ICJ စွဲဆိုမှုအရေး BBC ၏ မေးမြန်းချက် ဗီဒီယိုဖြတ်ပိုင်း | ဦးကျော်ဇောဦး

==========


ဦးကျော်ဇောဦး



= = = = = = = = = =





==========



==========

==========

ICJ စွဲဆိုမှုအရေး BBC ၏ မေးမြန်းချက် ဗီဒီယိုဖြတ်ပိုင်း
ဦးကျော်ဇောဦး
လွှတ်တော်ကိုယ်စားလှယ်

အခုလို တရားစွဲလိုက်တဲ့အတွက် ဘာပဲပြောပြော ဒီမြန်မာနိုင်ငံထဲမှာ အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ တိုင်းင်းသားတွေအပေါ်မှာ ဖိနှိပ် နှိပ်စက်တာ ညှင်းပန်းနှိပ်စက်တာတွေ ရှိခဲ့တယ်ဆိုရင် . . . အဲဒါကို လုံလောက်တဲ့ အရေးယူမှု လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ ဖိအားတွေ သက်ရောက်လာမှာဖြစ်ပါတယ်။ တချို့ကိစ္စတွေကျတော့ ကိုယ့်တိုင်းပြည်အတွင်းမှာ ကျွန်တော်တို့ အရေးမယူနိုင်တာရှိတယ်။ အဲလိုမျိုးပြင်ပက အရေးယူမယ်ဆိုတာနဲ့ကို အဲလိုမျိုးလုပ်တတ်ကိုင်တတ်တဲ့လူတွေ နှိပ်စက်တတ်တဲ့လူတွေ နှိပ်စက်တတ်တဲ့အင်အားစုတွေက နည်းနည်း နောက်ဆုတ်သွားတဲ့ သဘောရှိတာပေါ့နော်။ အရင်က လုပ်သလောက် မလုပ်တော့ဘူး အရင်က နှိပ်စက်သလောက် မနှိပ်စက်တော့ဘူး ဆိုတဲ့သဘော ရှိတာပေါ့။

= = = = = = = = = =

ကျွန်တော်တို့ တကယ်လို့များ မဖြစ်မနေလက်ခံရတော့မယ်ဆိုတဲ့ အပိုင်းတွေရှိလာမယ်၊ ပြီးရင် တချို့ နိုင်ငံသားဖြစ်နိုင်မဖြစ်နိုင်ကို စိစစ်ပြီးတော့ နိုင်ငံသား ဖြစ်နိုင်တဲ့သူတွေကို လက်ခံရတော့မယ်ဆိုတဲ့ အပိုင်းရှိလာရင် . . . ဒီလိုမျိုး နိုင်ငံသားပေးတဲ့လူတွေကို ပေးနိုင်တဲ့လူတွေကို ၈၂-ဥပဒေအရ ပေါ့နော် . . . မဖြစ်မနေ စစ်ကြည့်လို့ ပေးနိုင်မယ့်လူတွေမို့လို့ ပေးတယ် ဆိုရင် . . . ဒီရခိုင်ပြည်နယ်မှာ သီးခြား ပိတ်လှောင်ထားတာမျိုး မလုပ်သင့်ဘူး။ မြန်မာတစ်ပြည်လုံးမှာ နိုင်ငံသားတစ်ယောက်ပီပီ ဘယ်နေရာမှာမဆို အခြေစိုက်ခွင့် ရှိတယ်ဆိုတဲ့ မူအတိုင်း သူတို့ကို မြန်မာပြည်ရော ဘာရော အကုန်သွားခွင့်ပေးသင့်ပါတယ်။ အဲလိုမျိုးနဲ့ သွားသင့်ပါတယ်။

ဗီဒီယိုဖြတ်ပိုင်း ကြာချိန် => (၁) မိနစ် (၃၆) စက္ကန့်
မူရင်း လင့် => https://www.facebook.com/BBCnewsBurmese/videos/2896023770417235/

ထုတ်လွှင့်ရက်စွဲ => 12-12-2019

==========

Watch on Youtube => https://youtu.be/IxFlXogqylQ

On Kyaw Zaw Oo’s Blog => https://kzo.home.blog/2019/12/13/interview-video-cut-bbc-icj-kyazaw-oo/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s