[ Zawgyi / Unicode ]
ဦးကျော်ဇောဦး
၂၀၂၀ ဇွန်နဝါရီလ (၁၁) ရက်
==========
[ Unicode ]
ခမီးလူကြီးတွေ မလိမ္မာတော့ ငယ်သားတွေ အနေရကျပ်တယ်
စစ်တွေမြို့ဆိုတာ ခမီးတွေ ချင်းတွေတည်တဲ့မြို့လို့ မကြာခဏလုပ်ကြံ ပြောဆိုတတ်တဲ့ ခမီးဘုန်းကြီးတစ်ပါးက ရေးတာကို မနေ့က ဖတ်လိုက်ရပြန်တယ်။ ကစ္စပနဒီ ဆိုတာ ကုလားတန်မြစ်ကို ခမီးဘာသာစကားနဲ့ အမည်ပေးထားတာလို့ သူက ဆိုပြန်တယ်။
ဒီနေ့ကျတော့ ပလက်ဝ က ခမီး ဦးစောမြ ဆိုသူက BBC ကိုလှမ်းပြောတာ ဖတ်ရတယ်။ အေအေတပ်သားတစ်ဦးက ဗလက္ကာရလုပ်မှာကို တားလိုက်ရတယ် လို့ ကြားတယ်လို့ ဆိုျပန္တယ်။
အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း ဆိုတာကို “ချင်း ဖြစ်မှု” chin-ness ရဲ့ ကြီးကျယ်လှစွာသော အစိတ်အပိုင်းပမာ မကြာခဏပြောတတ်တဲ့ ဦးစောမြရဲ့ စိတ်ထဲမှာ ဘယ်သူတွေဆီမှာ သစ္စာပန္နက်ရိုက်ထားတယ် ဆိုတာ ရှင်းပါတယ်။ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း ဆိုတာ ဘယ်ဘက်က တိုက်တဲ့လူလဲ ဆိုတာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေထဲက လက်ကိုင်တုတ် မဟုတ်သူတွေ အားလုံးသိကြပါတယ်။
ပလက်ဝမြို့ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) အထိ ချင်း၊ ခမီး အိမ်တစ်အိမ်မှ မရှိတဲ့ သီးသန့် ရခိုင်မြို့ဆိုတာကို မပြောဘဲ ဖုံးကွယ်ထားသူတွေ၊ ဒီနယ်တစ်ခွင်ဟာ ရခိုင်၊ ခမီး အစဉ်အဆက်နေလာကြတာကို လုံးဝမျက်ကွယ်ပြုပြီးတော့ ငါတို့ချည်းပဲနေမယ် နင်တို့ထွက်သွားလို့ ခဏခဏ ပြောနေကြတဲ့ချင်းလူကြီးတွေ ခမီးလူကြီးတွေကြောင့် အခြေအနေ ဆိုးသထက်ဆိုးလာတယ်။
လူကြီးတွေက အချင်းချင်းကို မင်းမနေနဲ့ ငါမနေနဲ့ လုပ်နေရင် အောက်က ငယ်သားတွေအပေါ်ကို ရိုက်ခတ်တယ်။ ဟိုရွာမနေနဲ့ ဒီရွာမနေနဲ့ ဖြစ်လာကြရင် မကောင်းပေဘူး။
ပင်လယ်ထွက်ပေါက်က ရခိုင်တွေနဲ့အတူ အနာဂတ် ရှိတယ်ဆိုတာကို ကောင်းစွာသဘောပေါက်တဲ့ ချင်းလူငယ်များစွာ ဟာ ရခိုင်လူငယ်တွေနဲ့ လက်တွဲ အလုပ်လုပ်နေကြလျက်ရှိကြတယ်။ စစ်တွေမြို့မှာ ရှိနေတဲ့ ချင်းတွေ ခမီးတွေကိုလည်း ဒေသခံတွေက ကောင်းစွာ စောင့်ရှောက်ထားတယ်။
ခမီးညီအစ်ကိုတွေ ချင်းညီအစ်ကိုတွေဟာ ဒီထက်မက အမြင်ကျယ်လာကြဖို့ ကျွန်တော်တို့ မျှော်လင့်နေကြဆဲဖြစ်တယ်။
ဦးကျော်ဇောဦး
၂၀၂၀ ဇွန်နဝါရီလ (၁၁) ရက်
==========