အသွင်ပြ ရွေးကောက်ပွဲအား အသိအမှတ်ပြုထိုက် မပြုထိုက် သုံးသပ်ခြင်း

အသြင္ျပ ေရြးေကာက္ပြဲအား အသိအမွတ္ျပဳထိုက္ မျပဳထိုက္ သံုးသပ္ျခင္း

[ Zawgyi / Unicode ]

(တစ္) ၂၀၀၈ ဖြဲ႕စည္းပံုအတိုင္း သြားၾကလွ်င္ မိမိတို႔၏ ကိုယ့္ကံၾကမၼာကိုယ္ ဖန္တီးပိုင္ခြင့္သို႔ နီးစပ္ေကာင္းနီးစပ္လာႏိုင္သေလာ ဟူေသာ ေမွ်ာ္ရႈခ်က္ျဖင့္ ၂၀၀၈ ဖြဲ႕စည္းပံုေအာက္က ေရြးေကာက္ပြဲမ်ားကို ၀င္ေရာက္ႏႊဲလ်က္ အျဖည့္ခံ ပင္နယံသြားငယ္မ်ားအျဖစ္ ဆယ္ႏွစ္တာခန္႔ အသံုးေတာ္ခံၿပီးခဲ့ၾကေလၿပီ။

(ႏွစ္) လူထုက ေရြးေကာက္တင္ေျမႇာက္သူမ်ားကို (၁၀၀) ရာခိုင္ႏႈန္း အာဏာအပ္ႏွင္းသင့္ပါလ်က္ – ေရြးေကာက္တင္ေျမႇာက္ခံရပါက (ရခိုင္တို႔အား) ငါးရာခိုင္နႈန္းမွ်သာ အာဏာအပ္ႏွင္းေသာ ဖြဲ႕စည္းပံုေအာက္တြင္ ဆယ္ႏွစ္ခန္႔ ပါ၀င္ၾကၿပီးေသာအခါ – စကားေျပာသည့္အမႈျဖင့္ ေရြးေကာက္ခံကိုယ္စားလွယ္ ရခိုင္အမတ္တစ္ဦးအား ေထာင္အႏွစ္ ႏွစ္ဆယ္ ျပစ္ဒဏ္ခ်မွတ္ျခင္းကိုပင္ ႀကံဳဖူးၾကေလၿပီ။ နယ္ခ်ဲ႕အဂၤလိပ္မ်ားေသာ္မွ စကားျဖင့္လံႈ႕ေဆာ္သူ ဆရာေတာ္ ဦးဥတၱမကို ေထာင္အႏွစ္ႏွစ္ဆယ္ ျပစ္ဒဏ္မခ်မွတ္ခဲ့စဖူး။ မိမိတို႔ေဒသ တစ္ခုလံုးတြင္ အမတ္မ်ားရာစု အႏိုင္ရခဲ့ေသာ္ျငားလည္း (အာဏာ စိုးစဥ္းငယ္မွ်သာ ရွိသည့္) ျပည္နယ္အစိုးရ ဖြဲ႕ခြင့္ကို ပိတ္ပင္ျခင္းအားလည္း ႀကံဳခဲ့ၾကရၿပီးၿပီ။ ထို ဗဟိုႀကိဳးဆြဲခံ ျပည္နယ္အစိုးရအဖြဲ႕သည္ပင္လွ်င္ ျမန္မာတစ္ႏိုင္ငံလံုး ဘက္ဂ်က္၏ (၁) ရာခိုင္ႏႈန္းမွ်ကိုပင္ စီမံခန္႔ခြဲခြင့္ ရသည္မဟုတ္။

(သံုး) လႊတ္ေတာ္သံုးရပ္သို႔ ရခိုင္ျပည္နယ္မွ ေရြးခ်ယ္ေစလႊတ္လိုက္ေသာ ရခိုင္အမတ္မ်ားသည္ “လုပ္ပိုင္ခြင့္” ဆိုသည့္ executive power ၏ အနီးအနားကိုမွ သီပိုင္ခြင့္မရ။ အုပ္ခ်ဳပ္ေရးတည္း ဟူေသာ ထို executive power တြင္ လက္ေ၀ခံမ်ားကိုသာ အဆင့္ဆင့္ သူတို႔ ခန္႔ထားၾက၏။ ရခိုင္အမတ္မ်ားကို ေပးသည္မွာကား အနည္းငယ္မွ်ေသာ “ေျပာေရးဆိုခြင့္” မွ်သာတည္း။

(ေလး) ထို “ေျပာေရးဆိုခြင့္” မွ်သာရၾကေသာ ရခိုင္အမတ္မ်ား၏ တည္ရွိမႈသည္ကား လက္ရွိ ရခိုင္ျပည္တြင္း ျမန္မာအစိုးရ အုပ္ခ်ဳပ္မႈအား ႀကီးစြာေသာ အက်ိဳးတစ္ရပ္ကို အလိုအေလ်ာက္ ေပး၏။ ထိုအက်ိဳးသည္ကား – ျမန္မာအစိုးရ အုပ္ခ်ဳပ္မႈ၏ တရား၀င္ျဖစ္မႈ (legitimacy) တည္း ဟူေသာ အက်ိဳးေပတည္း။ ဆိုလိုသည္မွာ – ရခိုင္အမတ္မ်ား ရွိေနမႈ/ပါ၀င္ပတ္သက္ေနမႈ အားျဖင့္ ရခိုင္ျပည္နယ္အတြင္း ျမန္မာအစိုးရ၏ တရား၀င္ျဖစ္မႈကို အားျဖည့္ေပးေလသည္။

(ငါး) ထိုအခ်က္ကို ေျပာင္းျပန္ဆင္ျခင္ယူမည္ဆိုပါက – ရခိုင္အမတ္မ်ား ရွိေနမႈ/ပါ၀င္ပတ္သက္ေနမႈ မေပၚေပါက္ပါက ရခိုင္ျပည္နယ္အတြင္း ျမန္မာအစိုးရ၏ တရား၀င္ျဖစ္မႈမွာ အားေလ်ာ့သြားမည္ ျဖစ္ေၾကာင္း ယူဆရန္ ျဖစ္ေလသည္။

(ေျခာက္) တိုင္းျပည္ႏိုင္ငံတစ္ခုခု၏ မတရားေသာ ဖြဲ႕စည္းပံုအျခခံဥပေဒ တစ္ခုခုကို လံုး၀လက္မခံေၾကာင္း ျပသႏိုင္သည့္ နည္းလမ္းတစ္ရပ္ ရွိသည္။ ထိုနည္းလမ္းသည္ကား အဆိုပါ ဖြဲ႕စည္းပံုအရ က်င္းပသည့္ ေရြးေကာက္ပြဲကို အသိအမွတ္မျပဳျခင္း ျဖစ္သည္။

(ခုနစ္) အထက္ေဖာ္ျပပါနည္းလမ္းကို သံုးပါက မေတာ္လွ်င္ ကၽြံက်သြားႏိုင္သည့္ ေခ်ာက္ေပါက္မ်ား ရွိေနႏိုင္သည္။ ထိုေခ်ာက္ေပါက္မ်ားထဲမွ တစ္ခုမွာ – ဥပမာ ဆိုပါစို႔ – ရခိုင္ျပည္သူမ်ားႏွင့္အတူ ရပ္တည္ေသာ ရခိုင္ႏိုင္ငံေရးသမားမ်ားက ေရြးေကာက္ပြဲမ၀င္သည့္အခါ ျပည္မအေျခစိုက္ပါတီမ်ားက ရခိုင္ေရြးေကာက္ပြဲတြင္ ၀င္ေရာက္ရန္ စာရင္းေပးသြင္းၿပီးေနာက္ ေရြးေကာက္ပြဲေန႔တြင္ လူတခ်ိဳ႕လာထည့္ေသာ မဲျပား လက္တစ္ဆုပ္စာမွ်ျဖင့္ အမတ္ျဖစ္လာႏိုင္ေျခ ေပၚေပါက္ႏိုင္သည္။

(ရွစ္) ဖြဲ႕စည္းပံုအေျခခံဥပေဒ တည္းဟူေသာ ကစားပြဲစည္းမ်ဥ္း (rules of the game) အသာစီးရၿပီးသား လူမ်ိဳးႀကီး၀ါဒီ အခ်ိဳ႕၏ ၿခိမ္းေျခာက္သံမ်ားကိုလည္း ၾကားရသည္။ ေရြးေကာက္ပြဲရွိမလာလွ်င္ ျပည္မပါတီမ်ားထက္ ရခိုင္ပါတီမ်ားက ပိုၿပီးနစ္နာႏိုင္သည္ ဟု ဆိုခ်င္သူမ်ားလည္း ရွိ၏။ ရခိုင္ျပည္အတြင္း ျပည္မပါတီႏိုင္ေျခရွိသည့္ေနရာမ်ားသာ ေရြးေကာက္ပြဲက်င္းပျဖစ္ပါက ျပည္မပါတီႏွင့္ တပ္မေတာ္က ထိန္းခ်ဳပ္ေသာ ျပည္နယ္လႊတ္ေတာ္ ေပၚေပါက္လာႏိုင္ေျခကို စိုးရိမ္သူမ်ားက စိုးရိမ္၏။ တပ္မေတာ္က တင္တင္းၾကပ္ၾကပ္လႊမ္းမိုးသည့္ ရခိုင္ျပည္နယ္အစိုးရ ေပၚေပါက္လာႏိုင္ေျခ၊ သို႔မဟုတ္၊ စစ္အုပ္ခ်ဳပ္ေရး ျဖစ္လာႏိုင္ေျခကို ေျပာျပၾကလ်က္ မ်က္ရည္စို႔သူမ်ား ရွိ၏။ အမတ္ျဖစ္ျခင္းမွတစ္ဆင့္ လာဘ္လာဘမ်ား ထပ္ဆင့္ သူ႔ထက္ကဲအက်ိဳးစီးပြားမ်ား ေမွ်ာ္မွန္းမိသူ အနည္းငယ္ကလည္း စိတ္မေကာင္းျဖစ္ႏိုင္ေျခ ရွိ၏။

(ကိုး) ေလာေလာဆယ္တြင္ကား ရခိုင္မွာ ေရြးေကာက္ပြဲ မျဖစ္လာခဲ့လွ်င္ ေရြးေကာက္ပြဲ မျဖစ္ရတာ ဘယ္သူေတြေၾကာင့္ ဟု လက္ညိႇဳးထိုးႏိုင္ဖို႔ရာ အခ်ိဳ႕ကလည္း အသီးသီး အသကအသက စိတ္ထဲမွာ ျပင္ဆင္ေနၾကေလသည္။

(တစ္ဆယ္) ေရြးေကာက္ပြဲ မက်င္းပျဖစ္ျခင္းေၾကာင့္ ဒီမိုကေရစီစနစ္ တစ္ခုလံုးၿပိဳက်ပ်က္စီးသြားေတာ့မည့္ပမာ ေျပာေနၾကသူမ်ား ေထာက္ျပရန္ ပ်က္ကြက္ေနသည့္အခ်က္တစ္ခ်က္ကား – ရခိုင္တြင္က်င္းပေသာ ဤေရြးေကာက္ပြဲမ်ားသည္ စစ္မွန္ေသာ ဒီမိုကေရစီစနစ္ကို ကိုယ္စားျပဳေနျခင္းမရွိ၊ မမွ်တေသာေၾကာင့္ ျပင္ဆင္ရမည္ (တခ်ိဳ႕က ဖ်က္သိမ္းပစ္ရမည္) ဟု ေျပာေနၾကေသာ စနစ္တစ္ရပ္၏ ဒီမိုကေရစီအသြင္ျပ ေရြးေကာက္ပြဲမ်ားသာ ျဖစ္သည္ ဆိုသည့္ အခ်က္ပင္တည္း။ ကၽြန္ေတာ္တို႔ လိုအပ္သည္မွာကား ရခိုင္တို႔အတြက္ အမ်ိဳးသားရပိုင္ခြင့္မ်ားကို အကာအကြယ္ေပးႏိုင္ေသာ စစ္မွန္ေသာ တရားမွ်တေသာ ဒီမိုကေရစီစနစ္ျဖစ္ေလသည္။

(တဆယ့္တစ္) နယ္ခ်ဲ႕ၿဗိတိသွ်တို႔အား ဆားခြန္မေပးေရး အႏုနည္းတိုက္ပြဲကို မဟတၱမ ဂႏၶီ ဦးေဆာင္လ်က္ လုပ္မည္ဆိုေသာ အခါ ၿဗိတိသွ်ထိပ္တန္းအရာရွိအခ်ိဳ႕က ရယ္သြမ္းေသြးခဲ့ၾကပံုရေလသည္။ ဟင္နရီ ေဒးဗစ္ သရိုး ၏ Civil Disobedience ေတြးေခၚေျမာ္ျမင္မႈကို ဆက္ခံသည့္ မဟတၱမ ဂႏၶီ ၏ ႏိုင္ငံေရး လုပ္ရပ္မ်ားကား ရယ္စရာ မဟုတ္ေခ်။

(တဆယ့္ႏွစ္) လာမည့္ ေလးငါးေျခာက္လအတြင္း ျဖစ္ေပၚမႈမ်ားကို ေစာင့္ၾကည့္ဆံုးျဖတ္ၾကရန္ ျဖစ္ေလသည္။

ဦးေက်ာ္ေဇာဦး

၂၀၂၀ ဇြန္န၀ါရီလ (၁၉) ရက္

==========

==========

အသွင်ပြ ရွေးကောက်ပွဲအား အသိအမှတ်ပြုထိုက် မပြုထိုက် သုံးသပ်ခြင်း

[ Unicode ]

(တစ်) ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း သွားကြလျှင် မိမိတို့၏ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်သို့ နီးစပ်ကောင်းနီးစပ်လာနိုင်သလော ဟူသော မျှော်ရှုချက်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲများကို ဝင်ရောက်နွှဲလျက် အဖြည့်ခံ ပင်နယံသွားငယ်များအဖြစ် ဆယ်နှစ်တာခန့် အသုံးတော်ခံပြီးခဲ့ကြလေပြီ။

(နှစ်) လူထုက ရွေးကောက်တင်မြှောက်သူများကို (၁၀၀) ရာခိုင်နှုန်း အာဏာအပ်နှင်းသင့်ပါလျက် – ရွေးကောက်တင်မြှောက်ခံရပါက (ရခိုင်တို့အား) ငါးရာခိုင်နှုန်းမျှသာ အာဏာအပ်နှင်းသော ဖွဲ့စည်းပုံအောက်တွင် ဆယ်နှစ်ခန့် ပါဝင်ကြပြီးသောအခါ – စကားပြောသည့်အမှုဖြင့် ရွေးကောက်ခံကိုယ်စားလှယ် ရခိုင်အမတ်တစ်ဦးအား ထောင်အနှစ် နှစ်ဆယ် ပြစ်ဒဏ်ချမှတ်ခြင်းကိုပင် ကြုံဖူးကြလေပြီ။ နယ်ချဲ့အင်္ဂလိပ်များသော်မှ စကားဖြင့်လှုံ့ဆော်သူ ဆရာတော် ဦးဥတ္တမကို ထောင်အနှစ်နှစ်ဆယ် ပြစ်ဒဏ်မချမှတ်ခဲ့စဖူး။ မိမိတို့ဒေသ တစ်ခုလုံးတွင် အမတ်များရာစု အနိုင်ရခဲ့သော်ငြားလည်း (အာဏာ စိုးစဉ်းငယ်မျှသာ ရှိသည့်) ပြည်နယ်အစိုးရ ဖွဲ့ခွင့်ကို ပိတ်ပင်ခြင်းအားလည်း ကြုံခဲ့ကြရပြီးပြီ။ ထို ဗဟိုကြိုးဆွဲခံ ပြည်နယ်အစိုးရအဖွဲ့သည်ပင်လျှင် မြန်မာတစ်နိုင်ငံလုံး ဘက်ဂျက်၏ (၁) ရာခိုင်နှုန်းမျှကိုပင် စီမံခန့်ခွဲခွင့် ရသည်မဟုတ်။

(သုံး) လွှတ်တော်သုံးရပ်သို့ ရခိုင်ပြည်နယ်မှ ရွေးချယ်စေလွှတ်လိုက်သော ရခိုင်အမတ်များသည် “လုပ်ပိုင်ခွင့်” ဆိုသည့် executive power ၏ အနီးအနားကိုမှ သီပိုင်ခွင့်မရ။ အုပ်ချုပ်ရေးတည်း ဟူသော ထို executive power တွင် လက်ဝေခံများကိုသာ အဆင့်ဆင့် သူတို့ ခန့်ထားကြ၏။ ရခိုင်အမတ်များကို ပေးသည်မှာကား အနည်းငယ်မျှသော “ပြောရေးဆိုခွင့်” မျှသာတည်း။

(လေး) ထို “ပြောရေးဆိုခွင့်” မျှသာရကြသော ရခိုင်အမတ်များ၏ တည်ရှိမှုသည်ကား လက်ရှိ ရခိုင်ပြည်တွင်း မြန်မာအစိုးရ အုပ်ချုပ်မှုအား ကြီးစွာသော အကျိုးတစ်ရပ်ကို အလိုအလျောက် ပေး၏။ ထိုအကျိုးသည်ကား – မြန်မာအစိုးရ အုပ်ချုပ်မှု၏ တရားဝင်ဖြစ်မှု (legitimacy) တည်း ဟူသော အကျိုးပေတည်း။ ဆိုလိုသည်မှာ – ရခိုင်အမတ်များ ရှိနေမှု/ပါဝင်ပတ်သက်နေမှု အားဖြင့် ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရ၏ တရားဝင်ဖြစ်မှုကို အားဖြည့်ပေးလေသည်။
(ငါး) ထိုအချက်ကို ပြောင်းပြန်ဆင်ခြင်ယူမည်ဆိုပါက – ရခိုင်အမတ်များ ရှိနေမှု/ပါဝင်ပတ်သက်နေမှု မပေါ်ပေါက်ပါက ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရ၏ တရားဝင်ဖြစ်မှုမှာ အားလျော့သွားမည် ဖြစ်ကြောင်း ယူဆရန် ဖြစ်လေသည်။

(ခြောက်) တိုင်းပြည်နိုင်ငံတစ်ခုခု၏ မတရားသော ဖွဲ့စည်းပုံအခြခံဥပဒေ တစ်ခုခုကို လုံးဝလက်မခံကြောင်း ပြသနိုင်သည့် နည်းလမ်းတစ်ရပ် ရှိသည်။ ထိုနည်းလမ်းသည်ကား အဆိုပါ ဖွဲ့စည်းပုံအရ ကျင်းပသည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုခြင်း ဖြစ်သည်။

(ခုနစ်) အထက်ဖော်ပြပါနည်းလမ်းကို သုံးပါက မတော်လျှင် ကျွံကျသွားနိုင်သည့် ချောက်ပေါက်များ ရှိနေနိုင်သည်။ ထိုချောက်ပေါက်များထဲမှ တစ်ခုမှာ – ဥပမာ ဆိုပါစို့ – ရခိုင်ပြည်သူများနှင့်အတူ ရပ်တည်သော ရခိုင်နိုင်ငံရေးသမားများက ရွေးကောက်ပွဲမဝင်သည့်အခါ ပြည်မအခြေစိုက်ပါတီများက ရခိုင်ရွေးကောက်ပွဲတွင် ဝင်ရောက်ရန် စာရင်းပေးသွင်းပြီးနောက် ရွေးကောက်ပွဲနေ့တွင် လူတချို့လာထည့်သော မဲပြား လက်တစ်ဆုပ်စာမျှဖြင့် အမတ်ဖြစ်လာနိုင်ခြေ ပေါ်ပေါက်နိုင်သည်။

(ရှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ တည်းဟူသော ကစားပွဲစည်းမျဉ်း (rules of the game) အသာစီးရပြီးသား လူမျိုးကြီးဝါဒီ အချို့၏ ခြိမ်းခြောက်သံများကိုလည်း ကြားရသည်။ ရွေးကောက်ပွဲရှိမလာလျှင် ပြည်မပါတီများထက် ရခိုင်ပါတီများက ပိုပြီးနစ်နာနိုင်သည် ဟု ဆိုချင်သူများလည်း ရှိ၏။ ရခိုင်ပြည်အတွင်း ပြည်မပါတီနိုင်ခြေရှိသည့်နေရာများသာ ရွေးကောက်ပွဲကျင်းပဖြစ်ပါက ပြည်မပါတီနှင့် တပ်မတော်က ထိန်းချုပ်သော ပြည်နယ်လွှတ်တော် ပေါ်ပေါက်လာနိုင်ခြေကို စိုးရိမ်သူများက စိုးရိမ်၏။ တပ်မတော်က တင်တင်းကြပ်ကြပ်လွှမ်းမိုးသည့် ရခိုင်ပြည်နယ်အစိုးရ ပေါ်ပေါက်လာနိုင်ခြေ၊ သို့မဟုတ်၊ စစ်အုပ်ချုပ်ရေး ဖြစ်လာနိုင်ခြေကို ပြောပြကြလျက် မျက်ရည်စို့သူများ ရှိ၏။ အမတ်ဖြစ်ခြင်းမှတစ်ဆင့် လာဘ်လာဘများ ထပ်ဆင့် သူ့ထက်ကဲအကျိုးစီးပွားများ မျှော်မှန်းမိသူ အနည်းငယ်ကလည်း စိတ်မကောင်းဖြစ်နိုင်ခြေ ရှိ၏။

(ကိုး) လောလောဆယ်တွင်ကား ရခိုင်မှာ ရွေးကောက်ပွဲ မဖြစ်လာခဲ့လျှင် ရွေးကောက်ပွဲ မဖြစ်ရတာ ဘယ်သူတွေကြောင့် ဟု လက်ညှိုးထိုးနိုင်ဖို့ရာ အချို့ကလည်း အသီးသီး အသကအသက စိတ်ထဲမှာ ပြင်ဆင်နေကြလေသည်။

(တစ်ဆယ်) ရွေးကောက်ပွဲ မကျင်းပဖြစ်ခြင်းကြောင့် ဒီမိုကရေစီစနစ် တစ်ခုလုံးပြိုကျပျက်စီးသွားတော့မည့်ပမာ ပြောနေကြသူများ ထောက်ပြရန် ပျက်ကွက်နေသည့်အချက်တစ်ချက်ကား – ရခိုင်တွင်ကျင်းပသော ဤရွေးကောက်ပွဲများသည် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ကိုယ်စားပြုနေခြင်းမရှိ၊ မမျှတသောကြောင့် ပြင်ဆင်ရမည် (တချို့က ဖျက်သိမ်းပစ်ရမည်) ဟု ပြောနေကြသော စနစ်တစ်ရပ်၏ ဒီမိုကရေစီအသွင်ပြ ရွေးကောက်ပွဲများသာ ဖြစ်သည် ဆိုသည့် အချက်ပင်တည်း။ ကျွန်တော်တို့ လိုအပ်သည်မှာကား ရခိုင်တို့အတွက် အမျိုးသားရပိုင်ခွင့်များကို အကာအကွယ်ပေးနိုင်သော စစ်မှန်သော တရားမျှတသော ဒီမိုကရေစီစနစ်ဖြစ်လေသည်။

(တဆယ့်တစ်) နယ်ချဲ့ဗြိတိသျှတို့အား ဆားခွန်မပေးရေး အနုနည်းတိုက်ပွဲကို မဟတ္တမ ဂန္ဓီ ဦးဆောင်လျက် လုပ်မည်ဆိုသော အခါ ဗြိတိသျှထိပ်တန်းအရာရှိအချို့က ရယ်သွမ်းသွေးခဲ့ကြပုံရလေသည်။ ဟင်နရီ ဒေးဗစ် သရိုး ၏ Civil Disobedience တွေးခေါ်မြော်မြင်မှုကို ဆက်ခံသည့် မဟတ္တမ ဂန္ဓီ ၏ နိုင်ငံရေး လုပ်ရပ်များကား ရယ်စရာ မဟုတ်ချေ။

(တဆယ့်နှစ်) လာမည့် လေးငါးခြောက်လအတွင်း ဖြစ်ပေါ်မှုများကို စောင့်ကြည့်ဆုံးဖြတ်ကြရန် ဖြစ်လေသည်။

ဦးကျော်ဇောဦး
၂၀၂၀ ဇွန်နဝါရီလ (၁၉) ရက်

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s