ္ေယာက္က အင္း၀၊ အမရပူရ ဘက္မွာေတြ႕ခဲတဲ့ ရခိုင္သားအခ်ိဳ႕ကို ေမးရာမွာ မိမိကိုယ္ကုိ ရခိုင္သား လို႔ ေခၚပါတယ္လို႔ ေျဖခဲ့တာသာလွ်င္ ျဖစ္ႏိုင္ဖြယ္ရာရွိတဲ့ မွတ္တမ္းကိုအေျခခံၿပီး Rooinga ဆိုတဲ့ နာမည္နဲ႔ အဲသည္အခ်ိန္ကတည္းက ဒီလူမ်ိဳး ရွိတယ္လို႔ သူတို႔ ပံုေဖာ္တတ္ၾကေလ့ရွိတယ္။ ဒီလိုမ်ိဳး နာမည္သစ္လူမ်ိဳးပံုေဖာ္မႈဟာ ၁၉၅၁-ခုႏွစ္မွာ စတင္ေပၚေပါက္တယ္။ အခုအခ်ိန္မွာက်ေတာ့ ရို နာမည္ဟာ သမိုင္းအရ မွန္ကန္မႈရွိမရွိ ဘက္က မဟုတ္ေတာ့ဘဲ လူအုပ္စု တစ္ခုဟာ မိမိကိုယ္ကို စိတ္ႀကိဳက္နာမည္တပ္ခြင့္ ရွိတယ္ဆိုတဲ့ဘက္က သူတို႔ခ်ဥ္းကပ္လာၾကပါတယ္။ ကနဦးမွာ ကိုယ္ကုိယ္ကို ဘဂၤလီလို႔ ေခၚတဲ့လူေတြက အမ်ားတကာအမ်ားစုျဖစ္ၿပီးေတာ့ ရို နာမည္သံုးစြဲၾကတာကို ရႈပ္ရႈပ္ရွက္ရွက္ျမင္ခဲ့ၾကေပမယ့္ အဲသည္နာမည္ကို သံုးလိုသူအေရအတြက္ဟာ ရခိုင္ေဒသေန ကၽြန္ေတာ့္ မ်က္စိေရွ႕မွာပဲ ကာလတစ္ခုအတြင္း မ်ားျပားလာတာျဖစ္ပါတယ္။ ဒီေတာ့ ဒီမ်က္ျမင္ျဖစ္ရပ္သင္ခန္းစာကေန ေမးခြန္းတစ္ခု ေမးစရာ ေပၚေပါက္လာပါတယ္။

တစ္ဆယ္။ အဲသည္ေမးခြန္းကေတာ့ . . . ရခိုင္ေဒသအတြင္းက အဲသည္လူအုပ္စုက ကိုယ့္ ethnic identity ကို ကိုယ့္ဘာသာနာမည္ေပးခြင့္ ရွိတယ္ ဆိုလို႔ အားလံုး ‘ရို’ ႏိုင္ၾကၿပီပဲဆိုသည့္တိုင္ေအာင္ ဇာတ္လမ္းက ဒီေနရာမွာ မရပ္ဘဲ ျမန္မာျပည္မဆီကို ဆက္လက္ကူးစက္ဦးမွာလားဆိုတဲ့ ေမးခြန္းျဖစ္ပါတယ္။

ေက်ာ္ေဇာဦး
၁၂-၁၂-၁၂

==========

[ Unicode ]

နာမည်တစ်ခုနောက်ကွယ်​က ကြီးမားသော မဟာဗျူဟာ

တစ်။ ပြီးခဲ့တဲ နှစ်နှစ် ဆီးရီးယားဒုက္ခသည်အကျပ်အတည်းကာလထဲက ၂၀၁၇-ခုနှစ် တစ်နှစ်တည်းအတွင်းမှာ မြေထဲပင်လယ်ကိုဖြတ်ပြီးသကာလ လူမှောင်ခိုသင်္ဘောတွေစီးပြီးသကာလ ဥရောပတိုက် အီတလီကမ်းခြေကို ဆိုက်ရောက်လာခဲ့တဲ့ ဒုက္ခသည်ဆိုသူတွေထဲက အများဆုံးသော လူအရေအတွက်တို့ရဲ့ ပင်ရင်းတိုင်းပြည် (country of origin) ကို သင်တို့ သိကြပါသလား။ ဒီမေးခွန်းရဲ့အဖြေကတော့ “ဘင်္ဂလာဒေ့ရှ်” ဖြစ်ပါတယ်။ သူတို့ဟာ ဆီးရီးယား ဒုက္ခသည်လှိုင်းကို ကြုံလို့ ဝင်စီးကြတာဖြစ်ပါတယ်။ (ကမ်းပေါ်ကိုရောက်ပြီးနောက် အခြေအနေအခွင့်အလမ်းအပေါ်မူတည်ပြီး ရိုဟင်ဂျာ လို့ အမည်ခံသင့်ရင် ခံမယ့် သဘောရှိတယ်။)

နှစ်။ ၂၀၁၂ နဲ့ ၂၀၁၇ အကြားကာလ (ဒီကာလနောက်ပိုင်းလည်း ဆက်ဖြစ်နိုင်တယ်) မှာ နတ်မြစ်ဝ ဝန်းကျင်ကနေ ထိုင်းတောင်ပိုင်းတရောက် လူမှောင်ခိုပို့တဲ့စက်လှေတော်တော်များများ ဘယ်ကလူတွေကို ပို့တယ်လို့ထင်ပါသလဲ။ ရခိုင်အခြေစိုက်စက်လှေတွေတော့ မသိဘူး၊ ဘိတ်အခြေစိုက် စက်လှေတွေကတော့ မောင်တောကလူတွေကို ခေါ်တင်တာမဟုတ်ပါဘူး တဲ့။ ဘင်္ဂလာထဲကို တိုက်ရိုက်ဝင်လို့ လူခေါ်တင်ပြီးနောက် ထိုင်းတောင်ပိုင်းနဲ့ မလေးရှားကို ပို့တာဖြစ်ပါသတဲ့။ စစ်တွေထောင်ထဲရောက်နေခဲ့တဲ့ ဘိတ် လူမှောင်ခိုသမားအချို့က ကျွန်တော့်ကို ပြောလိုက်တာ။ (သူတို့ပို့လိုက်တဲ့ လူတွေကတော့ ဟိုကိုရောက်ရင် ရိုဟင်ဂျာ ဖြစ်ကို ဖြစ်သွားပါလိမ့်မယ်။)

သုံး။ ဒီလိုနည်းမျိုးစုံနဲ့ ကမ္ဘာအရပ်ရပ်မှာ ပျံ့နှံ့နေတဲ့ သူတို့အခေါ် ဒိုင်ယာစပိုရာ ရို ဆိုသူတွေရဲ့ အရေအတွက်ဟာ ဘယ်လိုမျိုး သိန်းဂဏန်း ဘယ်လိုမျိုး သန်းဂဏန်း ရှိနေပါတယ် လို့ သူတို့ ဖောင်းကားပြောဆိုထားတာ ရှိမရှိ လေ့လာ ဆန်းစစ်ဖူးပါသလား။ အဲသည် ဖောင်းကား ရို အရေအတွက်ဟာ ခင်ဗျားတို့က နိုင်ငံတကာကို ကြောက်လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို လစ်ဘရယ်ဆန်တယ်လို့ ဂုဏ်ယူချင်လို့ပဲဖြစ်ဖြစ် အဲသည်နာမည်လိမ်ကို လက်ခံလိုက်ပြီးနောက်ပိုင်းမှာ မြန်မာပြည်ထဲကို မိခင်တိုင်းပြည်အဖြစ် ဝင်ရောက်လာကြမယ့် အရေအတွက်ဖြစ်ပါတယ်။

လေး။ မိုဟာမက်ကို ဆက်ခံသူများရဲ့ အစ္စလမ်မစ် ဆူလတန်နိတ်နိုင်ငံတော်ဟာ နည်းအမျိုးမျိုးနဲဲ့ ပြန့်ကားခဲ့ရာမှာ အရှေ့ဘက်က အိန္ဒိယကိုရောက်လာခဲ့တဲ့ မဂိုအင်ပါယာဟာ ရခိုင့်နိုင်ငံနဲ့ ထိတွေ့ပြီးနောက် ဒီလမ်းကြောင်းမှာ ရှေ့တိုးတာ ရပ်သွားခဲ့တယ်။ အခုတစ်ဖန် ခေတ်သစ် ကမ္ဘာလုံးဆိုင်ရာ အစ္စလမ်မစ် ဆူလတန်နိတ်ပမာ တင်စားကြတဲ့ OIC ဟာ ဂမ်ဘီယာကို နာမည်ခံခိုင်းပြီး ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တာတွေ အတွက် မြန်မာပြည်ကို ICJ မှာ တရားစွဲတဲ့အတွက် အခု တရားဆိုင်နေရတယ်။ (မြန်မာ ကိုယ်စားပြု ရှေ့နေကြီးက မနေ့က ဒါကို အသေအချာ ထောက်ပြခဲ့တယ်။) ဒါဟာတိုက်ဆိုင်မှု သက်သက်လို့ အသင် ထင်ပါသလား။

ငါး။ ဘင်္ဂလာနဲ့ မြန်မာအစပ်က ယခုအခါ Cox’s Bazaar လို့​ခေါ်တဲ့ ဒေသဟာ နေထိုင်ဖို့ရာ လူမရှိလို့ အင်္ဂလိပ်တွေက (အင်္ဂလိပ်​ဗိုလ်​ Cox က) ရခိုင်တွေကို ခေါ်ယူနေရာချထားပြီး လူနေအိမ်ခြေတွေ ဖြစ်စေခဲ့တယ်ဆိုတာကို အသင် ကြားဖူးပါသလား။ Cox’s Bazaar မှာတောင် ရခိုင်တွေကို ခေါ်ပြီးနေရာချထားခဲ့ကြတာ ဆိုတော့ . . . Cox’s Bazaar ရဲ့ အရှေ့ဘက်ကျတဲ့ မောင်တော နဲ့ ဘူးသီးတောင်မှာ အဲသည်အချိန်က ဘင်္ဂါလီတွေ လုံးဝ ရှိခဲ့မှာ မဟုတ်ဘူး ဆိုတာကို သေချာပေါက်ပြောနိုင်ပါတယ်။ သတိထားစရာအချက်က လူစီးကြောင်းဟာ အနောက်ဘက်ကို ရွေ့သထက်ရွေ့လာပြီး နှစ်ငါးဆယ် တစ်ကြိမ်ကျ ဆန်းစစ်ကြည့်တိုင်းမှာ သိသာတဲ့ ပထဝီလူဦးရေ အချိုးအစား ပြောင်းလဲမှုတွေ ဖြစ်နေခဲ့တယ်ဆိုတာကို သတိထားရမှာ ဖြစ်ပါတယ်။

ခြောက်။ ၁၉၄၃ ဘင်္ဂလားအငတ်ဘေးမှာ ဘင်္ဂလားပြည်နယ်တစ်ခုတည်းသက်သက် လူ ၂.၁ သန်းနဲ့ သုံးသန်းကြား အငတ်ဘေးကြောင့်သေခဲ့ရတယ်။ အဲသည်အချိန်က တာဝန်အရှိဆုံးလို့ပြောရမယ့် ဗြိတိသျှနန်းရင်းဝန် ဝင်စတန်ချာချီပြောခဲ့တယ်ဆိုတဲ့ တာဝန်မဲ့စကားတစ်ခွန်းကို အသင် ကြားဖူးပါသလား။ သူကပြောတယ် တဲ့၊ အဲသည်ဒေသသားတွေဟာ “ယုန်တွေလို သားပေါက်” (bred like rabbits) တယ်လို့ သူကပြောပါသတဲ့။ ရယ်သွမ်းသွေးလိုတဲ့သဘောနဲ့ ဒါကို ကျွန်တော်က ထပ်ဆင့်ပြောတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကနေ့ဒီအချိန်မှာ လျှပ်စစ်စွမ်းအင် total installed capacity မက်ဂါဝပ် နှစ်သောင်းကျော်ပြီဖြစ်တဲ့ နိုင်ငံရေးတည်ငြိမ်မှု နဲ့ စီးပွားရေးတိုးတက်မှုတို့မှာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်တဲ့ လူဦးရေတိုးပွားမှုကို အထိုက်အလျောက်ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့ ဘင်္ဂလာအတွက်တော့ ဒီနေ့ဒီအချိန်မှာ လူဦးရေတိုးပွားမှု သည်ပင်လျှင် အင်အားဖြန့်ကျက်မှုဖြစ်တယ်။

ခုနစ်။ မနေ့က ICJ တရားခွင် ဒုတိယနေ့မှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ် Agent ဒေါ်အောင်ဆန်းစုကြည် ဟာ ရို ဆိုတဲ့စကားလုံး တစ်လုံးမှမပါဘဲ သူ့ရဲ့ statement ကို ပြောကြားသွားတဲ့အတွက် ကျွန်တော်စောင့်ကြည့် ချီးကျူးမိတယ်။ တစ်နေ့တည်းမှာပဲ အေအေခေါင်းဆောင်နဲ့ ဧရာတီသတင်းဌာနနဲ့ အင်တာဗျုးမှာ စစ်တကောင်းသားဘင်္ဂါလီတွေကို ဘင်္ဂါလီတွေလို့ပဲ ခေါ်ဝေါ်တာဟာ လျော်ကန်သင့်မြတ်မှုနဲ့ ကျိုးကြောင်းဆီလျော်မှု ရှိကြောင်းတို့ကို တင်ပြပြောဆိုထားချက်ဟာ မြန်မာလူမျိုးများအားလုံးနဲ့တကွ ရခိုင်မျိုးဆက်သစ်လူငယ်များ ဖတ်ရှုသင့်တဲ့အကြောင်းအရာဖြစ်တယ် ဆိုတာ သတိထားမိတယ်။ ရခိုင်တွေရော မြန်မာတွေပါ မူဆလင်တို့နဲ့ မလိုအပ်ဘဲ အကျယ်အကျယ် မဖြစ်သင့်တဲ့အခြေအနေမှာ သူတို့ရဲ့လူသားဆိုင်ရာ ရပိုင်ခွင့်တွေကို အသိအမှတ်ပြုသော်ငြားလည်း ဘင်္ဂါလီလို့သာ သတ်မှတ်ခေါ်ဝေါ်သင့်ကြောင်းကို သံတမန်ဆန်ဆန် သေသပ်ကျနစွာ သူ့ရဲ့ ရှင်းလင်းတင်ပြမှုဟာ ဉာဏ်ပွင့်မှုကို ဖြစ်စေပါလိမ့်မယ်။ “ဥပမာ လူသန်း ၂၅၀ လောက်က နတ်မြစ်ကမ်းကို ကူးလိုက်တာနဲ့ ဘင်္ဂါလီတစ်ယောက်မှ မရှိတော့ဘူးလား” ဆိုတဲ့စကားဟာ လင်းကနဲ လက်ကနဲ မြင်သာစေတယ်။

ရှစ်။ မနေ့က မြန်မာကိုယ်စားပြု ဥပဒေအကျိုးဆောင်အဖွဲ့ကတင်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်က ရို ဆိုတဲ့စကားလုံးကို လုံးဝ သုံးမသွားပါဘူး။ ဒါပေမဲ့ အကျိုးဆောင်ရှေ့နေကြီးက လိုအပ်တဲ့နေရာမှာ သုံးသွားတယ်။ အသုံးကျယ်ပြန့်လာတဲ့စကားလုံးတစ်လုံးကို ဥပုဘ်သီလစောင့်သလိုမျိုး လုံးဝရှောင်ကြည် ဝေရာမဏိဖို့ရာ ခက်ခဲတဲ့ အနေအထားတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ မဟာဗျူဟာမြောက် အခြေအနေ နဲ့ ထိုမဟာဗျူဟာမြောက် အခြေအနေတွေမှာရောက်နေတဲ့ လူပုဂ္ဂိုလ်တွေကတော့ မဖြစ်မနေ သည်အသုံးအနှုန်းကို လုံးဝအသိအမှတ် မပြုဖို့လိုတယ်၊ လုံးဝ မသုံးစွဲဖို့လိုတယ်။ ထမင်းရည်ပူစည်း ရှိရမယ့် ကြီးစွာသော အခြေအနေတောင်းဆိုချက် ရှိပါတယ်။

ကိုး။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာနှစ်ဆယ်လောက်က Francis Buchanan Hamilton ဆိုသူ ဥရောပတိုက်သားတစ်ယောက်က အင်းဝ၊ အမရပူရ ဘက်မှာတွေ့ခဲတဲ့ ရခိုင်သားအချို့ကို မေးရာမှာ မိမိကိုယ်ကို ရခိုင်သား လို့ ခေါ်ပါတယ်လို့ ဖြေခဲ့တာသာလျှင် ဖြစ်နိုင်ဖွယ်ရာရှိတဲ့ မှတ်တမ်းကိုအခြေခံပြီး Rooinga ဆိုတဲ့ နာမည်နဲ့ အဲသည်အချိန်ကတည်းက ဒီလူမျိုး ရှိတယ်လို့ သူတို့ ပုံဖော်တတ်ကြလေ့ရှိတယ်။ ဒီလိုမျိုး နာမည်သစ်လူမျိုးပုံဖော်မှုဟာ ၁၉၅၁-ခုနှစ်မှာ စတင်ပေါ်ပေါက်တယ်။ အခုအချိန်မှာကျတော့ ရို နာမည်ဟာ သမိုင်းအရ မှန်ကန်မှုရှိမရှိ ဘက်က မဟုတ်တော့ဘဲ လူအုပ်စု တစ်ခုဟာ မိမိကိုယ်ကို စိတ်ကြိုက်နာမည်တပ်ခွင့် ရှိတယ်ဆိုတဲ့ဘက်က သူတို့ချဉ်းကပ်လာကြပါတယ်။ ကနဦးမှာ ကိုယ်ကိုယ်ကို ဘင်္ဂလီလို့ ခေါ်တဲ့လူတွေက အများတကာအများစုဖြစ်ပြီးတော့ ရို နာမည်သုံးစွဲကြတာကို ရှုပ်ရှုပ်ရှက်ရှက်မြင်ခဲ့ကြပေမယ့် အဲသည်နာမည်ကို သုံးလိုသူအရေအတွက်ဟာ ရခိုင်ဒေသနေ ကျွန်တော့် မျက်စိရှေ့မှာပဲ ကာလတစ်ခုအတွင်း များပြားလာတာဖြစ်ပါတယ်။ ဒီတော့ ဒီမျက်မြင်ဖြစ်ရပ်သင်ခန်းစာကနေ မေးခွန်းတစ်ခု မေးစရာ ပေါ်ပေါက်လာပါတယ်။

တစ်ဆယ်။ အဲသည်မေးခွန်းကတော့ . . . ရခိုင်ဒေသအတွင်းက အဲသည်လူအုပ်စုက ကိုယ့် ethnic identity ကို ကိုယ့်ဘာသာနာမည်ပေးခွင့် ရှိတယ် ဆိုလို့ အားလုံး ‘ရို’ နိုင်ကြပြီပဲဆိုသည့်တိုင်အောင် ဇာတ်လမ်းက ဒီနေရာမှာ မရပ်ဘဲ မြန်မာပြည်မဆီကို ဆက်လက်ကူးစက်ဦးမှာလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ကျော်ဇောဦး
၁၂-၁၂-၁၂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s