နိုင်ငံသားအားလုံး လွတ်မြောက်ဖို့ လိုအပ်နေသေးတဲ့ မြန်မာနိုင်ငံ

ႏိုင္ငံသားအားလံုး လြတ္ေျမာက္ဖို႔ လိုအပ္ေနေသးတဲ့ ျမန္မာႏိုင္ငံ

[ Zawgyi / Unicode ]

ျမန္မာေတြလြတ္လပ္ၿပီး ျမန္မာ မဟုတ္တဲ့ လူေတြရဲ႕ စုစည္းအခြင့္အေရး (collective rights) ေတြ ႏွိပ္ကြပ္ဖ်က္ဆီး ခ်ိဳးႏွိမ္ခံရတာ ဒီကေန႔မွာ (၇၂) ႏွစ္ ျပည့္ေျမာက္ပါတယ္။

ရခိုင္စတဲ့ လူမ်ိဳးအလိုက္ ရရွိရမယ့္ စုစည္းအခြင့္အေရးေတြအား အႀကီးအက်ယ္ ဖ်က္ဆီးမႈကို ဖံုးကြယ္ဖို႔အတြက္ရာ လူမ်ိဳးႀကီးဝါဒီေတြဟာ ဘာကို ေဇာင္းေပးေျပာတတ္သလဲ ဆိုေတာ့ ဒီျမန္မာ လူ႔အဖြဲ႕အစည္းထဲမွာ ဥပမာ ရုပ္ရွင္မင္းသား ေနတိုး လိုမ်ိဳး လူတစ္ဦးခ်င္းေအာင္ျမင္ေအာင္ လုပ္ႏိုင္တာပဲ ဆိုတဲ့ ကေလးကလား စကားမ်ိဳးကို ေျပာတတ္ၾကပါတယ္။ ဒီလိုစကားမ်ိဳးေတြကို ယေန႔ျမန္မာ့ လူ႔အဖြဲ႕အစည္းမွာ တြင္တြင္က်ယ္က်ယ္ သံေယာင္လိုက္ေနၾကတာကို ၾကည့္ျခင္းအားျဖင့္ လက္ရွိ ျဖစ္ပြားေနဆဲ အႏွစ္ (၇၀) ေက်ာ္ လက္နက္ကိုင္ ပဋိပကၡ ဟာ တိုင္းရင္းသား လက္နက္ကိုင္ေတြေၾကာင့္ ျဖစ္ပြားေနရတာ မဟုတ္ဘဲ (ျမန္မာ) မဟုတ္တဲ့ တိုင္းရင္းသားအခြင့္အေရးေတြကို ႏွိပ္ကြပ္ေနသူေတြေၾကာင့္ ျဖစ္ရတာျဖစ္ၾကာင္း အလြန္ရွင္းလင္း ထင္ရွားလွပါတယ္။

ျမန္မာႏိုင္ငံကို တည္ၿငိမ္ဖြံ႕ၿဖိဳးေသာ ႏိုင္ငံတစ္ခုအေနနဲ႔ ရွင္သန္ႏိုင္ေစရန္အတြက္ စစ္မွန္ေသာ ဖက္ဒရယ္ စနစ္ကသာလ်ွင္ လမ္းေၾကာင္းမွန္ေပၚတင္ေပးႏိုင္မယ္ ဆိုတာကို သိနားလည္သူမ်ားစြာက ႀကိမ္ဖန္မ်ားစြာ ေထာက္ျပခဲ့ၾကၿပီးျဖစ္ပါတယ္။ ဒါေပမဲ့ ဖက္ဒရယ္စစ္စစ္ရဲ႕ အဂၤါရပ္ေတြထဲက တစ္ခုမ်ွသာျဖစ္တဲ့ ဘ႑ာေငြဆိုင္ရာ ဖက္ဒရယ္ပီသမႈဟာ ယေန႔ nld အစိုးရ လက္ထက္အထိ လံုးဝမရွိခဲ့တာ အထင္အရွား ျဖစ္ပါတယ္။

အာဏာကို လက္ဝါးႀကီးအုပ္ႏိုင္တာကလြဲလို႔ ဘာသယံဇာတမွ မထြက္တဲ့ ဧရာဝတီျမစ္တစ္ေၾကာေန လူမ်ိဳးႀကီးဝါဒီေတြဟာ ၿဗိတိသ်ွေတြ လက္လႊဲေပးခဲ့တဲ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၇၂) ႏွစ္ကစၿပီးေတာ့ တိုင္းျပည္ ဘ႑ရဲ႕ အၾကမ္းဖ်င္း (၉၃) ရာခိုင္ႏႈန္းကို အစဥ္အဆက္ ႏွစ္စဥ္ ကိုင္တြယ္သံုးစြဲၿပီးေတာ့ က်န္ျပည္နယ္ခုနစ္ခုက တစ္ျပည္နယ္ကို တစ္ရာခိုင္ႏႈန္းမ်ွနဲ႔ စုစုေပါင္း ခုနစ္ရာခိုင္ႏႈန္းမ်ွသာ သံုးစြဲခြင့္ ရေနခဲ့တာျဖစ္ေၾကာင္း အၾကမ္းဖ်င္း တြက္ခ်က္ၾကည့္မႈေတြကတစ္ဆင့္ ျမင္ႏိုင္ပါတယ္။

ဒီကေန႔ ဒီအခ်ိန္မွာဆိုရင္ ဖိႏွိပ္လြန္းအားႀကီးတဲ့ အတြက္ ဖိႏွိပ္သူေတြကိုယ္တိုင္ တိုင္းျပည္ လြတ္လပ္စြာ ႀကီးထြားခြင့္အပါအဝင္ အျခားလြတ္လပ္ခြင့္ေတြ စတင္ ဆံုးရႈံးတဲ့ လမ္းေၾကာင္းေပၚမွာ ေရာက္ေနၾကၿပီျဖစ္ပါတယ္။ သူမ်ားကို က်ြန္ျပဳသူေတြကိုယ္တိုင္ မလြတ္လပ္ဘူး ဆိုတဲ့ စကားရဲ႕ ျပယုဂ္ေတြ စတင္ျမင္ရတာကို ကမၻာ့ဇာတ္ခံုေပၚက ရႈစားေနၾကပါၿပီ။

ျမန္မာျပည္ကို တကယ္ခ်စ္ရိုးမွန္ရင္ . . . ကိုယ့္ကိုကိုယ္ ပံုေဖာ္ထားတဲ့အတိုင္း စစ္မွန္ေသာ ေမတၲာရွင္ႀကီးေတြ ဂရုဏာရွင္ႀကီးေတြ ျဖစ္ေနရိုးသာမွန္ရင္ . . . ဘာတန္ဖိုးမွ လွမ္းမျမင္ရတဲ့ ဒီ လြတ္လပ္ေရးေန႔ အခမ္းအနား က်င္းပျခင္း ေတြ တိုင္းရင္းသားအခ်င္းခ်င္း သတ္ျဖတ္သူေတြအား ဆုတံဆိပ္ေပးျခင္းေတြကို ေရွာင္ၾကည္လ်က္ တိုင္ျပည္ရဲ႕ လိပ္ခဲတည္းလည္း အေနအထားေတြကေန လြတ္ေျမာက္ဖို႔ရာ ႏိုင္ငံေရးအရ ထြက္လမ္းအေျဖရရွိေအာင္သာလ်ွင္ အခ်ိန္မေႏွာင္းမီ အမွန္အကန္ ႀကိဳးစားသင့္ပါေၾကာင္း အာဏာကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ ကိုင္စြဲထားသူမ်ားအားလံုးကို တိုက္တြန္းလိုက္ပါတယ္။

ဦးေက်ာ္ေဇာဦး
၂၀၂၀ ဇြန္နဝါရီလ (၄) ရက္

==========

နိုင်ငံသားအားလုံး လွတ်မြောက်ဖို့ လိုအပ်နေသေးတဲ့ မြန်မာနိုင်ငံ

[ Unicode ]

မြန်မာတွေလွတ်လပ်ပြီး မြန်မာ မဟုတ်တဲ့ လူတွေရဲ့ စုစည်းအခွင့်အရေး (collective rights) တွေ နှိပ်ကွပ်ဖျက်ဆီး ချိုးနှိမ်ခံရတာ ဒီကနေ့မှာ (၇၂) နှစ် ပြည့်မြောက်ပါတယ်။

ရခိုင်စတဲ့ လူမျိုးအလိုက် ရရှိရမယ့် စုစည်းအခွင့်အရေးတွေအား အကြီးအကျယ် ဖျက်ဆီးမှုကို ဖုံးကွယ်ဖို့အတွက်ရာ လူမျိုးကြီးဝါဒီတွေဟာ ဘာကို ဇောင်းပေးပြောတတ်သလဲ ဆိုတော့ ဒီမြန်မာ လူ့အဖွဲ့အစည်းထဲမှာ ဥပမာ ရုပ်ရှင်မင်းသား နေတိုး လိုမျိုး လူတစ်ဦးချင်းအောင်မြင်အောင် လုပ်နိုင်တာပဲ ဆိုတဲ့ ကလေးကလား စကားမျိုးကို ပြောတတ်ကြပါတယ်။ ဒီလိုစကားမျိုးတွေကို ယနေ့မြန်မာ့ လူ့အဖွဲ့အစည်းမှာ တွင်တွင်ကျယ်ကျယ် သံယောင်လိုက်နေကြတာကို ကြည့်ခြင်းအားဖြင့် လက်ရှိ ဖြစ်ပွားနေဆဲ အနှစ် (၇၀) ကျော် လက်နက်ကိုင် ပဋိပက္ခ ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေကြောင့် ဖြစ်ပွားနေရတာ မဟုတ်ဘဲ (မြန်မာ) မဟုတ်တဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို နှိပ်ကွပ်နေသူတွေကြောင့် ဖြစ်ရတာဖြစ်ကြာင်း အလွန်ရှင်းလင်း ထင်ရှားလှပါတယ်။

မြန်မာနိုင်ငံကို တည်ငြိမ်ဖွံ့ဖြိုးသော နိုင်ငံတစ်ခုအနေနဲ့ ရှင်သန်နိုင်စေရန်အတွက် စစ်မှန်သော ဖက်ဒရယ် စနစ်ကသာလျှင် လမ်းကြောင်းမှန်ပေါ်တင်ပေးနိုင်မယ် ဆိုတာကို သိနားလည်သူများစွာက ကြိမ်ဖန်များစွာ ထောက်ပြခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်စစ်စစ်ရဲ့ အင်္ဂါရပ်တွေထဲက တစ်ခုမျှသာဖြစ်တဲ့ ဘဏ္ဍာငွေဆိုင်ရာ ဖက်ဒရယ်ပီသမှုဟာ ယနေ့ nld အစိုးရ လက်ထက်အထိ လုံးဝမရှိခဲ့တာ အထင်အရှား ဖြစ်ပါတယ်။

အာဏာကို လက်ဝါးကြီးအုပ်နိုင်တာကလွဲလို့ ဘာသယံဇာတမှ မထွက်တဲ့ ဧရာဝတီမြစ်တစ်ကြောနေ လူမျိုးကြီးဝါဒီတွေဟာ ဗြိတိသျှတွေ လက်လွှဲပေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၂) နှစ်ကစပြီးတော့ တိုင်းပြည် ဘဏ္ဍရဲ့ အကြမ်းဖျင်း (၉၃) ရာခိုင်နှုန်းကို အစဉ်အဆက် နှစ်စဉ် ကိုင်တွယ်သုံးစွဲပြီးတော့ ကျန်ပြည်နယ်ခုနစ်ခုက တစ်ပြည်နယ်ကို တစ်ရာခိုင်နှုန်းမျှနဲ့ စုစုပေါင်း ခုနစ်ရာခိုင်နှုန်းမျှသာ သုံးစွဲခွင့် ရနေခဲ့တာဖြစ်ကြောင်း အကြမ်းဖျင်း တွက်ချက်ကြည့်မှုတွေကတစ်ဆင့် မြင်နိုင်ပါတယ်။

ဒီကနေ့ ဒီအချိန်မှာဆိုရင် ဖိနှိပ်လွန်းအားကြီးတဲ့ အတွက် ဖိနှိပ်သူတွေကိုယ်တိုင် တိုင်းပြည် လွတ်လပ်စွာ ကြီးထွားခွင့်အပါအဝင် အခြားလွတ်လပ်ခွင့်တွေ စတင် ဆုံးရှုံးတဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေကြပြီဖြစ်ပါတယ်။ သူများကို ကျွန်ပြုသူတွေကိုယ်တိုင် မလွတ်လပ်ဘူး ဆိုတဲ့ စကားရဲ့ ပြယုဂ်တွေ စတင်မြင်ရတာကို ကမ္ဘာ့ဇာတ်ခုံပေါ်က ရှုစားနေကြပါပြီ။

မြန်မာပြည်ကို တကယ်ချစ်ရိုးမှန်ရင် . . . ကိုယ့်ကိုကိုယ် ပုံဖော်ထားတဲ့အတိုင်း စစ်မှန်သော မေတ္တာရှင်ကြီးတွေ ဂရုဏာရှင်ကြီးတွေ ဖြစ်နေရိုးသာမှန်ရင် . . . ဘာတန်ဖိုးမှ လှမ်းမမြင်ရတဲ့ ဒီ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခြင်း တွေ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်သူတွေအား ဆုတံဆိပ်ပေးခြင်းတွေကို ရှောင်ကြည်လျက် တိုင်ပြည်ရဲ့ လိပ်ခဲတည်းလည်း အနေအထားတွေကနေ လွတ်မြောက်ဖို့ရာ နိုင်ငံရေးအရ ထွက်လမ်းအဖြေရရှိအောင်သာလျှင် အချိန်မနှောင်းမီ အမှန်အကန် ကြိုးစားသင့်ပါကြောင်း အာဏာကို ပုံစံအမျိုးမျိုးနဲ့ ကိုင်စွဲထားသူများအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

ဦးကျော်ဇောဦး
၂၀၂၀ ဇွန်နဝါရီလ (၄) ရက်

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s