တရုတ်​စီမံကိန်​းများ နှင်​့ ရခိုင်​့အနာဂတ်​ လွတ်​လပ်​ပျံသန်​းမှု

တရုတ္​စီမံကိန္​းမ်ား ႏွင္​့ ရခိုင္​့အနာဂတ္​ လြတ္​လပ္​ပ်ံသန္​းမႈ

[ Zawgyi / Unicode ]

တရုတ္​သမၼတရွီက်င့္ဖိန္ ျမန္​မာျပည္​ကို ​ေရာက္​လာတာရယ္​ နဲ႔ တစ္​ဆက္​တည္​း တရုတ္​ရင္​းႏွီးျမႇပ္​ႏွံမႈ စီမံကိန္​း​ေတြကိစၥ ဒီအ​ေၾကာင္​းအရာႏွစ္​ရပ္​ကို အ​ေျခအ​ေနရပ္​ဝန္​း ႏွစ္​ရပ္​က လူ​ေတြ အဖြဲ႕အစည္​း​ေတြဟာ ႏွစ္​မ်ိဳးႏွစ္​စား သီးျခားစီ တုန္​႔ျပန္​ၾကတာကို ျမင္​ႏိုင္​ပါတယ္​။

အာဏာ နဲ႔ ပတ္​သက္​ ယွက္​ႏြယ္​​ေနသူ​ေတြရဲ႕ တုန္​႔ျပန္​ ပံုက တစ္​မ်ိဳးျဖစ္​ၿပီး​ေတာ့ အာဏာနဲ႔ ယွက္​ႏြယ္​မႈ မရွိသူ​ေတြရဲ႕ တုန္​႔ျပန္​မႈက တစ္​ဖံု ျဖစ္​ပါတယ္​။

အာဏာ​ေတြ၊ စစ္​ပြဲ​ေတြ နဲ႔ ပတ္​သက္​​ေနသူ​ေတြ၊ လက္​နက္​ကိုင္​ ႏိုင္​ငံ​ေရးသမား​ေတြ ျဖစ္​ၾကတဲ့ ​ေအ​ေအ အပါအဝင္​ ​ေျမာက္​ပိုင္​း မဟာမိတ္​​ေတြ၊ “ဝ”၊ ျမန္​မာအစိုးရ၊ ျမန္​မာ့တပ္​မ​ေတာ္​တို႔ဟာ သမၼတ ရွီက်င္​့ဖိန္​ကို ႀကိဳဆိုၾကတယ္​။ သူနဲ႔ပါလာတဲ့ စီမံကိန္​း​ေတြကို ႀကိဳဆိုၾကတယ္​။ ႀကိဳဆိုတယ္​ လို႔ပဲ ဆိုဆို ႀကိဳဆို​ေၾကာင္​း ထုတ္​ျပန္​ၾကတယ္​ လို႔ပဲ ဆိုဆို​ေပါ့။

ဒုတိယအုပ္စုျဖစ္​တဲ့ အာဏာနဲ႔ မပတ္​သက္​သူ မ်ားျဖစ္​ၾကတဲ့ ကခ်င္​လူမႈအဖြဲ႕အစည္​း​ေတြ၊ ရခိုင္​့ သယံဇာတႏွင္​့ သဘာဝပတ္​ဝန္​းက်င္​ဆိုင္​ရာကြန္​ရက္​ (ANREN)၊ တျခား ျပည္​သူ လူထုအဖြဲ႕အစည္​း​ေတြ၊ လက္​နက္​မဲ့ အာဏာမဲ့ ႏိုင္​ငံ​ေရး သမား​ေတြ ျဖစ္​တဲ့ ရွမ္​းပါတီလိုမ်ိဳး က်ြန္​​ေတာ္​တို႔လိုမ်ိဳးလူ​ေတြက တရုတ္​ရင္​းႏွီးျမဳွပ္​ႏွံမႈ စီမံကိန္​း​ေတြကို ကန္​႔ကြက္​​တယ္​။ ရပ္​ဆိုင္​းထား​ေစလို​ေၾကာင္​း ​ေျပာတယ္​။ ျပည္​သူလူထု နစ္​နာမႈ​ေတြမ်ားစြာရွိ​ေၾကာင္​း ​ေထာက္​ျပတယ္​။ စီမံကိန္​း​ေတြဟာ အခ်ိန္​​ေစာလြန္​းတယ္​ လို႔ ဆိုခ်င္​တယ္​။ (က်ြန္​​ေတာ္​့အ​ေနနဲ႔ဆိုရင္​ ​ေျပာထားၿပီးသား မွတ္​ခ်က္​​ေတြရွိပါတယ္​။)

အာဏာနဲ႔ ပတ္​သက္​​ေနသူ​ေတြက ​ေထာက္​ခံၾကၿပီး အာဏာနဲ႔ မပတ္​သက္​သူ​ေတြက ကန္​႔ကြက္​ၾကတဲ့ ျဖစ္​စဥ္​ကို အနည္​းငယ္​ သ​ေဘာ​ေပါက္​ခ်င္​ရင္​ ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​အာဏာမရမီက တရုတ္​စီမံကိန္​း​ေတြအ​ေပၚကန္​႔ကြက္​​ေျပာဆိုမႈ​တဲ့​ေလသံ​ေတြဟာ သူမ အာဏာနဲ႔ အနည္​းငယ္​စတင္​ပတ္​သက္​တဲ့ လႊတ္​​ေတာ္​အမတ္​ဘဝ လက္​ပံ​ေတာင္​း​ေၾကးနီ စီမံကိန္​းအ​ေရးအရာ​ေတြကို စတင္​ကိုင္​တြယ္​ရကတည္​းက ​ေျပာင္​းလဲလာတာ အခုဆိုရင္​ ႏိုင္​ငံ့ ထိပ္​သီးဘဝမွာ အမ်ားႀကီးသိသိသာသာ ​ေျပာင္​းလဲသြားၿပီ ဆိုတာကို ၾကည္​့ရင္​ အနည္​းငယ္​ သ​ေဘာ​ေပါက္​ႏိုင္​ပါတယ္​။

ၿပီးခဲ့တဲ့ ဦးသိန္​းစိန္​ သမၼတသက္​တမ္​းလက္​ထက္​မွာ ျမန္​မာအစိုးရအဖြဲ႕ဝင္​ ဝန္​ႀကီးတစ္​ပါးက သူတို႔ဟာ တရုတ္​​ကို​ေၾကာက္​ရပါတယ္​ လို႔ အမ်ားျပည္​သူ​ေရွ႕မွာ မွတ္​တမ္​းဝင္​ ​ေျပာဖူးတယ္​။ ဒီစကားကို ၾကားရတဲ့လူ​ေတြက ရယ္​စရာပဲ လို႔ ထင္​ၾကတယ္​။ တကယ္​​ေတာ့ ဒီကိစၥဟာ အမွန္​တကယ္​ျဖစ္​ပ်က္​​ေနတာျဖစ္​ၿပီး ရယ္​စရာမဟုတ္​ဘူး ဆိုတာကို မိမိတို႔ကိုယ္​တိုင္​ အာဏာတို႔ အဖြဲ႕အစည္​းတို႔ကို တကယ္​တမ္​း တာဝန္​ခံၿပီး အလုပ္​လုပ္​ရတဲ့ အခါက်မွ သိႏိုင္​တဲ့အရာ ျဖစ္​ပါတယ္​။

သမၼတရွီက်င္​့ဖိန္​ မလာခင္​ရက္​ပိုင္​းက​ေလးမွာ ပုဏၰားက်ြန္​းစက္​မႈဇံု လုပ္​ဖို႔အတြက္​ဆိုၿပီး ရခိုင္​ျပည္​နယ္​ အစိုးရနဲ႔ ​ေတြ႕ၾက ဆံုၾကတာ​ေတြကို သတင္​းမွာ ​ေတြ႕လိုက္​ပါတယ္​။ ဒီပုဏၰားက်ြန္​းစက္​မႈဇံုကိစၥနဲ႔ပတ္​သက္​လို႔ က်ြန္​​ေတာ္​့ မိတ္​​ေဆြ​ေတြနဲ႔ ​ေဆြး​ေႏြးတိုင္​ပင္​လို႔ သံုးသပ္​မိသမ်ွက မွတ္​ခ်က္​ႏွစ္​ခုရပါတယ္​။ တစ္​၊ မစားရ ဝခမန္​း ​ေဒၚလာဘီလီယံ ဆယ္​ခ်ီရာခ်ီ​ေျပာ​ေပမယ္​့ ဒါဟာ ​ေျမ​ေနရာဦးဖို႔အတြက္​ ဖ်ာလာခင္​းထားတာသာျဖစ္​တယ္​။ ႏွစ္​၊ ​ေအ​ေအႀကီးႀကီးမားမား လႊမ္​းမိုးထိန္​းခ်ဳပ္​မႈရွိ​ေနတဲ့ ပုဏၰားက်ြန္​းၿမိဳ႕နယ္​ထဲမွာ ​ေအ​ေအရဲ႕ဆရာလို႔ ယိုးစြပ္​​ေနၾကတဲ့ တရုတ္​ကို လာထိုင္​ခိုင္​းထားျခင္​းအားျဖင္​့ အထိန္​းအ​ေထျဖစ္​မယ္​ လို႔ ျမန္​မာတာဝန္​ရွိသူ အခ်ိဳ႕က တြက္​ဆလုပ္​​ေဆာင္​ ​ေလသလား ဆိုတဲ့ မွန္​းဆခ်က္​ တို႔ ျဖစ္​ပါတယ္​။

လက္​ရွိ ရခိုင္​ျပည္​နယ္​ အစိုးရအဖြဲ႕နဲ႔ပဲ လုပ္​လုပ္​ ျမန္​မာ ဗဟို အစိုးရနဲ႔ပဲလုပ္​လုပ္​ တရုတ္​အစိုးရနဲ႔ ျပဳလုပ္​ၾကတဲ့ သ​ေဘာတူညီခ်က္​​ေတြဟာ က်ြန္​​ေတာ္​တို႔ ရခိုင္​ျပည္​သူလူထုရဲ႕ သ​ေဘာဆႏၵကို ကိုယ္​စားျပဳမႈ လံုးဝ မရွိဘူးဆိုတဲ့ အ​ေၾကာင္​းကို သာမန္​ ရခိုင္​ျပည္​သူတစ္​ဦး အ​ေနနဲ႔ပဲျဖစ္​ျဖစ္​ လႊတ္​​ေတာ္​ကိုယ္​စားလွယ္​ တစ္​ဦးရဲ႕ ကိုယ္​စားျပဳမႈဆိုတဲ့ capacity အရပဲ ျဖစ္​ျဖစ္​ ​ေျပာပါတယ္​။ ရခိုင္​ျပည္​နယ္​ရဲ႕ ကိုယ္​ပိုင္​ျပ႒ာန္​းခြင္​့အ အျပည္​့အဝ မရရွိ​ေသးမီမွာ ဒီစီမံကိန္​းႀကီး​ေတြ ပတ္​သက္​လုပ္​​ေဆာင္​မႈ​ေတြ အားလံုးကို ရပ္​တန္႔ထားသင္​့တယ္​။

ဒီ​ေတာ့ ဘာျဖစ္​ခ်င္​သလဲ၊ မင္​းတို႔က ဘာတတ္​ႏိုင္​သလဲလို႔ ​ေျပာရင္​ ​ေလာ​ေလာဆယ္​ ဘာမွမတတ္​ႏိုင္​ပါဘူး။ ဒါ​ေပမဲ့ ရခိုင္​ျပည္​သူလူထုဟာ မိမိတို႔ရဲ႕ ကိုယ္​ပိုင္​ျပ႒ာန္​းပိုင္​ခြင္​့ကို ကိုယ္​့လက္​ ကိုယ္​့​ေျခနဲ႔ တစ္​စတစ္​စခ်င္​း ​ေရွ႕တိုးတည္​​ေဆာက္​လ်က္​ရွိ​ေနၾကပါတယ္​။ တခ်ိန္​ခ်ိန္​မွာ ႏိုင္​ငံျခား ရင္​းႏွီးျမဳွႏွံမႈ​ေတြဟာ က်ြန္​​ေတာ္​တို႔နဲ႔ အျပဳသ​ေဘာ စကားထပ္​​ေျပာဖို႔ အခ်ိန္​က်​ေရာက္​ႏိုင္​ပါတယ္​။

တရုတ္​စီမံကိန္​း​ေတြ​ေၾကာင္​့ လူသိန္​းခ်ီလို႔ ​ေဒသခံ​ေတြ အလုပ္​အကိုင္​ရၾကမယ္​ဆိုတဲ့ စကားကို အ​ေျခအျမစ္​​ေတြအရ ခ်င္​့တြက္​ၿပီး မယံုပါဘူး။ (ၿပီးခဲ့တဲ့ ​ေ႐ႊသဘာဝဓာတ္​​ေငြ႕ စီမံကိန္​းမွာ ​ေအာက္​​ေျခဝန္​ထမ္​း ၂၀ ​ေလာက္​ပဲ အလုပ္​ရၾကတယ္​။) အဲသ​ေလာက္​ သိန္​းဂဏန္​း အ​ေရအတြက္​ရွိတဲ့ အလုပ္​အကိုင္​​ေတြ ရမ္​ၿဗဲက်ြန္​း​ေပၚမွာ ​ေပၚထြန္​းၿပီး အဲသည္​အလုပ္​​ေတြကို ​ရခိုင္​ျပည္​သားမဟုတ္​တဲ့ တရုတ္​နဲ႔ အျခားလူမ်ိဳး​ေတြ ဝင္​​ေရာက္​လုပ္​ကိုင္​ၾကတဲ့အခါ လူ႔အဖြဲ႕အစည္​းရဲ႕ ဖြဲ႕စည္​းပံု စတင္​ပ်က္​ယြင္​း​ေတာ့မွာ ျဖစ္​ပါတယ္​။ ​ေဒသခံရခိုင္​​ေတြကို ​ေနာင္​တစ္​ခ်ိန္​ ျပတိုက္​ထဲမွာ လိုက္​ရွာၾကရမယ္​့ ျဖစ္​စဥ္​ရဲ႕ အစျဖစ္​လာပါလိမ္​့မယ္​။ ​ေဒသခံနဲ႔ တိုင္​ပင္​ႏွီး​ေႏွာမႈမရွိပဲ ျပဳလုပ္​ၾကတဲ့ စီမံကိန္​း​ေတြတိုင္​းမွာ ဒီလိုျဖစ္​​ေနက် ျဖစ္​ပါတယ္​။ ၾသစ​ေတးလ် အဘိုရီဂ်င္​း​ေတြ၊ အ​ေမရိကန္​ ရက္​အင္​ဒီးယန္​း​ေတြရဲ႕ ဥပမာကို ျမင္​ႏိုင္​ပါတယ္​။

ႏိုင္​ငံျခား ရင္​းႏွီးျမဳွပ္​ႏွံမႈနဲ႔ ပတ္​သက္​လို႔ပဲျဖစ္​ျဖစ္​ သယံဇာတ​ေရးရာနဲ႔ပဲျဖစ္​ျဖစ္​ ရခိုင္​ျပည္​သူထုရဲ႕ သ​ေဘာထားကို သိခ်င္​ရင္​ ရခိုင္​အမ်ိဳးသားပါတီကိုယ္​စား ​ေဒါက္​တာ​ေအး​ေမာင္​က ၂၁-ရာစု ပင္​လံုညီလာခံမွာ တင္​သြင္​းခဲ့တဲ့ စာတမ္​းကို ရည္​ၫႊန္​းရမွာ ျဖစ္​ပါတယ္​။ အဲဒီမွာ ​ေဖာ္​ျပပါရွိတဲ့ ဘဘာဝသယံဇာတဆိုင္​ရာ ရပ္​တည္​ခ်က္​ရဲ႕ ​ေနာက္​ခံက သ​ေဘာတရားက​ို အခ်ဳပ္​​ေျပာရရင္​ သယံဇာတကို ျပည္​နယ္​ကပိုင္​တယ္​ ျပည္​နယ္​က ဆံုးျဖတ္​မယ္​ ဆိုတဲ့ ownership နဲ႔ control ရယူ​ေရး အ​ေျခခံျဖစ္​ပါတယ္​။ ရာခိုင္​ႏႈန္​း လက္​​ေဝခံသ​ေဘာတရား မဟုတ္​ပါဘူး။

တရုတ္​အင္​အားကို ​ေနာက္​ခံျပဳတဲ့ ကိုယ္​ပိုင္​ျပ႒ာန္​းခြင္​့ ရရွိ​ေရးလႈပ္​ရွားမႈ​ေပၚ​ေပါက္​​ေနခ်ိန္​မွာ အက်ိဳးဆက္​​ေတြက ဆယ္​စုႏွစ္​​ေပါင္​းမ်ားစြာ ဆက္​ရွိ​ေနမွာ ျဖစ္​ပါတယ္​။ ဒါ​ေပမဲ့ အ​ေကာင္​းဘက္​ကလွမ္​းျမင္​ရတဲ့ အခ်က္​တစ္​ခ်က္​ကို ​ေျပာရရင္​ – ျမန္​မာတစ္​ႏိုင္​ငံလံုး တရုတ္​​ေၾကာက္​​ေနရတာခ်င္​း အတူတူမွာ (သူမ်ာ​း​ေတြထက္​) တရုတ္​စက္​ကြင္​းနဲ႔ အလြတ္​ကင္​းဆံုး အနာဂတ္​ကို တည္​​ေဆာက္​ႏိုင္​တဲ့ အလားအလာရွိသူဟာ ရခိုင္​ပဲျဖစ္​ပါတယ္​။

လြတ္​လပ္​မႈ အစစ္​အမွန္​ကိုခံစားရတဲ့ ဘဝအရည္​အ​ေသြးျမင္​့မားတဲ့ ရလဒ္​​ေတြနဲ႔ ရခိုင္​ျဖစ္​လ​ာ​ေစခ်င္​တယ္​ ဆိုရင္​ – လတ္​တ​ေလာ ဆင္​ျခင္​ၾကည္​့မႈ​ေတြအရ လိုအပ္​ခ်က္​ႏွစ္​ရပ္​ကို လွမ္​းျမင္​မိတယ္​။

တစ္​။ တရုတ္​အျပင္​ အ​ေမရိကန္​ နဲ႔ အိႏၵိယ ဟာ ရခိုင္​ထဲမွာ ပါဝင္​ပတ္​သက္​သူ​ေတြ ျဖစ္​လာဖို႔​ေကာင္​းတယ္​။ (ဘဂၤလာကိစၥက နယ္​နမိတ္​ ထိစပ္​​ေနသူမို႔ ရွင္​း​ေနၿပီးသားကိစၥ ျဖစ္​တယ္​။)
ႏွစ္​။ ရခိုင္​လူ႔အဖြဲ႕အစည္​းမွာ ဒီမိုကရစ္​တစ္​ အင္​စတီက်ဴးရွင္​း​ေတြ အထိုက္​အ​ေလ်ာက္​ ဖြံ႕ၿဖိဳးခြင္​့ရွိ​ေအာင္​ ခြင္​့ျပဳထားသင္​့တယ္​။ အ​ေၾကာင္​းရင္​းတစ္​ခ်က္​က တရုတ္​ပဲျဖစ္​ျဖစ္​ ဘယ္​ႏိုင္​ငံျခားရင္​းႏွီးျမဳွပ္​ႏွံမႈကို မဆို ပြင္​့လင္​းျမင္​သာမႈ ရပ္​ဝန္​းထဲကို ဆြဲထုတ္​ ထိန္​းညိွႏိုင္​ဖို႔အတြက္​ ျဖစ္​တယ္​။ ​ေဝဖန္​​ေထာက္​ျပသူ​ေတြ ရွိ​ေနဖို႔အတြက္​ျဖစ္​တယ္​။

လာမယ္​့ ​ေျခာက္​ႏွစ္​ အ​ေတာအတြင္​း (​ေအ​ေအ နဲ႔ပတ္​သက္​တဲ့) ရခိုင္​ျပည္​နယ္​နဲ႔ ကခ်င္​ျပည္​နယ္​ ကို အနီးကပ္​​ေစာင္​့ၾကည္​့​ေနလိမ္​့မယ္​ ထင္​ရတဲ့ အ​ေမရိကန္​ဟာ ရခိုင္​လူမ်ိဳ​ေတြနဲ႔ ကန္​႔လန္​မက်တဲ့ အ​ေနအထား​ေတြမွာ အျပဳသ​ေဘာ ထိ​ေတြ႕ဆက္​ဆံႏိုင္​ဖို႔ကို ​ေမ်ွာ္​လင္​့တယ္​။

ဦး​ေက်ာ္​​ေဇာဦး
၂၀၂၀ ဇြန္​နဝါရီလ (၂၀) ရက္​

==========

==========

တရုတ်​စီမံကိန်​းများ နှင်​့ ရခိုင်​့အနာဂတ်​ လွတ်​လပ်​ပျံသန်​းမှု

[ Zawgyi / Unicode ]

တရုတ်​သမ္မတရှီကျင့်ဖိန် မြန်​မာပြည်​ကို ​ရောက်​လာတာရယ်​ နဲ့ တစ်​ဆက်​တည်​း တရုတ်​ရင်​းနှီးမြှပ်​နှံမှု စီမံကိန်​း​တွေကိစ္စ ဒီအ​ကြောင်​းအရာနှစ်​ရပ်​ကို အ​ခြေအ​နေရပ်​ဝန်​း နှစ်​ရပ်​က လူ​တွေ အဖွဲ့အစည်​း​တွေဟာ နှစ်​မျိုးနှစ်​စား သီးခြားစီ တုန်​့ပြန်​ကြတာကို မြင်​နိုင်​ပါတယ်​။

အာဏာ နဲ့ ပတ်​သက်​ ယှက်​နွယ်​​နေသူ​တွေရဲ့ တုန်​့ပြန်​ ပုံက တစ်​မျိုးဖြစ်​ပြီး​တော့ အာဏာနဲ့ ယှက်​နွယ်​မှု မရှိသူ​တွေရဲ့ တုန်​့ပြန်​မှုက တစ်​ဖုံ ဖြစ်​ပါတယ်​။

အာဏာ​တွေ၊ စစ်​ပွဲ​တွေ နဲ့ ပတ်​သက်​​နေသူ​တွေ၊ လက်​နက်​ကိုင်​ နိုင်​ငံ​ရေးသမား​တွေ ဖြစ်​ကြတဲ့ ​အေ​အေ အပါအဝင်​ ​မြောက်​ပိုင်​း မဟာမိတ်​​တွေ၊ “ဝ”၊ မြန်​မာအစိုးရ၊ မြန်​မာ့တပ်​မ​တော်​တို့ဟာ သမ္မတ ရှီကျင်​့ဖိန်​ကို ကြိုဆိုကြတယ်​။ သူနဲ့ပါလာတဲ့ စီမံကိန်​း​တွေကို ကြိုဆိုကြတယ်​။ ကြိုဆိုတယ်​ လို့ပဲ ဆိုဆို ကြိုဆို​ကြောင်​း ထုတ်​ပြန်​ကြတယ်​ လို့ပဲ ဆိုဆို​ပေါ့။

ဒုတိယအုပ်စုဖြစ်​တဲ့ အာဏာနဲ့ မပတ်​သက်​သူ များဖြစ်​ကြတဲ့ ကချင်​လူမှုအဖွဲ့အစည်​း​တွေ၊ ရခိုင်​့ သယံဇာတနှင်​့ သဘာဝပတ်​ဝန်​းကျင်​ဆိုင်​ရာကွန်​ရက်​ (ANREN)၊ တခြား ပြည်​သူ လူထုအဖွဲ့အစည်​း​တွေ၊ လက်​နက်​မဲ့ အာဏာမဲ့ နိုင်​ငံ​ရေး သမား​တွေ ဖြစ်​တဲ့ ရှမ်​းပါတီလိုမျိုး ကျွန်​​တော်​တို့လိုမျိုးလူ​တွေက တရုတ်​ရင်​းနှီးမြုှပ်​နှံမှု စီမံကိန်​း​တွေကို ကန်​့ကွက်​​တယ်​။ ရပ်​ဆိုင်​းထား​စေလို​ကြောင်​း ​ပြောတယ်​။ ပြည်​သူလူထု နစ်​နာမှု​တွေများစွာရှိ​ကြောင်​း ​ထောက်​ပြတယ်​။ စီမံကိန်​း​တွေဟာ အချိန်​​စောလွန်​းတယ်​ လို့ ဆိုချင်​တယ်​။ (ကျွန်​​တော်​့အ​နေနဲ့ဆိုရင်​ ​ပြောထားပြီးသား မှတ်​ချက်​​တွေရှိပါတယ်​။)

အာဏာနဲ့ ပတ်​သက်​​နေသူ​တွေက ​ထောက်​ခံကြပြီး အာဏာနဲ့ မပတ်​သက်​သူ​တွေက ကန်​့ကွက်​ကြတဲ့ ဖြစ်​စဉ်​ကို အနည်​းငယ်​ သ​ဘော​ပေါက်​ချင်​ရင်​ ​ဒေါ်​အောင်​ဆန်​းစုကြည်​အာဏာမရမီက တရုတ်​စီမံကိန်​း​တွေအ​ပေါ်ကန်​့ကွက်​​ပြောဆိုမှု​တဲ့​လေသံ​တွေဟာ သူမ အာဏာနဲ့ အနည်​းငယ်​စတင်​ပတ်​သက်​တဲ့ လွှတ်​​တော်​အမတ်​ဘဝ လက်​ပံ​တောင်​း​ကြေးနီ စီမံကိန်​းအ​ရေးအရာ​တွေကို စတင်​ကိုင်​တွယ်​ရကတည်​းက ​ပြောင်​းလဲလာတာ အခုဆိုရင်​ နိုင်​ငံ့ ထိပ်​သီးဘဝမှာ အများကြီးသိသိသာသာ ​ပြောင်​းလဲသွားပြီ ဆိုတာကို ကြည်​့ရင်​ အနည်​းငယ်​ သ​ဘော​ပေါက်​နိုင်​ပါတယ်​။

ပြီးခဲ့တဲ့ ဦးသိန်​းစိန်​ သမ္မတသက်​တမ်​းလက်​ထက်​မှာ မြန်​မာအစိုးရအဖွဲ့ဝင်​ ဝန်​ကြီးတစ်​ပါးက သူတို့ဟာ တရုတ်​​ကို​ကြောက်​ရပါတယ်​ လို့ အများပြည်​သူ​ရှေ့မှာ မှတ်​တမ်​းဝင်​ ​ပြောဖူးတယ်​။ ဒီစကားကို ကြားရတဲ့လူ​တွေက ရယ်​စရာပဲ လို့ ထင်​ကြတယ်​။ တကယ်​​တော့ ဒီကိစ္စဟာ အမှန်​တကယ်​ဖြစ်​ပျက်​​နေတာဖြစ်​ပြီး ရယ်​စရာမဟုတ်​ဘူး ဆိုတာကို မိမိတို့ကိုယ်​တိုင်​ အာဏာတို့ အဖွဲ့အစည်​းတို့ကို တကယ်​တမ်​း တာဝန်​ခံပြီး အလုပ်​လုပ်​ရတဲ့ အခါကျမှ သိနိုင်​တဲ့အရာ ဖြစ်​ပါတယ်​။

သမ္မတရှီကျင်​့ဖိန်​ မလာခင်​ရက်​ပိုင်​းက​လေးမှာ ပုဏ္ဏားကျွန်​းစက်​မှုဇုံ လုပ်​ဖို့အတွက်​ဆိုပြီး ရခိုင်​ပြည်​နယ်​ အစိုးရနဲ့ ​တွေ့ကြ ဆုံကြတာ​တွေကို သတင်​းမှာ ​တွေ့လိုက်​ပါတယ်​။ ဒီပုဏ္ဏားကျွန်​းစက်​မှုဇုံကိစ္စနဲ့ပတ်​သက်​လို့ ကျွန်​​တော်​့ မိတ်​​ဆွေ​တွေနဲ့ ​ဆွေး​နွေးတိုင်​ပင်​လို့ သုံးသပ်​မိသမျှက မှတ်​ချက်​နှစ်​ခုရပါတယ်​။ တစ်​၊ မစားရ ဝခမန်​း ​ဒေါ်လာဘီလီယံ ဆယ်​ချီရာချီ​ပြော​ပေမယ်​့ ဒါဟာ ​မြေ​နေရာဦးဖို့အတွက်​ ဖျာလာခင်​းထားတာသာဖြစ်​တယ်​။ နှစ်​၊ ​အေ​အေကြီးကြီးမားမား လွှမ်​းမိုးထိန်​းချုပ်​မှုရှိ​နေတဲ့ ပုဏ္ဏားကျွန်​းမြို့နယ်​ထဲမှာ ​အေ​အေရဲ့ဆရာလို့ ယိုးစွပ်​​နေကြတဲ့ တရုတ်​ကို လာထိုင်​ခိုင်​းထားခြင်​းအားဖြင်​့ အထိန်​းအ​ထေဖြစ်​မယ်​ လို့ မြန်​မာတာဝန်​ရှိသူ အချို့က တွက်​ဆလုပ်​​ဆောင်​ ​လေသလား ဆိုတဲ့ မှန်​းဆချက်​ တို့ ဖြစ်​ပါတယ်​။

လက်​ရှိ ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့နဲ့ပဲ လုပ်​လုပ်​ မြန်​မာ ဗဟို အစိုးရနဲ့ပဲလုပ်​လုပ်​ တရုတ်​အစိုးရနဲ့ ပြုလုပ်​ကြတဲ့ သ​ဘောတူညီချက်​​တွေဟာ ကျွန်​​တော်​တို့ ရခိုင်​ပြည်​သူလူထုရဲ့ သ​ဘောဆန္ဒကို ကိုယ်​စားပြုမှု လုံးဝ မရှိဘူးဆိုတဲ့ အ​ကြောင်​းကို သာမန်​ ရခိုင်​ပြည်​သူတစ်​ဦး အ​နေနဲ့ပဲဖြစ်​ဖြစ်​ လွှတ်​​တော်​ကိုယ်​စားလှယ်​ တစ်​ဦးရဲ့ ကိုယ်​စားပြုမှုဆိုတဲ့ capacity အရပဲ ဖြစ်​ဖြစ်​ ​ပြောပါတယ်​။ ရခိုင်​ပြည်​နယ်​ရဲ့ ကိုယ်​ပိုင်​ပြဋ္ဌာန်​းခွင်​့အ အပြည်​့အဝ မရရှိ​သေးမီမှာ ဒီစီမံကိန်​းကြီး​တွေ ပတ်​သက်​လုပ်​​ဆောင်​မှု​တွေ အားလုံးကို ရပ်​တန့်ထားသင်​့တယ်​။

ဒီ​တော့ ဘာဖြစ်​ချင်​သလဲ၊ မင်​းတို့က ဘာတတ်​နိုင်​သလဲလို့ ​ပြောရင်​ ​လော​လောဆယ်​ ဘာမှမတတ်​နိုင်​ပါဘူး။ ဒါ​ပေမဲ့ ရခိုင်​ပြည်​သူလူထုဟာ မိမိတို့ရဲ့ ကိုယ်​ပိုင်​ပြဋ္ဌာန်​းပိုင်​ခွင်​့ကို ကိုယ်​့လက်​ ကိုယ်​့​ခြေနဲ့ တစ်​စတစ်​စချင်​း ​ရှေ့တိုးတည်​​ဆောက်​လျက်​ရှိ​နေကြပါတယ်​။ တချိန်​ချိန်​မှာ နိုင်​ငံခြား ရင်​းနှီးမြုှနှံမှု​တွေဟာ ကျွန်​​တော်​တို့နဲ့ အပြုသ​ဘော စကားထပ်​​ပြောဖို့ အချိန်​ကျ​ရောက်​နိုင်​ပါတယ်​။

တရုတ်​စီမံကိန်​း​တွေ​ကြောင်​့ လူသိန်​းချီလို့ ​ဒေသခံ​တွေ အလုပ်​အကိုင်​ရကြမယ်​ဆိုတဲ့ စကားကို အ​ခြေအမြစ်​​တွေအရ ချင်​့တွက်​ပြီး မယုံပါဘူး။ (ပြီးခဲ့တဲ့ ​ရွှေသဘာဝဓာတ်​​ငွေ့ စီမံကိန်​းမှာ ​အောက်​​ခြေဝန်​ထမ်​း ၂၀ ​လောက်​ပဲ အလုပ်​ရကြတယ်​။) အဲသ​လောက်​ သိန်​းဂဏန်​း အ​ရေအတွက်​ရှိတဲ့ အလုပ်​အကိုင်​​တွေ ရမ်​ဗြဲကျွန်​း​ပေါ်မှာ ​ပေါ်ထွန်​းပြီး အဲသည်​အလုပ်​​တွေကို ​ရခိုင်​ပြည်​သားမဟုတ်​တဲ့ တရုတ်​နဲ့ အခြားလူမျိုး​တွေ ဝင်​​ရောက်​လုပ်​ကိုင်​ကြတဲ့အခါ လူ့အဖွဲ့အစည်​းရဲ့ ဖွဲ့စည်​းပုံ စတင်​ပျက်​ယွင်​း​တော့မှာ ဖြစ်​ပါတယ်​။ ​ဒေသခံရခိုင်​​တွေကို ​နောင်​တစ်​ချိန်​ ပြတိုက်​ထဲမှာ လိုက်​ရှာကြရမယ်​့ ဖြစ်​စဉ်​ရဲ့ အစဖြစ်​လာပါလိမ်​့မယ်​။ ​ဒေသခံနဲ့ တိုင်​ပင်​နှီး​နှောမှုမရှိပဲ ပြုလုပ်​ကြတဲ့ စီမံကိန်​း​တွေတိုင်​းမှာ ဒီလိုဖြစ်​​နေကျ ဖြစ်​ပါတယ်​။ သြစ​တေးလျ အဘိုရီဂျင်​း​တွေ၊ အ​မေရိကန်​ ရက်​အင်​ဒီးယန်​း​တွေရဲ့ ဥပမာကို မြင်​နိုင်​ပါတယ်​။

နိုင်​ငံခြား ရင်​းနှီးမြုှပ်​နှံမှုနဲ့ ပတ်​သက်​လို့ပဲဖြစ်​ဖြစ်​ သယံဇာတ​ရေးရာနဲ့ပဲဖြစ်​ဖြစ်​ ရခိုင်​ပြည်​သူထုရဲ့ သ​ဘောထားကို သိချင်​ရင်​ ရခိုင်​အမျိုးသားပါတီကိုယ်​စား ​ဒေါက်​တာ​အေး​မောင်​က ၂၁-ရာစု ပင်​လုံညီလာခံမှာ တင်​သွင်​းခဲ့တဲ့ စာတမ်​းကို ရည်​ညွှန်​းရမှာ ဖြစ်​ပါတယ်​။ အဲဒီမှာ ​ဖော်​ပြပါရှိတဲ့ ဘဘာဝသယံဇာတဆိုင်​ရာ ရပ်​တည်​ချက်​ရဲ့ ​နောက်​ခံက သ​ဘောတရားက​ို အချုပ်​​ပြောရရင်​ သယံဇာတကို ပြည်​နယ်​ကပိုင်​တယ်​ ပြည်​နယ်​က ဆုံးဖြတ်​မယ်​ ဆိုတဲ့ ownership နဲ့ control ရယူ​ရေး အ​ခြေခံဖြစ်​ပါတယ်​။ ရာခိုင်​နှုန်​း လက်​​ဝေခံသ​ဘောတရား မဟုတ်​ပါဘူး။

တရုတ်​အင်​အားကို ​နောက်​ခံပြုတဲ့ ကိုယ်​ပိုင်​ပြဋ္ဌာန်​းခွင်​့ ရရှိ​ရေးလှုပ်​ရှားမှု​ပေါ်​ပေါက်​​နေချိန်​မှာ အကျိုးဆက်​​တွေက ဆယ်​စုနှစ်​​ပေါင်​းများစွာ ဆက်​ရှိ​နေမှာ ဖြစ်​ပါတယ်​။ ဒါ​ပေမဲ့ အ​ကောင်​းဘက်​ကလှမ်​းမြင်​ရတဲ့ အချက်​တစ်​ချက်​ကို ​ပြောရရင်​ – မြန်​မာတစ်​နိုင်​ငံလုံး တရုတ်​​ကြောက်​​နေရတာချင်​း အတူတူမှာ (သူမျာ​း​တွေထက်​) တရုတ်​စက်​ကွင်​းနဲ့ အလွတ်​ကင်​းဆုံး အနာဂတ်​ကို တည်​​ဆောက်​နိုင်​တဲ့ အလားအလာရှိသူဟာ ရခိုင်​ပဲဖြစ်​ပါတယ်​။

လွတ်​လပ်​မှု အစစ်​အမှန်​ကိုခံစားရတဲ့ ဘဝအရည်​အ​သွေးမြင်​့မားတဲ့ ရလဒ်​​တွေနဲ့ ရခိုင်​ဖြစ်​လ​ာ​စေချင်​တယ်​ ဆိုရင်​ – လတ်​တ​လော ဆင်​ခြင်​ကြည်​့မှု​တွေအရ လိုအပ်​ချက်​နှစ်​ရပ်​ကို လှမ်​းမြင်​မိတယ်​။

တစ်​။ တရုတ်​အပြင်​ အ​မေရိကန်​ နဲ့ အိန္ဒိယ ဟာ ရခိုင်​ထဲမှာ ပါဝင်​ပတ်​သက်​သူ​တွေ ဖြစ်​လာဖို့​ကောင်​းတယ်​။ (ဘင်္ဂလာကိစ္စက နယ်​နမိတ်​ ထိစပ်​​နေသူမို့ ရှင်​း​နေပြီးသားကိစ္စ ဖြစ်​တယ်​။)
နှစ်​။ ရခိုင်​လူ့အဖွဲ့အစည်​းမှာ ဒီမိုကရစ်​တစ်​ အင်​စတီကျူးရှင်​း​တွေ အထိုက်​အ​လျောက်​ ဖွံ့ဖြိုးခွင်​့ရှိ​အောင်​ ခွင်​့ပြုထားသင်​့တယ်​။ အ​ကြောင်​းရင်​းတစ်​ချက်​က တရုတ်​ပဲဖြစ်​ဖြစ်​ ဘယ်​နိုင်​ငံခြားရင်​းနှီးမြုှပ်​နှံမှုကို မဆို ပွင်​့လင်​းမြင်​သာမှု ရပ်​ဝန်​းထဲကို ဆွဲထုတ်​ ထိန်​းညှိနိုင်​ဖို့အတွက်​ ဖြစ်​တယ်​။ ​ဝေဖန်​​ထောက်​ပြသူ​တွေ ရှိ​နေဖို့အတွက်​ဖြစ်​တယ်​။

လာမယ်​့ ​ခြောက်​နှစ်​ အ​တောအတွင်​း (​အေ​အေ နဲ့ပတ်​သက်​တဲ့) ရခိုင်​ပြည်​နယ်​နဲ့ ကချင်​ပြည်​နယ်​ ကို အနီးကပ်​​စောင်​့ကြည်​့​နေလိမ်​့မယ်​ ထင်​ရတဲ့ အ​မေရိကန်​ဟာ ရခိုင်​လူမျို​တွေနဲ့ ကန်​့လန်​မကျတဲ့ အ​နေအထား​တွေမှာ အပြုသ​ဘော ထိ​တွေ့ဆက်​ဆံနိုင်​ဖို့ကို ​မျှော်​လင်​့တယ်​။

ဦး​ကျော်​​ဇောဦး
၂၀၂၀ ဇွန်​နဝါရီလ (၂၀) ရက်​

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s