လက်ကိုင်တုတ် တဖြစ်လဲ ဖိနှိပ်ရေးသမား အခွင့်အရေးသမားများ မဖြစ်စေလို

လက္ကိုင္တုတ္ တျဖစ္လဲ ဖိႏွိပ္ေရးသမား အခြင့္အေရးသမားမ်ား မျဖစ္ေစလို

[ Zawgyi / Unicode ]

(၁) (‘ခ်င္းေဒသ’ တည္းဟူေသာ အသံုး) သည္ကေန႔ ကၽြန္ေတာ့္ကို မိတ္ေဆြတစ္ဦး စာအုပ္တစ္အုပ္ပါ ေဆာင္းပါးတစ္ပုဒ္အား လာျပပါသည္။ ထိုေဆာင္းပါး၏ ေခါင္းစဥ္မွာ “ခ်င္းျပည္နယ္ျပင္ပရွိ ခ်င္းေဒသမ်ား” ဟူသည့္ေဆာင္းပါး ျဖစ္ပါသည္။ ဘူးသီးေတာင္ ခ်င္းေတာင္မ်ား၊ ပုဏၰားကၽြန္းခ်င္းေတာင္မ်ား၊ မင္းျပားခ်င္းေတာင္မ်ား စသည္ျဖင့္ အဆိုပါေဆာင္းပါးငယ္ထဲတြင္ ေရးသားထားသည္ကို ဖတ္ရပါသည္။ ကၽြန္ေတာ္ အထူးအေလးထား အာရံုက်သည့္အရာမွာ ေဆာင္းပါးေခါင္းစဥ္ပါ “ခ်င္းေဒသ” ဆိုသည့္စကားလံုး၏ တင္စီးမႈ၊ ဖိႏွိပ္မႈ ျဖစ္ပါသည္။ ခ်င္းမဟုတ္သည့္ လူတစ္သိန္း အစဥ္အဆက္ေနခဲ့ၾကေသာ ေနရာမ်ားတြင္ ခ်င္းႏွစ္ေယာက္က လာေနရံုမ်ွျဖင့္ ဤေနရာသည္ ခ်င္းပိုင္နက္ျဖစ္သည့္ပမာ ဆိုခ်င္ေသာ အလြန္အကၽြံ သေဘာထားမ်ားကို ျမင္ရပါသည္။ အဆိုပါ ေဆာင္းပါးေရးသူ၏ အမည္မွာ ဆလိုင္းအိုက္ဇက္ခင္ ျဖစ္သည္ ဟု မွတ္သားထားပါသည္။

စစ္ေတြ အ၊ထ၊က (၄) တြင္ ပလက္၀ၿမိဳ႕မွ ခ်င္းတစ္ေယာက္ လာေရာက္ စာသင္ဖူးရံုမ်ွျဖင့္ အ၊ထ၊က (၄) သည္ ခ်င္းေဒသ ျဖစ္သည္ ဟု မဆိုႏိုင္ေပ။ ရခိုင္မ်ား အစဥ္အဆက္ပိုင္စိုးခဲ့သည့္ စစ္တေကာင္းေတာင္တန္းေဒသကို ေသာ္ေတာင္မွ ရခိုင္ေဒသ ဟု ယေန႔အခ်ိန္တြင္ မည္သည့္ ရခိုင္လူမ်ိဳးကမွ ရည္ညႊန္းေျပာဆိုျခင္းမရွိေပ။ စစ္တေကာင္းေတာင္တန္းေဒသအား “ရခိုင္ေဒသ” ဟု ေခၚဆိုမည့္အစား စစ္တေကာင္းေတာင္တန္းေဒသတြင္ လက္ရွိအခ်ိန္အထိ ရခိုင္လူဦးေရအခ်ိဳ႕ ေနထိုင္လ်က္ရွိၾကသည္ ဟုသာ သဘာ၀က်က် ေျပာဆို သံုးစြဲၾကေပသည္။

(၂) (မဟာမုနိကို ဗီဇာျဖင့္ ဘုရားဖူးရ နီးနီး) လက္ရွိအခ်ိန္တြင္ ျမန္မာ့တပ္မေတာ္ဘက္မွ စိုးမိုးမႈ အလြန္အားနည္းၿပီး ရခိုင္သူပုန္မ်ားက အျပည့္အ၀နီးနီး စိုးမိုးထားသည္ဟု မွန္းဆႏိုင္ေသာ ၿမိဳ႕နယ္မ်ားထဲတြင္ ေျမာက္ဦးၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ ႏွင့္ ပုဏၰားကၽြန္းၿမိဳ႕နယ္တို႔ ပါ၀င္သည္။ ထိုၿမိဳ႕နယ္ သံုးၿမိဳ႕နယ္စလံုးတြင္ ရခိုင္လူမ်ိဳးလူဦးေရ အခ်ိဳးအစားမွာ အၾကမ္းဖ်င္း (၉၀) ရာခိုင္ႏႈန္းရွိပါသည္။ က်န္ ဆယ္ရာခိုင္ႏႈန္းတြင္ ဘဂၤါလီမ်ား၊ ခ်င္း ႏွင့္ အျခားတိုင္းရင္းသားမ်ိဳးႏြယ္မ်ားပါ၀င္သည္။ ခူမီး (ေခၚ) ခမီးလူမ်ိဳးမ်ား မွာ တစ္ရာခိုင္နႈန္းထက္ အလြန္နည္းေသာ အခ်ိဳးအစားျဖင့္ ပါ၀င္ပါသည္။ သမိုင္းအစဥ္အဆက္ ရခိုင့္ႏိုင္ငံေတာ္မ်ား ထီးနန္းစိုက္ခဲ့ရာ ရခိုင့္ေရတပ္ဌာနခ်ဳပ္ထားခဲ့ရာ ၿမိဳ႕နယ္မ်ားျဖစ္ပါသည္။

၁၉၉၀-ခုႏွစ္ ေရြးေကာက္ပြဲတြင္ ေက်ာက္ေတာ္မဲဆႏၵနယ္တြင္ ေသခ်ာေပါက္ အႏိုင္ရေတာ့မည့္ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) ပါတီ ကိုယ္စားျပဳ ရခိုင္-ျမန္မာ ပ႑ိတ္ ဦးဦးသာထြန္းကို စစ္အစိုးရက ေရြးေကာက္ပြဲက်င္းပခါနီးတြင္ ဖမ္းဆီးလိုက္သည္။ ထိုစဥ္က ၾသဇာႀကီး ALD ပါတီမွာ ေသခ်ာေပါက္ အႏိုင္ရေတာ့မည့္ မဲဆႏၵနယ္တစ္နယ္ ဆံုးရံႈးရေတာ့မည့္ အေနအထားျဖစ္ေသာ္လည္း မဲဆႏၵရွင္မ်ားအေနျဖင့္ ဘယ္သူ႔ကို မဲထည့္ပါ ဟု ၎တို႔က ညႊန္ၾကားႏိုင္သည့္ ၾသဇာစီးမႈရွိေနေသးသည္။ မဲဆႏၵရွင္မ်ားကို ဘာမွမေျပာဘဲေနလိုက္လွ်င္ ၎တို႔၏ ၿပိဳင္ဘက္ ရခိုင္ပါတီ ျဖစ္သည့္ ရခိုင္ျပည္သူ႔ ဒီမိုကေရစီတပ္ေပါင္းစုပါတီ က မဲဆႏၵနယ္ တစ္ေနရာစာ ရသြားေတာ့မည္ျဖစ္ရကား ထိုအျဖစ္ကို စိုးရိမ္သျဖင့္ တပ္ေပါင္းစုပါတီကို မဲမထည့္ၾကဘဲ ခမီးပါတီကိုယ္စားလွယ္ ခမီးလူမ်ိဳး ကိုယ္စားလွယ္ေလာင္း ဦးစံသာေအာင္ကိုသာ မဲထည့္ၾကရန္ ALD က အားသြန္ခြန္စိုက္ ေဆာ္ၾသသည္။ အက်ိဳးဆက္အေနျဖင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ခမီးလူဦးေရ (၁) ရာခိုင္ႏႈန္းပင္ မျပည့္ေသာ္လည္း ခမီးလူမ်ိဳး ဦးစံသာေအာင္သည္ ရခိုင္လူမ်ိဳးမ်ားမဲကို ေအာတိုက္ရရွိကာ အႏိုင္ရသြားသည္။ ရခိုင္ တပ္ေပါင္းစုပါတီ ခြက္ခြက္လန္ေအာင္ရံႈးသည္။ ထိုပါတီသည္ မဲဆႏၵနယ္ တစ္နယ္မွ အႏိုင္မရသည့္အေလ်ာက္ ေနာင္တြင္ ဖ်က္သိမ္းခံရသည္။

အဆိုပါ ခမီးကိုယ္စားလွယ္ ဦးစံသာေအာင္သည္ ေနာင္တြင္ ဖြဲ႕စည္းပံုအေျခခံဥပေဒ ေရးဆြဲေရး ေညာင္ႏွစ္ပင္ ညီလာခံတြင္ တက္တက္ၾကြၾကြပါ၀င္ေဆာင္ရြက္သည္။ ခမီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ သတ္မွတ္ျပဌာန္းေပးေရးအတြက္ စနစ္တက် ေျမပံုမ်ား ေရးဆြဲ၍ တင္ျပေတာင္းဆိုသည္။ ခမီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ သတ္မွတ္ေပးရန္ ေတာင္းဆိုခ်က္သက္သက္ကို ရခိုင္မ်ားဘက္က ကန္႔ကြက္ရန္အေၾကာင္းမျမင္ေသာ္လည္း ႀကီးစြာေသာ ျပႆနာမွာ ရခိုင္လူမ်ိဴးမ်ား မ်ားရာစုေနထိုင္ရာ က်ယ္၀န္းလွစြာေသာ နယ္ေျမတစ္ခုကို ပိုင္နက္ေတာင္းဆိုျခင္းကိစၥ ျဖစ္ေလသည္။ ထိုပိုင္နက္နယ္ေျမထဲတြင္ ရခိုင္တို႔၏ အထြတ္အျမတ္ မဟာမုနိ ဘုရားနယ္ေျမကို ထည့္သြင္းေတာင္းဆိုျခင္း ျဖစ္ေလသည္။

ေနာင္တြင္ ဦးစံသာေအာင္ ထိုင္းႏိုင္ငံသို႔ေရာက္၍ ျပည္ပေရာက္ ရခိုင္ေခါင္းေဆာင္အခ်ိဳ႕ႏွင့္ေတြ႕ဆံုျဖစ္ၾကစဥ္ ေျပာၾကဆိုၾကရာ၌ ၎၏ ထိုလုပ္ရပ္မွာ အလြန္မွားယြင္းပါသည္ ဟု ေတာင္းပန္ေျပာဆိုသည့္ အေၾကာင္းမ်ားကို ျပန္ေျပာင္း ၾကားဖူးပါသည္။

(၃) (ထေရာ္အိုင္က မလွလွရီ) ပူးတြဲပါ ဓါတ္ပံုသည္ ၿပီးခဲ့ေသာ ႏွစ္ရက္ ၂၀၁၉ ဒီဇင္ဘာ (၃၁) ရက္ေန႔က ပလက္၀ၿမိဳ႕ေန ရခိုင္လူငယ္မ်ားက ရခိုင့္အခ်ဳပ္အျခာ က်ဆံုးသည့္ ၂၃၅-ႏွစ္ေျမာက္ ေအာက္ေမ့သတိရ ဆုေတာင္ျခင္း အခမ္းအနားငယ္ ျပဳလုပ္ေနၾကပံုျဖစ္ပါသည္။ သတိျပဳရန္ အခ်က္တစ္ခ်က္မွာ – ပလက္၀ nld အမတ္ ဦးေ၀ွ႔တင္း အဖမ္းမခံရခင္က ပလက္၀ၿမိဳ႕နယ္အတြင္း ရခိုင္ျပည္နယ္ေန႔ က်င္းပမႈမ်ား မျပဳလုပ္ႏိုင္ရန္ ခ်ဳပ္ခ်ယ္ကန္႔သတ္မႈမ်ားစြာကို ပလက္၀ ရခိုင္မ်ားခံစားခဲ့ၾကရေသာ္လည္း ယခုမႈ အခ်ဳပ္အျခာအာဏာ က်ဆံုးျခင္း ေအာက္ေမ့သတိရမႈမ်ားကို ျပဳလုပ္လာႏိုင္ၾကျခင္း ျဖစ္ေလသည္။

ကၽြန္ေတာ္ စိတ္မေကာင္းျဖစ္ရသည့္ ျဖစ္ရပ္တို႔အနက္ တစ္ခုမွာ – အိႏၵိယနယ္စပ္ရွိ (ပလက္၀ၿမိဳ႕နယ္) ထေရာ္အိုင္ေက်းရြာေန မလွလွရီတို႔ ဇနီးေမာင္ႏွံတို႔အား သူပုန္ဆက္သြယ္မႈျဖင့္ ဖမ္းဆီးေထာင္ခ်ျခင္း ခံေနရသည့္အေရး ျဖစ္ပါသည္။ နယ္စပ္လမ္းဆံု ဂါမရြာႀကီးတစ္ရြာတြင္ ဆိုင္ေရာင္းခ် လုပ္ကိုင္စားေသာက္သူ ဇနီးေမာင္ႏွံတို႔ အေနျဖင့္ ALP အဖြဲ႕က လာလ်ွင္လည္း ဧည့္မခံလို႔မလြတ္၊ ALP ႏွင့္မတည့္သည့္ AA တို႔ လာၾကလ်ွင္လည္း မသိခ်င္ေယာင္ေဆာင္ လို႔မလြတ္၊ ျမန္မာစစ္တပ္ကလာလ်ွင္လည္း အိမ္သာလို႔ ဧည့္လာသည္ ဟုသာ မွတ္ယူၾကရသည့္ အလြန္ ေဘးက်ပ္နံက်ပ္ အေျခအေနတစ္ရပ္တြင္ ရွိေနခဲ့ၾကပံုရေလသည္။ အကယ္၍မ်ား ထိုေနရာႏွင့္ အလွမ္းကြာေ၀းသည့္ ခ်င္းအဖြဲ႕ CNF က ေလာကြတ္လာလုပ္ၾကလ်ွင္လည္း ပဋိသႏၶာရျပန္ျပဳရန္ ႏႈတ္ေႏွးၾကလိမ့္မည္ မထင္။ ယခု မလွလွရီတို႔ သူပုန္ဆက္ဆံမႈျဖင့္ ေထာင္ထဲေရာက္သြားၾကရသည့္အေရးတြင္ nld အမတ္ ဦးေ၀ွ႔တင္း ႏွင့္ အေပါင္းအပါမ်ားက လက္တို႔ ခဲ့ဖြယ္ရာသည္ ဟု သံသယ ရွိၾကသည္ ဟု သတင္းရပ္ကြက္အခ်ိဳ႕တြင္ ဆိုၾကပါသည္။ ထိုသံသယမွာလည္း မွားေကာင္း မွားႏိုင္ပါသည္။

(၄) (ဥႆလင္းတိုင္း စစ္ဆင္ေရးနယ္ေျမ) မၾကာေသးမီ ရက္သံုးဆယ္ လပိုင္း အမ္းၿမိဳ႕နယ္ထဲက ခ်င္းလူငယ္ ႏွစ္ေယာက္ ပစ္သတ္ခံရေသာကိစၥ ႏွင့္ ေျမပံုၿမိဳ႕နယ္ထဲက ခ်င္းလူမ်ိဳးတစ္ေယာက္ သတ္ျဖတ္ျမႇဳပ္ႏွံထားျခင္း ခံရေသာ ကိစၥတို႔တြင္ လံုး၀ အသံမထြက္ခဲ့ၾကေသာ အခ်ိဳ႕ေသာ ခ်င္းေခါင္းေဆာင္တို႔သည္ ပလက္၀ (ဥႆလင္းတိုင္း) မွ ရခိုင္လက္နက္ကိုင္မ်ားထြက္သြားေရးကို အသံတစာစာျဖင့္ ေျပာၾကသည္ကို မေန႔က သတင္းမ်ားမွာ ၾကားရျပန္သည္။

ရခိုင္ျပည္နယ္ထဲမွာ ခ်င္းတိုင္းရင္းသားေတြရွိသလို ပလက္ဝမွာလည္း ရခိုင္ေတြရွိတာေၾကာင့္ AA အဖြဲ႕ကို ထြက္သြားခိုင္းတာ မျဖစ္နိုင္ဘူး ဟု ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုး ေျပာသည့္အခ်က္မွာ လယ္ျပင္မွာ ဆင္သြားသလို ရွင္းလင္းေနၿပီးသား ျဖစ္ေနပါလ်က္ႏွင့္ ယခုကဲ့သို႔ ထပ္ကာတလဲလဲ ေျပာေနၾကျခင္းမွာ လူမ်ိဳးႀကီး၀ါဒီမ်ား၏ ညႊန္ၾကားခ်က္အတိုင္း လက္ကိုင္တုတ္မ်ားသဖြယ္ လုပ္ေဆာင္ေနျခင္းေလာ ဟု ေတြးေတာဖြယ္ရာ ျဖစ္လာပါသည္။

(၅) နယူးဇီလန္ႏိုင္ငံ သားသတ္ရံုတြင္ အလုပ္သမားလုပ္ေနရာကေန ကမန္းကတမ္းျပန္လာ၊ ေရြးေကာက္ပြဲမတိုင္မီ ႏွစ္မျပည့္ကာလအလိုမွာ ပါတီ၀င္၊ ဒုသမၼတ တန္းျဖစ္ ဟူေသာ ျဖစ္ရပ္မ်ိဳးတို႔မွာ အတုယူမွားႏိုင္သည့္ စံတလြဲ ျဖစ္ရပ္တစ္ခုျဖစ္ပါသည္။ ထိုျဖစ္ရပ္မ်ိဳးကို မ်က္စိထဲမွာ အိပ္ခါနီးတိုင္း ျမင္ေယာင္လ်က္ လူမ်ိဳးႀကီး၀ါဒီမ်ားကို ဘယ္ပံုဘယ္နည္း ဖါးလ်ွင္ေကာင္းမည္နည္း ဟု ေတြးႀကံလ်က္ ပြေပါက္ေမ်ွာ္ေနသူမ်ား မ်ားျပားလာႏိုင္ပါသည္။

တူညီေသာ ဦးတည္ရာကို ေရွးရႈသြားေနၾကေသာ ရခိုင္တို႔ ႏွင့္ ခ်င္းတို႔၏ အနာဂတ္ကို ေကာင္းစြာ နားလည္ သေဘာေပါက္သည့္ တိုးတက္ေသာအျမင္ရွိေသာ ခ်င္းေခါင္းေဆာင္မ်ားႏွင့္ လက္တြဲေဆာင္ရြက္ႏိုင္ရန္ ရခိုင္တို႔ စိတ္အားထက္သန္စြာ ေမ်ွာ္လင့္ၾကလ်က္ရွိပါသည္။ ခ်င္းလူငယ္မ်ား၏ ပူးေပါင္းေဆာင္ရြက္မႈမ်ားကိုလည္း အားတက္ဖြယ္ရာ ႀကံဳရေတြ႕ရသည့္အေလ်ာက္ ခ်င္း-ရခိုင္ အနာဂတ္အတြက္ ႏွစ္ေထာင္းအားရ ရွိပါေၾကာင္းကို တင္ျပလိုက္ပါသည္။

ဦးေက်ာ္ေဇာဦး

၂၀၂၀ ဇြန္န၀ါရီလ (၂) ရက္

Photo – Oo Than Maung

==========

လက်ကိုင်တုတ် တဖြစ်လဲ ဖိနှိပ်ရေးသမား အခွင့်အရေးသမားများ မဖြစ်စေလို

[ Unicode ]

(၁) (‘ချင်းဒေသ’ တည်းဟူသော အသုံး) သည်ကနေ့ ကျွန်တော့်ကို မိတ်ဆွေတစ်ဦး စာအုပ်တစ်အုပ်ပါ ဆောင်းပါးတစ်ပုဒ်အား လာပြပါသည်။ ထိုဆောင်းပါး၏ ခေါင်းစဉ်မှာ “ချင်းပြည်နယ်ပြင်ပရှိ ချင်းဒေသများ” ဟူသည့်ဆောင်းပါး ဖြစ်ပါသည်။ ဘူးသီးတောင် ချင်းတောင်များ၊ ပုဏ္ဏားကျွန်းချင်းတောင်များ၊ မင်းပြားချင်းတောင်များ စသည်ဖြင့် အဆိုပါဆောင်းပါးငယ်ထဲတွင် ရေးသားထားသည်ကို ဖတ်ရပါသည်။ ကျွန်တော် အထူးအလေးထား အာရုံကျသည့်အရာမှာ ဆောင်းပါးခေါင်းစဉ်ပါ “ချင်းဒေသ” ဆိုသည့်စကားလုံး၏ တင်စီးမှု၊ ဖိနှိပ်မှု ဖြစ်ပါသည်။ ချင်းမဟုတ်သည့် လူတစ်သိန်း အစဉ်အဆက်နေခဲ့ကြသော နေရာများတွင် ချင်းနှစ်ယောက်က လာနေရုံမျှဖြင့် ဤနေရာသည် ချင်းပိုင်နက်ဖြစ်သည့်ပမာ ဆိုချင်သော အလွန်အကျွံ သဘောထားများကို မြင်ရပါသည်။ အဆိုပါ ဆောင်းပါးရေးသူ၏ အမည်မှာ ဆလိုင်းအိုက်ဇက်ခင် ဖြစ်သည် ဟု မှတ်သားထားပါသည်။

စစ်တွေ အ၊ထ၊က (၄) တွင် ပလက်ဝမြို့မှ ချင်းတစ်ယောက် လာရောက် စာသင်ဖူးရုံမျှဖြင့် အ၊ထ၊က (၄) သည် ချင်းဒေသ ဖြစ်သည် ဟု မဆိုနိုင်ပေ။ ရခိုင်များ အစဉ်အဆက်ပိုင်စိုးခဲ့သည့် စစ်တကောင်းတောင်တန်းဒေသကို သော်တောင်မှ ရခိုင်ဒေသ ဟု ယနေ့အချိန်တွင် မည်သည့် ရခိုင်လူမျိုးကမှ ရည်ညွှန်းပြောဆိုခြင်းမရှိပေ။ စစ်တကောင်းတောင်တန်းဒေသအား “ရခိုင်ဒေသ” ဟု ခေါ်ဆိုမည့်အစား စစ်တကောင်းတောင်တန်းဒေသတွင် လက်ရှိအချိန်အထိ ရခိုင်လူဦးရေအချို့ နေထိုင်လျက်ရှိကြသည် ဟုသာ သဘာဝကျကျ ပြောဆို သုံးစွဲကြပေသည်။

(၂) (မဟာမုနိကို ဗီဇာဖြင့် ဘုရားဖူးရ နီးနီး) လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်ဘက်မှ စိုးမိုးမှု အလွန်အားနည်းပြီး ရခိုင်သူပုန်များက အပြည့်အဝနီးနီး စိုးမိုးထားသည်ဟု မှန်းဆနိုင်သော မြို့နယ်များထဲတွင် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ် နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ ပါဝင်သည်။ ထိုမြို့နယ် သုံးမြို့နယ်စလုံးတွင် ရခိုင်လူမျိုးလူဦးရေ အချိုးအစားမှာ အကြမ်းဖျင်း (၉၀) ရာခိုင်နှုန်းရှိပါသည်။ ကျန် ဆယ်ရာခိုင်နှုန်းတွင် ဘင်္ဂါလီများ၊ ချင်း နှင့် အခြားတိုင်းရင်းသားမျိုးနွယ်များပါဝင်သည်။ ခူမီး (ခေါ်) ခမီးလူမျိုးများ မှာ တစ်ရာခိုင်နှုန်းထက် အလွန်နည်းသော အချိုးအစားဖြင့် ပါဝင်ပါသည်။ သမိုင်းအစဉ်အဆက် ရခိုင့်နိုင်ငံတော်များ ထီးနန်းစိုက်ခဲ့ရာ ရခိုင့်ရေတပ်ဌာနချုပ်ထားခဲ့ရာ မြို့နယ်များဖြစ်ပါသည်။

၁၉၉၀-ခုနှစ် ရွေးကောက်ပွဲတွင် ကျောက်တော်မဲဆန္ဒနယ်တွင် သေချာပေါက် အနိုင်ရတော့မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ကိုယ်စားပြု ရခိုင်-မြန်မာ ပဏ္ဍိတ် ဦးဦးသာထွန်းကို စစ်အစိုးရက ရွေးကောက်ပွဲကျင်းပခါနီးတွင် ဖမ်းဆီးလိုက်သည်။ ထိုစဉ်က သြဇာကြီး ALD ပါတီမှာ သေချာပေါက် အနိုင်ရတော့မည့် မဲဆန္ဒနယ်တစ်နယ် ဆုံးရှုံးရတော့မည့် အနေအထားဖြစ်သော်လည်း မဲဆန္ဒရှင်များအနေဖြင့် ဘယ်သူ့ကို မဲထည့်ပါ ဟု ၎င်းတို့က ညွှန်ကြားနိုင်သည့် သြဇာစီးမှုရှိနေသေးသည်။ မဲဆန္ဒရှင်များကို ဘာမှမပြောဘဲနေလိုက်လျှင် ၎င်းတို့၏ ပြိုင်ဘက် ရခိုင်ပါတီ ဖြစ်သည့် ရခိုင်ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစုပါတီ က မဲဆန္ဒနယ် တစ်နေရာစာ ရသွားတော့မည်ဖြစ်ရကား ထိုအဖြစ်ကို စိုးရိမ်သဖြင့် တပ်ပေါင်းစုပါတီကို မဲမထည့်ကြဘဲ ခမီးပါတီကိုယ်စားလှယ် ခမီးလူမျိုး ကိုယ်စားလှယ်လောင်း ဦးစံသာအောင်ကိုသာ မဲထည့်ကြရန် ALD က အားသွန်ခွန်စိုက် ဆော်သြသည်။ အကျိုးဆက်အနေဖြင့် ကျောက်တော်မြို့နယ်တွင် ခမီးလူဦးရေ (၁) ရာခိုင်နှုန်းပင် မပြည့်သော်လည်း ခမီးလူမျိုး ဦးစံသာအောင်သည် ရခိုင်လူမျိုးများမဲကို အောတိုက်ရရှိကာ အနိုင်ရသွားသည်။ ရခိုင် တပ်ပေါင်းစုပါတီ ခွက်ခွက်လန်အောင်ရှုံးသည်။ ထိုပါတီသည် မဲဆန္ဒနယ် တစ်နယ်မှ အနိုင်မရသည့်အလျောက် နောင်တွင် ဖျက်သိမ်းခံရသည်။

အဆိုပါ ခမီးကိုယ်စားလှယ် ဦးစံသာအောင်သည် နောင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ညောင်နှစ်ပင် ညီလာခံတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်သည်။ ခမီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပြဌာန်းပေးရေးအတွက် စနစ်တကျ မြေပုံများ ရေးဆွဲ၍ တင်ပြတောင်းဆိုသည်။ ခမီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရန် တောင်းဆိုချက်သက်သက်ကို ရခိုင်များဘက်က ကန့်ကွက်ရန်အကြောင်းမမြင်သော်လည်း ကြီးစွာသော ပြဿနာမှာ ရခိုင်လူမျိူးများ များရာစုနေထိုင်ရာ ကျယ်ဝန်းလှစွာသော နယ်မြေတစ်ခုကို ပိုင်နက်တောင်းဆိုခြင်းကိစ္စ ဖြစ်လေသည်။ ထိုပိုင်နက်နယ်မြေထဲတွင် ရခိုင်တို့၏ အထွတ်အမြတ် မဟာမုနိ ဘုရားနယ်မြေကို ထည့်သွင်းတောင်းဆိုခြင်း ဖြစ်လေသည်။

နောင်တွင် ဦးစံသာအောင် ထိုင်းနိုင်ငံသို့ရောက်၍ ပြည်ပရောက် ရခိုင်ခေါင်းဆောင်အချို့နှင့်တွေ့ဆုံဖြစ်ကြစဉ် ပြောကြဆိုကြရာ၌ ၎င်း၏ ထိုလုပ်ရပ်မှာ အလွန်မှားယွင်းပါသည် ဟု တောင်းပန်ပြောဆိုသည့် အကြောင်းများကို ပြန်ပြောင်း ကြားဖူးပါသည်။

(၃) (ထရော်အိုင်က မလှလှရီ) ပူးတွဲပါ ဓါတ်ပုံသည် ပြီးခဲ့သော နှစ်ရက် ၂၀၁၉ ဒီဇင်ဘာ (၃၁) ရက်နေ့က ပလက်ဝမြို့နေ ရခိုင်လူငယ်များက ရခိုင့်အချုပ်အခြာ ကျဆုံးသည့် ၂၃၅-နှစ်မြောက် အောက်မေ့သတိရ ဆုတောင်ခြင်း အခမ်းအနားငယ် ပြုလုပ်နေကြပုံဖြစ်ပါသည်။ သတိပြုရန် အချက်တစ်ချက်မှာ – ပလက်ဝ nld အမတ် ဦးဝှေ့တင်း အဖမ်းမခံရခင်က ပလက်ဝမြို့နယ်အတွင်း ရခိုင်ပြည်နယ်နေ့ ကျင်းပမှုများ မပြုလုပ်နိုင်ရန် ချုပ်ချယ်ကန့်သတ်မှုများစွာကို ပလက်ဝ ရခိုင်များခံစားခဲ့ကြရသော်လည်း ယခုမှု အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့သတိရမှုများကို ပြုလုပ်လာနိုင်ကြခြင်း ဖြစ်လေသည်။

ကျွန်တော် စိတ်မကောင်းဖြစ်ရသည့် ဖြစ်ရပ်တို့အနက် တစ်ခုမှာ – အိန္ဒိယနယ်စပ်ရှိ (ပလက်ဝမြို့နယ်) ထရော်အိုင်ကျေးရွာနေ မလှလှရီတို့ ဇနီးမောင်နှံတို့အား သူပုန်ဆက်သွယ်မှုဖြင့် ဖမ်းဆီးထောင်ချခြင်း ခံနေရသည့်အရေး ဖြစ်ပါသည်။ နယ်စပ်လမ်းဆုံ ဂါမရွာကြီးတစ်ရွာတွင် ဆိုင်ရောင်းချ လုပ်ကိုင်စားသောက်သူ ဇနီးမောင်နှံတို့ အနေဖြင့် ALP အဖွဲ့က လာလျှင်လည်း ဧည့်မခံလို့မလွတ်၊ ALP နှင့်မတည့်သည့် AA တို့ လာကြလျှင်လည်း မသိချင်ယောင်ဆောင် လို့မလွတ်၊ မြန်မာစစ်တပ်ကလာလျှင်လည်း အိမ်သာလို့ ဧည့်လာသည် ဟုသာ မှတ်ယူကြရသည့် အလွန် ဘေးကျပ်နံကျပ် အခြေအနေတစ်ရပ်တွင် ရှိနေခဲ့ကြပုံရလေသည်။ အကယ်၍များ ထိုနေရာနှင့် အလှမ်းကွာဝေးသည့် ချင်းအဖွဲ့ CNF က လောကွတ်လာလုပ်ကြလျှင်လည်း ပဋိသန္ဓာရပြန်ပြုရန် နှုတ်နှေးကြလိမ့်မည် မထင်။ ယခု မလှလှရီတို့ သူပုန်ဆက်ဆံမှုဖြင့် ထောင်ထဲရောက်သွားကြရသည့်အရေးတွင် nld အမတ် ဦးဝှေ့တင်း နှင့် အပေါင်းအပါများက လက်တို့ ခဲ့ဖွယ်ရာသည် ဟု သံသယ ရှိကြသည် ဟု သတင်းရပ်ကွက်အချို့တွင် ဆိုကြပါသည်။ ထိုသံသယမှာလည်း မှားကောင်း မှားနိုင်ပါသည်။

(၄) (ဥဿလင်းတိုင်း စစ်ဆင်ရေးနယ်မြေ) မကြာသေးမီ ရက်သုံးဆယ် လပိုင်း အမ်းမြို့နယ်ထဲက ချင်းလူငယ် နှစ်ယောက် ပစ်သတ်ခံရသောကိစ္စ နှင့် မြေပုံမြို့နယ်ထဲက ချင်းလူမျိုးတစ်ယောက် သတ်ဖြတ်မြှုပ်နှံထားခြင်း ခံရသော ကိစ္စတို့တွင် လုံးဝ အသံမထွက်ခဲ့ကြသော အချို့သော ချင်းခေါင်းဆောင်တို့သည် ပလက်ဝ (ဥဿလင်းတိုင်း) မှ ရခိုင်လက်နက်ကိုင်များထွက်သွားရေးကို အသံတစာစာဖြင့် ပြောကြသည်ကို မနေ့က သတင်းများမှာ ကြားရပြန်သည်။

ရခိုင်ပြည်နယ်ထဲမှာ ချင်းတိုင်းရင်းသားတွေရှိသလို ပလက်ဝမှာလည်း ရခိုင်တွေရှိတာကြောင့် AA အဖွဲ့ကို ထွက်သွားခိုင်းတာ မဖြစ်နိုင်ဘူး ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ပြောသည့်အချက်မှာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းလင်းနေပြီးသား ဖြစ်နေပါလျက်နှင့် ယခုကဲ့သို့ ထပ်ကာတလဲလဲ ပြောနေကြခြင်းမှာ လူမျိုးကြီးဝါဒီများ၏ ညွှန်ကြားချက်အတိုင်း လက်ကိုင်တုတ်များသဖွယ် လုပ်ဆောင်နေခြင်းလော ဟု တွေးတောဖွယ်ရာ ဖြစ်လာပါသည်။

(၅) နယူးဇီလန်နိုင်ငံ သားသတ်ရုံတွင် အလုပ်သမားလုပ်နေရာကနေ ကမန်းကတမ်းပြန်လာ၊ ရွေးကောက်ပွဲမတိုင်မီ နှစ်မပြည့်ကာလအလိုမှာ ပါတီဝင်၊ ဒုသမ္မတ တန်းဖြစ် ဟူသော ဖြစ်ရပ်မျိုးတို့မှာ အတုယူမှားနိုင်သည့် စံတလွဲ ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ ထိုဖြစ်ရပ်မျိုးကို မျက်စိထဲမှာ အိပ်ခါနီးတိုင်း မြင်ယောင်လျက် လူမျိုးကြီးဝါဒီများကို ဘယ်ပုံဘယ်နည်း ဖါးလျှင်ကောင်းမည်နည်း ဟု တွေးကြံလျက် ပွပေါက်မျှော်နေသူများ များပြားလာနိုင်ပါသည်။

တူညီသော ဦးတည်ရာကို ရှေးရှုသွားနေကြသော ရခိုင်တို့ နှင့် ချင်းတို့၏ အနာဂတ်ကို ကောင်းစွာ နားလည် သဘောပေါက်သည့် တိုးတက်သောအမြင်ရှိသော ချင်းခေါင်းဆောင်များနှင့် လက်တွဲဆောင်ရွက်နိုင်ရန် ရခိုင်တို့ စိတ်အားထက်သန်စွာ မျှော်လင့်ကြလျက်ရှိပါသည်။ ချင်းလူငယ်များ၏ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားတက်ဖွယ်ရာ ကြုံရတွေ့ရသည့်အလျောက် ချင်း-ရခိုင် အနာဂတ်အတွက် နှစ်ထောင်းအားရ ရှိပါကြောင်းကို တင်ပြလိုက်ပါသည်။

ဦးကျော်ဇောဦး
၂၀၂၀ ဇွန်နဝါရီလ (၂) ရက်

Photo – Oo Than Maung

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s