`ရခိုင္ျပည္နယ္´ဟူေသာ အိုင္ဒီယာ
==========
လြန္ခဲ့တဲ့ သံုးႏွစ္ေလာက္က စစ္ေတြကေန ေက်ာက္ျဖဴတေရာက္ ရန္ကုန္-စစ္ေတြ ကားလမ္းတစ္ေလ်ွာက္ ခ်ီတက္ၿပီးေတာ့ တစ္႐ြာ၀င္တစ္႐ြာထြက္ ရခိုင့္သယံဇာတရပိုင္ခြင့္အေၾကာင္းကို ႐ြာေပါင္းမ်ားစြာမွာ လူထုခ်ီစစ္ေၾကာင္းနဲ႔အတူ မိတ္ေဆြမ်ားနဲ႔အတူ က်ြန္ေတာ္ ေဟာေျပာခဲ့ပါတယ္။ ႐ြာေပါင္းမ်ားစြာက အားတက္သေရာ ႀကိဳဆိုခဲ့ၾကတယ္။ စိတ္၀င္တစား နားေထာင္ခဲ့ၾကတယ္။ ထမင္းေတြခ်က္ေက်ြးခဲ့ၾကတယ္။ ရန္ကုန္-စစ္ေတြကားလမ္း ေပၚက ယေန႔ကာလ တိုက္ပြဲျဖစ္ခဲ့တဲ့ ေနရာေပါင္းမ်ားစြာမွာ ေပါ့ေလ။
ငါတို႔ရဲ႕ ဘ၀ေတြ ဘာေၾကာင့္ ဒီလို ခက္ခဲေနၾကရသလဲ၊ ဒီလိုခက္ခဲေနေအာင္ ဘယ္သူေတြက စနစ္တက်ဖန္တီးထားသလဲ၊ အဲသည္စနစ္ဆိုိးကို ဘယ္လို ေက်ာ္လႊားၾကမလဲ၊ ငါတို႔ရဲ႕ ရပိုင္ခြင့္ေတြက ဘာေတြလဲ၊ ရခိုင့္သယံဇာတကို ေတာင္းဆိုတာဟာ ရခိုင္ျပည္ကို ျပန္ေတာင္းတာပဲ ျဖစ္တယ္ ဆိုတာေတြအပါအ၀င္ နယ္သူနယ္သားေတြ နားလည္ ႏိုင္ေလာက္တဲ့ စကားေတြနဲ႔ ေပးပို႔ႏိုင္ေလာက္တဲ့ သတင္းစကား အတိမ္အနက္ကို ခ်ိန္ဆၿပီး ေဟာေျပာခဲ့တာျဖစ္ပါတယ္။ စကားလံုးကိုအေၾကာင္းျပ ဖမ္းဆီးခံရတာမ်ိဳး မျဖစ္ရေအာင္လည္း ႀကိဳးစား ခ်င့္ခ်ိန္ရပါတယ္။
တခ်ိဳ႕ကေျပာၾကလိမ့္မယ္၊ ရခိုင့္သယံဇာတကို ဒီလို ပါးစပ္နဲ႔ ေတာင္းလို႔ ေပးပါ့မလား လက္ညိႈးေကြးပါမွ ေပးမွာေပါ့ လို႔ ေျပာၾကပါလိမ့္မယ္၊ ဒါေပမဲ့ လက္ညႈိးေကြးမယ့္သူေတြရဲ႕ ဦးေႏွာက္နဲ႔ ႏွလံုးသားထဲမွာ လက္ညႈိးေကြးရမယ္ ဆိုတဲ့ ဆင္ျခင္ေျမာ္ျမင္မႈက အရင္ရွိလာၿပီးခါမွ လက္ညႈိးေကြးတယ္ ဆိုတဲ့ လုပ္ရပ္က ေနာက္ကလိုက္လာမွာျဖစ္ပါတယ္။ ဘာပဲေျပာေျပာ က်ြန္ေတာ္တို႔ဟာ ကနဦးဆံုးအဆင့္မွာ မိမိတို႔ရပိုင္ခြင့္ကို သေဘာေပါက္ေနၾကဖို႔လိုအပ္ပါတယ္။
မိမိ တစ္ခါတေလ နားေထာင္ျဖစ္တဲ့ ၀ိပႆနာနည္းျပဆရာ ေဒါက္တာဦးစိုးလြင္ (မႏၲေလး) ေဟာေျပာတဲ့အထဲမွာ ပါတတ္တယ္။ ၀ိပႆနာမွာ ေလွကားထစ္ေတြကို ခုန္ပ်ံေက်ာ္လႊားသြားလို႔ မရပါဘူးတဲ့။ ကိုယ့္အေရွ႕က ေလွကားထစ္ကိုပဲ ကိုယ္တက္ရမွာ ျဖစ္ပါသတဲ့။ တစ္ ထစ္ခ်င္းတဲ့။
မဆလ အာဏာရွင္ ဦးေန၀င္းက အခြံျပည္ေထာင္စုတစ္ခုကို တည္ေဆာက္ထားပါေၾကာင္းျပလိုေဇာနဲ႔ ရခိုင္ျပည္နယ္သတ္မွတ္ပါ၀င္တဲ့ ဖြဲ႕စည္းပံုကို ျပ႒ာန္းေပးခဲ့လို႔ ျပည္နယ္ေတာင္းရတဲ့ အလုပ္တစ္ခု သက္သာသြားပါတယ္။ ျပည္နယ္က အခြံျဖစ္ေနတာရယ္ ပလက္၀ကိစၥရယ္က လြဲရင္ ေရခံေျမခံ သင့္တင့္ေလ်ာက္ပတ္စြာ စတင္ ေျမညႇိဖို႔ အခြင့္အခါရႏိုင္ခဲ့ၿပီလို႔ ဆိုႏိုင္ပါတယ္။
လက္ရွိရခိုင္အမ်ိဳးေရးလိႈင္းမွာ အေဘာင္အရင္းသန္သန္ ေျပာဖို႔ေလာက္ကိုပဲအားသန္ေနခဲ့ရင္ ဒီအဆင့္ရဲ႕ အေရးပါ(ခဲ့)ပံု နဲ႔ မေတာ္ရင္ခက္ခဲေနခဲ့ဖြယ္ ရွိတဲ့ stopgap အလုပ္တစ္ခုၿပီးေျမာက္သြားပံုကို သေဘာေပါက္ခ်င္မွ ေပါက္မွာ ျဖစ္ပါတယ္။
အေရွ႕ေတာင္အာရွမွာ အႀကီးဆံုး non-state army ရွိေနတဲ့ `၀´ ဟာ `၀´ျပည္နယ္အဆင့္ကို မိမိကိုယ္တိုင္သတ္မွတ္ႏိုင္ရံုမ်ွသာမက တရား၀င္လို႔ဆိုႏိုင္တဲ့ အသိအမွတ္ျပဳမႈရႏိုင္ေအာင္ သတိနဲ႔ တစ္လွမ္းခ်င္း ခ်ဥ္းကပ္ေနခ်ိန္မွာ ရခိုင္ေတြအတြက္ကေတာ့ ဒီတစ္ဆင့္မွာရွိတဲ့ ေလွကားထစ္ကို ေက်ာ္နင္းေနၿပီးျဖစ္ပါတယ္။
ICJမွာ ဂမ္ဘီယာအမႈ နဲ႔ ပတ္သတ္တဲ့ ၀ ရဲ႕ ထုတ္ျပန္ခ်က္ကို ဖတ္တဲ့အခါ ဒီအခ်က္ကိုပါ က်ြန္ေတာ္ ထည့္သြင္းစဥ္းစားေနခဲ့မိတာ ျဖစ္ပါတယ္။
ေက်ာက္ျဖဴၿမိဳ႕လယ္ကြင္းက ေဟာေျပာပြဲတစ္ခုခုမွာ က်ြန္ေတာ္ ထည့္ ေျပာမိခဲ့တယ္လို႔ ထင္မိတယ္။ အေသအခ်ာေတာ့ မမွတ္မိပါဘူး။ ၂၀၁၀ ေ႐ြးေကာက္ပြဲ ေက်ာက္ျဖဴမဲဆႏၵနယ္ေတြမွာ ရခိုင္ RNDP ပါတီႏိုင္ၿပီး ရမ္းၿဗဲတစ္က်ြန္းတည္းေပၚက ရမ္းၿဗဲၿမိဳ႕မွာက်ေတာ့ ရံႈးပါတယ္။ ေက်ာက္ျဖဴမွာႏိုင္တာ ကိုဗလႀကီးတို႔အဖြဲ႕က ေရွ႕က ေလးငါးႏွစ္ႀကိဳၿပီးေတာ့ ရခိုင္ျပည္နယ္ေန႔ကို ေက်ာက္ျဖဴမွာ ႏွစ္တိုင္း ၿခိမ့္ၿခိမ့္သဲ က်င္းပထားလို႔ ေ႐ြးေကာက္ပြဲမွာ RNDP ႏိုင္သြားတာဆိုၿပီးေတာ့ အတည္လိုလို ရယ္စရာလိုလို က်ြန္ေတာ္ေျပာတတ္ပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၂ ေနာက္ပိုင္းႏွစ္ေတြ စစ္ေတြၿမိဳ႕ ၀ကၤဘာကြင္း ဆႏၵျပပြဲအခ်ိဳ႕မွာ က်ြန္ေတာ္ေဟာေျပာခဲ့ရာမွာ တစ္ခါတေလ ပါတတ္ပါတယ္။ `ျပည္ေထာင္စု´ဆိုတာတို႔ `ရခိုင္ျပည္နယ္´ ဆိုတာတို႔ရဲ႕ အခြံျဖစ္မႈ နဲ႔ အဲသည္ `ရခိုင္ျပည္နယ္´အခြံရဲ႕ အသံုးတန္ဖိုး တခ်ိဳ႕ကို တစ္ခါတေလ ထည့္ေျပာျဖစ္ပါတယ္။ အခြံကိုေတာ့ရထားၿပီ အသားထပ္ျဖည့္ရမယ္ေပါ့ေလ။
ရထားခုနစ္စီး တရားေတာ္မွာပါသလို ရထားေနာက္တစ္ဆင့္စီးဖို႔အတြက္ ေရွ႕ကကိုယ္စီးလာခဲ့တဲ့ ရထားကိုစြန္႔ခြာၿပီးမွသာလ်ွင္ ေနာက္စီးမယ့္ရထားကို တက္စီးႏိုင္မွာျဖစ္ေပတယ္။ ဒါေပမဲ့လည္း စြန္႔ခဲ့တဲ့ရထားကို အသိအမွတ္ျပဳတဲ့စိတ္နဲ႔ စြန္႔ခဲ့တာသာလ်ွင္ ျမတ္မြန္ပါလိမ့္မယ္။ ဒါမွသာလ်ွင္ ေရွ႕လာလတၱံ႕ေသာ လမ္းခရီးမွာ အသိဉာဏ္ပညာကို တပါတည္း သယ္ေဆာင္လာရာ ေရာက္ပါမွာ ျဖစ္ပါတယ္။
ရခိုင္ျပည္နယ္ထဲမွာ ေလာေလာလတ္လတ္ ရခိုင္အမ်ိဳးေရး အားေကာင္းလာေနဆဲ ေနရာေတြထဲက ရခိုင္ျပည္သူမ်ားနဲ႔ က်ြန္ေတာ္တို႔နဲ႔အၾကား ပစၥကၡမွာ ဆက္စပ္ေနတဲ့ ႏိုင္ငံေရးႀကိဳးမ်ားအနက္ တစ္ႀကိဳးကေတာ့ ဒီ `ရခိုင္ျပည္နယ္´ဆိုတဲ့ စုဖြဲ႕မႈအိုင္ဒီယာ ျဖစ္ပါတယ္။
မနက္ျဖန္ ေနရာဌာနအသီးသီးမွာ က်င္းပၾကမယ့္ ရခိုင္ျပည္နယ္ေန႔ အခမ္းအနားကို တက္ေရာက္ၾကမယ့္ ရခိုင္သူရခိုင္သားအေပါင္းတို႔ကို က်ြန္ေတာ္ လိႈက္လိႈက္လွဲလွဲ ႏႈတ္ခြန္းဆက္သလိုက္ပါတယ္။ ပကတိ ႏွစ္လိုစြာနဲ႔ ဒီလူေတြဟာ ငါတို႔လူေတြပါလား ဆိုတဲ့ စိတ္နဲ႔ လွမ္းႏႈတ္ဆက္တာ ျဖစ္ပါတယ္။
ဒါေပမဲ့ ယခင္ႏွစ္မ်ားလိုပဲ မနက္ဖန္ ရခိုင္ျပည္နယ္ေန႔ အခမ္းအနားကို က်ြန္ေတာ္ တက္ျဖစ္မွာ မဟုတ္ပါဘူး။
ရခိုင္၊ ကမန္၊ သက္၊ ျမိဳ၊ ခမီး (ေခၚ) ခူမီး၊ ဒိုင္းနက္၊ မရာမာႀကီးမ်ားအားလံုး၊ ပလက္၀နယ္သူနယ္သားမ်ား၊ ရခိုင္ျပည္သူျပည္သားမ်ား အားလံုး က်န္းမာခ်မ္းသာ ၾကပါေစ။
ဦးေက်ာ္ေဇာဦး
၁၄-၁၂-၂၀၁၉
==========
Note: This article is dedicated to U Kyaw Myint, a resident of Tein-nyo.
မွတ္ခ်က္။ တိမ္ညိဳ႐ြာသား ဦးေက်ာ္ျမင့္ကို အမွတ္တရျပဳလ်က္ ဤေဆာင္းပါးကို ေရးပါသည္။
==========
`ရခိုင်ပြည်နယ်´ဟူသော အိုင်ဒီယာ
==========
လွန်ခဲ့တဲ့ သုံးနှစ်လောက်က စစ်တွေကနေ ကျောက်ဖြူတရောက် ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက် ချီတက်ပြီးတော့ တစ်ရွာဝင်တစ်ရွာထွက် ရခိုင့်သယံဇာတရပိုင်ခွင့်အကြောင်းကို ရွာပေါင်းများစွာမှာ လူထုချီစစ်ကြောင်းနဲ့အတူ မိတ်ဆွေများနဲ့အတူ ကျွန်တော် ဟောပြောခဲ့ပါတယ်။ ရွာပေါင်းများစွာက အားတက်သရော ကြိုဆိုခဲ့ကြတယ်။ စိတ်ဝင်တစား နားထောင်ခဲ့ကြတယ်။ ထမင်းတွေချက်ကျွေးခဲ့ကြတယ်။ ရန်ကုန်-စစ်တွေကားလမ်း ပေါ်က ယနေ့ကာလ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာပေါင်းများစွာမှာ ပေါ့လေ။
ငါတို့ရဲ့ ဘဝတွေ ဘာကြောင့် ဒီလို ခက်ခဲနေကြရသလဲ၊ ဒီလိုခက်ခဲနေအောင် ဘယ်သူတွေက စနစ်တကျဖန်တီးထားသလဲ၊ အဲသည်စနစ်ဆိိုးကို ဘယ်လို ကျော်လွှားကြမလဲ၊ ငါတို့ရဲ့ ရပိုင်ခွင့်တွေက ဘာတွေလဲ၊ ရခိုင့်သယံဇာတကို တောင်းဆိုတာဟာ ရခိုင်ပြည်ကို ပြန်တောင်းတာပဲ ဖြစ်တယ် ဆိုတာတွေအပါအဝင် နယ်သူနယ်သားတွေ နားလည် နိုင်လောက်တဲ့ စကားတွေနဲ့ ပေးပို့နိုင်လောက်တဲ့ သတင်းစကား အတိမ်အနက်ကို ချိန်ဆပြီး ဟောပြောခဲ့တာဖြစ်ပါတယ်။ စကားလုံးကိုအကြောင်းပြ ဖမ်းဆီးခံရတာမျိုး မဖြစ်ရအောင်လည်း ကြိုးစား ချင့်ချိန်ရပါတယ်။
တချို့ကပြောကြလိမ့်မယ်၊ ရခိုင့်သယံဇာတကို ဒီလို ပါးစပ်နဲ့ တောင်းလို့ ပေးပါ့မလား လက်ညှိုးကွေးပါမှ ပေးမှာပေါ့ လို့ ပြောကြပါလိမ့်မယ်၊ ဒါပေမဲ့ လက်ညှိုးကွေးမယ့်သူတွေရဲ့ ဦးနှောက်နဲ့ နှလုံးသားထဲမှာ လက်ညှိုးကွေးရမယ် ဆိုတဲ့ ဆင်ခြင်မြော်မြင်မှုက အရင်ရှိလာပြီးခါမှ လက်ညှိုးကွေးတယ် ဆိုတဲ့ လုပ်ရပ်က နောက်ကလိုက်လာမှာဖြစ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ဟာ ကနဦးဆုံးအဆင့်မှာ မိမိတို့ရပိုင်ခွင့်ကို သဘောပေါက်နေကြဖို့လိုအပ်ပါတယ်။
မိမိ တစ်ခါတလေ နားထောင်ဖြစ်တဲ့ ၀ိပဿနာနည်းပြဆရာ ဒေါက်တာဦးစိုးလွင် (မန္တလေး) ဟောပြောတဲ့အထဲမှာ ပါတတ်တယ်။ ၀ိပဿနာမှာ လှေကားထစ်တွေကို ခုန်ပျံကျော်လွှားသွားလို့ မရပါဘူးတဲ့။ ကိုယ့်အရှေ့က လှေကားထစ်ကိုပဲ ကိုယ်တက်ရမှာ ဖြစ်ပါသတဲ့။ တစ် ထစ်ချင်းတဲ့။
မဆလ အာဏာရှင် ဦးနေဝင်းက အခွံပြည်ထောင်စုတစ်ခုကို တည်ဆောက်ထားပါကြောင်းပြလိုဇောနဲ့ ရခိုင်ပြည်နယ်သတ်မှတ်ပါဝင်တဲ့ ဖွဲ့စည်းပုံကို ပြဋ္ဌာန်းပေးခဲ့လို့ ပြည်နယ်တောင်းရတဲ့ အလုပ်တစ်ခု သက်သာသွားပါတယ်။ ပြည်နယ်က အခွံဖြစ်နေတာရယ် ပလက်ဝကိစ္စရယ်က လွဲရင် ရေခံမြေခံ သင့်တင့်လျောက်ပတ်စွာ စတင် မြေညှိဖို့ အခွင့်အခါရနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
လက်ရှိရခိုင်အမျိုးရေးလှိုင်းမှာ အဘောင်အရင်းသန်သန် ပြောဖို့လောက်ကိုပဲအားသန်နေခဲ့ရင် ဒီအဆင့်ရဲ့ အရေးပါ(ခဲ့)ပုံ နဲ့ မတော်ရင်ခက်ခဲနေခဲ့ဖွယ် ရှိတဲ့ stopgap အလုပ်တစ်ခုပြီးမြောက်သွားပုံကို သဘောပေါက်ချင်မှ ပေါက်မှာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှမှာ အကြီးဆုံး non-state army ရှိနေတဲ့ `၀´ ဟာ `၀´ပြည်နယ်အဆင့်ကို မိမိကိုယ်တိုင်သတ်မှတ်နိုင်ရုံမျှသာမက တရားဝင်လို့ဆိုနိုင်တဲ့ အသိအမှတ်ပြုမှုရနိုင်အောင် သတိနဲ့ တစ်လှမ်းချင်း ချဉ်းကပ်နေချိန်မှာ ရခိုင်တွေအတွက်ကတော့ ဒီတစ်ဆင့်မှာရှိတဲ့ လှေကားထစ်ကို ကျော်နင်းနေပြီးဖြစ်ပါတယ်။
ICJမှာ ဂမ်ဘီယာအမှု နဲ့ ပတ်သတ်တဲ့ ၀ ရဲ့ ထုတ်ပြန်ချက်ကို ဖတ်တဲ့အခါ ဒီအချက်ကိုပါ ကျွန်တော် ထည့်သွင်းစဉ်းစားနေခဲ့မိတာ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့လယ်ကွင်းက ဟောပြောပွဲတစ်ခုခုမှာ ကျွန်တော် ထည့် ပြောမိခဲ့တယ်လို့ ထင်မိတယ်။ အသေအချာတော့ မမှတ်မိပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ကျောက်ဖြူမဲဆန္ဒနယ်တွေမှာ ရခိုင် RNDP ပါတီနိုင်ပြီး ရမ်းဗြဲတစ်ကျွန်းတည်းပေါ်က ရမ်းဗြဲမြို့မှာကျတော့ ရှုံးပါတယ်။ ကျောက်ဖြူမှာနိုင်တာ ကိုဗလကြီးတို့အဖွဲ့က ရှေ့က လေးငါးနှစ်ကြိုပြီးတော့ ရခိုင်ပြည်နယ်နေ့ကို ကျောက်ဖြူမှာ နှစ်တိုင်း ခြိမ့်ခြိမ့်သဲ ကျင်းပထားလို့ ရွေးကောက်ပွဲမှာ RNDP နိုင်သွားတာဆိုပြီးတော့ အတည်လိုလို ရယ်စရာလိုလို ကျွန်တော်ပြောတတ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ နောက်ပိုင်းနှစ်တွေ စစ်တွေမြို့ ဝင်္ကဘာကွင်း ဆန္ဒပြပွဲအချို့မှာ ကျွန်တော်ဟောပြောခဲ့ရာမှာ တစ်ခါတလေ ပါတတ်ပါတယ်။ `ပြည်ထောင်စု´ဆိုတာတို့ `ရခိုင်ပြည်နယ်´ ဆိုတာတို့ရဲ့ အခွံဖြစ်မှု နဲ့ အဲသည် `ရခိုင်ပြည်နယ်´အခွံရဲ့ အသုံးတန်ဖိုး တချို့ကို တစ်ခါတလေ ထည့်ပြောဖြစ်ပါတယ်။ အခွံကိုတော့ရထားပြီ အသားထပ်ဖြည့်ရမယ်ပေါ့လေ။
ရထားခုနစ်စီး တရားတော်မှာပါသလို ရထားနောက်တစ်ဆင့်စီးဖို့အတွက် ရှေ့ကကိုယ်စီးလာခဲ့တဲ့ ရထားကိုစွန့်ခွာပြီးမှသာလျှင် နောက်စီးမယ့်ရထားကို တက်စီးနိုင်မှာဖြစ်ပေတယ်။ ဒါပေမဲ့လည်း စွန့်ခဲ့တဲ့ရထားကို အသိအမှတ်ပြုတဲ့စိတ်နဲ့ စွန့်ခဲ့တာသာလျှင် မြတ်မွန်ပါလိမ့်မယ်။ ဒါမှသာလျှင် ရှေ့လာလတ္တံ့သော လမ်းခရီးမှာ အသိဉာဏ်ပညာကို တပါတည်း သယ်ဆောင်လာရာ ရောက်ပါမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ လောလောလတ်လတ် ရခိုင်အမျိုးရေး အားကောင်းလာနေဆဲ နေရာတွေထဲက ရခိုင်ပြည်သူများနဲ့ ကျွန်တော်တို့နဲ့အကြား ပစ္စက္ခမှာ ဆက်စပ်နေတဲ့ နိုင်ငံရေးကြိုးများအနက် တစ်ကြိုးကတော့ ဒီ `ရခိုင်ပြည်နယ်´ဆိုတဲ့ စုဖွဲ့မှုအိုင်ဒီယာ ဖြစ်ပါတယ်။
မနက်ဖြန် နေရာဌာနအသီးသီးမှာ ကျင်းပကြမယ့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ကြမယ့် ရခိုင်သူရခိုင်သားအပေါင်းတို့ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ပကတိ နှစ်လိုစွာနဲ့ ဒီလူတွေဟာ ငါတို့လူတွေပါလား ဆိုတဲ့ စိတ်နဲ့ လှမ်းနှုတ်ဆက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ယခင်နှစ်များလိုပဲ မနက်ဖန် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျွန်တော် တက်ဖြစ်မှာ မဟုတ်ပါဘူး။
ရခိုင်၊ ကမန်၊ သက်၊ မြို၊ ခမီး (ခေါ်) ခူမီး၊ ဒိုင်းနက်၊ မရာမာကြီးများအားလုံး၊ ပလက်ဝနယ်သူနယ်သားများ၊ ရခိုင်ပြည်သူပြည်သားများ အားလုံး ကျန်းမာချမ်းသာ ကြပါစေ။
ဦးကျော်ဇောဦး
၁၄-၁၂-၂၀၁၉
==========
Note: This article is dedicated to U Kyaw Myint, a resident of Tein-nyo.
မှတ်ချက်။ တိမ်ညိုရွာသား ဦးကျော်မြင့်ကို အမှတ်တရပြုလျက် ဤဆောင်းပါးကို ရေးပါသည်။