ဘူးသီးတောင် နောက်ခံ၊ nld ကိုရဲသိန်း နဲ့ အဝေးမြင် အနီးမြင်

==========

ဘူးသီးေတာင္ ေနာက္ခံ၊ nld ကိုရဲသိန္း နဲ႔ အေ၀းျမင္ အနီးျမင္

[ Zawgyi / Unicode ]

ပူးတြဲပါ ဗီဒီယိုဖိုင္ဟာ ဘူးသီးေတာင္ၿမိဳ႕ကေန မိုင္ (၂၀) မွ်သာေ၀းတဲ့ စည္ေတာင္ေက်းရြာက မိသားစုတစ္စု ဟာ ျမန္မာ့တပ္မေတာ္က ရြာကို ၀ိုင္းထားတဲ့အတြက္ မိမိတို႔အိမ္၀င္း ေျမက်င္းမွာ ပုန္းေအာင္ေနခဲ့ရာမွာ တြင္းထဲအထိလာပစ္လို႔ ေသခဲ့ၾကရတဲ့ ျဖစ္ရပ္ဆိုးကို ရိုက္ကူးထားတာ ျဖစ္ပါတယ္။

ဘူးသီးေတာင္ဆိုတဲ့ ၿမိဳ႕ငယ္ကေလးက nld ပါတီ၀င္ ကိုဘူေနာင္ ေခၚ ကိုရဲသိန္း ကို ေအေအက ဖမ္းဆီးသြားၿပီးေနာက္ပိုင္းမွာ တပ္မေတာ္ရဲ႕ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ထိခိုက္ေသဆံုးသြားခဲ့တယ္ လို႔ ၿပီးခဲ့တဲ့ ရက္အနည္းငယ္က ေအေအ ကထုတ္ျပန္ပါတယ္။ ဒီျဖစ္ရပ္ရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ျမန္မာျပည္မဘက္က ျပစ္တင္ရႈတ္ခ်မႈေတြ အျမင္ကြဲျပားမႈေတြ ရွိလာခဲ့ၾကတယ္။

ICJ ကိုသြားမယ့္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံပြဲလုပ္မယ့္ ကိုရဲသိန္းကို ေအေအက ဖမ္းဆီးတယ္ ဆိုတဲ့အခါ ကၽြန္ေတာ့္ရဲ႕ တစ္ဦးတည္းသေဘာထားအရဆိုရင္ ကိုရဲသိန္းအေပၚ ကၽြန္ေတာ္ ဂရုဏာသက္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္ပတ္ပတ္လည္က မိတ္ေဆြေတြထဲမွာ (၅၀) ရာခိုင္ႏႈန္းက ဘာမွ သေဘာထားမွတ္ခ်က္မေပးၾကဘူး၊ က်န္ (၅၀) ရာခိုင္ႏႈန္းက ဟာ . . . မိတ္ေဆြကလဲ အဲဒီလူက ဘာျဖစ္တယ္ ညာျဖစ္တယ္ လို႔ ပ်စ္ပ်စ္နစ္နစ္ ေျပာၾကဆိုၾကတာကို စိတ္မေကာင္းဖြယ္ရာ ၾကားရပါတယ္။

ကိုဘူေနာင္ (ေခၚ) ကိုရဲသိန္း ကိစၥမွာ ဗမာျပည္မဘက္ကလူေတြ စဥ္းစားပံု ၀င္ေျပာၾကပံု နဲ႔ ရခိုင္ဘက္ကလူေတြ စဥ္းစားပံု ဘာေၾကာင့္/ဘယ္လို ကြဲျပားျခားနားၾကသလဲ ဆိုတာကို သက္ေရာက္ဖြယ္ရွိတဲ့ “ေနာက္ခံအေၾကာင္းအရာ” အခ်ိဳ႕ကို တင္ျပလိုပါတယ္။ ဘာစကားကိုမွ မေျပာခင္ ကနဦးေျပာလိုတာကေတာ့ ကိုရဲသိန္းကို ဆံုးရံႈးရတဲ့ သူ႕မိသားစုအတြက္ စိတ္မေကာင္းျဖစ္ရပါေၾကာင္း ေျပာၾကားလိုပါတယ္။

(တစ္) ရခိုင္ ဗုဒၶဘာသာ ဦးေရ ႏွစ္ေသာင္း၀န္းက်င္မွ်သာ ရွိႏိုင္တဲ့ ယေန႔ေခတ္ ဘူးသီးေတာင္ၿမိဳ႕ငယ္ကေလးမွာ တစ္ဦးတည္းေသာ “ျမင္သာႏိုင္ေသာ” ၿမိဳ႕ေပၚ nld ပါတီ၀င္ဟာ ကိုရဲသိန္း ျဖစ္ပါတယ္။ တစ္ၿမိဳ႕လံုးမွာမွ nld ပါတီ၀င္ တစ္ေယာက္တည္းရွိတယ္လို႔ ေျပာမယ္ ဆိုရင္လည္း မွားႏိုင္မယ္ မထင္ပါဘူး။ ဒီေတာ့ ကိုရဲသိန္းဟာ ၿမိဳ႕ေပၚမွာ nld နဲ႔ ပတ္သက္တဲ့ ပြဲေလးဘာေလးလုပ္စရာရွိရင္ နယ္ဘက္က မသိနားမလည္တဲ့ ၿမိဳ႕ေပၚမွာ ေၾကာင္အမ္းအမ္းျဖစ္ေနတတ္တဲ့ ၿမိဳ၊ ခမီး၊ ဒိုင္းနက္ေတြကို လွမ္းေခၚ၊ သက္ဆိုင္ရာတိုင္းရင္းသား ၀တ္စံုေတြ ၀တ္ေစၿပီး အခမ္းအနားေတြလုပ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲေတြ လုပ္ပါတယ္။ ၿမိဳ႕ေပၚကလူေတြကေတာ့ ဘာမွမေျပာဘဲ ခပ္လွမ္းလွမ္းက ၾကည့္ေနတတ္ပါတယ္။

(ႏွစ္) nld ပြဲေတြမွာ လာလာ လူျဖည့္ေပးၾကတဲ့ နယ္ဘက္က ၿမိဳ၊ ခမီး၊ ဒိုင္းနက္ ေတြကို ဘာမွ အျပစ္တင္ဖြယ္ရာမရွိပါ။ ခမီးအနည္းငယ္ကလြဲလို႔ သူတို႔ဟာ ႏိုင္ငံေရးဆိုတာကို ကႀကီး ခေခြး အဆင့္ေတာင္မွ နားမလည္ႏိုင္ၾကပါ။ usdp ကိုေထာက္ခံၾကရမယ့္ ကာလေရာက္ရင္ usdp ကို ေထာက္ခံၾကရပါတယ္။ နားလည္သေလာက္နဲ႔ nld အားေပးၾကရမယ္ ဆိုရင္လည္း အားေပးလိုက္ၾကရတာပါပဲ။ ႏွစ္ဆယ္အိမ္စုကေလးေတြအားျဖင့္ ျပန္႔ႀကဲေနထိုင္ၾကတဲ့ ဒီရခိုင္မ်ိဳးႏြယ္စုငယ္ေတြဟာ ၿပီးခဲ့တဲ့ အႏွစ္သံုးဆယ္လံုးလံုး ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ ngo ေတြရဲ႕ စနစ္တက် ခြဲျခားဆက္ဆံမႈေတြခံခဲ့ၾကရတယ္။ ေဘးနားက အိမ္ေျခေထာင္ခ်ီတဲ့ ဘဂၤါလီရြာႀကီးေတြကို စားေရရိကၡာမ်ိဳးစံု မျပတ္မလပ္ေစရေအာင္ ႏွစ္ေပါင္းသံုးဆယ္ ေထာက္ပံ့ေနခဲ့ၾကစဥ္မွာ –  ‘ေထာက္ပံ့ေရးအစီအစဥ္ေတြ ထိေရာက္မႈရွိေအာင္ အိမ္ေျခငါးဆယ္ေအာက္ ရြာသိမ္ေတြကို ေထာက္ပံ့ေရး ပရိုဂရမ္ထဲမွာ မထည့္ဘူး’ ဆိုၿပီး ပရိုဂရမ္ဆြဲထား ေဆာင္ရြက္လိုက္ရံုမွ်နဲ႔ ျပန္႔ႀကဲတည္ရွိေနတဲ့ တိုင္းရင္းသားေက်းရြာေသးေသးေလးေတြဟာ အလိုလိုခ်န္လွပ္ခံရၿပီး ဆက္လက္ငတ္မြတ္ႀကံဳလွီလာခဲ့စဥ္မွာ ေဘးနားက ဘဂၤါလီရြာေတြ အားေကာင္းသထက္ေကာင္းလာခဲ့တယ္။ ေနာက္ဆက္တြဲ စီးပြားေရး လူမႈေရးသက္ေရာက္မႈေတြမ်ားစြာ ရွိလာခဲ့တယ္။ ဘဂၤါလီေတြဆီမွာ အႏိုင္က်င့္ခံရတာမ်ားသထက္မ်ားလာတယ္။ တိုင္းရင္းသူေလးေတြ ဖားရွာ ငါးရွာ မွ်စ္ရွာသြားစဥ္ ဘဂၤါလီေတြဆီမွာ မုဒိမ္းက်င့္ခံရရင္ တိုင္ၾကား၀ံ့ဖို႔ေတာင္ မနည္းသတၱိေမြးရတယ္။ ဒီလိုေနာက္ခံမွာ ရွိေနတဲ့ မ်ိဳးႏြယ္စုငယ္ေတြဟာ usdp က အာဏာရွိတယ္ လို႔ ယူဆတဲ့ အခ်ိန္မွာ usdp ကို မဲေပးပါဆိုရင္ မဲေပးလိုက္ၾကတာပဲ၊ nld က အာဏာရွိတယ္လို႔ သိရတဲ့အခ်ိန္မွာ ၿမိဳ႕ေပၚမွာ nld ေထာက္ခံပြဲ လုပ္မယ္ဆိုရင္လည္း သြား ေထာက္ခံေပးၾကရတာပဲ။ သူတို႔အတြက္ ေရြးခ်ယ္ႏိုင္ခြင့္ အလြန္နည္းပါးပါတယ္။ ကမ္းမျမင္လမ္းမျမင္ ဘဂၤါလီပင္လယ္ေၾကာမွာ ေမ်ာပါေနရတဲ့ သူတို႔အဖို႔ ျပည္မ မင္းအစိုးရရဲ႕ တိုက္ရိုက္ လက္ေအာက္ခံျဖစ္တဲ့ ႏိုင္ငံေရးအဖြဲ႕အစည္းတစ္ရပ္ရပ္ဟာ သူတို႔အဖို႔ အသက္ကယ္ႀကိဳးမွ်င္ (life line) ျဖစ္တယ္ ခ်ိတ္ဆက္ထားဖို႔ လိုအပ္တယ္လို႔ သူတို႔ မွတ္ယူၾကပါတယ္။

(သံုး) ဘူးသီးေတာင္ၿမိဳ႕ကေလးမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ခုနစ္ဆယ္ေက်ာ္ကအလြန္အေရးႀကီးတဲ့ အျဖစ္အပ်က္ တစ္ခုျဖစ္သြားခဲ့ဖူးတယ္။ အဲသည္အျဖစ္အပ်က္ဟာ ယေန႔အထိ ရခိုင္၊ ဗမာ၊ ဘဂၤါလီ သံုးပြင့္ဆိုင္ ထိေတြ႕မႈမွာ ရခိုင္ေတြဘက္က အၿမဲ စြဲမွတ္ယူထားၾကတဲ့ သင္ခန္းစာ တစ္ခုအျဖစ္ ရွိေနတယ္။ အဲသည္အျဖစ္အပ်က္က ဘာလဲဆိုေတာ့ . . .  ၁၉၄၂-ခုႏွစ္မွာ ဘူးသီးေတာင္ၿမိဳ႕ေပၚနဲ႔ ဘူးသီးေတာင္နယ္တစ္ခြင္လံုးမွာ ရခိုင္ ဗုဒၶဘာသာေတြ တစ္ဦးတစ္ေယာက္မွ မက်န္ေအာင္ ဘဂၤါလီေတြလက္ခ်က္နဲ႔ လူမ်ိဳးတံုး သတ္ျဖတ္ခံလိုက္ရတဲ့ ျဖစ္ရပ္ ျဖစ္ပါတယ္။ အဲသည္ အျဖစ္ဆိုးမွာ အေရးပါတဲ့ ဇာတ္ေကာင္တစ္ေကာင္ကေတာ့ ရဲေဘာ္သံုးက်ိပ္၀င္ ဗိုလ္ရန္ေအာင္ျဖစ္ပါတယ္။

ဗိုလ္ရန္ေအာင္ ဦးေဆာင္တဲ့ ဘီအိုင္ေအတပ္ေတြ စစ္ေတြကေန ဘူးသီးေတာင္ကို တက္လာတဲ့အခ်ိန္မွာ ဘူးသီးေတာင္ၿမိဳ႕ဟာ ဘဂၤါလီေတြရဲ႕ ပိတ္ဆို႔တိုက္ခိုက္မႈကို ခံေနရတဲ့အခ်ိန္ျဖစ္ပါတယ္။ တစ္နယ္လံုးက ထြက္ေျပးလာရသူေတြ ဟာ ရေသ့ေတာင္ကို ထြက္ေျပးဖို႔ လက္လွမ္းမမီတဲ့ ဒုကၡသည္ေတြဟာ ဘူးသီးေတာင္ၿမိဳ႕မွာ လာခိုၾကရတယ္။ နယ္ေျမခံပုလိပ္ လက္တစ္ဆုပ္စာ၊ ဗားမားေဘာ္လံတီယာ တပ္ဖြဲ႕၀င္ အနည္းငယ္၊ ကရင္တပ္သားအနည္းငယ္၊ ရခိုင္လူငယ္မ်ား နဲ႔ ခုခံေနလို႔ ဘူးသီးေတာင္ၿမိဳ႕ အသက္ရွင္ေနတာ ျဖစ္ပါတယ္။ အဲသည္အခ်ိန္မွာ ဗိုလ္ရန္ေအာင္တပ္ေရာက္လာတယ္။ ၿမိဳ႕ကိုခုခံေနသူမ်ားဆီမွာ ရွိတဲ့ လက္နက္ေတြနဲ႔ တကြ လက္နက္ေတြအကုန္လံုးကို ၿငိမ္းခ်မ္းေရးကို အေၾကာင္းျပၿပီး ဗိုလ္ရန္ေအာင္တပ္က သိမ္းတယ္။ လက္နက္သိမ္းၿပီး ရက္အနည္းငယ္ အၾကာမွာ ဗိုလ္ရန္ေအာင္တပ္ဟာ ဘာအေၾကာင္းေၾကာင့္ ရယ္မွန္းမသိ ဘူးသီးေတာင္ကေန ဆုတ္ခြာၿပီး စစ္ေတြကို မေျပာမဆို တပ္ရုပ္ၿပီးျပန္တယ္။ လက္နက္မဲ့ ျဖစ္သြားတဲ့ ဘူးသီးေတာင္ၿမိဳ႕လူထုဟာ ဗိုလ္ရန္ေအာင္ ဆုတ္တဲ့ေန႔မွာပဲ ဘဂၤါလီေတြလက္ခ်က္နဲ႔ အကုန္လံုး ေခြးေသ၀က္ေသ ေသတယ္။ တစ္ေယာက္မွ မက်န္ဘူး။

(ေလး) “ဘဂၤါလီေတြရဲ႕ ရက္စက္မႈ”၊ “ျပည္မသားမ်ားရဲ႕လိမ္ညာမႈ”၊ “ရခိုင္မ်ားအဖို႔ ကိုယ္ကိုင္ထားတဲ့ လက္နက္ကမွ ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္မႈ” ဆိုတဲ့ သင္ခန္းစာသံုးရပ္ကို အဲသည္ ၁၉၄၂-ခုႏွစ္ လူမ်ိဳးတံုးသတ္ျဖတ္ခံရမႈက ကၽြန္ေတာ္တို႔ ရခိုင္ေတြရဲ႕ စိတ္သႏၱာန္မွာ တေပါင္းတစည္းတည္း ခိုင္ခိုင္မာမာ စြဲမွတ္က်န္ရစ္ေစခဲ့တယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ (၁၉) ရက္ေန႔က မန္ေအာင္ၿမိဳ႕မွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာတဲ့စကားဟာ ဒီ ၁၉၄၂ ဘူးသီးေတာင္ျဖစ္ရပ္ကို သိေနသူမ်ားအဖို႔ကေတာ့ ကၽြန္ေတာ္တို႔ ႏွလံုးသားမွာ အေသအခ်ာ မွတ္သားထားတဲ့ သင္ခန္းစာမ်ားရဲ႕ ဆန္႔က်င္ဘက္သာလွ်င္ ျဖစ္ပါတယ္။ “လက္နက္အင္အားနဲ႔ အေျပာင္း အလဲလုပ္ဖို႔ ႀကိဳးစားတယ္ဆိုတာ (ကို ကၽြန္မအရင္ကေျပာဖူးပါတယ္။) ဉာဏ္ပညာအေျမာ္အျမင္ နည္းလို႔လည္း ျဖစ္နိုင္တယ္။ သတၱိနည္းလို႔လည္းျဖစ္နိုင္တယ္။ ေစတနာ နည္းလို႔ လည္းျဖစ္နိုင္တယ္” ဆိုတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စကားကိုၾကားရတဲ့ အခ်ိန္မွာ ကၽြန္ေတာ္တို႔ ႏွလံုးသြင္းဆင္ျခင္သင့္တာက ငါတို႔ အလိမ္အညာမမိဖို႔လိုတယ္ ဆိုတဲ့ ဆင္ျခင္မႈျဖစ္ပါတယ္။

(ငါး) ဘူးသီးေတာင္အပါအ၀င္ ရခိုင္ျပည္နယ္ၿမိဳ႕နယ္ေပါင္းမ်ားစြာမွာ ဒီႏွစ္ လက္ရွိ ပဋိပကၡျဖစ္ပြားေနတဲ့ ေနရာေတြမွာ ျမန္မာ့တပ္မေတာ္ဟာ လူ႔အခြင့္အေရးေဖာက္ဖ်က္မႈေတြ နဲ႔ ဂ်ီနီဗာကြန္ဗန္းရွင္း (IHL) ေဖာက္ဖ်က္မႈေတြကို က်ဴးလြန္ခဲ့ဖြယ္ရာရွိတယ္လို႔ အမ်ားက ဆင္ျခင္သံုးသပ္ေနၾကပါတယ္။  ျဖစ္ရပ္မ်ားက ေပၚလြင္ေနေပမယ့္ ျမန္မာ့တပ္မေတာ္က ေပၚေပၚထင္ထင္ ေျဗာင္ျငင္းေနတာဟာ လည္ပင္းကို ႀကိဳးကြင္းအစြပ္မခံလိုတဲ့ သေဘာမွ်သာျဖစ္ဖြယ္ရာရွိတယ္ လို႔နားလည္ေပးလို႔ ရပါတယ္။

ဒီႏွစ္အတြင္းမွာ ဥပေဒျပင္ပ သတ္ျဖတ္မႈေတြ ရာဂဏန္း၀န္းက်င္ ရွိပါၿပီ။ ေျမာက္ဦးၿမိဳ႕နယ္ လကၠာေက်းရြာသားမ်ားကို ဖမ္းဆီးစစ္ေဆးေနခ်ိန္မွာ ရက္ပိုင္းအတြင္း က်န္းမာေရးမေကာင္းလို႔ဆိုၿပီး ေသသြားရတာ၊ ဘာေၾကာင့္ေသတာလဲ ဆိုတာကို ေဆးစာမျပႏိုင္တာ၊ မိသားစုက အေလာင္းေတာင္ မေတြ႕လိုက္ရတာ။ တပ္မေတာ္က ဖမ္းဆီးစစ္ေဆးေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းရြာသား ခုနစ္ဦးဟာ ပစ္သတ္ခံရၿပီးတဲ့အခါက်မွ ေသနတ္လုလို႔ပါလို႔ ေျပာတာ။ ဘူးသီးေတာင္ၿမိဳ႕နယ္ စည္ေတာင္ေက်းရြာက မိသားစုတစ္စုလံုးဟာ ပုန္းေအာင္းေနရာေျမက်င္းအထိ လာေရာက္ပစ္သတ္ျခင္းခံရတာ . . . ၊ စသည္အားျဖင့္ အျဖစ္အပ်က္ေပါင္း မ်ားေျမာင္လွပါတယ္။ ၂၀၁၉ မတ္လ (၂၁) ရက္ေန႔ ညေနကိုးနာရီခြဲေလာက္မွာ ျမန္မာစစ္တပ္က စည္ေတာင္ေက်းရြာကို ၀ိုင္းထားခဲ့တယ္ လို႔ ဆိုတယ္​။ (၂၂) ရက္ေန႔ မနက္မိုးလင္းတဲ့အခါ ေျမက်င္းတူးၿပီးဗံုးခိုေနတဲ့ မိသားစုတစ္စုဟာ အကုန္လံုး ဗုံးက်င္းထဲမွာ ေသေနၾကပါၿပီ။ အဲသည္ညမွာပဲ အသက္ႀကီးရင့္တဲ့ တုန္တုန္ရိရိ အဖြားအိုတစ္ေယာက္ကိုလည္း ရြာထဲမွာ ပစ္သတ္ခဲ့ၾကေသးတယ္။

(ေျခာက္) ေနာက္တစ္ေန႔မနက္မွာ ကိုရဲသိန္းေနထိုင္ရာ ဘူးသီးေတာင္ၿမိဳ႕ေပၚက လႊတ္ေတာ္အမတ္ေတြနဲ႔တကြ ၾကက္ေျခနီအဖြဲ႕၀င္အခ်ိဳ႕နဲ႔ ၾကက္ေျခနီအလံကို လႊင့္ထူၿပီး စည္ေတာင္ရြာကို လိုက္သြားၾကပါတယ္။ လိုက္သြားတဲ့အဖြဲ႕ ေရာက္သြားသည္အထိ ျမန္မာ့တပ္မေတာ္သားေတြဟာ ရြာကို ၀ိုင္းၿပီး ပစ္ေနၾကတုန္းပဲ ရွိေသးတယ္လို႔ ဆိုပါတယ္။ အမတ္ နဲ႔ ၾကက္ေျခနီအလံကို ျမင္လို႔ အသာေလးေနာက္ဆုတ္သြားၾကတာလို႔ ဆိုပါတယ္။

(ခုနစ္) စည္ေတာင္မွာ သတ္ျဖတ္ခံခဲ့ရသူေတြ ရဲ႕ ေဆြမ်ိဳးသားခ်င္းေတြ အပါအ၀င္ ရြာသားေတြအကုန္လံုး ဘူးသီးေတာင္ၿမိဳ႕ေပၚကို ေျပာင္းေရြ႕ခိုလံႈၾကရပါတယ္။ သတ္ျဖတ္ခံခဲ့သူေတြအတြက္ ဘူးသီးေတာင္တစ္ၿမိဳ႕လံုး ပူေဆြးေသာကေရာက္ၾကရပါတယ္။ ပူေဆြးခဲ့ၾကသူေတြထဲမွာ ကိုရဲသိန္းေတာ့ ပါမယ္မထင္ပါဘူး။ အဲသည္အခ်ိန္ကတည္းက ျမန္မာတပ္မေတာ္ကို ICC မွာ တိုင္တမ္းဖို႔ အခ်က္အလက္ေတြ စုစည္းဖို႔သင့္တယ္ လို႔ ေျပာၾကဆိုၾကတာေတြ မ်ားသထက္မ်ားလာပါတယ္။

(ရွစ္) ရခိုင္က နာမည္ႀကီးေခါင္းေဆာင္အခ်ိဳ႕ ရဲ႕ေနာက္မွာ လူညံ့လူဖ်င္း လူလိမ္လူေကာက္အခ်ိဳ႕ လာလာ ေနရာယူၾကတာကို ေတြ႕ရသလို nld ရဲ႕ ထီးရိပ္ေအာက္မွာ အမိႈက္သရိုက္ေတြ အမ်ားအျပားရွိေနႏိုင္ပါတယ္။

စစ္ေထာက္လွမ္းေတြ တန္ခိုးထြားစဥ္ကာလမွာ ဦးရဲသိန္း (ေခၚ) ကိုဘူေနာင္ဟာ စစ္ေထာက္လွမ္းေရး အခ်ိဳ႕နဲ႔ ေပါင္းဖက္ၿပီး ဘူးသီးေတာင္ၿမိဳ႕ ၾကက္ကိုယ္စားလွယ္ လုပ္ခဲ့ျခင္းရွိမရွိ စံုစမ္းၾကည့္ဖို႔ေကာင္းပါတယ္။ အဲသည္ေခတ္တုန္းက နယ္ေျမတစ္ခုခုမွာ ကုန္ပစၥည္းအမ်ိဳးအမယ္တစ္ခုကို တစ္ဦးတည္းပိုင္ ၀ယ္ယူေရာင္းခ်ခြင့္ကို “ကိုယ္စားလွယ္” လို႔ ေခၚၾကပါတယ္။ အဲသလို “ကိုယ္စားလွယ္” monopoly လုပ္ခြင့္ကို ေထာက္လွမ္းေရးေတြဆီက ရတဲ့သူေတြဟာ ႀကိဳက္ေစ်းခ်၀ယ္ ႀကိဳက္ေစ်းတင္ေရာင္းနဲ႔ အင္မတန္ အလုပ္ျဖစ္လွပါတယ္။ အဲသလိုလုပ္စားဖို႔ကို ဘဂၤါလီေတြက စစ္ေထာက္လွမ္းေရးေတြကို သင္ေပးၾကတာျဖစ္ၿပီး ဘဂၤါလီက ေရွ႕မထြက္ခ်င္ရင္ ရခိုင္တစ္ေယာက္ေယာက္ကို နာမည္ခံခိုင္းထားတတ္ပါတယ္။ ဒီစနစ္ဟာ သံတြဲတို႔အထိမေရာက္ေပမယ့္ ဘူးသီးေတာင္ ေမာင္ေတာကေန စစ္ေတြအထိ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေရာက္ခဲ့ပါတယ္။

အဖမ္းမခံရခင္တစ္ရက္က ကိုဘူေနာင္ဟာ စစ္ေတြၿမိဳ႕ကို ေရာက္လာခဲ့ေသးတယ္ လို႔ သိရတယ္။ အုတ္ဖုတ္ လုပ္ငန္းလုပ္လိုသူ တစ္ေယာက္အတြက္ လိုအပ္တာေလးေတြကို သူ႔ရဲ႕ nld အဆက္အသြယ္ေတြက တစ္ဆင့္ အဆင္ေျပေအာင္ လုပ္ေပးဖို႔ျဖစ္တယ္ လို႔ဆိုပါတယ္။

(ကိုး) ေနာက္ေနာင္တစ္ခ်ိန္ခ်ိန္မွာေတာ့ မေျပာတတ္ဘူး၊ ဒီကေန႔ ဒီအခ်ိန္မွာ မေျပာမဆို ‘၀’ျပည္နယ္ထဲကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ထုလာစိုက္ရင္ အဖမ္းခံရဖို႔က ေသခ်ာသေလာက္ ရွိပါတယ္။ ၿပီးခဲ့တဲ့ တစ္လေလာက္က ျပည္မပါတီႀကီးတစ္ခုရဲ႕ ပါတီ္၀င္ အခ်ိဳ႕ဟာ ကားေတြေပၚမွာ ပါတီအလံေတြေထာင္ၿပီး စစ္ေတြကေန ပုဏၰားကၽြန္းၿမိဳ႕ဘက္ကို ရန္ကုန္-စစ္ေတြလမ္းအတိုင္း ေျမာက္ၾကြေျမာက္ၾကြနဲ႔ ထြက္သြားၾကတာ ေတြ႕လိုက္ေတာ့ ဒုကၡပါပဲ လို႔ စိတ္ထဲက ေရရြတ္မိပါတယ္။ ကံေကာင္းခ်င္ေတာ့ အဲသည္ကားေတြဟာ ပုဏၰားကၽြန္းၿမိဳ႕ကို အေရာက္မွာ ေရွ႕ဆက္မသြားဘဲ ပုဏၰာကၽြန္းၿမိဳ႕ထဲကို ခ်ိဳး၀င္သြားခဲ့တယ္ လို႔ ဆိုပါတယ္။ ခ်ိဳးမ၀င္ဘဲ အလံတ၀င့္၀င့္နဲ႔ ရန္ကုန္-စစ္ေတြလမ္းအတိုင္း ေရွ႕ဆက္သြားရင္ အနည္းနဲ႔အမ်ား ျပႆနာတက္ႏိုင္ဖြယ္ရွိပါတယ္။ ျပည္မသားမ်ားရဲ႕အသံုးခ်ခံေတြအျဖစ္ အထင္ခံရသူမ်ားအေနနဲ႔ ရန္ကုန္-စစ္ေတြလမ္းတေလွ်ာက္ဆိုရင္ ပုဏၰားကၽြန္းၿမိဳ႕အထြက္ကေန အမ္းၿမိဳ႕နယ္ ပဋိပကၡေတြရွိေနရာ ေနရာေတြအထိ ေတာက္ေလွ်ာက္မွာ အေနအထိုင္ဆင္ျခင္သင့္ပါတယ္ လို႔ ေတြးဆမိပါတယ္။ ထိုနည္းတူစြာ ျမန္မာစစ္တပ္ရဲ႕ စြပ္စြဲခံျပစ္မႈမ်ားအတြက္ ICJ ကို ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္တာကို ဘူးသီးေတာင္ၿမိဳ႕မွာ ေထာက္ခံပြဲက်င္းပတာမ်ိဳးဟာ ခ်င့္ခ်ိန္လုပ္ေဆာင္သင့္တဲ့ အလုပ္ျဖစ္ပါတယ္။ အသတ္ျဖတ္ခံ စည္ေတာင္ရြာသားမ်ားအပါအ၀င္ အႏွိပ္စက္ခံ အသတ္ျဖတ္ခံ ရခိုင္၊ ခ်င္း၊ ခမီးမ်ား အားလံုးရဲ႕ မ်က္ႏွာကို ေထာက္သင့္ပါတယ္။

(၁၀) ‘၀’ျပည္နယ္ထဲမွာ လြတ္လပ္စြာ ဗိုလ္ခ်ဳပ္ရုပ္ထုစိုက္ထူပိုင္ခြင့္ မရွိတာဟာ မတရားဘူးလို႔ သြားၿပီး အျငင္းပြားမေနတာဟာ ကာလံေဒသံကို နားလည္ရာေရာက္တယ္ လို႔ ဆိုရမွာပါ။

ကိုဘူေနာင္ ေကာင္းရာသုကတိေရာက္ပါေစ။

ေက်ာ္ေဇာဦး

၂၀၁၉-ခုႏွစ္ ဒီဇင္ဘာလ (၂၇) ရက္

==========

==========

ဘူးသီးတောင် နောက်ခံ၊ nld ကိုရဲသိန်း နဲ့ အဝေးမြင် အနီးမြင်

[ Unicode ]
ပူးတွဲပါ ဗီဒီယိုဖိုင်ဟာ ဘူးသီးတောင်မြို့ကနေ မိုင် (၂၀) မျှသာဝေးတဲ့ စည်တောင်ကျေးရွာက မိသားစုတစ်စု ဟာ မြန်မာ့တပ်မတော်က ရွာကို ၀ိုင်းထားတဲ့အတွက် မိမိတို့အိမ်ဝင်း မြေကျင်းမှာ ပုန်းအောင်နေခဲ့ရာမှာ တွင်းထဲအထိလာပစ်လို့ သေခဲ့ကြရတဲ့ ဖြစ်ရပ်ဆိုးကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဘူးသီးတောင်ဆိုတဲ့ မြို့ငယ်ကလေးက nld ပါတီဝင် ကိုဘူနောင် ခေါ် ကိုရဲသိန်း ကို အေအေက ဖမ်းဆီးသွားပြီးနောက်ပိုင်းမှာ တပ်မတော်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားခဲ့တယ် လို့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က အေအေ ကထုတ်ပြန်ပါတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာပြည်မဘက်က ပြစ်တင်ရှုတ်ချမှုတွေ အမြင်ကွဲပြားမှုတွေ ရှိလာခဲ့ကြတယ်။

ICJ ကိုသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲလုပ်မယ့် ကိုရဲသိန်းကို အေအေက ဖမ်းဆီးတယ် ဆိုတဲ့အခါ ကျွန်တော့်ရဲ့ တစ်ဦးတည်းသဘောထားအရဆိုရင် ကိုရဲသိန်းအပေါ် ကျွန်တော် ဂရုဏာသက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ပတ်ပတ်လည်က မိတ်ဆွေတွေထဲမှာ (၅၀) ရာခိုင်နှုန်းက ဘာမှ သဘောထားမှတ်ချက်မပေးကြဘူး၊ ကျန် (၅၀) ရာခိုင်နှုန်းက ဟာ . . . မိတ်ဆွေကလဲ အဲဒီလူက ဘာဖြစ်တယ် ညာဖြစ်တယ် လို့ ပျစ်ပျစ်နစ်နစ် ပြောကြဆိုကြတာကို စိတ်မကောင်းဖွယ်ရာ ကြားရပါတယ်။

ကိုဘူနောင် (ခေါ်) ကိုရဲသိန်း ကိစ္စမှာ ဗမာပြည်မဘက်ကလူတွေ စဉ်းစားပုံ ဝင်ပြောကြပုံ နဲ့ ရခိုင်ဘက်ကလူတွေ စဉ်းစားပုံ ဘာကြောင့်/ဘယ်လို ကွဲပြားခြားနားကြသလဲ ဆိုတာကို သက်ရောက်ဖွယ်ရှိတဲ့ “နောက်ခံအကြောင်းအရာ” အချို့ကို တင်ပြလိုပါတယ်။ ဘာစကားကိုမှ မပြောခင် ကနဦးပြောလိုတာကတော့ ကိုရဲသိန်းကို ဆုံးရှုံးရတဲ့ သူ့မိသားစုအတွက် စိတ်မကောင်းဖြစ်ရပါကြောင်း ပြောကြားလိုပါတယ်။

(တစ်) ရခိုင် ဗုဒ္ဓဘာသာ ဦးရေ နှစ်သောင်းဝန်းကျင်မျှသာ ရှိနိုင်တဲ့ ယနေ့ခေတ် ဘူးသီးတောင်မြို့ငယ်ကလေးမှာ တစ်ဦးတည်းသော “မြင်သာနိုင်သော” မြို့ပေါ် nld ပါတီဝင်ဟာ ကိုရဲသိန်း ဖြစ်ပါတယ်။ တစ်မြို့လုံးမှာမှ nld ပါတီဝင် တစ်ယောက်တည်းရှိတယ်လို့ ပြောမယ် ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။ ဒီတော့ ကိုရဲသိန်းဟာ မြို့ပေါ်မှာ nld နဲ့ ပတ်သက်တဲ့ ပွဲလေးဘာလေးလုပ်စရာရှိရင် နယ်ဘက်က မသိနားမလည်တဲ့ မြို့ပေါ်မှာ ကြောင်အမ်းအမ်းဖြစ်နေတတ်တဲ့ မြို၊ ခမီး၊ ဒိုင်းနက်တွေကို လှမ်းခေါ်၊ သက်ဆိုင်ရာတိုင်းရင်းသား ဝတ်စုံတွေ ဝတ်စေပြီး အခမ်းအနားတွေလုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေ လုပ်ပါတယ်။ မြို့ပေါ်ကလူတွေကတော့ ဘာမှမပြောဘဲ ခပ်လှမ်းလှမ်းက ကြည့်နေတတ်ပါတယ်။

(နှစ်) nld ပွဲတွေမှာ လာလာ လူဖြည့်ပေးကြတဲ့ နယ်ဘက်က မြို၊ ခမီး၊ ဒိုင်းနက် တွေကို ဘာမှ အပြစ်တင်ဖွယ်ရာမရှိပါ။ ခမီးအနည်းငယ်ကလွဲလို့ သူတို့ဟာ နိုင်ငံရေးဆိုတာကို ကကြီး ခခွေး အဆင့်တောင်မှ နားမလည်နိုင်ကြပါ။ usdp ကိုထောက်ခံကြရမယ့် ကာလရောက်ရင် usdp ကို ထောက်ခံကြရပါတယ်။ နားလည်သလောက်နဲ့ nld အားပေးကြရမယ် ဆိုရင်လည်း အားပေးလိုက်ကြရတာပါပဲ။ နှစ်ဆယ်အိမ်စုကလေးတွေအားဖြင့် ပြန့်ကြဲနေထိုင်ကြတဲ့ ဒီရခိုင်မျိုးနွယ်စုငယ်တွေဟာ ပြီးခဲ့တဲ့ အနှစ်သုံးဆယ်လုံးလုံး နိုင်ငံတကာ အဖွဲ့အစည်းတွေ ngo တွေရဲ့ စနစ်တကျ ခွဲခြားဆက်ဆံမှုတွေခံခဲ့ကြရတယ်။ ဘေးနားက အိမ်ခြေထောင်ချီတဲ့ ဘင်္ဂါလီရွာကြီးတွေကို စားရေရိက္ခာမျိုးစုံ မပြတ်မလပ်စေရအောင် နှစ်ပေါင်းသုံးဆယ် ထောက်ပံ့နေခဲ့ကြစဉ်မှာ – ‘ထောက်ပံ့ရေးအစီအစဉ်တွေ ထိရောက်မှုရှိအောင် အိမ်ခြေငါးဆယ်အောက် ရွာသိမ်တွေကို ထောက်ပံ့ရေး ပရိုဂရမ်ထဲမှာ မထည့်ဘူး’ ဆိုပြီး ပရိုဂရမ်ဆွဲထား ဆောင်ရွက်လိုက်ရုံမျှနဲ့ ပြန့်ကြဲတည်ရှိနေတဲ့ တိုင်းရင်းသားကျေးရွာသေးသေးလေးတွေဟာ အလိုလိုချန်လှပ်ခံရပြီး ဆက်လက်ငတ်မွတ်ကြုံလှီလာခဲ့စဉ်မှာ ဘေးနားက ဘင်္ဂါလီရွာတွေ အားကောင်းသထက်ကောင်းလာခဲ့တယ်။ နောက်ဆက်တွဲ စီးပွားရေး လူမှုရေးသက်ရောက်မှုတွေများစွာ ရှိလာခဲ့တယ်။ ဘင်္ဂါလီတွေဆီမှာ အနိုင်ကျင့်ခံရတာများသထက်များလာတယ်။ တိုင်းရင်းသူလေးတွေ ဖားရှာ ငါးရှာ မျှစ်ရှာသွားစဉ် ဘင်္ဂါလီတွေဆီမှာ မုဒိမ်းကျင့်ခံရရင် တိုင်ကြားဝံ့ဖို့တောင် မနည်းသတ္တိမွေးရတယ်။ ဒီလိုနောက်ခံမှာ ရှိနေတဲ့ မျိုးနွယ်စုငယ်တွေဟာ usdp က အာဏာရှိတယ် လို့ ယူဆတဲ့ အချိန်မှာ usdp ကို မဲပေးပါဆိုရင် မဲပေးလိုက်ကြတာပဲ၊ nld က အာဏာရှိတယ်လို့ သိရတဲ့အချိန်မှာ မြို့ပေါ်မှာ nld ထောက်ခံပွဲ လုပ်မယ်ဆိုရင်လည်း သွား ထောက်ခံပေးကြရတာပဲ။ သူတို့အတွက် ရွေးချယ်နိုင်ခွင့် အလွန်နည်းပါးပါတယ်။ ကမ်းမမြင်လမ်းမမြင် ဘင်္ဂါလီပင်လယ်ကြောမှာ မျောပါနေရတဲ့ သူတို့အဖို့ ပြည်မ မင်းအစိုးရရဲ့ တိုက်ရိုက် လက်အောက်ခံဖြစ်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ရပ်ဟာ သူတို့အဖို့ အသက်ကယ်ကြိုးမျှင် (life line) ဖြစ်တယ် ချိတ်ဆက်ထားဖို့ လိုအပ်တယ်လို့ သူတို့ မှတ်ယူကြပါတယ်။

(သုံး) ဘူးသီးတောင်မြို့ကလေးမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ဆယ်ကျော်ကအလွန်အရေးကြီးတဲ့ အဖြစ်အပျက် တစ်ခုဖြစ်သွားခဲ့ဖူးတယ်။ အဲသည်အဖြစ်အပျက်ဟာ ယနေ့အထိ ရခိုင်၊ ဗမာ၊ ဘင်္ဂါလီ သုံးပွင့်ဆိုင် ထိတွေ့မှုမှာ ရခိုင်တွေဘက်က အမြဲ စွဲမှတ်ယူထားကြတဲ့ သင်ခန်းစာ တစ်ခုအဖြစ် ရှိနေတယ်။ အဲသည်အဖြစ်အပျက်က ဘာလဲဆိုတော့ . . . ၁၉၄၂-ခုနှစ်မှာ ဘူးသီးတောင်မြို့ပေါ်နဲ့ ဘူးသီးတောင်နယ်တစ်ခွင်လုံးမှာ ရခိုင် ဗုဒ္ဓဘာသာတွေ တစ်ဦးတစ်ယောက်မှ မကျန်အောင် ဘင်္ဂါလီတွေလက်ချက်နဲ့ လူမျိုးတုံး သတ်ဖြတ်ခံလိုက်ရတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ အဲသည် အဖြစ်ဆိုးမှာ အရေးပါတဲ့ ဇာတ်ကောင်တစ်ကောင်ကတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ဖြစ်ပါတယ်။
ဗိုလ်ရန်အောင် ဦးဆောင်တဲ့ ဘီအိုင်အေတပ်တွေ စစ်တွေကနေ ဘူးသီးတောင်ကို တက်လာတဲ့အချိန်မှာ ဘူးသီးတောင်မြို့ဟာ ဘင်္ဂါလီတွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရတဲ့အချိန်ဖြစ်ပါတယ်။ တစ်နယ်လုံးက ထွက်ပြေးလာရသူတွေ ဟာ ရသေ့တောင်ကို ထွက်ပြေးဖို့ လက်လှမ်းမမီတဲ့ ဒုက္ခသည်တွေဟာ ဘူးသီးတောင်မြို့မှာ လာခိုကြရတယ်။ နယ်မြေခံပုလိပ် လက်တစ်ဆုပ်စာ၊ ဗားမားဘော်လံတီယာ တပ်ဖွဲ့ဝင် အနည်းငယ်၊ ကရင်တပ်သားအနည်းငယ်၊ ရခိုင်လူငယ်များ နဲ့ ခုခံနေလို့ ဘူးသီးတောင်မြို့ အသက်ရှင်နေတာ ဖြစ်ပါတယ်။ အဲသည်အချိန်မှာ ဗိုလ်ရန်အောင်တပ်ရောက်လာတယ်။ မြို့ကိုခုခံနေသူများဆီမှာ ရှိတဲ့ လက်နက်တွေနဲ့ တကွ လက်နက်တွေအကုန်လုံးကို ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ဗိုလ်ရန်အောင်တပ်က သိမ်းတယ်။ လက်နက်သိမ်းပြီး ရက်အနည်းငယ် အကြာမှာ ဗိုလ်ရန်အောင်တပ်ဟာ ဘာအကြောင်းကြောင့် ရယ်မှန်းမသိ ဘူးသီးတောင်ကနေ ဆုတ်ခွာပြီး စစ်တွေကို မပြောမဆို တပ်ရုပ်ပြီးပြန်တယ်။ လက်နက်မဲ့ ဖြစ်သွားတဲ့ ဘူးသီးတောင်မြို့လူထုဟာ ဗိုလ်ရန်အောင် ဆုတ်တဲ့နေ့မှာပဲ ဘင်္ဂါလီတွေလက်ချက်နဲ့ အကုန်လုံး ခွေးသေဝက်သေ သေတယ်။ တစ်ယောက်မှ မကျန်ဘူး။

(လေး) “ဘင်္ဂါလီတွေရဲ့ ရက်စက်မှု”၊ “ပြည်မသားများရဲ့လိမ်ညာမှု”၊ “ရခိုင်များအဖို့ ကိုယ်ကိုင်ထားတဲ့ လက်နက်ကမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှု” ဆိုတဲ့ သင်ခန်းစာသုံးရပ်ကို အဲသည် ၁၉၄၂-ခုနှစ် လူမျိုးတုံးသတ်ဖြတ်ခံရမှုက ကျွန်တော်တို့ ရခိုင်တွေရဲ့ စိတ်သန္တာန်မှာ တပေါင်းတစည်းတည်း ခိုင်ခိုင်မာမာ စွဲမှတ်ကျန်ရစ်စေခဲ့တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၉) ရက်နေ့က မန်အောင်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့စကားဟာ ဒီ ၁၉၄၂ ဘူးသီးတောင်ဖြစ်ရပ်ကို သိနေသူများအဖို့ကတော့ ကျွန်တော်တို့ နှလုံးသားမှာ အသေအချာ မှတ်သားထားတဲ့ သင်ခန်းစာများရဲ့ ဆန့်ကျင်ဘက်သာလျှင် ဖြစ်ပါတယ်။ “လက်နက်အင်အားနဲ့ အပြောင်း အလဲလုပ်ဖို့ ကြိုးစားတယ်ဆိုတာ (ကို ကျွန်မအရင်ကပြောဖူးပါတယ်။) ဉာဏ်ပညာအမြော်အမြင် နည်းလို့လည်း ဖြစ်နိုင်တယ်။ သတ္တိနည်းလို့လည်းဖြစ်နိုင်တယ်။ စေတနာ နည်းလို့ လည်းဖြစ်နိုင်တယ်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကိုကြားရတဲ့ အချိန်မှာ ကျွန်တော်တို့ နှလုံးသွင်းဆင်ခြင်သင့်တာက ငါတို့ အလိမ်အညာမမိဖို့လိုတယ် ဆိုတဲ့ ဆင်ခြင်မှုဖြစ်ပါတယ်။

(ငါး) ဘူးသီးတောင်အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်ပေါင်းများစွာမှာ ဒီနှစ် လက်ရှိ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ မြန်မာ့တပ်မတော်ဟာ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ နဲ့ ဂျီနီဗာကွန်ဗန်းရှင်း (IHL) ဖောက်ဖျက်မှုတွေကို ကျူးလွန်ခဲ့ဖွယ်ရာရှိတယ်လို့ အများက ဆင်ခြင်သုံးသပ်နေကြပါတယ်။ ဖြစ်ရပ်များက ပေါ်လွင်နေပေမယ့် မြန်မာ့တပ်မတော်က ပေါ်ပေါ်ထင်ထင် ဗြောင်ငြင်းနေတာဟာ လည်ပင်းကို ကြိုးကွင်းအစွပ်မခံလိုတဲ့ သဘောမျှသာဖြစ်ဖွယ်ရာရှိတယ် လို့နားလည်ပေးလို့ ရပါတယ်။
ဒီနှစ်အတွင်းမှာ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေ ရာဂဏန်းဝန်းကျင် ရှိပါပြီ။ မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားများကို ဖမ်းဆီးစစ်ဆေးနေချိန်မှာ ရက်ပိုင်းအတွင်း ကျန်းမာရေးမကောင်းလို့ဆိုပြီး သေသွားရတာ၊ ဘာကြောင့်သေတာလဲ ဆိုတာကို ဆေးစာမပြနိုင်တာ၊ မိသားစုက အလောင်းတောင် မတွေ့လိုက်ရတာ။ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသား ခုနစ်ဦးဟာ ပစ်သတ်ခံရပြီးတဲ့အခါကျမှ သေနတ်လုလို့ပါလို့ ပြောတာ။ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာက မိသားစုတစ်စုလုံးဟာ ပုန်းအောင်းနေရာမြေကျင်းအထိ လာရောက်ပစ်သတ်ခြင်းခံရတာ . . . ၊ စသည်အားဖြင့် အဖြစ်အပျက်ပေါင်း များမြောင်လှပါတယ်။ ၂၀၁၉ မတ်လ (၂၁) ရက်နေ့ ညနေကိုးနာရီခွဲလောက်မှာ မြန်မာစစ်တပ်က စည်တောင်ကျေးရွာကို ၀ိုင်းထားခဲ့တယ် လို့ ဆိုတယ်။ (၂၂) ရက်နေ့ မနက်မိုးလင်းတဲ့အခါ မြေကျင်းတူးပြီးဗုံးခိုနေတဲ့ မိသားစုတစ်စုဟာ အကုန်လုံး ဗုံးကျင်းထဲမှာ သေနေကြပါပြီ။ အဲသည်ညမှာပဲ အသက်ကြီးရင့်တဲ့ တုန်တုန်ရိရိ အဖွားအိုတစ်ယောက်ကိုလည်း ရွာထဲမှာ ပစ်သတ်ခဲ့ကြသေးတယ်။

(ခြောက်) နောက်တစ်နေ့မနက်မှာ ကိုရဲသိန်းနေထိုင်ရာ ဘူးသီးတောင်မြို့ပေါ်က လွှတ်တော်အမတ်တွေနဲ့တကွ ကြက်ခြေနီအဖွဲ့ဝင်အချို့နဲ့ ကြက်ခြေနီအလံကို လွှင့်ထူပြီး စည်တောင်ရွာကို လိုက်သွားကြပါတယ်။ လိုက်သွားတဲ့အဖွဲ့ ရောက်သွားသည်အထိ မြန်မာ့တပ်မတော်သားတွေဟာ ရွာကို ၀ိုင်းပြီး ပစ်နေကြတုန်းပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ အမတ် နဲ့ ကြက်ခြေနီအလံကို မြင်လို့ အသာလေးနောက်ဆုတ်သွားကြတာလို့ ဆိုပါတယ်။

(ခုနစ်) စည်တောင်မှာ သတ်ဖြတ်ခံခဲ့ရသူတွေ ရဲ့ ဆွေမျိုးသားချင်းတွေ အပါအဝင် ရွာသားတွေအကုန်လုံး ဘူးသီးတောင်မြို့ပေါ်ကို ပြောင်းရွေ့ခိုလှုံကြရပါတယ်။ သတ်ဖြတ်ခံခဲ့သူတွေအတွက် ဘူးသီးတောင်တစ်မြို့လုံး ပူဆွေးသောကရောက်ကြရပါတယ်။ ပူဆွေးခဲ့ကြသူတွေထဲမှာ ကိုရဲသိန်းတော့ ပါမယ်မထင်ပါဘူး။ အဲသည်အချိန်ကတည်းက မြန်မာတပ်မတော်ကို ICC မှာ တိုင်တမ်းဖို့ အချက်အလက်တွေ စုစည်းဖို့သင့်တယ် လို့ ပြောကြဆိုကြတာတွေ များသထက်များလာပါတယ်။

(ရှစ်) ရခိုင်က နာမည်ကြီးခေါင်းဆောင်အချို့ ရဲ့နောက်မှာ လူညံ့လူဖျင်း လူလိမ်လူကောက်အချို့ လာလာ နေရာယူကြတာကို တွေ့ရသလို nld ရဲ့ ထီးရိပ်အောက်မှာ အမှိုက်သရိုက်တွေ အများအပြားရှိနေနိုင်ပါတယ်။
စစ်ထောက်လှမ်းတွေ တန်ခိုးထွားစဉ်ကာလမှာ ဦးရဲသိန်း (ခေါ်) ကိုဘူနောင်ဟာ စစ်ထောက်လှမ်းရေး အချို့နဲ့ ပေါင်းဖက်ပြီး ဘူးသီးတောင်မြို့ ကြက်ကိုယ်စားလှယ် လုပ်ခဲ့ခြင်းရှိမရှိ စုံစမ်းကြည့်ဖို့ကောင်းပါတယ်။ အဲသည်ခေတ်တုန်းက နယ်မြေတစ်ခုခုမှာ ကုန်ပစ္စည်းအမျိုးအမယ်တစ်ခုကို တစ်ဦးတည်းပိုင် ဝယ်ယူရောင်းချခွင့်ကို “ကိုယ်စားလှယ်” လို့ ခေါ်ကြပါတယ်။ အဲသလို “ကိုယ်စားလှယ်” monopoly လုပ်ခွင့်ကို ထောက်လှမ်းရေးတွေဆီက ရတဲ့သူတွေဟာ ကြိုက်စျေးချဝယ် ကြိုက်စျေးတင်ရောင်းနဲ့ အင်မတန် အလုပ်ဖြစ်လှပါတယ်။ အဲသလိုလုပ်စားဖို့ကို ဘင်္ဂါလီတွေက စစ်ထောက်လှမ်းရေးတွေကို သင်ပေးကြတာဖြစ်ပြီး ဘင်္ဂါလီက ရှေ့မထွက်ချင်ရင် ရခိုင်တစ်ယောက်ယောက်ကို နာမည်ခံခိုင်းထားတတ်ပါတယ်။ ဒီစနစ်ဟာ သံတွဲတို့အထိမရောက်ပေမယ့် ဘူးသီးတောင် မောင်တောကနေ စစ်တွေအထိ ပုံစံအမျိုးမျိုးနဲ့ ရောက်ခဲ့ပါတယ်။
အဖမ်းမခံရခင်တစ်ရက်က ကိုဘူနောင်ဟာ စစ်တွေမြို့ကို ရောက်လာခဲ့သေးတယ် လို့ သိရတယ်။ အုတ်ဖုတ် လုပ်ငန်းလုပ်လိုသူ တစ်ယောက်အတွက် လိုအပ်တာလေးတွေကို သူ့ရဲ့ nld အဆက်အသွယ်တွေက တစ်ဆင့် အဆင်ပြေအောင် လုပ်ပေးဖို့ဖြစ်တယ် လို့ဆိုပါတယ်။

(ကိုး) နောက်နောင်တစ်ချိန်ချိန်မှာတော့ မပြောတတ်ဘူး၊ ဒီကနေ့ ဒီအချိန်မှာ မပြောမဆို ‘၀’ပြည်နယ်ထဲကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုလာစိုက်ရင် အဖမ်းခံရဖို့က သေချာသလောက် ရှိပါတယ်။ ပြီးခဲ့တဲ့ တစ်လလောက်က ပြည်မပါတီကြီးတစ်ခုရဲ့ ပါတီ်ဝင် အချို့ဟာ ကားတွေပေါ်မှာ ပါတီအလံတွေထောင်ပြီး စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့ဘက်ကို ရန်ကုန်-စစ်တွေလမ်းအတိုင်း မြောက်ကြွမြောက်ကြွနဲ့ ထွက်သွားကြတာ တွေ့လိုက်တော့ ဒုက္ခပါပဲ လို့ စိတ်ထဲက ရေရွတ်မိပါတယ်။ ကံကောင်းချင်တော့ အဲသည်ကားတွေဟာ ပုဏ္ဏားကျွန်းမြို့ကို အရောက်မှာ ရှေ့ဆက်မသွားဘဲ ပုဏ္ဏာကျွန်းမြို့ထဲကို ချိုးဝင်သွားခဲ့တယ် လို့ ဆိုပါတယ်။ ချိုးမဝင်ဘဲ အလံတဝင့်ဝင့်နဲ့ ရန်ကုန်-စစ်တွေလမ်းအတိုင်း ရှေ့ဆက်သွားရင် အနည်းနဲ့အများ ပြဿနာတက်နိုင်ဖွယ်ရှိပါတယ်။ ပြည်မသားများရဲ့အသုံးချခံတွေအဖြစ် အထင်ခံရသူများအနေနဲ့ ရန်ကုန်-စစ်တွေလမ်းတလျှောက်ဆိုရင် ပုဏ္ဏားကျွန်းမြို့အထွက်ကနေ အမ်းမြို့နယ် ပဋိပက္ခတွေရှိနေရာ နေရာတွေအထိ တောက်လျှောက်မှာ အနေအထိုင်ဆင်ခြင်သင့်ပါတယ် လို့ တွေးဆမိပါတယ်။ ထိုနည်းတူစွာ မြန်မာစစ်တပ်ရဲ့ စွပ်စွဲခံပြစ်မှုများအတွက် ICJ ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တာကို ဘူးသီးတောင်မြို့မှာ ထောက်ခံပွဲကျင်းပတာမျိုးဟာ ချင့်ချိန်လုပ်ဆောင်သင့်တဲ့ အလုပ်ဖြစ်ပါတယ်။ အသတ်ဖြတ်ခံ စည်တောင်ရွာသားများအပါအဝင် အနှိပ်စက်ခံ အသတ်ဖြတ်ခံ ရခိုင်၊ ချင်း၊ ခမီးများ အားလုံးရဲ့ မျက်နှာကို ထောက်သင့်ပါတယ်။
(၁၀) ‘၀’ပြည်နယ်ထဲမှာ လွတ်လပ်စွာ ဗိုလ်ချုပ်ရုပ်ထုစိုက်ထူပိုင်ခွင့် မရှိတာဟာ မတရားဘူးလို့ သွားပြီး အငြင်းပွားမနေတာဟာ ကာလံဒေသံကို နားလည်ရာရောက်တယ် လို့ ဆိုရမှာပါ။

ကိုဘူနောင် ကောင်းရာသုကတိရောက်ပါစေ။

ကျော်ဇောဦး
၂၀၁၉-ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s