
ဆီးရီးယားလိုမ်ိဳး ျဖစ္သြားခ်င္သလား ဆိုသူမ်ား
[ Zawgyi / Unicode ]
ယမန္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ JICM အစည္းအေ၀း ဖြင့္ပြဲအခမ္းအနားမွာ ေျပာခဲ့ေသာ စကားႏွင့္ပတ္သက္၍ မိတ္ေဆြတစ္ဦးက ကၽြန္ေတာ့္ထင္ျမင္ခ်က္ကို ေမးပါသည္။ ယမန္ႏွစ္ သည္ရက္၀န္းက်င္ေလာက္က သူမ၏ လက္ေအာက္ငယ္သား ျဖစ္သူ သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးေျပာခဲ့ေသာ စကားမ်ိဳးကိုပင္ အလွတန္ဆာဆင္၍ သည္ႏွစ္ခါ သူမကိုယ္တိုင္ ေျပာဆိုျခင္းပင္ ျဖစ္သည္ ဟု ကၽြန္ေတာ္က မွတ္ခ်က္ေပးလိုက္ပါသည္။
ရခိုင္ျပည္ဟာ ျပည္တြင္းစစ္ဒဏ္ခံရတဲ့ ဆီးရီးယားလိုမ်ိဳး ျဖစ္သြားခ်င္သလား ဟု ၿပီးခဲ့ေသာ တစ္ႏွစ္က သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့သည္။
သည္ႏွစ္က်ေတာ့ ေဒၚေအာင္ဆန္းစုၾကည္က သည္လို ေျပာပါသည္။ “ဒါေတြက ျမင္သာတဲ့ ဆိုးက်ိဳးေတြပါ။ မျမင္သာတဲ့ ဆိုးက်ိဳးေတြက တိုက္ပြဲျဖစ္ပြားရာေဒသ၊ ေဒသခံတိုင္းရင္းသားေတြရဲ႕ အနာဂတ္ေတြ ေမွးမွိန္ေပ်ာက္ကြယ္သြားရတာပဲ ျဖစ္ပါတယ္။ ေရတိုကာလမွာ မာန္မာနေတြ၊ အာဃာတေတြနဲ႔ လက္နက္ကိုင္တုိက္ပြဲေတြမွာ စီးေမ်ာေနၾကပါလိမ့္မယ္။ ေရရွည္ကာလမွာေတာ့ ဒီလက္နက္ကိုင္တိုက္ပြဲေတြရဲ႕ ေနာက္ကြယ္မွာ ေပးဆပ္လိုက္ရတာက ကၽြန္မတို႔တိုင္းရင္းသားေတြ၊ ကၽြန္မတို႔ တိုင္းရင္းသားေဒသေတြဆိုတာကို တျဖည္းျဖည္းခ်င္း အထင္အရွား ေတြ႕ျမင္လာၾကပါလိမ့္မယ္” ဟူေသာ ေျပာစကားမွာ ဆီးရီးယားလို ျဖစ္သြားခ်င္သလား ဆိုသည့္စကား ႏွင့္ အဓိပၸါယ္ခ်င္း မတိမ္းမယိမ္းပင္ ျဖစ္သည္ ဟု ကၽြန္ေတာ္ ဘာသာျပန္ပါသည္။
တိုက္တိုက္ဆိုင္ဆိုင္ပင္ ယမန္ေန႔က အေမရိကန္သမၼတ ေဒၚနယ္ထရန္႔ မိန္႔ခြန္းတြင္ ေကဆမ္ ဆိုေလမာနီး ကို သတ္ျဖတ္မႈႏွင့္ ပတ္သက္၍ အၾကမ္းဖက္သမားမ်ားသို႔ ရည္ရြယ္ေျပာၾကားေသာစကားကို ၾကားလိုက္ရပါသည္။ “If you value your own life, you will not threaten the lives of our people.” ကိုယ့္အသက္ကို ကိုယ္တန္ဖိုးထားတယ္ဆိုရင္ ငါတို႔ ျပည္သူေတြရဲ႕ အသက္ေတြကို ၿခိမ္းေျခာက္တဲ့ အလုပ္မလုပ္နဲ႔ ဆိုသည့္စကား ျဖစ္ပါသည္။
ဦးေဇာ္ေဌး၏ စကား၊ ေဒၚေအာင္ဆန္းစုၾကည္၏စကား၊ ေဒၚနယ္ထရန္႔၏စကား ဤစကားမ်ားအားလံုးအား မွန္သည္မွားသည္ ဘက္မတြက္ဘဲ ေျပာရလွ်င္ တူညီေသာ အခ်က္တစ္ရပ္ကား လံုၿခံဳေရးဆိုင္ရာ အျမင့္ဆံုး ရန္လို က်ိဳးေပါက္မႈ ျဖစ္ေနသည့္ကာလမ်ားတြင္ ေျပာၾကားတတ္သည့္ စကားမ်ား ျဖစ္ေနျခင္း ျဖစ္ေလသည္။
လူတစ္ဦးခ်င္း၏ အဖြဲ႕အစည္းတဖြဲ႕ခ်င္း၏ လံုၿခံဳမႈကေန လူမ်ိဳးတစ္မ်ိဳးလံုး၏ ႏိုင္ငံတစ္ႏိုင္ငံလံုး၏ လံုၿခံဳမႈတို႔အထိ ထည့္သြင္းစဥ္းစားႏိုင္ေသာ အေျခခံသေဘာတရားတစ္ခုမွာ လံုၿခံဳေရး ႀကိဂံ (security triangle) သေဘာတရား ျဖစ္ပါသည္။ ထိုသေဘာတရားအရ အျမင့္ဆံုး ရန္လိုမႈ သတ္မွတ္ခ်က္ အေျခအေန ျဖစ္သည့္ Deterrence (မလုပ္ရဲေစေအာင္ တားျမစ္ေသာ လက္တံု႔ျပန္ ျပဳမႈလုပ္ေဆာင္ခ်က္မ်ား) လုပ္ၾကရေသာ အေျခအေနသို႔ ေရာက္ေနၾကသည္ကို ျပညႊန္ခ်က္မ်ားသာလွ်င္ ျဖစ္ပါသည္။
၁။ Acceptance – လူ႔အဖြဲ႕အစည္းအတြင္း မိမိတို႔၏ ပံုရိပ္ေကာင္းမြန္မႈ၊ လူထုလက္ခံႏိုင္မႈအားျဖင့္ လံုၿခံဳမႈရွိေစျခင္း။ (ဥပမာ- တစ္ရြာသား လာေရာက္ပိုးပန္းသူသည္ ရြာခံကာလသားမ်ား ႏွင့္ ခင္မင္ရင္းႏွီးျခင္း)
၂။ Protection – မိမိတို႔၏ ရုပ္ပိုင္းဆိုင္ရာ အကာအကြယ္ အစီအမံမ်ားကို ခ်မွတ္စီမံထားျခင္း၊ လူတစ္ဦးခ်င္း ႏွင့္ အေဆာက္အအံု ပရ၀ုဏ္ အကာအကြယ္ အစီအမံမ်ား အသင့္ရွိေနေစျခင္း။ (ဥပမာ – အိမ္တြင္ CCTV တပ္ထားျခင္း၊ ရံုးတြင္ လံုၿခံဳေရး ၀န္ထမ္းမ်ား ငွားရမ္းထားရွိျခင္း၊ နယ္ျခားေစာင့္တပ္ဖြဲ႕ နယ္စပ္တြင္တပ္စြဲထားျခင္း . . . စသည္အားျဖင့္)
၃။ Deterrence – ထိပါးလာပါက ျပင္းထန္ေသာ တုန္႔ျပန္မႈမ်ားကို လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း တစ္ဖက္သားအား ေကာင္းစြာသိရွိေနေစျခင္း။ (ဥပမာ – လက္သီးႏွင့္ ျပန္ထိုးႏိုင္သည့္ စြမ္းအား ရွိေၾကာင္းျပထားျခင္း၊ ေသနတ္ႏွင့္ ခ်ိန္ထားျခင္း၊ စစ္ေရးအရ သံတမန္ေရးအရ ဥပေဒေၾကာင္းအရ တုန္႔ျပန္တတ္ေၾကာင္း တုန္႔ျပန္ႏုိင္ေၾကာင္း ေကာင္းစြာျပသထားျခင္း)
ျမန္မာတပ္မ်ား၏ ရခိုင္တြင္ လံုၿခံဳမႈအေနအထားသည္ အလံုၿခံဳဆံုးအဆင့္ျဖစ္သည့္ နံပါတ္တစ္ Acceptance အဆင့္ ရွိေန/မရွိေနကား ထင္ရွားလွပါသည္။ ယခုကား နံပါတ္သံုး အဆင့္ Deterrence အားျဖင့္ ၿခိမ္းေျခာက္မႈတို႔ကိုကား ရင္ဆိုင္ေနၾကရသည္မွာ သိပ္ဆန္းလွသည္ေတာ့ မဟုတ္။
ၾကြက္မႏိုင္ က်ီမီးရိႈ႕သည့္ Scenario အေျခအေနမ်ား ရွိလာႏိုင္ေျခတို႔အား တြက္ဆလ်က္ ထိုျဖစ္ရပ္မ်ားအတြက္ အရပ္ရပ္ ျပင္ဆင္ထားရန္ လိုေပသတည္း။
ေက်ာ္ေဇာဦး
၂၀၂၀ ဇြန္န၀ါရီလ (၉) ရက္
==========

[ Unicode ]
ဆီးရီးယားလိုမျိုး ဖြစ်သွားချင်သလား ဆိုသူများ
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် JICM အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့သော စကားနှင့်ပတ်သက်၍ မိတ်ဆွေတစ်ဦးက ကျွန်တော့်ထင်မြင်ချက်ကို မေးပါသည်။ ယမန်နှစ် သည်ရက်ဝန်းကျင်လောက်က သူမ၏ လက်အောက်ငယ်သား ဖြစ်သူ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြောခဲ့သော စကားမျိုးကိုပင် အလှတန်ဆာဆင်၍ သည်နှစ်ခါ သူမကိုယ်တိုင် ပြောဆိုခြင်းပင် ဖြစ်သည် ဟု ကျွန်တော်က မှတ်ချက်ပေးလိုက်ပါသည်။
ရခိုင်ပြည်ဟာ ပြည်တွင်းစစ်ဒဏ်ခံရတဲ့ ဆီးရီးယားလိုမျိုး ဖြစ်သွားချင်သလား ဟု ပြီးခဲ့သော တစ်နှစ်က သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။
သည်နှစ်ကျတော့ ဒေါ်အောင်ဆန်းစုကြည်က သည်လို ပြောပါသည်။ “ဒါတွေက မြင်သာတဲ့ ဆိုးကျိုးတွေပါ။ မမြင်သာတဲ့ ဆိုးကျိုးတွေက တိုက်ပွဲဖြစ်ပွားရာဒေသ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ အနာဂတ်တွေ မှေးမှိန်ပျောက်ကွယ်သွားရတာပဲ ဖြစ်ပါတယ်။ ရေတိုကာလမှာ မာန်မာနတွေ၊ အာဃာတတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ စီးမျောနေကြပါလိမ့်မယ်။ ရေရှည်ကာလမှာတော့ ဒီလက်နက်ကိုင်တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်လိုက်ရတာက ကျွန်မတို့တိုင်းရင်းသားတွေ၊ ကျွန်မတို့ တိုင်းရင်းသားဒေသတွေဆိုတာကို တဖြည်းဖြည်းချင်း အထင်အရှား တွေ့မြင်လာကြပါလိမ့်မယ်” ဟူသော ပြောစကားမှာ ဆီးရီးယားလို ဖြစ်သွားချင်သလား ဆိုသည့်စကား နှင့် အဓိပ္ပါယ်ချင်း မတိမ်းမယိမ်းပင် ဖြစ်သည် ဟု ကျွန်တော် ဘာသာပြန်ပါသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယမန်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မိန့်ခွန်းတွင် ကေဆမ် ဆိုလေမာနီး ကို သတ်ဖြတ်မှုနှင့် ပတ်သက်၍ အကြမ်းဖက်သမားများသို့ ရည်ရွယ်ပြောကြားသောစကားကို ကြားလိုက်ရပါသည်။ “If you value your own life, you will not threaten the lives of our people.” ကိုယ့်အသက်ကို ကိုယ်တန်ဖိုးထားတယ်ဆိုရင် ငါတို့ ပြည်သူတွေရဲ့ အသက်တွေကို ခြိမ်းခြောက်တဲ့ အလုပ်မလုပ်နဲ့ ဆိုသည့်စကား ဖြစ်ပါသည်။
ဦးဇော်ဌေး၏ စကား၊ ဒေါ်အောင်ဆန်းစုကြည်၏စကား၊ ဒေါ်နယ်ထရန့်၏စကား ဤစကားများအားလုံးအား မှန်သည်မှားသည် ဘက်မတွက်ဘဲ ပြောရလျှင် တူညီသော အချက်တစ်ရပ်ကား လုံခြုံရေးဆိုင်ရာ အမြင့်ဆုံး ရန်လို ကျိုးပေါက်မှု ဖြစ်နေသည့်ကာလများတွင် ပြောကြားတတ်သည့် စကားများ ဖြစ်နေခြင်း ဖြစ်လေသည်။
လူတစ်ဦးချင်း၏ အဖွဲ့အစည်းတဖွဲ့ချင်း၏ လုံခြုံမှုကနေ လူမျိုးတစ်မျိုးလုံး၏ နိုင်ငံတစ်နိုင်ငံလုံး၏ လုံခြုံမှုတို့အထိ ထည့်သွင်းစဉ်းစားနိုင်သော အခြေခံသဘောတရားတစ်ခုမှာ လုံခြုံရေး ကြိဂံ (security triangle) သဘောတရား ဖြစ်ပါသည်။ ထိုသဘောတရားအရ အမြင့်ဆုံး ရန်လိုမှု သတ်မှတ်ချက် အခြေအနေ ဖြစ်သည့် Deterrence (မလုပ်ရဲစေအောင် တားမြစ်သော လက်တုံ့ပြန် ပြုမှုလုပ်ဆောင်ချက်များ) လုပ်ကြရသော အခြေအနေသို့ ရောက်နေကြသည်ကို ပြညွှန်ချက်များသာလျှင် ဖြစ်ပါသည်။
၁။ Acceptance – လူ့အဖွဲ့အစည်းအတွင်း မိမိတို့၏ ပုံရိပ်ကောင်းမွန်မှု၊ လူထုလက်ခံနိုင်မှုအားဖြင့် လုံခြုံမှုရှိစေခြင်း။ (ဥပမာ- တစ်ရွာသား လာရောက်ပိုးပန်းသူသည် ရွာခံကာလသားများ နှင့် ခင်မင်ရင်းနှီးခြင်း)
၂။ Protection – မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ အကာအကွယ် အစီအမံများကို ချမှတ်စီမံထားခြင်း၊ လူတစ်ဦးချင်း နှင့် အဆောက်အအုံ ပရဝုဏ် အကာအကွယ် အစီအမံများ အသင့်ရှိနေစေခြင်း။ (ဥပမာ – အိမ်တွင် CCTV တပ်ထားခြင်း၊ ရုံးတွင် လုံခြုံရေး ဝန်ထမ်းများ ငှားရမ်းထားရှိခြင်း၊ နယ်ခြားစောင့်တပ်ဖွဲ့ နယ်စပ်တွင်တပ်စွဲထားခြင်း . . . စသည်အားဖြင့်)
၃။ Deterrence – ထိပါးလာပါက ပြင်းထန်သော တုန့်ပြန်မှုများကို လုပ်ဆောင်မည် ဖြစ်ကြောင်း တစ်ဖက်သားအား ကောင်းစွာသိရှိနေစေခြင်း။ (ဥပမာ – လက်သီးနှင့် ပြန်ထိုးနိုင်သည့် စွမ်းအား ရှိကြောင်းပြထားခြင်း၊ သေနတ်နှင့် ချိန်ထားခြင်း၊ စစ်ရေးအရ သံတမန်ရေးအရ ဥပဒေကြောင်းအရ တုန့်ပြန်တတ်ကြောင်း တုန့်ပြန်နိုင်ကြောင်း ကောင်းစွာပြသထားခြင်း)
မြန်မာတပ်များ၏ ရခိုင်တွင် လုံခြုံမှုအနေအထားသည် အလုံခြုံဆုံးအဆင့်ဖြစ်သည့် နံပါတ်တစ် Acceptance အဆင့် ရှိနေ/မရှိနေကား ထင်ရှားလှပါသည်။ ယခုကား နံပါတ်သုံး အဆင့် Deterrence အားဖြင့် ခြိမ်းခြောက်မှုတို့ကိုကား ရင်ဆိုင်နေကြရသည်မှာ သိပ်ဆန်းလှသည်တော့ မဟုတ်။
ကြွက်မနိုင် ကျီမီးရှို့သည့် Scenario အခြေအနေများ ရှိလာနိုင်ခြေတို့အား တွက်ဆလျက် ထိုဖြစ်ရပ်များအတွက် အရပ်ရပ် ပြင်ဆင်ထားရန် လိုပေသတည်း။
ကျော်ဇောဦး
၂၀၂၀ ဇွန်နဝါရီလ (၉) ရက်
==========