အဏ္ဏဝါဇီဝဗေဒ ဌာန အတွက် ဝေလငါး အရိုးစု

အဏၰဝါဇီဝေဗဒ ဌာန အတြက္ ေဝလငါး အရိုးစု

[ Zawgyi / Unicode ]

အရွည္ (၄၅) ေပ ခန္႔ရွိတဲ့ ေဝလငါးတစ္ေကာင္ ေမာင္ေတာၿမိဳ႕နယ္ အလယ္သံေက်ာ္ ကမ္းေျခမွာ ေသဆံုးေနတာကို ဇြန္နဝါရီလ (၁၆) ရက္ေန႔ မေန႔က စတင္ေတြ႕ရွိတယ္ လို႔ သတင္းေတြမွာ ဖတ္ရပါတယ္။

ဒီေဝလငါး အရိုးက်သြားတဲ့အခါ အရိုးစုကို စနစ္တက်ေကာက္ယူ သိမ္းဆည္းၿပီး စစ္ေတြတကၠသိုလ္ အဏၰဝါဇီဝေဗဒ ဌာန (marine biology dept.) မွာ ေက်ာင္းသားမ်ိဳးဆက္မ်ားစြာတို႔ ေလ့လာႏိုင္ေအာင္ ထားရွိသင့္တယ္ လို႔ ထင္ျမင္မိပါတယ္။ (မိမိမွာ ထိုဘာသာရပ္နဲ႔ အကၽြမ္း၀င္သူ မဟုတ္တဲ့အေလ်ာက္ အခုဒီစကားဟာ အရပ္သားတစ္ေယာက္ရဲ႕ ထင္ျမင္ခ်က္မွ်သာျဖစ္ပါတယ္။)

အဲသလိုထားရွိႏိုင္ဖို႔ရာ လိုအပ္တဲ့ ျပင္ဆင္မႈေတြ ညႇိႏိုင္းမႈေတြကို စစ္ေတြတကၠသိုလ္အႀကီးအကဲမ်ားနဲ႔ တကြ အျခားေသာ အရပ္ရပ္တာဝန္ရွိသူမ်ား ပူးေပါင္းေဆာင္႐ြက္သင့္ၾကပါတယ္။

စစ္ေတြတကၠသိုလ္မွာ စတင္အေျခတည္ အသက္ဝင္လည္ပတ္ေနၿပီ ျဖစ္တဲ့ အဏၰဝါဇီဝေဗဒ ဌာန (marine biology dept.) ဟာ ရခိုင့္ အနာဂတ္မွာ တစံုတရာ အေရးပါတဲ့ ေနရာကေန အုတ္တစ္ခ်ပ္ သဲတစ္ပြင့္ တာဝန္ထမ္းေဆာင္လာဖြယ္ရွိပါတယ္။

ေက်ာ္ေဇာဦး
၂၀၂၀ ဇြန္နဝါရီ (၁၇)

==========

==========

အဏ္ဏဝါဇီဝဗေဒ ဌာန အတွက် ဝေလငါး အရိုးစု

[ Unicode ]

အရှည် (၄၅) ပေ ခန့်ရှိတဲ့ ဝေလငါးတစ်ကောင် မောင်တောမြို့နယ် အလယ်သံကျော် ကမ်းခြေမှာ သေဆုံးနေတာကို ဇွန်နဝါရီလ (၁၆) ရက်နေ့ မနေ့က စတင်တွေ့ရှိတယ် လို့ သတင်းတွေမှာ ဖတ်ရပါတယ်။

ဒီဝေလငါး အရိုးကျသွားတဲ့အခါ အရိုးစုကို စနစ်တကျကောက်ယူ သိမ်းဆည်းပြီး စစ်တွေတက္ကသိုလ် အဏ္ဏဝါဇီဝဗေဒ ဌာန (marine biology dept.) မှာ ကျောင်းသားမျိုးဆက်များစွာတို့ လေ့လာနိုင်အောင် ထားရှိသင့်တယ် လို့ ထင်မြင်မိပါတယ်။ (မိမိမှာ ထိုဘာသာရပ်နဲ့ အကျွမ်းဝင်သူ မဟုတ်တဲ့အလျောက် အခုဒီစကားဟာ အရပ်သားတစ်ယောက်ရဲ့ ထင်မြင်ချက်မျှသာဖြစ်ပါတယ်။)

အဲသလိုထားရှိနိုင်ဖို့ရာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ညှိနိုင်းမှုတွေကို စစ်တွေတက္ကသိုလ်အကြီးအကဲများနဲ့ တကွ အခြားသော အရပ်ရပ်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သင့်ကြပါတယ်။

စစ်တွေတက္ကသိုလ်မှာ စတင်အခြေတည် အသက်ဝင်လည်ပတ်နေပြီ ဖြစ်တဲ့ အဏ္ဏဝါဇီဝဗေဒ ဌာန (marine biology dept.) ဟာ ရခိုင့် အနာဂတ်မှာ တစုံတရာ အရေးပါတဲ့ နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့် တာဝန်ထမ်းဆောင်လာဖွယ်ရှိပါတယ်။

ကျော်ဇောဦး
၂၀၂၀ ဇွန်နဝါရီ (၁၇)

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s